News @ M-Media
Tag: Talk
  • ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးစိုးသိန်းတို့ World Economic Forum တွင် မြန်မာ့အနာဂတ်စီးပွားရေး ယနေ့ ဆွေးနွေးမည်
    ဇွန်လ ၆ ရက်၊ ၂၀၁၃
    M-Media
    မြန်မာနိုင်ငံ၊ နေပြည်တော်တွင်ကျင်းပလျက်ရှိသော World Economic Forum တွင် မြန်မာ့အနာဂတ်စီးပွားရေးနှင့် ပတ်သတ်၍ ဆွေးနွေးမည့် အစီအစဉ် (Panel Featuring) ထည့်သွင်းထားရာ ထိုအစီအစဉ်ကို ယနေ့ မြန်မာစံတော်ချိန် ၁၁ နာရီတွင် စတင်မည်ဖြစ်သည်။
    9967_443761429054284_12959234_n
    အစီအစဉ်၌ Panelist များအဖြစ် ဒေါ်အောင်ဆန်း စုကြည်၊ ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဒေါက်တာ သန်းမြင့်ဦးနှင့် ဒေါ်ဇင်မာအောင်တို့ ပါဝင်မည်ဖြစ်ကြောင်း သိရသည်။
    ကြည့်ရှုရန် လင့်ခ်များမှာ –
    ၁) http://www.weforum.org/events/world-economic-forum-east-asia-2013
    ၂) http://new.livestream.com/accounts/1909571/events/2136999
    မြန်မာနိုင်ငံတွင် ဇွန် ၅ မှ ၇ ထိ ကျင်းပလျက်ရှိသော နိုင်ငံပေါင်း ၅၀ မှ ကိုယ်စားလှယ်ပေါင်း ၉၀၀ ကျော်ပါဝင်တက်ရောက်နေသည့် World Economic Forum ကို အောက်ပါလင့်ခ်တွင် တိုက်ရိုက်ကြည့်ရှုနိုင်ပါသည်။
    http://www.weforum.org/events/world-economic-forum-east-asia-2013
  • BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဒေါက်တာ တင်မောင်သန်းမှ ဟောပြောဆွေးနွေးမည်။
    ဇွန်လ ၅၊ ၂၀၁၃
    M-Media
    ဆူးထက်
    BUDDHISM & NON-VIOLENCE
    ရန်ကုန် ။ ။ BUDDHISM & NON-VIOLENCE ခေါင်းစဉ်ဖြင့် ဆရာ ဒေါက်တာတင်မောင်သန်းမှ ဟောပြော ဆွေးနွေးပွဲ အခမ်းအနားကို ရန်ကုန်မြို့၊ ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမတွင် ဇွန်လ ၁၁-ရက် (အင်္ဂါ)နေ့ နံနက် ၉-နာရီမှ မွန်းတည့် ၁၂-နာရီထိ ကျင်းပပြုလုပ်မည် ဖြစ်ကြောင်း သတင်းရရှိသည်။
    အဆိုပါ ဟောပြောပွဲ ကျင်းပရခြင်းမှာ မြန်မာနိုင်ငံအတွင်း ဖြစ်ပွားနေသော ပဋိပက္ခများကို နိုင်ငံသားများ အနေဖြင့် မှန်မှန်ကန်ကန် သုံးသပ်အဖြေရှာနိုင်ရန် အတွက် ရည်ရွယ်၍ ကျင်းပပြုလုပ်ခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူ မည်သူမဆို တက်ရောက်နိုင်ကြောင်းလည်း သိရသည်။
  • ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ ကျင်းပ
    မေ-၂၅၊၂၀၁၃
    M-Media
    ဆူးထက်
    Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားတစ်ရပ် ကျင်းပ
    P8210200
    Unity For Peace Network မှဦးစီးကျင်းပသော ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ နိုင်ငံသား ခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ဟောပြောပွဲ အခမ်းအနားတစ်ရပ်ကို မေလ၂၄ရက်နေ့က ညနေ့ (၃)နာရီတွင် YMCA ခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားတွင် ဒေါက်တာ မင်းသူနှင့် မသီတာလတ်တို့မှ အခမ်းအနားမှူးအဖြစ် ဆောင်ရွက်ပြီး အခမ်းအနား ကျင်းပရခြင်း ရည်ရွယ်ချက်နှင့် ပတ်သက်၍ Unity For Peace Network မှတာဝန်ရှိသူ တစ်ဦးဖြစ်သော ဆရာဦးကျော်ဝင်းမှ ရှင်းလင်းတင်ပြခဲ့ကြောင်း သိရသည်။
    ဆက်လက်၍ ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ကိုယ်ရေးအချက်အလက်များကို ဒေါ်ရွှေစင်ကြူမှ ဖတ်ကြား တင်ပြပြီးနောက် နိုင်ငံသားခေါင်းဆောင်မူ အရည်အသွေး ခေါင်းစဉ်ဖြင့် ပါမောက္ခဒေါက်တာ အောင်ထွန်းသက် ဟောပြောတင်ပြခဲ့သည်။
    အခမ်းအနားကို Unity For Peace Network မှတာဝန်ရှိသူတစ်ဦးဖြစ်သော ဒေါက်တာဦးကျော်သိန်းမှ နက်ဝက် ကိုယ်စား ပါမောက္ခဒေါက်တာ အောင်ထွန်းသက်အား ဂုဏ်ပြုလက်ဆောင်ချီးမြှင့်ပြီး အခမ်းအနားကို အောင်မြင်စွာ ရုတ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
    အဆိုပါ အခမ်းအနားသို့ ဧည်သည်တော် အယောက် (၂၅၀) ခန့် တက်ရောက်ခဲ့ပြီး အဖွဲ့ပေါင်းစုံ၊ မီဒီယာများ စုံလင်စွာ တက်ရောက်ခဲ့ကြောင်း သတင်းရရှိသည်။
    ပါမောက္ခဒေါက်တာ အောင်ထွန်းသက်၏ ဟောပြောမှု နားဆင်ရန်။
    အင်တာနက် Connection အခက်အခဲရှိသူများအတွက် အောက်ဖော်ပြပါ လင်ခ်များတွင် Download လုပ်ယူနိုင်ပါပြီ။
    File Size 58 MB
    5
    P8210190
    ဓါတ်ပုံများကြည့်ရန်။
  • ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ဆွေးနွေးဟောပြောပွဲ
    မေလ-၂၀၊ ၂၀၁၃
    M-Media
    အမ်တူးအေ
    “နိုင်ငံသားခေါင်းဆောင်မှုအရည်အသွေး” ခေါင်းစဉ်ဖြင့် ပါမောက္ခ ဒေါက်တာအောင်ထွန်းသက် ၏ ဆွေးနွေးဟောပြောပွဲ ပြုလုပ်မည်။
    Dr Aung Htun Thet
    ရန်ကုန် ။ ။ ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ ဟောပြောပွဲတစ်ရပ်အား ယခုလ ၂၄-ရက်နေ့ နေ့လည်(၃)နာရီတွင် ရန်ကုန်မြို့ YMCA ခန်းမ၌ ပြုလုပ်မည်ဖြစ်ကြောင်း သိရသည်။
    ပါမောက္ခဒေါက်တာအောင်ထွန်းသက်၏ “နိုင်ငံသားခေါင်းဆောင်မှု အရည်အသွေး” ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောပွဲတစ်ရပ်ကို လာမယ့် ၂၄-ရက်နေ့တွင် ရန်ကုန်မြို့ YMCA ခန်းမ၌ နေ့လည် (၃)နာရီမှ (၆)နာရီအထိ ပြုလုပ်မည်ဖြစ်ပြီး ယင်းဟောပြောပွဲ အစီအစဉ်အား Unity for Peace မှ စီစဉ်ပြုလုပ်ခြင်းဖြစ်ကြောင်း သိရသည်။
    အဆိုပါ ဟောပြောပွဲသို့ တက်ရောက်လိုသူများ အနေဖြင့် ဖိတ်စာ သွားရောက်ယူနိုင်ပြီး ဟောပြောပွဲသို့ ဖိတ်စာနှင့်တကွ တက်ရောက်နိုင်ကြောင်းလည်း သိရသည်