News @ M-Media
Tag: South Korea
  • ဆိုက်ဘာလုံခြုံရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆိုးလ်တွင် ဆွေးနွေးခဲ့ကြ
    ဆိုက်ဘာလုံခြုံရေး အတွက် အမေရိကန်နှင့် တောင်ကိုရီးယားတို့ ဆိုးလ်တွင် ဆွေးနွေးခဲ့ကြ
    ဖေဖော်ဝါရီ ၄၊ ၂၀၁၄
    M-Media
    – မြောက်ကိုရီးယားနိုင်ငံမှ ပြုလုပ်လာနိုင်သည့် အင်တာနက်လုံခြုံရေး ခြိမ်းခြောက်မှုများအား မည်ကဲ့သို့ ရင်ဆိုင်ရမည်ကို ဆွေးနွေးရန်အတွက် အမေရိကန် ဆိုက်ဘာစစ်ဌာနချုပ်မှ အကြီးအကဲ ဗိုလ်ချုပ် ကိသ်အလက်ဇန်းဒါးမှာ တောင်ကိုရီးယား နိုင်ငံသို့ ယနေ့တွင် ရောက်ရှိလာခဲ့သည်ဟု တောင်ကိုရီးယား ကာကွယ်ရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    ထို့နောက် ဗိုလ်ချုပ် အလက်ဇန်ဒါးမှာ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ကင်မ်ကောင်ဂျင်န်နှင့် ဆိုးလ်မြို့တွင် တံခါးပိတ် ဆွေးနွေးမှု တစ်ခု ပြုလုပ်ခဲ့ပြီး နှစ်နိုင်ငံပူးပေါင်းကာ မြောက်ကိုရီးယား၏ အင်တာနက်လုံခြုံရေး ခြိမ်းခြောက်မှုများအား မည်ကဲ့သို့ ရင်ဆိုင်မည်ဆိုသည်ကို ပြောဆို ဆွေးနွေးခဲ့ကြသည်ဟု တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီးဌာနမှ ပြောရေးဆိုခွင့်ရှိသူ ကင်မင်ဆွတ်က ဆွေးနွေးပွဲအကျဉ်းချုပ် သတင်းစာ ရှင်းလင်းပွဲတွင် ပြောကြားခဲ့သည်။ု ထို့ပြင် အမေရိကန်အမျိုးသား လုံခြုံရေးကောင်စီ၏ ဒါရိုက်တာလည်းဖြစ်သူ ဗိုလ်ချုပ်အလက်ဇန်းဒါးမှာ ၎င်း၏ အတွေ့အကြုံများကိုလည်း ဝေငှသွားခဲ့သည်ဟု ထည့်သွင်းပြောကြားခဲ့သည်။
    ထိုဆွေးနွေးပွဲတွင် အမေရိကန်မှ လျှို့ဝှက်ပြုလုပ်နေသည့် ထောက်လှမ်းရေးလုပ်ငန်းများမှ တောင်ကိုရီးယားနိုင်ငံအား ဖယ်ထုတ်ပေးမည်ဟု အလက်ဇန်းဒါးက ပြောဆိုခဲ့ကြောင်း တောင်ကိုရီးယားသတင်းစာတစ်စောင်ဖြစ်သည့် Kukmin Daily က ရေးသားဖော်ပြခဲ့သည်။ သို့သော်လည်း ကာကွယ်ရေးဝန်ကြီးဌာနကမူ ထိုသတင်းမှာ မဟုတ်မှန်ကြောင်း ငြင်းဆိုခဲ့သည်။
    လာမည့်မတ်လတွင် ရာထူးမှထွက်ခွာတော့မည့် အလက်ဇန်းဒါးမှာ ဆိုးလ်မြို့တွင် တစ်ရက်တာ နေထိုင်ပြီးနောက် ဂျပန်နိုင်ငံသို့ သွားရောက် လည်ပတ် မည်ဖြစ်သည်။
    Ref : Xinhua
  • နှစ်နိုင်ငံ ကွဲကွာနေသော မိသားစုများ ပေါင်းစည်းရေး ဖေဖော်ဝါရီ တတိယပတ်အတွင်း တောင်ကိုရီးယား ရက်သတ်မှတ်
    ဇန်နဝါရီ ၂၇၊ ၂၀၁၄
    M-Media
    _49064194_010153663-1
    ဆိုးလ်၊ ဇန်န၀ါရီ ၂၇။ ။ ၁၉၅၀-၅၃ ကိုးရီးယားကျွန်းဆွယ် စစ်ပွဲအတွင်း ကွဲကွာနေသည့် မိသားစုများအား ပြန်လည်ပေါင်းစည်းရေးအစီအစဉ်များကို လုပ်ကိုင်ရန်အတွက် သတ်မှတ်ရက်ကို မြောက်ကိုရီးယားသို့ အကြောင်းကြားခဲ့သည်ဟု ဇန်န၀ါရီ ၂၇ ရက်နေ့ (ယနေ့တွင်) တောင်ကိုရီးယားနိုင်ငံမှ ကြေညာခဲ့သည်။
    မြောက်ကိုရီးယားရှိ အပန်းဖြေစခန်း Mount Kumgang တွင် ပြုလုပ်ရန်စီစဉ်ထားသည့် မိသားစုပြန်လည်ပေါင်းစည်းရေး အစီအစဉ်ကို ဖေဖော်ဝါရီ ၁၇ ရက်နေ့မှ ၂၂ ရက်နေ့အထိ ပြုလုပ်ရန် တောင်ကိုရီးယားက သတ်မှတ်ခဲ့ခြင်းဖြစ်ကြောင်း၊ ထိုအစီအစဉ်အတွက် အသေးစိတ်ဆွေးနွေးမှုများကို ဇန်န၀ါရီ ၂၉ ရက်နေ့တွင် ပြုလုပ်ရန်ကိုလည်း ထည့်သွင်းကမ်းလှမ်းထားကြောင်း ဆိုးလ်ရှိ ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မ်အီဒိုက ပြောကြားခဲ့သည်။
    ကွဲကွာနေသော မိသားစုများ ပြန်လည်ပေါင်းစည်းရေးအစီအစဉ် ပြည်လည်စတင်ရန်နှင့် အစီအစဉ်စတင်မည့်ရက်ကို  တောင်ကိုရီးယားမှ စိတ်ကြိုက်သတ်မှတ်ရန် ဇန်န၀ါရီ ၂၄ ရက်နေ့ (သောကြာနေ့)က မြောက်ကိုရီးယားမှ ကမ်းလှမ်းခဲ့ပြီးနောက် တောင်ကိုရီးယားဘက်မှ ယခုကဲ့သို့ လက်ခံခဲ့ခြင်းဖြစ်သည်။
    ပြီးခဲ့သည့် စက်တင်ဘာလကတည်းက ထိုအစီအစဉ်အား ပြုလုပ်ရန် တောင်ကိုရီးယားမှ စီစဉ်ခဲ့သော်လည်း မြောက်ကိုရီးယားဘက်မှ ပယ်ချခဲ့သည်။
    Ref: ဆင်ဟွာ
  • နှစ်နိုင်ငံ မိသားစုများပေါင်းစည်းရေး မြောက်ကိုရီးယား ကမ်းလှမ်း၊ တောင်ကိုရီးယား ဘက်မှ သံသယရှိနေ
    ဇန်နဝါရီ ၂၅၊ ၂၀၁၄
    M-Media
    DPRK offers to S.Korea to hold reunion of separated families
    – ၁၉၅၀-၅၃ ကိုးရီးယားစစ်ပွဲအတွင်း ကွဲကွာခဲ့ရသည့် မိသားစုများအား ပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများ လုပ်ဆောင်ရန် အတွက် မြောက်ကိုရီးယားက တောင်ကိုရီးယားအား အိတ်ဖွင့်ပေးစာဖြင့် ကမ်းလှမ်းလိုက်သည်ဟု တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာနက သတင်းထုတ်ပြန်ခဲ့သည်။
    မြောက်ကိုရီးယားနိုင်ငံ အမျိုးသားကော်မရှင်က ယမန်နေ့ နေ့လည်က ပေးပို့ခဲ့သည့် အဆိုပါအီးမေးလ်တွင် လက်ရှိ၌ ရပ်တန့်နေသည့် နှစ်နိုင်ငံ မိသားစုများ ပြန်လည်ပေါင်းစည်းရေး လုပ်ငန်းများကို လာမည့် လပြက္ခန်ဒိန် နှစ်သစ်ကူးအပြီးတွင် ပြုလုပ်ရန် တောင်းဆိုထားသည်။ ထို့ပြင် အမေရိကန်နှင့်ပြုလုပ်မည့် တောင်ကိုရီးယား၏ စစ်ရေးလေ့ကျင့်မှုအား ကန့်ကွက်ခဲ့ပြီး၊ မိမိတို့၏ နျူးကလီးယား အစီအစဉ်မှာလည်း ကာကွယ်ရေး အတွက် ဖြစ်သည်ဟု ထည့်သွင်းဖော်ပြထားသည်။
    မိသားစုပြန်လည်ပေါင်းစည်းရေးလုပ်ငန်းများကို ယခင်က သဘောတူညီထားသည့်အတိုင်း မြောက်ကိုရီးယား အပန်းဖြေစခန်းဖြစ်သည့် Mount Kumgang တွင် ပြုလုပ်သွာမည်ဖြစ်ပြီး၊ ရက်အတိအကျကိုမူ တောင်ကိုရီးယားဘက်မှ အဆင်ပြေသလို ဆုံးဖြတ်နိုင်မည်ဖြစ်ကြောင်း၊ အခြားသော ကိစ္စရပ်များကိုလည်း ငြိမ်းချမ်းရေးရွာ Panmunjom တွင် ဆက်ဆံရေးအဖွဲ့က ဆက်လက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထိုစာတွင် ထည့်သွင်းရေးသားခဲ့သည်။
    သို့သော်လည်း မြောက်ကိုရီးယားအနေဖြင့် ယခင်က ငြိမ်းချမ်းရေးအတွက် ကမ်းလှမ်းမှုများ ပြုလုပ်ပြီးနောက် ဖျက်သိမ်းခဲ့မှုများ ရှိခဲ့သောကြောင့် ယခုတစ်ကြိမ် ကမ်းလှမ်းမှုကိုလည်း သံသယရှိကြောင်း တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေး ၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ ကင်မ် အီဒိုက ကြေညာချက်ထုတ်ပြန်ခဲ့သည်။
  • မြန်မာနိုင်ငံစက်မှု လယ်ယာကဏ္ဍ အတွက် တောင်ကိုးရီးယားမှ အကူအညီပေးမည်
    စက်တင်ဘာ၊ ၃၀
    M-Media
    Myanmar in agricultural
    တနင်္ဂနွေနေ့ က ထုတ်ပြန်ခဲ့သည့် တရားဝင်သတင်းဌာနတစ်ခု၏ သတင်းအရ တောင်ကိုးရီးယားသည် မြန်မာနိုင်ငံ၏ စက်မှုလယ်ယာအခန်းကဏ္ဍအား မြန်မာလယ်သမားများကို သင်တန်းလမ်းညွှန်မှုဖြင့် ကူညီပေးမည် ဟု သိရသည်။
    မြန်မာနိုင်ငံ၏လယ်ယာစိုက်ပျိုးရေးနှင့်ဆည်မြောင်းဝန်ကြီး နှင့် ကိုးရီးယား၏နိုင်ငံတကာပူပေါင်းဆောင်ရွက်မှုအေဂျင်စီ (Korean International Cooperation Agency (KOICA)) တို့သည် တွေ့ဆုံဆွေးနွေးသဘောတူညီမှုတစ်ခုအရ လယ်ယာစိုက်ပျိုးရေးသင်တန်းကျောင်းတစ်ခုကို နေပြည်တော်ကောင်စီဒေသ၊ ဇေယျာသီရိမြို့နယ်၊ ရေဆင်း၌ တည်ထောင်ဖွင့်လှစ်ပေး၍ ကူညီပေးမည်ဟုဆိုသည်။
    ဇမ္ဗူသီရိမြို့နယ်အတွင်းရှိ အခြားစိုက်ပျိုးဒေသတွင်လည်း အလားတူ တိုးမြှင့်ပြောင်းလဲလုပ်ဆောင်မည် ဖြစ်သည်။
    စက်မှုလယ်ယာစိုက်ပျိုးမှုကိုအခြေခံသော စီမံကိန်းများသည် စိုက်ပျိုးရေးလုပ်ငန်းနှင့်လယ်ယာထွက်ကုန် ပိုမိုတိုးတက်လာစေရန်၊ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးလာမှုအားဖြင့် အသွင်ပြောင်းလဲရန် နှင့် လယ်သမားတို့၏ ၀င်ငွေများတိုးပွားလာစေရန် ရည်ရွယ်လုပ်ဆောင်ရ၏။
    KOICA သည် ငါးနှစ်စီမံကိန်းအောက်မှ ရိတ်သိမ်းမှုအပြီးသတ်နည်းပညာဌာန (Post-harvest Technology Application Center) ကို နေပြည်တော်တွင် ဆောက်လုပ်ပေးမည်ဖြစ်ပြီး၊ လယ်ယာသုံး ပိုးသတ်ဆေးများကိုလည်း အကူညီပေးသွားမည် ဖြစ်ကြောင်း ကနဦးသတင်းများက ဖော်ပြသည်။
    ဇူလိုင်လက မန္တလေးတိုင်း ပုသိမ်ကြီးရှိ ဆည်မြောင်းနည်းပညာရှေ့ပြေးစမ်းသပ်ချက်တစ်ရပ်ကို World Friends KOICA- Volunteer (WFK-Volunteer) of KOICA မှ ဆောင်ရွက်ပြီးစီး၍ မြန်မာနိုင်ငံသို့ လွှဲပြောင်းပေးအပ်လိုက်ပြီဖြစ်သည်။
    သို့သာမက KOICAသည် နိုင်ငံအတွင်း စစ်တမ်းကောက်ယူမှုစံနစ်၊ ညီလာခံများတွင် စွမ်းရည်မြှင့်နည်းလမ်းများ၊ စိုက်ပျိုးမြေနေရာဖော်ထုတ်ရေး နှင့် တောတောင်များ စိမ်းလန်းစိုပြေထိန်းသိမ်းရေးဆိုင်ရာ အကူအညီများကိုလည်း သြဂုတ်လတွင်ပြုလုပ်သောသဘောတူညီချက်လမ်းကြောင်းအောက်မှ ကူညီပေးသွားမည်။
    ဇူလိုင်လ ၂၀၁၃ ထိ တရားဝင်စာရင်းအင်းများအရ မြန်မာနိုင်ငံတွင် ၁၉၈၈ ခုနှစ်နောက်ပိုင်း တံခါးဖွင့်ဝါဒကျင့်သုံးချိန်မှစ၍ စီမံကိန်း ၇၉ ခု၌ တောင်ကိုးရီးယား၏ ရင်းနှီးမြှုပ်နှံမှုမှာ အမေရိကန် ဒေါ်လာ ၃.၀၂ သန်း ရှိပြီး၊ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုစုစုပေါင်း၏ ၇ ရာခိုင်နှုန်း နှင့် စတုတ္ထအဆင့် စာရင်းဝင်ကြောင်း တွေ့ရသည်။
    တောင်ကိုးရီးယား နှင့် မြန်မာကြားရှိ အပြန်အလှန်ကုန်သွယ်မှုသည် ၂၀၁၂-၁၃ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၆၂၃.၉၈ သန်း သို့ရောက်ရှိခဲ့သည်။ မြန်မာနိုင်ငံ၏ထုတ်ကုန်တန်ဖိုးမှာ ၂၈၀.၇၇ သန်း၊ သွင်းကုန်တန်ဖိုးမှာ ၃၄၃.၂၁ သန်း ရှိသည်။
    Ref: ဆင်ဟွာ
    ဓါတ်ပုံအညွန်း- မြန်မာ့လယ်ယာလုပ်ငန်းခွင်မြင်ကွင်းတခု (Photo-wiki)
  • ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူတွင် မွတ်စလင်မ် များအား ထိန်းချုပ် ကွပ်မျက်ပုံ
    ဇူလိုင်-၂၁၊၂၀၁၃
    M-Media
    ရေးသူ- ဖိုးတာ
    မွတ်စလင်မ် မုန်းသူတိုင်း ဖတ်ဖြစ်အောင်ဖတ်ပါ။ မွတ်စလင်မ်များကို ကမ္ဘာက အတော်မျက်စိ စူးကြသည်။ ဂျပန်နိုင်ငံက မွတ်စလင်မ်တွေကို အကြမ်းနည်းတမျိုး၊ အနုနည်းတမျိုးနဲ့  မွတ်စလင်မ်တွေ ပွားမလာအောင် ထိန်းချုပ်လျက်ရှိသည် (ဖေ့စ်ဘွတ်တွင်ဖတ်ရသည်၊)
    japan2
    Screen Short from Mohammed Naeem FB
    ကိုးရီးယားတွင်လည်း မွတ်စလင်မ်များကို ကန့် သတ် ထိန်းချုပ်လျက်ရှိကြောင်း၊ ဖေစ်ဘွတ် တွင်ဖတ်ရသည်။ မွတ်စလင်မ်တွေ မနေနိုင်အောင် နှိပ်ကွပ်လိုက်လို့  အစ္စလာမ်ဆိုရင် ပျောက် ပါပျောက်သွားတယ်ဟုဆိုသည်။ ပိုစ့်ဓာတ်ပုံမှာတော့ ကားပြိုင်ပွဲ တွင် အလံကိုင်အချက်ပြတဲ့ မလုံတလုံကိုးရီးယားမော်ဒဲယ်မလေး။  မွတ်စလင်မ်ကို ထိန်းချုပ်တဲ့ သတင်းထက် မော်ဒဲယ် မလေးပုံကို ပိုစိတ်ဝင်စားသဖြင့် ထိုသတင်းဖတ်ဖြစ်သွားသည်။ တတ်လည်းတတ်နိုင်ပါပေ့ ပိုစ့်တင်ဆရာသမား။ လူ့ အကြိုက်နတ်မလိုက်ပေသိ ဗမာအကြိုက် ဗမာလိုက်နိုင်ဟု ဆိုရမလို။
    ဂျပန်နှင့် ကိုးရီးယားတွင်သာမက စင်္ကာပူတွင်လည်း မွတ်စလင်မ်များကို ထိန်းချုပ်ရန် မွတ်စလင်မ်များကို မွတ်စလင်မ် မဟုတ်သူများနှင့် လက်ထပ်ခွင့်မပေး။ ဤအချက်သည် မြန်မာအတော်များများ သိပြီးဖြစ်သည်။ ဖေ့စ်ဘွတ်တွင် ပိုစ့်များပျံ့ နေပြီးဖြစ်သည်။
    အချုပ်အားဖြင့်ဆိုရသော် ဂျပန်၊ ကိုးရီးယားနှင့် စင်္ကာပူလိုနိုင်ငံများပင်လျှင် မွတ်စလင်မ်များကို နှိပ်ကွပ်သည်၊ ပျောက်သွားအောင်လုပ်ပစ်သည်၊ မျိုးမပွားအောင်ရည်ရွယ်ပြီး အခွင့်အရေး လာမှမပေး။ ရှင်းရှင်းပြောရလျှင် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ်တို့ ကို မျက်နှာသာမပေး။ အသိအ မှတ်လည်းမပြု။ အစိုးရတွေကလည်း မွတ်စလင်မ်ဆို ရှိသမျှ အကုန်ပိတ်ပင်သည်။ ဖေ့စ်ဘွတ်မှ ဖတ်မိသော ပိုစ့်များက ဤသို့ ဤနှယ်ဆိုကြသည်။
    သို့ သော် — သို့ သော်။
    ဖေ့စ်ဘွတ်မှာ ပြောသမျှ မဟုတ်ကဟုတ်ကများသည်။ တလွဲချည်း အလွဲများသာဖြစ်သည်။ ဂျပန်၊ ကိုးရီးယား၊ စင်္ကာပူလို နိုင်ငံတွေက သူတို့ နိုင်ငံမှာ လူမျိုးရေး ဘာသာရေးမီး အလောင်ခံမယ်လို့  မြန်မာတွေသာထင်ကြသည်။ မလုံတလုံမိန်းကလေးပုံတွေနဲ့ ရောပြီး မွတ်စလင်မ် ဆန့်ကျင်ရေး သတင်းအမှား ပေးသူကပေး၊ အားရပါးရ ယုံသူကယုံ။ လက်တွေ့ ထို နိုင်ငံများတွင်  အစိုးရ တွေက မွတ်စလင်မ်ကို နှိပ်ကွပ်ရန် နေနေသာသာ၊ တိုင်းပြည်ခေါင်း ဆောင်များကိုယ်တိုင်က ယခုကဲ့သို့  ဥပုတ်လမြတ်တွင်  မွတ်စလင်များနှင့် အတူ တကြမ်းတည်းထိုင်၊ တသားတည်းဘေးချင်းယှဉ်ပြီး မျက်နှာချင်းဆိုင် ၀ါဖြေကြသည်။ July 17 နေ့ တွင် စင်္ကာပူဝန်ကြီးချုပ်က မွတ်စလင်မ် များနှင့်အတူ ၀ါဖြေခဲ့သည်။ တိုကျိုမြို့ တွင်လည်း စုပေါင်းဝါဖြေပွဲကို ခမ်းခမ်းနားနားကျင်းပပြီး နိုင်ငံပေါင်းမျာစွာမှ ဧည့်သည်များ တက်ရောက်ခဲ့ကြသည်။ ဂျပန်နိုင်ငံ၏ နိုင်ငံခြားရေး ၀န်ကြီးဌာန အင်တာနက်စာမျက်နှာတွင်လည်း အစ္စလာမ်ဘာသာ ကို ချီးမွမ်းသည့် ဆောင်းပါး ထုတ်လွင့်ထားသည်။
    (အယ်ဒီတာ မှတ်ချက် – ဆောင်းပါး ဘာသာပြန် ဖတ်ရန်။ အခြား ဂျပန်မွတ်စလင်မ်ဆောင်းပါးများ – )
    1. ဂျပန်နိုင်ငံခြားရေးဌာန ဝဘ်ဆိုဒ်မှာ ဖော်ပြသော အစ္စလာမ်သာသနာ အပေါ်အမြင် ဆောင်းပါး  Link
    2. ဂျပန်ပြည်နဲ့ အစ္စလာမ်သာသနာ Link1   Link2 
    3. တိုကျိုမြိုမှ ဂျပန်မွတ်စလင်မ်များရဲ့ရမဿွန်(ဥပုတ်လ)စုပေါင်းဝါဖြေပွဲ http://goo.gl/VOAlU
    4.  တောင်ကိုရီးယားသမ္မတနိုင်ငံ နှင့် အစ္စလာမ်သာသနာ Link
    စင်္ကာပူတွင် မွတ်စလင်မ်များကို မွတ်စလင်မ်မဟုတ်သူများနှင့် လက်ထပ်ခွင့်ပိတ်ပင်သည်ဟု ဆိုသော သတင်းမှာလည်း လွဲနေသည်။ နဲနဲလွဲတာမဟုတ်၊ တမင် မြန်မာများကို လူတုံး လူညံ့ လူဖျင်းလို ဖြစ်အောင်၊ ဘာမှမသိတဲ့ မုန်းတီးရေးသမားလို စဉ်းစားအောင် ပြောဆို နေထိုင်အောင် ရည်ရွယ်ချက်ရှိရှိ အချက်အလက်မှားများကို ဖေ့စ်ဘွတ်မှတဆင့် တမင် ဖွခဲ့ခြင်းဖြစ်သည်။ စ-လယ်-ဆုံး အမှားများချည်းသာ။
    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)
    1. စင်္ကာပူနိုင်ငံ ထိမ်းမြားလက်ထပ်ရေး ဆောင်းပါး – http://goo.gl/Nb6Bx
    2. ဝန်ကြီးချူပ် Mr Lee Hsien Loong စင်္ကာပူမွတ်စလင်မ်များနှင့် အတူ ဝါဖြေပွဲဆင်နွှဲ Link
    အနောက်နိုင်ငံများကရော ဘယ်လိုလဲ။
    အမေရိကန်ပြည်ထောင်စု သမ္မတကိုယ်တိုင်က နှစ်စဉ် ၀ါဖြေပွဲအခမ်းအနားကျင်းပသည်။ July 16 ရက်နေ့ ကလည်း ရန်ကုန်ရှိ အမေရိကန်သံရုံးက ၀ါဖြေပွဲကျင်းပရာ သံအမတ်ကြီးကိုယ် တိုင်တက်ရောက်ခဲ့သည်။ ရွေဗမာများ၊ ရွေရခိုင်များထင်သကဲ့သို့  ကမ္ဘာကြီးက မွတ်စလင်မ် တွေကို အခြောက်တိုက်မမုန်းပါ။ စင်္ကာပူမှာ ရွေဗမာတွေလို မွတ်စလင်မ် မုန်းရင် ၀န်ကြီးချုပ်က ကြမ်းပြင်ပေါ်မှာ မွတ်စလင်မ်များနဲ့ ဘေးခြင်းယှဉ်ပြီး ထိုင်စားမယ်မထင်ပါ။ အမေရိကန် သမ္မတ လည်း နှစ်စဉ် ပွဲလုပ်စရာမလိုပါ။ ဂျပန်အစိုးရ စာမျက်နှာမှာလည်း အစ္စလာမ်ကောင်းကြောင်း အရေးတယူ လုပ်ကာရေးမယ် မထင်ပါ။ မြန်မာပြည်မှာလို ကမ္ဘာက မုန်းတီးရေးသမားများ မဟုတ်ကြပါ။ အရှက်သိက္ခာ၊ လူ့ ဂုဏ်၊ နိုင်ငံ့ပုံရိပ်ထိန်းပြီး မကြိုက်ရင်တောင် မုန်းမပြပါဘူး။
    (အယ်ဒီတာမှတ်ချက် -ရည်ညွှန်းပိုစ်များ ဖတ်ရန်။)
    1. အမေရိကန်သမ္မတ၏ ရမသွာန်အခါ သမယ မွတ်စလင်မ်များတွက် ဆုတောင်း အမှာစကား Link
    2. မြန်မာနိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးမှ အစ္စလာမ်ဘာသာဝင်တို့ ဥပုသ်ထွက် ဝါဖြေပွဲတည်ခင်းကျင်းပ Link
    ဖေ့စ်ဘွတ်မှ ဘယ်သူရေးမှန်းမသိသော ပိုစ့်များ၊ စာတိုစာတောင်းများဖတ်ပြီး မိမိကိုယ်မိမိ လူဖျင်း၊ လူတုံး၊ လူညံ့များအဖြစ်မခံပဲ သိချင်တာ မရှင်းတာရှိပါက ယခုလို အင်တာနက်ခေတ် တွင် ဂူဂယ်တချက်ခေါက်ပါက အဖြေ ၁၀ ခုမက ရလာပါလိမ့်မည်။ ဖေ့စ်ဘွတ်တွင် ရည်ရွယ် ချက်ရှိရှိ ဖြန့် နေသော မုန်းတီးရေးစာများသာဖတ်ပြီး လူ့ ငတုံးများအဖြစ်မခံပဲ အနည်းဆုံး ဂူဂယ်တွင်တော့ သိချင်တာများ ရှာဖတ်ပြီး လူညံ့ဖြစ်ခြင်းမှ ကင်းဝေးနိုင်ပါစေ။
    မွတ်စလင်မ်များနှင့် ကြမ်းပြင်ပေါ်တပြေးတည်းထိုင်ပြီး ဥပုတ်ဖြေသည့်  စင်္ကာပူဝန်ကြီးချုပ် သတင်းကို ဥပမာကောင်းယူပြီး လူညစ် လူယုတ်မာများ သတင်းမှားများဖြန့် ကာ မိမိ တို့ မြန် မာပြည်သူများအား လူသတ်ကောင်များဖြစ်အောင်၊ အနည်းဆုံး မုန်းတီးရေးဝါဒီ များဖြစ်အောင် လုပ်နေကြောင်း သတိပြုမိရန် ရည်ရွယ်ပါသည်။