News @ M-Media
Tag: Sweden Muslim
  • ဆွီဒင်တွင် နှစ် ၁၀၀၀ အရင်က အစ္စလာမ့်အသုံးအဆောင် လက်စွပ်တစ်ကွင်း တွေ့ရှိ
    ဆွီဒင်တွင် နှစ် ၁၀၀၀ အရင်က အစ္စလာမ့်အသုံးအဆောင် လက်စွပ်တစ်ကွင်း တွေ့ရှိ
    မတ် ၂၂၊ ၂၀၁၅
    M-Media
    ancient islamic ring
    – ဗိုက်ကင်းခေတ် စကင်ဒီနေဗီးယားပြည်သူတွေနဲ့ အစ္စလာမ့်လူ့အဖွဲ့အစည်းတို့အကြား နီးကပ်တဲ့ ဆက်နွယ်မှုကို ဖော်ပြနေတဲ့ ရှေးဟောင်း ငွေလက်စွပ်တစ်ကွင်းကို ဆွီဒင်နိုင်ငံမှာ တွေရှိခဲ့ပါတယ်။
    အဲဒီငွေလက်စွပ်မှာ “အလ္လာဟ်အရှင်မြတ်” လို့ အဓိပ္ပါယ်ရတဲ့ စာသားကို အာရဘီဘာသာစကားနဲ့ ထွင်းထုထားတဲ့ ခရမ်းရင့်ရောင် အဖိုးတန် ကျောက်တစ်လုံးကို တပ်ဆင်ထားပြီး ၁၈၀၀ ပြည့်နှစ်တွေလောက်ကတည်းက ဘီဂျော်ရ်ကို ကျွန်း ဘော့ဂ်ဒေသမြောက်ဘက်က သုဿန်တစ်ခုမှာ တူးဖော်တွေ့ရှိခဲ့တာပါ။
    ဆွေးမြေ့နေတဲ့ အမျိုးသမီးအရိုးစုရဲ့အနားမှာ အ၀တ်အစားတွေ၊ လက်ဝတ်လက်စားတွေနဲ့အတူ တွေ့ရှိခဲ့တာဖြစ်ပြီး သုတေသနပညာရှင်တွေကတော့ အဲဒီအမျိုးသမီးဟာ အေဒီ ၈၅၀ လောက်က မြှုပ်နှံထားတာဖြစ်မယ်လို့ ယုံကြည်နေကြပါတယ်။
    တူးဖော်တွေ့ရှိပြီးနောက်ပိုင်း ပြန်ပျောက်သွားတဲ့ ဒီရှေးဟောင်းလက်စွပ်ကို ဆွီဒင်က ဘီရ်ကာလို့ခေါ်တဲ့ ဗိုက်ကင်းရောင်းဝယ်ရေးစင်တာမှ သိပ်မကြာခင်ကပဲ ပြန်တွေ့ခဲ့တာ ဖြစ်ပါတယ်။
    “ဒီလက်စွပ်ဟာ ဗိုက်ကင်းခေတ် စကင်ဒီနေဗီးယားတွေနဲ့ အစ္စလာမ်ကမ္ဘာတို့ တိုက်ရိုက် ကူးလူးဆက်ဆံမှုအတွက် သက်သေခံအထောက်အထားလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်” လို့ စတော့ဟုမ်းတက္ကသိုလ်က သုတေသနပညာရှင်တွေက Scanning သိပ္ပံဂျာနယ်မှာ ရေးသား ဖော်ပြခဲ့ကြပါတယ်။
    ဒီလက်စွပ်ရဲ့ အတွင်းပိုင်းအနေအထားအရ ၀တ်ဆင်ထားတဲ့ လက္ခာမျိုး မတွေ့ရတာကြောင့် ထူးခြားတယ်လို့လည်း သုတေသနပညာရှင်တွေက ဆိုပါတယ်။
    “စကင်ဒီနေဗီးယား ရှေးဟောင်းသုတေသနဆိုင်ရာ နေရာမှာ တွေ့ရှိရတဲ့ အာရဘီစကားလုံးနဲ့ တစ်ခုတည်းသော ဒီလက်စွပ်က ဆွီဒင်တွေရဲ့ ဗိုက်ကင်းခေတ် ပစ္စည်းတွေထဲက ထူးခြားတဲ့ ပစ္စည်းတစ်ခုလည်း ဖြစ်ပါတယ်” လို့ ၎င်းတို့က ထပ်လောင်း ရေးသားထားပါတယ်။
    မှန်၊ ကျောက်နဲ့ဆိုင်တဲ့ ပစ္စည်းတွေ ရောင်းဝယ်ဖောက်ကားကြတာဟာ စကင်ဒီနေဗီးယားနဲ့ အီဂျစ်နိုင်ငံတို့အကြားမှာ ဘီစီခေတ်ကာလကတည်းက ရှိခဲ့ကြတာပါ။
    အဲဒီ စကင်ဒီနေဗီးယားတွေနဲ့ မွတ်စင်တွေဟာ လွန်ခဲ့တဲ့ နှစ်ပေါင်း ၁၀၀၀ ကျော်လောက်ကတည်းက ဆက်ဆံမှုတွေရှိကြတယ်ဆိုတဲ့ အထောက်အထားတွေကို ရှေးဟောင်းစာအုပ်တွေမှာလည်း တွေ့ရှိရပါတယ်။
    သမိုင်းပညာရှင်တွေကတော့ အစ္စလာမ့်လူ့အဖွဲ့အစည်းဟာ အလယ်ခေတ်ကတည်းက အနောက်နိုင်ငံ ခရစ်ယာန်လူ့အဖွဲ့အစည်းနဲ့ ထိတွေ့ဆက်ဆံခဲ့တယ်လို့ တစ်ညီတစ်ညွတ်တည်း လက်ခံထားကြပါတယ်။
    အခုအချိန်မှာတော့ စကင်ဒီနေဗီးယားတိုင်းပြည်တစ်ခုဖြစ်တဲ့ ဆွီဒင်နိုင်ငံရဲ့ ၉ သန်းသော လူဦးရေမှာ ၄ သိန်းခွဲကနေ ၅ သိန်းအကြားဟာ အစ္စလာမ်ဘာသာဝင်တွေဖြစ်တယ်လို့ အမေရိကန်အစိုးရရဲ့ ၂၀၁၁ ခုနှစ်က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
    Ref: Onislam
  • Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    Charlie Hebdo အား ဆန့်ကျင်သည့် ဆန္ဒပြပွဲတစ်ခု ဆစ်ဒနီတွင်ပြုလုပ်
    ဇန်န၀ါရီ ၂၅၊ ၂၀၁၅
    M-Media
    prp
    – ပြင်သစ်မဂ္ဂဇင်း Charlie Hebdo ၏ တမန်တော်မိုဟာမက်အား လှောင်ပြောင်သည့် ကာတွန်းကို ဆန့်ကျင်သော ဆန္ဒပြမှုတစ်ခုကို သြစတေးလျနိုင်ငံ ဆစ်ဒနီမြို့တွင် ပြုလုပ်ခဲ့ကြသည်ဟု သိရသည်။
    ဆစ်ဒနီမွတ်စလင်များက ဦးဆောင်ကာ သောကြာနေ့တွင် ပြုလုပ်ခဲ့ခြင်းဖြစ်ပြီး အစ္စလာမ်ဘာသာဝင် မဟုတ်သူများ အပါအ၀င် လူပေါင်း ၈၀၀ ခန့် တက်ရောက်ခဲ့ကြသည်။
    ထိုပွဲစီစဉ်သူကမူ မိမိတို့မှာ အစ္စလာမ်သာသနာအား အပျက်သဘောဆောင်သည့်အမြင်ဖြင့် မီဒီယာများက ဖော်ပြမှုများကို တန်ပြန်ဆန့်ကျင်ရန် ရည်ရွယ်၍ ငြိမ်းချမ်းစွာ၊ စည်းကမ်းရှိစွာ ဆန္ဒပြခဲ့ကြခြင်း ဖြစ်သည်ဟု ပြောကြားခဲ့သည်။
    ဆစ်ဒနီရဲတပ်ဖွဲ့ကမူ အဆိုပါဆန္ဒပြပွဲမှာ ငြိမ်းချမ်းစွာ ပြီးသွားခဲ့သော်လည်း လေးဦးကို ဖမ်းထားပြီး ငြိမ်းချမ်းမှုကို ချိုးဖောက်သည့်အတွက် ၁၀ ဦးကို ဆန္ဒပြပွဲမှ ဖယ်ရှားခဲ့သည်ဟု ပြောကြားခဲ့သည်။
    Ref: muslimvillage
  • ဆွီဒင် ပညာရေးဝန်ကြီး အဖြစ် မွတ်စလင် အမျိုးသမီး ခန့်အပ်ခံရ၊ အသက် အငယ်ဆုံး ဝန်ကြီးဖြစ်လာ
    ဆွီဒင် ပညာရေးဝန်ကြီး အဖြစ် မွတ်စလင် အမျိုးသမီး ခန့်အပ်ခံရ၊ အသက် အငယ်ဆုံး ဝန်ကြီးဖြစ်လာ
    အောက်တိုဘာ ၁၀ ၊ ၂၀၁၄
    M-Media
    09-10-14_Sweden-Appoints-First-Muslim-Ministerim
    – ငယ်ရွယ်ပြီး တက်ကြွသော မွတ်စလင်များ အတွက် အတုယူစရာအဖြစ် ဘော့စနီးယားနွယ်ဖွား မွတ်စလင် အမျိုးသမီးတစ်ဦးမှာ ဆွီဒင် ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခံလိုက်ရသည်ဟု သိရသည်။
    အသက် ၂၇ နှစ်အရွယ်ရှိ အိုင်ဒါ ဟဒ်ဇီယာလစ်ဆိုသူဖြစ်ပြီး ဆွီဒင် ၀န်ကြီးချုပ် စတီဖန် လုဖ်ဗန်၏ ကတ်ဘိနတ် အဖွဲ့တွင် ပညာရေးဝန်ကြီးအဖြစ် အောက်တိုဘာ လဆန်းပိုင်းက ခန့်အပ်ခံခဲ့ရခြင်း ဖြစ်သည်။
    Lund တက္ကသိုလ်မှ ဥပဒေပညာဖြင့် ဘွဲ့ရခဲ့သည့် ဟဒ်ဇီယာလစ်မှာ အသက် ၂၃ နှစ်အရွယ်ကပင် ဆွီဒင်ရှိ Malmstad မြို့၏ မြို့တော်ဝန်ဖြစ်ခဲ့သည်။ ဟဒ်ဇီယာလစ်မှာ နိုင်ငံရေးသမား တစ်ဦးလည်းဖြစ်ပြီး ဆွီဒင်တွင် အသက်အငယ်ဆုံး ၀န်ကြီးလည်းဖြစ်သည်။
    ဘော့စနီးယားပြည်တွင်းစစ်ကြောင့် အသက် ၅ နှစ်အရွယ်ထဲက ဆွီဒင်နိုင်ငံသို့ ပြောင်းရွှေ့လာခဲ့သည့် ဟဒ်ဇီယာလစ်မှာ ဆွီဒင်နိုင်ငံတွင်ပင် ပညာသင်ယူခဲ့သည်။ ဆွီဒင်မှာ ဘော့စနီးယားပြည်တွင်း စစ်တွင် ဘော့စနီးယား ဒုက္ခသည်များအား အင်တိုက်အားတိုက် အကူအညီပေးခဲ့သည့် နိုင်ငံလည်းဖြစ်သည်။
    ထို့ပြင် နိုင်ငံရပ်ခြားမှ ဒုက္ခသည်များကိုလည်း ဆွီဒင်က လက်ခံကာ ပြုစုပျိုးထောင်ပေးခဲ့ပြီး ဆွီဒီလူဦးရေ ၉ သန်း၏ ၁၅ ရာခိုင်နှုန်းမှာ နိုင်ငံခြား နွယ်ဖွားများဖြစ်သည်။
    ဆွီဒင်တွင် အစ္စလာမ်ဘာသာဝင်ဦးရေမှာ လေးသိန်းခွဲမှ ငါးသိန်းကြားအထိရှိသည်ဟု ၂၀၁၁ ခုနှစ်တွင် အမေရိကန်အစိုးရမှ ထုတ်ပြန်သော အစီရင်ခံစာအရ သိရသည်။
    ref_ OnIslam & News Agencies