News @ M-Media

Tag: Thet Htar Thu Zar

  • မြန်မာကြက်တောင်ကစားသမား သက်ထားသူဇာ ကမ္ဘ္ဘာ့အဆင့် ၈၄ သို့ ရောက်ရှိ

    မြန်မာကြက်တောင်ကစားသမား သက်ထားသူဇာ ကမ္ဘ္ဘာ့အဆင့် ၈၄ သို့ ရောက်ရှိ

    ဇူလိုင် ၁၁၊ ၂၀၁၉
    M-Media

    -ကမ္ဘ္ဘာ့ ကြက်တောင်ရိုက်အားကစားအဖွဲ့ချုပ် BWF က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်တဲ့ ကမ္ဘ္ဘာ့အဆင့်သတ်မှတ်ချက်မှာ မြန်မာ ကြက်တောင်ကစားသမား သက်ထားသူဇာဟာ အဆင့် ၈၄ နေရာကို ရောက်လာခဲ့ပါတယ်။

    အခုတစ်ပတ်အစောပိုင်းက အိုက်ဗရီကို့စ်နိုင်ငံမှာ ကျင်းပပြုလုပ်တဲ့ နိုင်ငံတကာ ကြက်တောင်ရိုက်ပြိုင်ပွဲ အမျိုးသမီး တစ်ဦးချင်းပွဲစဉ်မှာ သက်ထားသူဇာဟာ ပြိုင်ပွဲမှာ ဗိုလ်စွဲဖို့ ရေပန်းအစားဆုံး ကမ္ဘ္ဘာ့အဆင့် ၈၂ အိန္ဒိယကစားသမားကို ဗိုလ်လုပွဲမှာ ၂ ပွဲပြတ် အနိုင်ကစားပြီး ဗိုလ်စွဲခဲ့ပါတယ်။

    အခု ကမ္ဘ္ဘာ့အဆင့်သတ်မှတ်ချက်မှာ သက်ထားသူဇာဟာ အဆင့် ၁၀၁ ကနေ ၁၇ ဆင့် ခုန်တက်လာခဲ့တာဖြစ်ပြီး အဆင့် ၁၀၀ အတွင်း ၀င်တဲ့ ကစားသမားတွေထဲမှာ အဆင့်အများဆုံး တက်လာနိုင်သူ ဖြစ်ပါတယ်။

    အခုလို အဆင့် ၁၀၀ အတွင်း ၀င်သွားတဲ့အတွက် အိုလံပစ်ပြိုင်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင်ခွင့် ရရှိတော့မှာ ဖြစ်ပါတယ်။

    Ref: bwfbadminton.com