News @ M-Media

Tag: ShortNews

  • သြဂုတ်လ- ၂၃ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ်လ- ၂၃ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ်လ၊ ၂၃ ရက်၊ ၂၀၁၃
    M-Media

    3D scanner

    Makerbot Digitizer ဟုခေါ်သော 3D scanner ကို အောက်တိုဘာလတွင် ဈေးကွက်တွင် ဒေါ်လာ ၁၄၀၀ ဖြင့် ရောင်းချမည်ဖြစ်သည်။ ပစ္စည်းတစ်ခုကို 3D scanner ဖြင့် scan ပြုလုပ်၍ 3D printer ဖြင့် ပုံခေါ်ခြင်းဖြင့် ပုံစံတူများ ပွားယူနိုင် မည် ဖြစ်သည်။
    ______________________________
    လက်ဘနွန်တွင် ဗလီဗုံးခွဲခံရ

    ယနေ့ သောကြာဝတ်ပြုမှု အချိန်တွင် ဗလီနှစ်လုံးကို ဗုံးခွဲ သဖြင့် ၁၃ဦးသေဆုံးခဲ့ရပြီး ၈၀ဦး ဒါဏ်ရရသည်။
    ______________________________
    ဖူကူရှီးမား ယိုစိမ့်မှု

    ဖူကူရှီးမား ရေဒီယိုသတ္တိကြွရေများ ယိုစိမ့်မှုမှာ ပိုမိုဆိုးရွားလာလျက် ရှိရာ မြေအောင်ရေလှောင်ကန် အက်ကြောင်းများမှ ပင်လယ်ထဲသို ပင် စိမ့်ဝင်ရောက်ရှိနိုင်ချေ ရှိနေသည်။ အနီးနား ပင်လယ်ပြင်ကို ငါးမဖမ်းရန် တားမြစ်ထားသည်။
    ______________________________
    လက်ဘနွန်ကို အစ္စရေးတိုက်ခိုက်

    လက်ဘနွန်နိုင်ငံ Naameh မြို့ ကို အစ္စရေး တိုက်လေယာဉ်များက ဗုံးကြဲတိုက်ခိုက်ခဲ့သည်။ ကြာသပတေးနေ့က လက်ဘနွန်မှ ပစ်လွှတ်လိုက်သော ဒုံပျံများ အစ္စရေး နယ်မြေသို့ ကျရောက်ပေါက်ကွဲ၍ လက်တုံ့ပြန်ခြင်းဟု ဆိုသည်။
    ______________________________
    ဆီးရီးယား ဓါတုလက်နက် ကိစ္စ

    တော်လှန်ရေးသမားများကို အစိုးရတပ်များက ဓါတုလက်နက်ဖြင့် တိုက်ခိုက်ခြင်းမှာ မှန်ကန်ပါက အမေရိကန်၏ အာရုံစိုက်မှု လိုအပ်လာကြောင်း အိုဘားမားက ပြောဆိုသည်။
    ______________________________
    စစ်တွေ၊ ကျောက်ဖြူ၊ ပြည်၊ ပဲခူး၊ သထုံနှင့် မင်္ဂလာဒုံ ရေကြီးမှုခံရနိုင်

    မိုးအဆက်မပြတ် ရွာသွန်းများကြောင့် စစ်တွေ၊ ကျောက်ဖြူ၊ ပြည်၊ ပဲခူး၊ သထုံ၊ မင်္ဂလာဒုံမြို့နယ်များဟာ လာမယ့် ၂၄-နာရီအတွင်း မြစ်ရေဖုံးလွှမ်းခံရမှု အလားအလာ အများဆုံးမြို့နယ်တွေဖြစ်တယ်လို့ ဒေါက်တာထွန်းလွင် ပြောကြားခဲ့သည်။
    ______________________________
    စာနယ်ဇင်း ကောင်စီ၏ သတင်းမီဒီယာ ဥပဒေကြမ်းအား လွှတ်တော် ဆွေးနွေးမည်

    စာနယ်ဇင်းကောင်စီက ရေးဆွဲထားသော သတင်းမီဒီယာ ဥပဒေကြမ်းကို ပြန်ကြားရေးဝန်ကြီးဌာနက သဘောမတူသော ၁၇-ချက် ပါဝင်သည်ကို ကန့်ကွက်ခဲ့သော်လည်း ယခုအခါ ၁၄-ချက်ကို ညှိနှိုင်းသဘောတူညီလိုက်ပြီး၊ သတင်းမီဒီယာသမားများ ကန့်ကွက်နေသော ပြဋ္ဌာန်းချက်များကိုမူ ပြန်လည်ပြင်ဆင်ပေးဖွယ်ရှိသည်ဟု သိရသည်။
    ______________________________
    ရှမ်း/တောင်တွင် အစိုးရတပ် နှင့် ရှမ်းပြည်တပ်မတော်တို့ တိုက်ပွဲထပ်ဖြစ် ၄ ဦးထက်မနည်းသေ

    သြဂတ်စ် ၂၂ ရက်နေ့ နံနက်ပိုင်း၌ ရျှမ်းပြည်တောင်ပိုင်း မိုင်းပန်အခြေစိုက် အစိုးရတပ် စစ်ကြောင်း တကြောင်းက မိုင်းပန်မြို့တောင်ဘက် ရှမ်းပြည်တပ်မတော် RCSS/SSA အခြေစိုက်လှုပ်ရှားရာ နောင်လေကျေးရွာ အုပ်စု ဟွေ့စွဲ နှင့် နားမွန် ရွာကြား တိုက်ပွဲဖြစ်ပွားခဲ့ကြောင်း၊ တိုက်ပွဲကြောင့် အစိုးရတပ် ဘက် ၄ ဦး သေဆုံးကြောင်း၊ ရှမ်းပြည်တပ်မတော် ဘက်တွင်လဲ နှစ်ယောက်ထက်မနည်း ဒဏ်ရာရပြီး တဦးသေ ဆုံးကြောင်း ရှမ်းသံတော်ဆင့်တွင် ဖော်ပြထားသော သတင်းများရသိရပါသည်။

  • သြဂုတ်လ- ၂၂ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ်လ- ၂၂ ပြည်တွင်းနှင့် နိုင်ငံတကာ သတင်းတို

    သြဂုတ်လ- ၂၂ ရက်၊ ၂၀၁၃
    M-Media

    Bradley Manning အမှု

    အီရတ်စစ်ပွဲနှင့်ဆိုင်သော ထိပ်တန်းလျို့ဝှက်ချက် ၇၀၀,၀၀၀ ခန့်ကို WikiLeak သို့ ပေးပို့မှုဖြင့် Bradley Manning အား ထောင်ဒါဏ် ၃၅နှစ် ချမှတ်လိုက်သည်။ Bradley Manning က ၎င်းသည် ကျန်ရှိသော ဘဝတွင် မိန်းမအဖြစ် နေလိုကြောင်း ပြောဆိုသွားသည်။
    ____________________________________
    အာကာသ ယာဉ်မှူးများ အာကာသယာဉ်အပြင်သို့ ထွက်မည်

    နိုင်ငံတကာ အာကာသ စခန်းတွင် တာဝန်ထမ်းဆောင်နေသော ရုရှ ယာဉ်မှုး Fyodor Yurchikhin နှင့် Alexander Misurkin တို့သည် ကိရိယာ အသစ်များ တပ်ဆင်ရန် ယနေ့ အာကာသယာဉ် အပြင်ထွက်၍ လုပ်ဆောင်ကြမည် ဖြစ်သည်။
    ____________________________________
    အီဂျစ် နိုင်ငံ မူဘာရတ်ကို ယနေ့ လွှတ်မည်

    နိုင်ငံကို နှစ် ၃၀ ကြာတစ်ဦးတည်း ချုပ်ကိုင်ခဲ့သူ မူဘာရတ် အား ယနေ့လွှတ်ရန် တရားရုံးက အမိန့်ချလိုက်သော်လည်း မွတ်စလင်မ် ညီနောင်များပါတီ၏ ခေါင်းဆောင်များကိုမူ ဆက်လက် ဖမ်းဆီးနေဆဲ ဖြစ်သည်။
    ____________________________________
    မလေးရှား တွင် ခရီးသည်တင်ကား ချောက်ထဲကျ

    တောင်ပေါ်ခရီး ဖြစ်သည့် Genting ဒေသတွင် ကားချောက်ထဲကျသဖြင့် ခရီးသည် ၃၇ဦး သေဆုံးခဲ့ရသည်။
    ____________________________________
    Bo Xilai ၏ လာဘ်စားမှု

    တရုတ်နိုင်ငံတွင် လာဘ်စားမှု စွဲချက်တင်ခံထားရသော Bo Xilai သည် စီးပွားရေးသမား Xu Ming ထံမှ ဒေါ်လာ ၃.၃ သန်း ကို ၎င်း မြို့တော် ဝင် အဖြစ် တာဝန်ထမ်းဆောင်စဉ်က ရယူခဲ့ခြင်းကို တရားရုံးတွင် ငြင်းဆိုခဲ့သည်။
    ____________________________________
    ကန်တားနားကားအား ခဲဖြစ်ထုခြင်းမဟုတ်ဘဲ အမြန်ထွက်ခွာဖို့ ရဲမှ အချက်ပေးခြင်းဖြစ်ဟု အုပ်ချူပ်ရေးမှူးပြော

    မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့်အရေးကိုယ်စားလှယ် မစ္စတာသောမတ်အိုဟေး ကင်တားနား မိတ္ထီလာကို ရောက်စဉ် လူများ စုအုံလာပြီးနောက် သူ၏ ကားကို ခဲဖြင့် ပေါက်ပြီး ရန်ပြုသည်မဟုတ်ပဲ သူ၏ကား အမြန်ထွက်ခွာစေလို၍ ရဲမှ အချက်ပေးခြင်းသာဖြစ်ပြီး မစ္စတာကင်တားနားမှ နားလည်မှု လွဲသွားသည်ဟု မိတ္ထီလာမြို့အုပ် အုပ်ချုပ်ရေးမှူး ဦးတင်မောင်စိုးက ပြောသည်။
    ____________________________________
    မစ္စတာ ကင်တားနားလည်း ဒုက္ခသည်များကဲ့သို့ ကြောက်ရွံ့မှုမျိုး ခံစားခဲ့ရ

    မြန်မာနိုင်ငံသို့ ၁၀-ရက်ကြာ ခရီးစဉ်တွင် မိတ္ထီလာသို့ သွားစဉ် ဆန္ဒပြမှုများ ကြုံတွေ့ခဲ့ရတဲ့အတွက် ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေး ကိုယ်စားလှယ် မစ္စတာ ကင်တားနားသည်လည်း ဒုက္ခသည်များကဲ့သို့ ကြောက်ရွံ့မှုမျိုးများ ခံစားခဲ့ရတယ်လို့ သူ့ရဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့သည်။
    ____________________________________
    သယံဇာတ ပွင့်လင်းမြင်သာမှု ဖော်ဆောင်ရေးကော်မတီ စစ်တွေ၌ ဆွေးနွေး

    ရခိုင်ပြည်နယ်ထွက် သယံဇာတများအား အကျိုးအမြတ် ခွဲဝေရာတွင် ပွင့်လင်းမှု မရှိပဲ ဒေသခံတိုင်းရင်းသားတို့ ခံစားခွင့်နည်းပါးသည့်အတွက် ရခိုင်တိုင်းရင်းသားများမှ အစဉ်တစိုက် ကန့်ကွက်လှုပ်ရှားမှုများကြောင့် အစိုးရမှ ဖွဲ့စည်းထားသည့် သယံဇာတနှင့်ဆိုင်သည့် ကော်မတီမှ စစ်တွေသို့ သွားရောက် ဆွေးနွေးခဲ့သည်။
    ____________________________________
    အစိုးရမှ လွတ်တော်နှင့် ပြည်သူများကြား အထင်လွှဲအောင် နိုင်ငံပိုင်သတင်းစာတွေကို အသုံးချဟု လွှတ်တော်ဝေဖန်

    ပြည်ထောင်စုလွှတ်တော်နဲ့ နိုင်ငံတော်သမ္မတတို့အကြား ပေးပို့တဲ့သဝဏ်လွှာတွေကို လွှတ်တော်ကိုယ်စားလှယ်တွေ မသိရှိရသေးဘဲ နိုင်ငံပိုင်သတင်းစာတွေမှာ ဖေါ်ပြတာဟာ ပြည်သူတွေ လွှတ်တော်အပေါ် အထင်လွဲအောင် လုပ်ဆောင်ချက်ဖြစ်တယ်လို့ ဥပဒေကြမ်း ပူးပေါင်းကော်မတီ ဥက္ကဌ ဦးနန္ဒကျော်စွာက ဒီနေ့ လွှတ်တော်မှာ တင်သွင်းခဲ့ပါတယ်။

  • သြဂုတ်လ ၂၀ ရက်၊ မြန်မာနှင့် ကမ္ဘာသတင်းတို

    သြဂုတ်လ ၂၀ ရက်၊ မြန်မာနှင့် ကမ္ဘာသတင်းတို

    သြဂုတ်လ- ၂၀ ရက်၊ ၂၀၁၃
    M-Media

    ကင်းတားနားကို ဦးသိန်းစိန်မတွေ့လို

    ကုလလူ့အခွင့်အရေး ကိုယ်စားလှယ် ကင်းတားနားကို သမ္မတ ဦးသိန်းစိန်က လုံးဝ (လုံးဝ) တွေ့ဆုံရန် အစီအစဉ်မရှိကြောင်းကို သမ္မတဦးသိန်းစိန် ၏ ပြောခွင့်ရ ဖေ့ဘွတ်အကျော်အမော် ဦးရဲထွဋ် က စတေးတပ်တင်ကာ ကြေညာထားသည်။
    _______________________________
    ကင်းတားနားကို ဗုဒ္ဓဘာသာ မဟုတ်သော တိုင်းရင်းသား အများစုရှိ သည့် ပြည်နယ်များက ကြိုဆို

    ရခိုင်နှင့် မိတ္ထီလာအစရှိသော ဗုဒ္ဓဘာသာဝင်အများစုနေထိုင် သည့် နေရာများတွင် ကင်းတားနားအား ဘက်လိုက်သည်ဟု စွပ်စွဲကာ ဆန္ဒပြကြသော်လည်း ချင်း ကချင်အစရှိသည့် တိုင်းရင်းသား ဘာသာခြားများ နေထိုင်ရာ ဒေသများတွင်မူ ဆန္ဒပြခြင်း မရှိကြောင်း သိရသည်။
    _______________________________
    ဖူကူရှီးမား ယိုစိမ့်မှု

    ဂျပန်နိုင်ငံ ဖူကူရှီးမား ညူကလီးယား ဓါတ်ပေါင်းဖို မှ ရေဒီယိုဓါတ်သတ္တိကြွ ရေများ ယိုဖိတ်မှု မှာ ၂ နှစ်ကျော်ကြာပြီ ဖြစ်သော်လည်း ပင်လယ်ထဲသို့ ရေ တန်၃၀၀ ကျော် ထပ်မံယိုစိမ့်မှု ဖြစ်ပေါ်ခဲ့သည်။
    _______________________________
    လေပြင်းများကြောင့် တောမီးပြင်းထန်

    အမေရိကန် Oregon ဒေသရှိတောမီးမှာ လေတိုက်နှုန်းပြင်းထန်လာခြင်းနှင့် ရာသီဥတု ခြောက်သွေ့ ပူပြင်းသောကြောင့် ပိုမို ပြင်းထန်နေရာ ဒေသတွင်း နေထိုင်သူများကို ရွှေ့ပြောင်းရန် ညွှန်ကြားထားသည်။
    _______________________________
    ပါကစ္စတန် သမ္မတဟောင်းကို တရားစွဲဆို

    ပါကစ္စတန် သမ္မတဟောင်း Musharraf ကို ၂၀၀၇ ခုနှစ်က ၀န်ကြီးချုပ်ဟောင်း Benazir Bhutto လုပ်ကြံခံရသည့် အမှု နှင့် ပတ်သက်၍ စွဲချက်တင်လိုက်သည်
    _______________________________
    ဒုက္ခသည်လှေနစ်မြုပ်

    အိန္ဒိယ သမုဒ္ဒရာ Christmas Island အနီး တွင် သြစတြေးလျသို့ ဒုက္ခသည် အဖြစ် ခိုလှုံရန် လာသောလှေ မှောက်သဖြင့် (၇) ဦးသေဆုံးပြီး ၁၀၆ ဦးကို ကယ်တင်နိုင်ခဲ့သည်။
    _______________________________
    ထိုင်းလူဝင်မှုကြီးကြပ်ရေး ထိန်းသိမ်းမှုစခန်းမှ ရိုဟင်ဂျာများ လွတ်မြောက်ထွက်ပြေး

    ထိုင်းနိုင်ငံတောင်ပိုင်း မလေးရှားဘော်ဒါ၊ ဆာဒေါင်းရှိ ထိန်းသိမ်းထားသော စခန်းမှ ရိုဟင်ဂျာဒုက္ခသည် ၈၇ ဦး ထွက်ပြေးလွတ်မြောက်သွားကြောင်း သိရသည်။ ထိုစခန်းတွင် နိုင်ငံရေးခိုလှုံခွင့် တောင်းခံထားသည့် ရိုဟင်ဂျာ ၁၃၇ ဦးရှိသည်။
    _______________________________
    ဖိလစ်ပိုင်တောင်ပိုင်းတွင် ဖယ်ရီသင်္ဘောနှင့် ကုန်တင်သင်္ဘောတိုက်

    ပြီးခဲ့သည့် ရက်သတ္တပတ်က ကုန်တင်သင်္ဘောနှင့်တိုက်မပြီး ဖယ်ရီသင်္ဘောတစ်စင်းမှာ ဖိလစ်ပိုင်၊ စီဘူးဆိပ်ကမ်းအနီး နစ်မြှုပ်သွားကြောင်း သိရသည်။ ထိုဖယ်ရီသင်္ဘောမှာ စက်စီနှင့် လောင်စာစီ တန်ချိန်အများအပြားတင်ထားသည့် သင်္ဘောဖြစ်ပြီး သင်္ဘောနစ်မြှပ်သည်နှင့်အမျှ ထိုဆီများမှာလည်း ရေထဲသို့ ပျံ့နှံ့နေသည်။ လောလောဆယ်တွင်မူ လူ ၆၀ သေဆုံးကြောင်း အတည်ပြုထားပြီး လူတစ်ဒါဇင်ကျော်မှာ ပျောက်ဆုံး စာရင်းသွင်းခံထားရသည်။
    _______________________________
    မူစလင်ဘရားသားဟုဒ်၏ ၀ိညာဉ်ရေးခေါင်းဆောင် ဖမ်းဆီးခံရ

    အီဂျစ်ပြည်မှ မော်စီပါတီဖြစ်သော မူစလင်ဘရားသားဟုဒ်၏ ၀ိညာဉ်ရေးခေါင်းဆောင်အဖြစ်ထင်ရှားသည့် မုဟမ္မဒ်ဘာဒီကို လုံခြုံရေးတပ်များက ယနေ့ ဖမ်းဆီးလိုက်ပြီဖြစ်ကြောင်း အစိုးရပိုင် နိုင်းလ်တီဗွီမှ သတင်းတင်ပြထားသည်။