News @ M-Media

Tag: SWTF

  • မသန်စွမ်းသူများအတွက် တတိယအကြိမ် စာပေဟောပြောပွဲ ပြုလုပ်မည်

    ဇူလိုင် ၉၊ ၂၀၁၃
    M-Media

    ရန်ကုန် ။            ။         မြန်မာနိုင်ငံရှိ မသန်စွမ်းသူများအတွက် တတိယအကြိမ် စာပေဟောပြောပွဲ တစ်ရပ်ကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)မှ ဦးစီး၍ ဇူလိုင်လ(၁၃)ရက် (စနေနေ့) နေ့လည် ၂-နာရီတွင် ရန်ကုန်မြို့ ဗဟန်းမြို့နယ်၊ ရွှေ္ဂ္ဂ္ဂဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

    SMTF

    ယင်းဟောပြောပွဲသည် မြန်မာနိုင်ငံ မသန်စွမ်းသူများ စာပေဗဟုသုတများ တိုးပွားစေရန်နှင့် (၆၆)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အာဇာနည်ခေါင်းဆောင်ကြီးများ အကြောင်း သိကောင်းစေရန် ရည်ရွယ်၍ ပြုလုပ်ကျင်းပတာဖြစ်ပြီး စာရေးဆရာ ချစ်ဦးညို၊ ဆရာမောင်သာချိုနှင့် ၈၈-ကျောင်းသားမျိုးဆက်မှ ဦးကိုကိုကြီးတို့က ဟောပြောမည်ဖြစ်ပြီး မသန်စွမ်းသူများအပါအ၀င် စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်း သိရပါတယ်။

    ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ)သည် မသန်စွမ်းသူများဖြင့် ဖွဲ့စည်းထားပြီး မသန်စွမ်းသူများ ဘ၀ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဆောင်ရွက်လျက်ရှိပြီး စာပေဟောပြောပွဲဖြစ်မြောက်ရေး အတွက် အလှူငွေများကို ရွှေမင်းသားဖောင်ဒေးရှင်း(မြန်မာ) ရုံးချုပ် ဖုန်း ၀၁-၂၃၀၀၃၂၉၊ ၀၁-၂၃၀၀၃၃၂ နှင့် ၀၁-၂၁၅၉၃၉ သို့ ဆက်သွယ်လှူဒါန်းနိုင်ကြောင်းလည်းသိရပါသည်။