News @ M-Media

Tag: SportsNews

  • ရော်နယ်ဒိုကို ချီးကျူးသော်လည်း မိမိအကြိုက်ဆုံး ကစားသမားမှာ မက်ဆီဖြစ်သည်ဟု ဘလတ္တာဆို

    နိုဝင်ဘာ ၂၃ ၂၀၁၃
    M-Media

    Blatter

    ကမ္ဘာဘောလုံးအဖွဲ့ချုပ် ဥက္ကဌဖြစ်သူ ဆပ်ဘလတ္တာက ရီးယဲလ်မဒ်ရစ် အသင်းမှ ပေါ်တူဂီ တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒို၏ စွမ်းဆောင်ရည်အား ချီးကျူးပြောဆိုခဲ့သော်လည်း သူ၏ အကြိုက်ဆုံး ကစားသမားမှာ လိုင်ယွန်နယ် မက်ဆီဖြစ်သည်ဟု ဖွင့်ဟခဲ့သည်။

    အသက် ၇၇ နှစ်အရွယ်ရှိပြီဖြစ်သည် ဘလတ္တာမှာ မကြာသေးမီက အခမ်းအနားတစ်ခုတွင် ရော်နယ်ဒိုအား ဆံပင်ညှပ်ဆိုင်တွင် အချိန်ကုန်သူတစ်ဦးဖြစ်သည်ဟု ဝေဖန်ခဲ့သောကြောင့် ကန့်ကွက်မှုများနှင့် ရင်ဆိုင်ခဲ့ရသူဖြစ်ပြီး၊ အထင်ကရပုဂ္ဂိုလ်များက သူ၏ မှတ်ချက်အား ရှုတ်ချပြောဆိုခဲ့သည်။ နောက်ပိုင်းတွင် ဘလတ္တာက သူ၏မှတ်ချက်အတွက် ပြန်လည် တောင်းပန်ခဲ့သည်။

    “ကျွန်တော်အတွက်တော့ သူ(ရော်နယ်ဒို) ဟာ ထူးခြားကောင်းမွန်တဲ့ ကစားသမားတစ်ဦးပါပဲ။ ဒါပေမယ့် ကျွန်တော်တို့တစ်ယောက်ချင်းဆီမှာ ကျွန်တော်တို့ အကြိုက်ဆုံးကစားသမားတွေ ရှိကြပါတယ်” ဟု ဘလတ္တာက ပြောဆိုခဲ့သည်။

    ထို့ပြင် ဖီဖာ၏ အဓိက ရည်ရွယ်ချက်များထဲမှ တစ်ခုမှာ လူမျိုးရေးခွဲခြားမှုကို တိုက်ဖျက်ရန်ဖြစ်ကြောင်း၊ လူမျိုးရေးခွဲခြားမှုမှာ ဘောလုံးလောကတွင် သာမက ဘောလုံးလောက၏ အပြင်တွင်ပါ ရှိနေကြောင်း ဘလတ္တာက ထပ်လောင်းပြောကြားခဲ့သည်။