News @ M-Media

Tag: rohinjar

  • မြန်မာ ငါးဖမ်းသမားများ သေဆုံးမှုကြောင့် သံသယတရားခံ ရိုဟင်ဂျာများကို အင်ဒိုတွင် စတင် ရုံးထုတ်စစ်ဆေး

    ဇူလိုင်-၃၁၊၂၀၁၃
    M-Media

    8730444

    ခိုလှုံခွင့်ဖြင့်နေထိုင်နေသူ မြန်မာပြည်မှ ရိုဟင်ဂျာ ၁၄ ဦးအား အင်ဒိုနီးရှားနိုင်ငံရှိ ၄င်းတို့အားထိန်းသိမ်းထားသော စခန်းတွင်း ဖြစ်ပွားခဲ့သည့် အမှုကြောင့် ဗုဒ္ဓဟူးနေ့က အင်ဒိုနီးရှားတွင် ရုံးတင် စစ်ဆေးခဲ့ကြောင်း အေပီသတင်း တစ်ရပ်က ဖော်ပြသည်။ ထိုအမှုအခင်းကြောင့် မြန်မာနိုင်ငံမှ ဗုဒ္ဓဘာသာဝင် ငါးဖမ်းလုပ်သား ၈ ဦး သေဆုံးခဲ့ရသည်။

    အမှုအခင်းမှာ ဆူမားတြားကျွန်းမြောက်ဘက်ရှိ ရိုဟင်ဂျာ ၁၀၀ ထက်မနည်း စုစည်းထိန်းသိမ်းထားရာ စခန်းတွင် ပြီးခဲ့သည့် ဧပြီလ ၅ ရက်နေ့က ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ထိုရိုဟင်ဂျာအများစုမှာ မြန်မာပြည်မှ ထွက်ခွာလာပြီး အင်ဒိုနီးရှားကမ်းခြေသို့ တရားမ၀င် ၀င်ရောက်ရန်ကြိုးပမ်းမှုကြောင့် အထိန်းသိမ်းခံထားရခြင်းဖြစ်သည်။ သို့သော် ဗုဒ္ဓဘာသာ ငါးဖမ်းသမား ၁၁ ဦးမှာမူ အင်ဒိုရေပိုင်နက်တွင် ငါးခိုးဖမ်းခြင်းကြောင့် ရိုဟင်ဂျာများနှင့် အတူတကွ အထိန်းသိမ်း ခံထားရခြင်း ဖြစ်ကြောင်း ဆိုသည်။

ုထိန်းသိမ်းရေးစခန်းအတွင်း ဖြစ်ပွားခဲ့သည့်အမှုကြောင့် ဗုဒ္ဓဘာသာ ငါးဖမ်းသမား ၈ ဦးသေဆုံးခဲ့ပြီး ရိုဟင်ဂျာ ၁၅ ဦးဒဏ်ရာ ရရှိကာ ဗုဒ္ဓဘာသာ ၃ ဦးမှာမူ တစုံတရာ ထိခိုက်ခြင်း မရှိဘဲ လွတ်မြောက်ခဲ့ကြောင်း သိရသည်။

    လူသေဆုံးမှုဖြစ်စဉ်ကြောင့် ဆူမားတြားမြောက်ပိုင်း မီဒန်ခရိုင် တရားရုံးတွင် သံသယတရားခံ ရိုဟင်ဂျာများအား ရုံးတင်စစ်ဆေးခဲ့ကြောင်း၊ အပြစ်ရှိပါက ဥပဒေအရ ထောင်ဒဏ် ၁၂ နှစ်အထိ ပြစ်ဒဏ်ပေးနိုင်ကြောင်း အင်ဒိုရဲများက ဆိုသည်။

    ထိုသို့ဖြစ်ပွားခဲ့ရခြင်းမှာ ရိုဟင်ဂျာတစ်ဦးနှင့် ငါးဖမ်းသမားတစ်ဦးတို့ မြန်မာပြည်တွင်းဖြစ်ပျက်နေသည့် ဘာသာရေးအခြေခံ အကြမ်းဖက်မှုများအပေါ် အပြန်အလှန်ငြင်းခုံရာမှာ အစပြုခဲ့ကြောင်း၊ ဗုဒ္ဓဘာသာ ငါးဖမ်းသမားများက ခိုလှုံခွင့်ရရှိရန် စောင့်ဆိုင်းနေသည့် ရိုဟင်ဂျာ အမျိုးသမီးတစ်ဦးကို ကာမစော်ကားမှုပြုလုပ်ခဲ့သဖြင့် စခန်းမှ ရိုဟင်ဂျာအမျိုးသားများက ဒေါသထွက်နေခဲ့သည့် အကြောင်းခံကလည်း ရှိနေကြောင်း အင်ဒိုရဲများက ဆိုသည်။

    ယခုလအစောပိုင်းကမူ ထိုအမှုတွင် ပါဝင်ခဲ့သည်ဟု စွပ်စွဲခံခဲ့ရသည့် ဆယ်ကျော်သက် ရိုဟင်ဂျာတစ်ဦးကိုမူ ယင်းတရားရုံးကပင် အပြစ်မရှိကြောင်း စစ်ဆေးတွေ့ရှိသဖြင့် လွတ်လပ်ပေးခဲ့သေးသည်။

    မြန်မာပြည်တွင်း လူမျိုးဘာသာရေး ပဋိပက္ခများသည် အိမ်နီးချင်းနိုင်ငံများသို့  အကျိုးသက်ရောက်နေသဖြင့် ယင်းသို့ဖြစ်စဉ်များ ဖြစ်ပွားရခြင်းဖြစ်သည်ဟု အင်ဒိုအာဏာပိုင်များ သာမက မလေးနှင့် ထိုင်းတို့ကပါ ဆိုလျက်ရှိသည်။

    မြန်မာအစိုးရကမူ လွန်ခဲ့သည့် နှစ်က ဖြစ်ပျက်ခဲ့သော နိုင်ငံသားမွတ်စလင်ဘုရားဖူးများအား ဆိုးသွမ်း လူ ၃၀၀ ခန့်က မင်းမဲ့စရိုက်ဆန် သတ်ဖြတ်မှုကို ယခုနှစ်တွင်မှ လူ ၁၀ ဂဏန်းခန့် ဖမ်းဆီးပြခြင်းဖြင့် အရေးယူဆောင်ရွက်နေကြောင်း ထင်သာမြင်သာရန် ပြုလုပ်လာခဲ့သော်လည်း နောက်ဆက်တွဲ ပြစ်ဒဏ် ချမှတ်မှုဖြစ်စဉ်နှင့် လွတ်မြောက်နေဆဲ လူသတ်ကောင်များကို ဆက်လက် ဖမ်းဆီးမှုရှိ၊ မရှိ အခြေအနေများနှင့်စပ်လျဉ်း၍မူ တစုံတရာ မသိရှိရသေးပေ။

    ကိုကား: The Associated Press

  • Global Day of Action ဆန္ဒပြပွဲ သြစတေးလျနိုင်ငံတွင် ပြုလုပ်ခဲ့

    Global Day of Action ဆန္ဒပြပွဲ သြစတေးလျနိုင်ငံတွင် ပြုလုပ်ခဲ့

    နိုဝင်ဘာ၊ ၈ ၊ ၂၀၁၂

    M-Media

    Global Day of Action ကို ၂၀၁၂ ခုနှစ် နိုဝင်ဘာ ၈ ရက် တွင် သြစတေးလျနိုင်ငံ ကင်ဘာရာမြို့မှာပြုလုပ်ခဲ့ကြကြောင်းသိရပါတယ်။
    ပထမဆုံး ပါလီမန်အဆောက်အအုံ ၊ ထိုနောက်မြန်မာသံရုံး၊ ကုလသမဂရုံးရှေ့တို့မှာ သွားရောက်ပြိး မြန်မာပြည်မှ မွတ်စလင်မ်များ ခွဲခြားဆက်ဆံခံနေရမှု့နှင့် ရခိုင်ပြည်နယ်မှ မွတ်စလင်မ်များအား အကြမ်းဖက်နေမှု့များကို ရပ်တန့်ပြီးအရေးယူဆောင်ရွက်ပေးရန် အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြခဲ့ကြပါတယ်။

    ဦးဆောင်လှုပ်ရှားသူ ကိုသိန်းမိုးဝင်းရဲ့ ဆန္ဒပြပွဲဟောပြောချက်ကို နားဆင်ကြည့်ရှု့နိုင်ပါတယ်။ ။

    စာဖတ်လိုလျင် http://www.mediafire.com/?igcv6rrqt1wdvkq

    Speech at Canberra Australia (08-Nov-2012)