News @ M-Media

Tag: TonePlus

  • မလေးရှား သွားမည့် မြန်မာများကို အသက် အာမခံပါ ဖုန်းဆင်းမ်ကဒ် အခမဲ့ ပေးမည့် ဟု မလေးကုမ္ပဏီ Tone Plus ပြော

    မလေးရှား သွားမည့် မြန်မာများကို အသက် အာမခံပါ ဖုန်းဆင်းမ်ကဒ် အခမဲ့ ပေးမည့် ဟု မလေးကုမ္ပဏီ Tone Plus ပြော

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    လမင်း

    ရန်ကုန်   ။    ။ မလေးရှားနိုင်ငံမှ ဖုန်းကုမ္ပဏီတစ်ခုဖြစ်သောTone Plus ကုမ္ပဏီမှ မလေးရှားသွားမည့် မြန်မာလုပ်သားအား GSM ဖုန်းဆင်းမ်ကတ် အခမဲ့ပေးအပ်ရန် မြန်မာနိုင်ငံ အလုပ်သမား ၀န်ကြီးဌာနနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိသည်။

    ၎င်းအစီအစဉ်ကိုဆောင်ရွက်ရန် Tone Plus ကုမ္ပဏီနှင့် မြန်မာနိုင်ငံအလုပ်သမားဝန်ကြီးဌာနတို့မှ ပူးပေါင်း၍ ရန်ကုန်မြို့ ကုန်သည်ကြီးများ ဟိုတယ်၌ ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် နားလည်မှုစာချွန်လွှာ (M0U) ရေးထိုးခဲ့ကြသည်။ ဖုန်းပြောဆိုခကို တစ်မိနစ်လျှင် ၀.၂၈ ရင်းဂစ် သတ်မှတ်ထားပြီး တစ်လလျှင် အနည်းဆုံးငွေဖြည့်ကတ် ရင်းဂစ် ၃၀ ဖိုးအသုံးပြုလျှင် အသုံးပြုသူများကို ကုမ္ပဏီမှ အသက်အာမခံကြေး ခံစားခွင့်ပါ ပေးမည်ဖြစ်သည်။ ဆင်းမ်ကတ်ကို ရက်ပေါင်း ၆၀- ကျော်အသုံးပြုပြီးမှသာ အသက်အာမခံကြေး ခံစားခွင့် အကျုံးဝင်မည်ဖြစ်ပြီး ပြီး ရက်ပေါင်း ၆၀- ကျော်သုံးစွဲပြီးလျှင် ထိခိုက်မှုရှိ၍ သေဆုံးမှု ရှိလာ ပါက ရင်းဂစ် တစ်သိန်းကို အသက်အာမခံလျော်ကြေး အဖြစ်ပေးအပ်သွားမည် ဖြစ်သည်။

    “မြန်မာပြည်မှာလည်း ဆင်းမ်ကတ်တွေကိုအလွယ်တကူဝယ်လို့ရအောင် လေဆိပ်မှာ ကောင်တာတွေ ဖွင့်ပေးထားပါမယ်။ ဟိုမှာလည်း ရအောင်လို့ စီစဉ်ပေးထားပါတယ်။ မလေးရှားသွားတဲ့ လူမှန်သမျှကို ကျွန်တော်တို့ပေးမှာပါ။ လေယာဉ် လက်မှတ်ပြပြီး တစ်ခါတည်း ထုတ်လို့ရပါတယ်။ ဒီကုမ္ပဏီက တခြားနိုင်ငံတွေနဲ့လည်း လုပ်ဆောင်သွားဖို့ရှိပါတယ်။ အခုမြန်မာပြည်နဲ့ ပထမဆုံး စတင် လုပ်ကိုင်တာဖြစ်ပါတယ်” ဟု မန်နေးဂျင်းဒါရိုက်တာ ဦးသန်းဝင်းက ဖေဖော်ဝါရီ ၂၀-ရက်နေ့တွင် ပြောကြားခဲ့သည်။

    အဆိုပါဆင်းမ်ကတ်ကို မလေးရှားသို့သွားရောက်မည့် အလုပ်သမားများ သာမက မလေးရှားသို့ မည်သည့် ကိစ္စနှင့်မဆို သွားရောက်မည့် သူများ အားလုံးကို မတ်လ ၁-ရက်နေ့မှ စတင်ကာ ပေးသွားမည်ဖြစ်ကြောင်းလဲ သိရပါသည်။ ယင်း ဆင်းမ်ကတ်ကို GSM ဖုန်းများတွင်သာ အသုံးပြုနိုင်မည် ဖြစ်ပါသည်။ Tone Plus ဆင်းမ်ကဒ်၏ ငွေဖြည့် အသုံးပြုသည့် ငွေပမာဏပေါ် မူတည်ပြီး လေယာဉ်လက်မှတ်နှင့် Tone Hotel တို့တွင်လျော့ဈေးများဖြင့် တည်းခိုခွင့်များ ရမည်ဖြစ်ကြောင်းလဲ သိရပါသည်။