News @ M-Media

Tag: The Mirror

  • ကြေးမုံသတင်းစာတွင် အာဇာနည် ခေါင်းဆောင်ကြီးများပုံ မျက်နှာဖုံးအပြည့် ဖော်ပြ

    ဇူလိုင် ၁၉ ၊ ၂၀၁၄
    M-Media
    .သီဟ
    Book 58.indb
    ယနေ့ တွင် ကြရောက်သည့် ၆၇ နှစ်မြောက် အာဇာနည်နေ့တွင် အစိုးရ သတင်းစာ တစ်စောင်ဖြစ်သည့် ကြေးမုံ သတင်းစာတွင် အာဇာနည်ခေါင်းဆောင်ကြီးများ၏ ဓါတ်ပုံဖြင့် မျက်နှာဖုံး အပြည့်ဖော်ပြထားတာကို ထူးခြားချက်အနေဖြင့် တွေ့ရှိရပါတယ်။

    စစ်အစိုးရ လက်ထက် ယခုကဲ့သို့ ဖော်ပြခဲ့မှု များ မရှိသလောက်ပါ။

    ရန်ကုန်မြို့တွင် အာဇာနည်နေ့ ကားဟွန်းမတီးရန် ကြေညာချက်များ ထုတ်ခဲ့ပါတယ်။ အာဇာနည်နေ့ ကျင်းပမည့် တရက် အလိုတွင် မီသတ်ဌာနမှ မီးသတ်ကားများ ဥသြဆွဲပြိး ဂုဏ်ပြုရန် သက်ဆိုင်ရာ အာဏာပိုင်များမှ အမိန့်ထုတ်ပြန်ကြောင်း သတင်းများမှာ ဖော်ပြပါတယ်။  ယနေ့ အာဇာနည်ခေါင်းဆောင်ကြိးများ ကျဆုံးသည့် မနက် ၁၀ နာရီ ၃၇ မိနစ်မှာ ရန်ကုန်နှင့် မန္တလေးမြို့တွေမှာ ကားဟွန်းတီးပြီး ဂုဏ်ပြုခဲ့ကြကြောင်း သိရှိရပါတယ်။