News @ M-Media

Tag: thein sein

  • ဝေဖန်မှုကြောင့် မူဆလင်မ် အဖွဲဝင်နှစ်ဦးအား ကော်မရှင်မှ ထုတ်ပယ်

    ဝေဖန်မှုကြောင့် မူဆလင်မ် အဖွဲဝင်နှစ်ဦးအား ကော်မရှင်မှ ထုတ်ပယ်

    နိုဝင်ဘာ ၁၂၊ ၂၀၁၂
    M-Media


    ယခုတစ်ပတ်အတွင်း ကြားသိရသော သတင်းများအရ ရခိုင်ဒေသပဋိပက္ခကိစ္စ စုံစမ်းစစ်ဆေးရေကော်မရှင်မှ မွတ်စလင်မ်အဖွဲ့ဝင်နှစ်ဦးအား ထုတ်ပယ်ခံရသည် ဟုဆိုသည်။ ယင်းသို့ ထုတ်ပယ်ခြင်းမှာ အစ္စလာမ်သာသနာရေးရာကောင်စီမှ ဦးတင်မောင်သန်းမှ ရခိုင်ပြည်နယ်အစိုးရ ကို လက်ရှိဖြစ်ပွါးနေသော အကြမ်းဖက်တိုက်ခိုက်မှုဖြစ်စဉ်များအား ထိန်းသိမ်းရန် မဆောင်ရွက်နိုင်မှုမှာ အကြမ်းဖက်ကွန်ရက်အောက် ရောက်ရှိနေသည်ဟု ဝေဖန်လိုက်မှုကြောင့်ဖြစ်နိုင်သည်။

    DVB သတင်းဌာနမှ ဖော်ပြရာတွင် ကော်မရှင်နှင့်နီးစပ်သူများမှ DVB အားပြောကြားရာတွင် အစ္စလာမ်သာသနာရေးရာကောင်စီမှ ဦးတင် မောင်သန်းနှင့် ဦးညွန့်မောင်သျှိန် တို့ကို ကော်မရှင်၏မူဝါဒများကို ဖောက်ဖျက်၍ ပြည်နယ်အစိုးရကို ပြင်ပတွင် ဝေဖန်ခဲ့မှုကြောင့် သမ္မတ၏အ မိန့်အရ ထုတ်ပယ်ခဲ့ခြင်းပင်ဖြစ်သည်ဟု ဆိုသည်။

    ၎င်းမတိုင်မီ ဦးတင်မောင်သန်း၏ မြန်မာပို့စ်ဂလိုဘယ်လ်နယူးစ်ဂျာနယ်လ်ပါ အင်တာဗျူးတွင်တွင် ပြည်နယ်အစိုးရနှုတ်ထွက်ရန် ပြောဆိုထား ပြီး ထိုပြည်နယ်အစိုးရသည် အကြမ်းဖက်ကွန်ရက်အောက် ရောက်ရှိနေသည်ဟု စွပ်စွဲထားသည်။ “အောက်ခြေမှတာဝန်ခံပြီး (လုံခြုံရေးကို) အကောင်အထည်ဖေါ်နေတဲ့လူတွေက မှန်မှန်ကန်ကန်နဲ့ တရားဥပဒေစိုးမိုးရေးကို ရိုးရိုးသားသား ဖြောင့်ဖြောင့်မတ်မတ် ကျင့်ဝတ်သိက္ခာနဲ့ မလုပ်ကြဘူး။ ဝန်ကြီးချုပ် ဦးလှမောင်တင်နှင့် လုံခြုံရေးဝန်ကြီး ဗိုလ်မှူးကြီး ထိန်လင်းအပါဝင် ပြည်နယ်အစိုးရ အဖွဲ့ကပါ အကြမ်းဖက် လူတစ်စုကို မလွန်ဆန်နိုင်တဲ့ သဘော အကြမ်းဖက် ကွန်ရက်အောက်သို့ ရောက်ရှိနေတဲ့သဘောရှိတယ်။” ဟု ရေးသားထားသည်ကို တွေ့ရသည်။

    DVB သတင်းဌာနတွင် ရေးသားထားရာမှာ ကော်မရှင်အဖွဲ့ဝင် တစ်ဦးဖြစ်သူ ဇာဂနာအား DVB မှ မေးမြန်းရာတွင် ထိုသို့ထုတ်ပယ်ခံရခြင်းမှာ ၎င်းစာသည် အင်တာနက်တွင် ပျံ့နှံ့သွားခြင်းကြောင့်ဟုဆိုသည်။ “ဒီစာမျိုးကို လျှို့ဝှက်ပဲဖြစ်ဖြစ် ပွင့်ပွင့်လင်းလင်းပဲဖြစ်ဖြစ် ဖြန့်ဝေတယ်ဆိုတာ ကော်မရှင်ရဲ့ မူဝါဒကို ချိုးဖောက်ရာရောက်တယ်။ သူ့မှာ ဒီလိုလုပ်ပိုင်ခွင့်မရှိဘူး။” ဇာဂနာက ဆက်လက်၍ ဦးတင်မောင်သန်းသည် သာမန် အားဖြင့် အလုပ်သဘော စည်းစနစ်ကျသူဖြစ်သည်ဟုဆိုသည်။ “သူက တကယ့်လူကောင်း တစ်ယောက်ပါပဲ အင်မတန်မှ လည်းတော်ပါ တယ်။ တစ်ခါတစ်ရံမှာတော့ စိတ်ခံစားချက်ပြင်းထန်သွားပြီး ဒီလိုမျိုးပြောလိုက်တာဖြစ်မယ်”ဟု ဖြေကြားခဲ့သည်။

    သို့သော် အခြားအမည်မဖော်လိုသူ ကော်မရှင်နီးစပ်သူတစ်ဦး၏အဆိုရ ၎င်းစာသည် ထုတ်ပယ်ခံရခြင်း၏ အခြားအချက်များစွာထဲမှ တစ်ချက် သာဖြစ်သည် ဟုဆိုသည်။ ၎င်းက ရိုဟင်ဂျာများအား ဘက်လိုက်သည်ဟု အခြားကော်မရှင်အဖွဲ့ဝင်များမှ စွပ်စွဲနေကြခြင်းများ လည်း ရှိသေး သည်ဟုဆိုသည်။ “အဓိကအချက်က အခြားကော်မရှင်အဖွဲ့ဝင်တွေဖြစ်တဲ့ ရခိုင်ခေါင်းဆောင်တွေကို ‘လူမျိုးရေး ခွဲခြားဆက်ဆံသူ’ဟု ဦး တင်မောင်သန်းက စွပ်စွဲခဲ့မှုဖြစ်တယ်”ဟု ဆိုသည်။ ထိုရခိုင်ခေါင်းဆောင်ဆိုသည်မှာ RNDP ဥက္ကဌ ဒေါက်တာအေးမောင်ဖြစ်ဖွယ်ရာရှိပြီး ၎င်းသည် လူဦးရေ ၈သိန်းခန့်ရှိသော ရိုဟင်ဂျာများ မောင်းထုတ်ရေးကို ဆော်သြပြောကြားခဲ့သူဖြစ် သည်။ သို့သော် ယခုကဲ့သို့ ဖြေကြားမှုမျိုး မှာ ဒေါက်တာအေးမောင်နှင့် ၈၈ကျောင်းသားခေါင်းဆောင်တစ်ဦးဖြစ်သူ ကို ကိုကြီးကဲ့သို့သော ပုဂ္ဂိုလ်များမှ ၎င်းတို့၏ ပြည်တွင်းဂျာနယ်လ် များနှင့် အင်တာဗျူးများတွင် ပြောဆိုခဲ့ဖူးသည်။ RNDP ဥက္ကဌဖြစ်သူ ဒေါက်တာအေးမောင်ဆိုလျှင် ရိုဟင်ဂျာများအား ဒုတိယကမ္ဘာစစ်ကာ လအတွင်းက ဂျူးများကို နာဇီဝါဒီများမှ အစစ်အဆေးအမေးအမြန်းမရှိ ဖမ်းဆီးခြံခတ်ထားသကဲ့သို့ ပြုလုပ်ထားသင့်ကြောင်း ၎င်း၏အင်တာ ဗျူးတစ်ခုတွင် လူသိ ထင်ရှားထုတ်ဖော်ပြောကြားဖူးသူဖြစ်သည်။

    ၂၇-ဦးပါဝင်သော ကော်မရှင်တွင် ရိုဟင်ဂျာကိုယ်စားလှယ်တစ်ဦးမှ ပါဝင်ခြင်းမရှိပဲ ဒေါက်တာအေးမောင်နှင့် ကျောင်းသားခေါင်းဆောင် ကိုကိုကြီးကဲ့သို့ အမျိုးသားရေးဝါဒီများသာ ပါဝင်နေခြင်းကြောင့် ဤကော်မရှင်သည် ရခိုင်လူမျိုးများဘက်မှ ဘက်လိုက်သည်ဟု စွပ်စွဲမှုများဖြစ်ပေါ်လာသည်။

    ယခုဆိုလျှင် ကော်မရှင်တွင် မွတ်စလင်မ်အဖွဲ့ဝင် ၄-ဦးသာ ကျန်ရှိသည်။ ကော်မရှင်အဖွဲ့ဝင်တစ်ဦးတစ်ယောက်ကမှ ဦးတင်မောင်သန်း ထုတ် ပယ်ခံရခြင်းအပေါ် တရားဝင် ဖြေရှင်းချက်မပေးနိုင်ပေ။ သမ္မတ ဦးသိန်းစိန်က တနင်္ဂလာနေ့တွင် သတင်းထုတ်ပြန်မည်ဟုသာ ဆိုသည်။ အစ္စလာမ်သာသနာရေးရာကောင်စီတွင် အတွင်းရေးမှူးတာဝန်ထမ်းဆောင်နေသူ ဦးတင်မောင်သန်းနှင့်အတူ ထုတ်ပယ် ခံရသူ အစ္စလာမ်သာ သနာရေးရာကောင်စီဥက္ကဌ ဦးညွန့်မောင်သျှိန်အား မည်သည့် အကြောင်းပြချက်ဖြင့် ထုတ်ပယ် သည် ကိုမူ အခြားအဖွဲ့ဝင်များအဖို့ အဖြေရှာမ ရပေ။ ဤသို့ ပြည်တွင်းတရားဝင် အစ္စလာမ်ဘာသာရေးအဖွဲ့အစည်းမှ တာဝန်ရှိ သူနှစ်ဦးအား နိုင်ငံတော်သမ္မတအမိန့်ဖြင့် ဖွဲ့စည်းထားသည့် တရားဝင်စုံစမ်းစစ်ဆေးရေးကော်မရှင်မှ ထုတ်ပယ်မှုကို ယနေ့တိုင်အမိန့်ထုတ်ပြန် ထုတ်ပယ်ခြင်းမပြုခြင်းမှာမူ လူထုခြားတွင် များစွာသော အမြင်ရှုပ်ထွေးမှုကို ဖြစ်ပေါ်စေသည်။

    ဘာသာပေါင်းစုံပါသော ကော်မရှင်ကို သမ္မတမှ သြဂုတ်လတွင် ဖွဲ့စည်းပေးခဲ့ပြီး၊ ရခိုင်ပြည်နယ် အဓိကရုဏ်းကိစ္စ စုံစမ်းစစ်ဆေးရန် တာ ဝန်ပေးခဲ့သည်။ ဇွန်လနှင့်အောက်တိုဘာလတွင် ဖြစ်ပွားခဲ့သော အဓိကရုဏ်းများတွင် လူ ၁၅၀ ထက်မနည်း သေဆုံးခဲ့ပြီး လူပေါင်း တစ်သိန်း တစ်သောင်းခန့် ရွေ့ပြောင်းထွက်ပြေးခဲ့ရသည်။ အစိုးရ၏ အဓိကရုဏ်းကို ကိုင်တွယ်ဖြေရှင်းမှုအပေါ် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ဝေဖန် မှုများရှိနေသည်။ အဆိုပါစုံစမ်းစစ်ဆေးရေးကော်မရှင်၏ လုပ်ပိုင်ခွင့်အာဏာနှင့် တရားစွဲဆိုဆောင်ရွက်နိုင်ခြင်းရှိမရှိ စ သည့်အရေးပါသောအ ချက်များမှာမှု ရှင်းလင်းစွာထုတ်ပြန်ခဲ့ခြင်းမရှိချေ။ အလားတူစုံစမ်းစစ်ဆေးရေးကော်မရှင်တစ်ခု ကို တောင်ကုတ်တွင်အသတ်ခံရသော မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ၁၀ဦး၏ အမှုအတွက် ဖွဲ့စည်းခဲ့ဖူးပြီး သမ္မတ ထံအစီအရင်ခံစာတင်ပြရာတွင် တိကျသော စုံစမ်း စစ်ဆေးအဖြေထုတ်မှု မပြုလုပ်နိုင်ခဲ့ကြောင်း တွေ့ရှိရသည်။

    ကိုးကား – DVB သတင်းဌာန၏ မူရင်းသတင်းဆောင်းပါး  Muslims removed from Arakan probe for criticizing gov’t (Click here) (ဆောင်းပါးရှင် Hanna Hindstorm)