News @ M-Media

Tag: tandwel

  • သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်

    သံတွဲ-ရန်ကုန် ကားများပေါ်တွင် မွတ်စလင်များမပါရေး ကြပ်မတ်ရန် ညွှန်ကြားချက်ထုတ်

    နိုဝင်ဘာ ၂၃၊၂၀၁၂၊

    Source: YPI

    သံတွဲမြို့မှ  ရန်ကုန်သို့သွားသောအဝေးပြေးခရီးသည်တင်ယာဉ်များတွင် အစ္စလာမ်ဘာသာဝင်များ မပါရှိစေရေးကြပ်မတ်ရန် ခရိုင်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနနှင့် မြို့နယ် မ.ထ.သ မှ ညွှန်ကြားချက်ထုတ်ပြန်လိုက်သည်။

    ခရိုင်အုပ်ချုပ်ရေးမှူးမှ အောက်တိုဘာ ၂၄ ရက်စွဲဖြင့် ထုတ်ပြန်လိုက်သောယင်း ညွှန်ကြားချက်အား  မြို့နယ် မ.ထ.သ က နိုဝင်ဘာ ၁၆ ရက်စွဲဖြင့် အဝေးပြေးကားလိုင်းများထံ ဆက်လက်အကြောင်းကြားခဲ့သည်။

    ခရိုင်အုပ်ချုပ်ရေးမှူး၏ ညွှန်ကြားစာ

    ဒေသခံတစ်ဦးက“ လေယာဉ်နဲ့သွားမယ်ဆိုရင် ကားခထက် လေးငါးဆမက ကုန်တာပေါ့၊ တော်ရုံနဲ့ ခရီးသွားဖို့ မလွယ်တော့ဘူး” ဟုပြောသည်။

    သံတွဲ- ရန်ကုန်ကားခမှာ ၁၂၀၀၀ ကျပ်မှ ၁၅၀၀၀ ကျပ် အထိဖြစ်ပြီး လေယာဉ်ခများမှာ မြန်မာ့လေကြောင်း  ၄၈၀၀၀ ကျပ်နှင့် ကျန်ပုဂ္ဂလိက လေကြောင်းလိုင်းများမှာ ၇၅၀၀၀ ကျပ်ဖြစ်သည်။

    “တစ်ကယ်ဆိုရင် ကားလမ်းမှာ လုံခြုံမှု မရှိဘူးဆိုရင် အာဏာပိုင်တွေက လုံခြုံရေးစီစဉ်ပေးသင့်တယ်” ဟုလည်း အခြားဒေသခံတစ်ယောက်က ပြောသည်။

    အဆိုပါ ညွှန်ကြားစာများတွင် မည်သည့် အကြောင်းကြောင့်ဟုမပါရှိပဲ နောက်ထပ်ညွှန်ကြားချက်မရမီ အချိန်ထိ လိုက်နာရန်ဟုသာ ဖော်ပြထားသည်။       ။

  • ဓါး၊လှံများ အပ်ရန် ရက်မပြည့်ခင် သံတွဲမှ မွတ်စလင်ခေါင်းဆောင်များကို အကြောင်းပြဖမ်း

    ဓါး၊လှံများ အပ်ရန် ရက်မပြည့်ခင် သံတွဲမှ မွတ်စလင်ခေါင်းဆောင်များကို အကြောင်းပြဖမ်း

    နိုဝင်ဘာ၊ ၁ ၊ ၂၀၁၂
    M-Media

    ရခိုင်ပြည်နယ် သံတွဲမြို့ ဂျာမေဗလီကြီးမှ ရှေ့ဆောင်ဆရာတော်လည်း ဖြစ်၍ မြို့နယ် သာသနာ့ပညာရှင်များ အဖွဲ့မှ ဥက္ကဌလည်း ဖြစ်သော ဆရာဦးဝါဟစ်နှင့် ထိုဗလီမှ ဂေါပက လူကြီး ဦးတင်အောင်တို့အား ၂၀၁၂ ၊ နိုဝင်ဘာ(၁) ရက်နေ့ တွင် အာဏာပိုင်များ ဖမ်းဆီးခေါ်ဆောင်သွားကြောင်း သိရသည်။

    ဖမ်းဆီးရခြင်းအကြောင်းအရင်းမှာ ဓါး ၂ နက် တွေ့ရ သောကြောင့်ဟု စုံစမ်းသိရှိရပါသည်။

    ရခိုင်ပြည်နယ် တဝှမ်း ဓါး၊လှံလက်နက်များ လုံခြုံရေးအဖွဲ့ဝင်များအား နိုဝင်ဘာ ၃ ရက်နေ့နောက်ဆုံးထားပြိး အပ်နှံရန် သက်မှတ်ရက်နောက်ပိုင်းတွေ့ရှိလျှင် အရေးယူမည့်ဟု ကြေငြာချက်ထွက်ပြီး သတ်မှတ်ရက်မတိုင်ခင် ယခုလို့ မွတ်စလင်မ်များအား ဖမ်းဆီးလိုက်ခြင်းဖြစ်သည်။

    မြန်မာအစိုးရမှ ရခိုင်ပြည်နယ်အတွင်း အဓိကရုန်းဖြစ်စေရန် လှုံ့ဆော်ပေးသည့် နောက်ကွယ်မှ လူများအား ဖမ်းဆီးမည်ဟု ကတိပေးပြီး- တကယ် အပြစ်ကျူးလွန်သည့် လူများအား မဖမ်းဆီးဘဲ- မွတ်ဆလင်ဗလီဆရာများနှင့် ဂေါပက လူကြီးများအား စွပ်စွဲမှု မျိုးစုံဖြင့် စတင် ဖမ်းဆီးနေပြီ ဖြစ်ပြီး- မွတ်ဆလင်တို့ကိုသာ နည်းမျိုးစုံဖြင့် စွပ်စွဲ အရေးယူရန် ပြင်ဆင်လျှက် ရှိကြောင်း နိုင်ငံရေး လေ့လာသူ တစ်ဦးမှ သုံးသပ်ပြောဆိုပါသည်။