News @ M-Media

Tag: Rouhani

  • နိုင်ငံအတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် အီရန်ဖိတ်ခေါ်

    ဇန်နဝါရီ ၂၄၊ ၂၀၁၄
    M-Media
    Rouhani reaches out to Western countries
    – နိုင်ငံ၏ နျူးကလီးယားအစီအစဉ်နှင့် ပတ်သက်၍ ကမ္ဘာ့ခေါင်းဆောင်များနှင့် ပြည့်စုံသော သဘောတူညီချက်ရရှိရန်အတွက် ညှိနှိုင်းဆောင်ရွက်သွားရန် ဆုံးဖြတ်ထားသည့် အီရန်နိုင်ငံ၏ စီးပွားရေးမှာ ဖွံ့ဖြိုးလာနိုင်သည်ဟု အီရန်သမ္မတ ရူဟာနီက ကမ္ဘာ့စီးပွားရေးဖိုရမ်တွင် ပြောကြားလိုက်သည်။

    ဆွစ်ဇလန်နိုင်ငံ ဒါဗို့စ်မြို့တွင် ပြုလုပ်နေသည့် အဆိုပါ စီးပွားရေးဖိုရမ်တွင် အီရန်နိုင်ငံ အတွင်း ရင်းနှီးမြှုပ်နှံမှုများပြုလုပ်ရန် ဥရောပ ကုမ္ပဏီများကိုလည်း ဖိတ်ခေါ်ခဲ့ပြီး၊ နျူးကလီးယား အရေးဆွေးနွေးမှုများပြုလုပ်နေသည့် အမေရိကန်နိုင်ငံ အနေဖြင့် ၎င်းတို့၏ စကားများကို အလုပ်ဖြင့် သက်သေပြခြင်းအား လိုချင်သည်ဟု ရူဟာနီက ထည့်သွင်းပြောကြားခဲ့သည်။

    အီရန်နိုင်ငံအား ပြင်ပကမ္ဘာနှင့် ဆက်ဆံရေးတိုးတက် ကောင်းမွန်ရန် ဆောက်ရွက်ပေးမည်ဆိုသော ကတိဖြင့် ယမန်နှစ်က ရွေးကောက် တင်မြှောက်ခြင်းခံခဲ့ရသည့် ရူဟာနီမှာ နျူးကလီးယား အစီအစဉ် ရပ်တန့်ရေးအတွက် အင်အာကြီး ၆ နိုင်ငံနှင့် ပဏာမ သဘောတူညီချက်ရရှိခဲ့ပြီးနောက် နိုင်ငံ၏ နျူးကလီးယားစက်ရုံရှိ ယူရေနီယံ သန့်စင်မှုလုပ်ငန်းအားရပ်ဆိုင်းခဲ့သည်။

    ရူဟာနီလက်ထက်တွင် အမေရိကန်၊ ဥရောပနိုင်ငံများနှင့် သံတမန်ဆက်ဆံရေးများ ပိုမိုကောင်းမွန်လာခဲ့ပြီး မကြာသေးခင်ကလည်း အမေရိကန်နှင့် ဥရောပနိုင်ငံတို့က အီရန်အပေါ် ၎င်းတို့ထားရှိသည့် ပိတ်ဆို့မှုအချို့အား ဖယ်ရှားပေးခဲ့သည်။