News @ M-Media

Tag: Russian

  • ရုရှားမှ ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်

    ရုရှားမှ ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်

    ဖေဖော်ဝါရီ ၈၊ ၂၀၁၇
    M-Media

    – ရုရှားနိုင်ငံတောင်ပိုင်း ဆိုက်ဘေးရီးယားဒေသက ဘိုင်ကာလ် ရေကန်ကြီးထဲမှာ ရုရှားက ရေခဲစာကြည့်တိုက်တစ်ခုကို ဖွင့်လှစ်ခဲ့ပြီး ဒါဟာ ကမ္ဘာ့ပထမဆုံး ရေခဲစာကြည့်တိုက်လည်း ဖြစ်ပါတယ်။

    Ice Library of Wonders (အံ့သြစရာများနှင့် ရေခဲစာကြည့်တိုက်) လို့ အမည်ပေးထားတဲ့ အဲဒီနေရာကို တန် ၂၀၀ လောက်ရှိတဲ့ ရေခဲတွေနဲ့ တည်ဆောက်ထားတာပါ။ အဲဒီအဆောက်အဦးကို ရေခဲတုံး တစ်ခုချင်းစီနဲ့ ဖွဲ့စည်းထားပြီး အဲဒီရေခဲတုံးတွေဟာလည်း စာအုပ်တွေလည်း ဖြစ်ပါတယ်။

    လူတွေဟာ သူတို့ရဲ့ စိတ်ကူးစိတ်သန်းတွေကို ရေခဲတုံးတွေအပေါ်မှာ ထွင်းထုကြပြီး လက်ရှိအချိန်အထိ ဘာသာစကားပေါင်း များစွာနဲ့ ထွင်းထုထားတဲ့ စိတ်ကူးယဉ်အိပ်မက်တွေက ၁၀၀ လောက် ရှိနေပါပြီ။ ဒီရေခဲစာကြည့်တိုက်ဟာ ရေခဲတုံးတွေ အရည်ပျော်သွားမယ့် နွေဦးရာသီအထိ ရှိနေမှာ ဖြစ်ပါတယ်။

    ရုရှားကတော့ ဒီ ရေခဲစာကြည့်တိုက်ကို နှစ်စဉ်ပွဲတော်တစ်ခုအဖြစ် ပြက္ခဒိန်ထဲ ထည့်သွားမယ်လို့ ကြေငြာထားပါတယ်။

    Ref: Press TV

  • တိုက်ပွဲများဖြစ်ပွားနေသည့် ယူကရိန်း အရှေ့ပိုင်းတွင် ရုရှား ဂျာနယ်လစ် တစ်ဦး ပစ်သတ်ခံရ

    ဇွန်လ ၃၀ ၊ ၂၀၁၄
    M-Media
    2014411155145633734_20
    – ရုရှားလိုလားသူ ခွဲထွက်ရေးသမားများက ထိန်းချုပ်ထားသည့် ယူကရိန်းနိုင်ငံအရှေ့ပိုင်း Donetsk ဒေသတွင် ရုရှားအစိုးရပိုင် Channel One ရုပ်မြင်သံကြားမှ ဗီဒီယို ရိုက်ကူးရေး သမားတစ်ဦးမှာ ပစ်သတ်ခံခဲ့ရသည်ဟု သိရသည်။

    အသက် ၆၈ နှစ်အရွယ် အနာတိုလီ ကလ်ယန်ဆိုသူဖြစ်ပြီး အဖွဲ့သားများနှင့်အတူ ဘတ်စ်ကားဖြင့် အဆိုပါဒေသရှိ ယူကရိန်း စစ်စခန်းအနီးသို့  သွားရောက်ရာမှ အပစ်ခံခဲ့ရခြင်းဖြစ်သည်။ ထိုရိုက်ကူးရေးခရီးစဉ်ကို ခွဲထွက်ရေးသမားများက စီစဉ်ပေးခဲ့ခြင်းဖြစ်သည်။

    ထိုကဲ့သို့ အသတ်ခံခဲ့ရမှုအား ရုရှားက ဆန့်ကျင်ခဲ့ပြီး ခွဲထွက်ရေးသမားများက အစိုးရအဆောက်အဦးများနှင့် လက်နက်တိုက်များကို သိမ်းပိုက်ထားသည့် Donetsk နှင့်  Luhansk ဒေသများတွင် ဆောင်ရွက်နေသော ယူကရိန်း၏ စစ်ဆင်ရေးများကို ရပ်တန့်ရန် တိုက်တွန်းခဲ့သည်။

    ဇွန်လ ၁၇ ရက်နေ့ကလည်း Luhansk ဒေသအနီး ဖြစ်ပွားခဲ့သော တိုက်ခိုက်မှုများတွင် ရုရှားနိုင်ငံပိုင် ရုပ်သံမှ အသံပိုင်းဆိုင်ရာအင်ဂျင်နီယာတစ်ဦးနှင့် အဖွဲ့ဝင်တစ်ဦးတို့ သေဆုံးခဲ့ရသည်။

    ယူကရိန်း သမ္မတသစ် ပိုရိုရှန်ကိုက အပစ်ရပ်ရေး ကြေညာထားသော်လည်း ယူကရိန်းအရှေ့ပိုင်းတွင် တိုက်ခိုက်မှုများ ဆက်လက်ဖြစ်ပွားနေသည်။ အပစ်ရပ်ရေးကြေညာချက်မှာ တနင်္လာနေ့ ဂင်းနစ်စံတော်ချိန် ည ၇ နာရီတွင် ပြီးဆုံးမည်ဖြစ်သည်။

    Ref: Reuters

  • အကြားအာရုံ မသန်စွမ်းသူ ရုရှားလူမျိုးများ အတွက် ကုရ်အာန် သင်ခန်းစာ

    ဇွန်- ၂၆၊ ၂၀၁၃
    M-Media
    မော်စကို။         ။ အကြားအာရုံ မသန်စွမ်းသူ မွတ်စ်လင်မ်များ၏အိပ်မက်ဖြစ်သည့် ကုရ်အာန်အားဖတ်နိုင်ရေး နှင့် နားလည်ခွင့်ရနိုင်ရေး အတွက်  မော်စကိုရှိ ဗလီကျောင်းတော်တစ်ခုတွင် နားကြပ်တပ်ဆင်ထားသူအနေနှင့် ကုရ်အာန်အား သင်္ကေတဘာသာစကားဖြင့်ပြန်ဆိုနိုင်သော သင်တန်းတို့ကို ဖွင့်လှစ်ပေးနေပြီဖြစ်ကြောင်း သိရသည်။

    Ìóñóëüìàíå îòìå÷àþò ïðàçäíèê Êóðáàí-áàéðàì“သင်တန်းသားများအတွက် အဓိကပန်းတိုင်ကတော့ ကုရ်အာန်ထဲက မူရင်းစာသားတွေကိုဖတ်နိုင်ဖို့ အရဗီဘာသာ စကားလေ့လာရေးဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ ကုရ်အာန်ကို ဝေါဟာရ စကားတစ်လုံးချင်း အလိုက် ဘာသာပြန်ဖို့ မလွယ်ကူလို့ပါဘဲ ” ဟု ဇွန် ၂၄ ရက်၊ တနင်္လာနေ့က Russia Beyond the Headlines သို့ မော်စကို အစ္စလာမ့်တက္ကသိုလ်မှ ဘွဲ့ရယူခဲ့သူ ယူလီယာ ဇမာလဒ်ဒီနိုဗာ (Yulia Zamaletdinova) မှပြောကြားခဲ့သည်။

    ဇမာလဒ်ဒီနိုဗာသည်  ပိုခ်လုန်နယာ(Poklonnaya) တောင်ပေါ်ရှိ အောင်းမေ့ဖွယ်အထိမ်းအမှတ်ဗလီကျောင်းတော်တွင် သင်္ကေတဘာသာစကားဖြင့် ကုရ်အာန်ကို လူများစွာထံ သင်ကြားပေးနေသူတစ်ဦးဖြစ်သည်။

    ၂၀၁၂ ခုနှစ်တွင် ဘာသာပြန်သူ ဂျမီလ်ယာ ဇီနီနာ (Jamilya Zenina) မှ  ယင်းသို့သင်တန်းအား စတင်ရန် ပထမဆုံးစဉ်းစားမိခဲ့သည်။ ဗလီကျောင်းတော်အမျိုးမျိုးထံမှ ကုရ်အာန်ကျမ်းတော်အား ဘာသာပြန်ဆိုပေးရန် တောင်းဆိုချက် အမြောက်အများကို ကြုံတွေ့ရသည့်အခါ သူမသည် အကြားနှင့် သောတအာရုံ မသန်စွမ်းသူများအတွက် ၄င်းသင်တန်းမျိုးပေးရန် ဆုးဖြတ်ခဲ့သည်။

    “ အကြားနှင့် သောတအာရုံ မသန်စွမ်းသသူ အတော်များများကို ကျွန်မ သိရှိပါတယ်။ သူတို့ဟာ ကျွန်မကို ခရစ်ယာန်ဘုရားကျောင်းတွေ၊ ဂျူးဘုရားကျောင်းတွေ၊ ဗလီကျောင်းတော်တွေမှာ သူတို့အတွက် ဘာသာပြန်ပြဖို့ တောင်းဆိုခဲ့ကြတယ် ” ဟု ဂျမီလ်ယာ က ဆိုသည်။

    ကနဦးတွင် စီစဉ်သူများသည် သင်တန်းအတွက် နေရာ အခက်အခဲ ရှိခဲ့သည်။ သို့သော် ၂၀၁၂ ခုနှစ်တွင် ဗလီကျောင်းတော်မှ ကျောင်းထဲတွင် အကြားနှင့် သောတအာရုံ မသန်စွမ်းသူများ အတွက် သင်တန်းဖွင့်ခွင့်လက်ခံခဲ့သဖြင့် ယင်းပြဿနာပြေလည်ခဲ့သည်။

    နောက်ဆုံးတွင် ၂၀၁၂ ခုနှစ်၊ အောက်တိုဘာလ၌် အမြင်အာရုံမသန်စွမ်းသူများ၊ အကြားနှင့် သောတအာရုံ မသန်စွမ်းသူ မွတ်စ်လင်မ်များမှာ  အစ္စလာမ် နှင့် အာရဗီဘာသာရပ်အား သင်ကြားလေ့လာနိုင်သောအခွင့်အလမ်း ရခဲ့သည်။

    အကြားနှင့် သောတအာရုံ မသန်စွမ်းသည့်အသိုင်းအ၀ိုင်းမှ ကြီးပြင်းလာသူ အာအိရှာ ကာရီမိုဗာ(Aysha Karimova) သည် သင်ကြားသူအဖြစ် ပါဝင်ခဲ့ပြီးနောက်ပိုင်းတွင် သင်ကြားပေးသူဦးရေသည် ပိုမိုများပြားလာခဲ့သည်။

    သင်တန်းများကို အပတ်စဉ် တနင်္ဂနွေနေ့တိုင်း ဖွင့်လှစ်ပြီး၊ နောက်ဆုံးအသုတ်တွင် မွတ်စ်လင်မ် လူငယ် ၁၀ ဦးတို့သည်  လက်ဟန် သင်္ကေတ အသုံးပြု၍လည်းကောင်း၊ SMS စာတိုများ အသုံးပြု၍လည်းကောင်း ပြောဆိုဆက်ဆံလျက်ရှိကြသည်။

    ကျောင်းသားများအနက်တစ်ဦးအပါအ၀င်ဖြစ်သော မူစာ (Mussa) ဆိုသူသည် ဒါဂျစ်စတန်(Dagestan) မှ မော်စကိုသို့ ကာယပညာနှင့်တိုက်ကွမ်ဒို (Taekwondo) လေ့ကျင့်ရေးအတွက် လာရောက်ခဲ့ခြင်းဖြစ်သည်။

    ဘာသာရေးကိုင်းရှိုင်းသည့်မိသားစုမှ ပေါက်ဖွားလာသူဖြစ်သော မူစာသည် သင်တန်းမှ တစ်ဆင့် ကုရ်အာန်အား သင်ယူဖတ်ရှုနိုင်ရန် အခွင့်ရေးတစ်ခုကို ရရှိခဲ့သည်။

    စာနာရိုင်းပင်းမှု နှင့် အစ္စလာမ်

    မွတ်စ်လင်မ်များသည် မသန်စွမ်း၊ ချို့တဲ့သူများအပေါ် လေးစားမှုမရှိဟူသော အမြင်မှားချက်အား ဤသင်တန်းများက ချေဖျက်နိုင်ခဲ့သည်။

    “ အစ္စလာမ်မှာ အကြားနှင့် သောတအာရုံ မသန်စွမ်းသူ ကို အနိမ့်ဆုံးအဆင့်မှာ ထားကြတယ်၊ အဲ့ဒီလို ကလေးငယ်မျိုးမွေးဖွားလာခြင်းက မိသားစုထဲ လွန်စွာသောကရောက်ကြတယ် လို့  PhDs အချို့က သူတိုရဲ့ စာတန်းများမှာ ရေးထုတ်ထားကြတယ်။ ဒီသဘောထားဟာ ဘာသာရေးကနေ မြစ်ဖျားခံလာတာဆိုပြီး လူအမြောက်အများက အထင်ရောက်နေကြတယ်။ ဒါပေမယ့် အဲ့ဒီအရာဟာ လုံးဝမှားယွင်းနေပါတယ်။ ကျန်းမာသန်စွမ်းနေတဲ့ မွတ်စ်လင်မ်တစ်ဦးနဲ့နှိုင်းယှဉ်ယင် မသန်စွမ်းသူများအတွက် ခြွင်းချက်အချို့ပေးထားခြင်းသာ ဖြစ်ပါတယ်။ ဥပမာဆိုပါစို့။အကြားနှင့် သောတအာရုံ မသန်စွမ်းသူ လူတစ်ယောက်အတွက် ကူရ်အာန်စကားလုံး ရွတ်ဆိုမှု မပီသခြင်းအပေါ် ခွင့်ပြုချက်ရှိတဲ့အပြင်၊ အမြင်အာရုံချို့တဲ့သူတစ်ဦးအဖို့ အိမ်မှာ အကူအညီရဖို့ ခွေးကိုမွေးမြူထားနိုင်ပါတယ် ” ဟု ဇမာလဒ် ဒီနိုဗာ မှ ပြောကြားခဲ့သည်။

    ရုရှားနိုင်ငံတွင် မွတ်စ်လင်မ်ဦးရေ ၂၃ သန်းနီးပါးရှိပြီး၊ ကော့ကေးဆပ် (Caucasus) မြောက်ပိုင်း၊ ချီချင်းညာ (Chechnya) ၊ အင်ဂူရှီးရှား (Ingushetia) နှင့် ဒါဂျစ်စတန် (Dagestan)တောင်ပိုင်းဒေသများတွင်နေထိုင်ကြသည်။

    အစ္စလာမ်ဘာသာသည် ရုရှားနိုင်ငံတွင် ဒုတိယ အကြီးဆုံးဘာသာဖြစ်ပြီး၊ ၁၄၅ သန်းတွင် ၁၅ ရာခိုင်နှုန်းအထိရှိသည်။ ရုရှားတွင် အကြီးဆုံးဘာသာမှာ Orthodox ခရစ်ယာန် ဘာသာဖြစ်သည်။

    မသန်စွမ်းဖြစ်ရခြင်းမှာ ဤလောကီ၌ အလ္လာဟ်အရှင်မြတ်၏ စမ်းသပ်ခြင်းတစ်ခုဟု မွတ်စ်လင်မ်များ ယုံကြည်ကြသည်။ ဘုရားသခင်မှ ပေးအပ်ထားခဲ့သော အံ့ဖွယ် မင်္ဂလာတစ်မျိုးဟုပင် ဆိုတတ်ကြပါသည်။

    မသန်စွမ်းသူများသည် စိတ်ရှည် သည်းခံတတ်ကြသည့်အပြင်၊ ၄င်းစမ်းသပ်ခြင်းအပေါ် ကြံကြံခံနိုင်လေ့ရှိကြသောကြောင့် ဖြစ်သည်။

    အစ္စလာမ်ဘာသာသည် မသန်စွမ်းသူများကို လေးစားရန် နှင့် ကူညီရန် မွတ်စလင်တို့အား ညွှန်ကြားထားသည်။

    မသန်စွမ်းသူတို့သည် လူ့အဖွဲ့အစည်းဝင်၏အစိတ်အပိုင်းတစ်ရပ်အဖြစ် ပါဝင်နေသဖြင့် ၄င်းတို့၏လိုအပ်ချက်များအား ဂရုတစိုက် ဖြည့်ဆည်းပေးရန်၊ ၄င်းတို့အား ပစ်ပယ်မထားရန် ဆုံးမချက်ရှိနေပါသည်။

    Ref: OnIslam