News @ M-Media

Tag: Trade

  • မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်တန်ဖိုး မညီမမျှဖြစ်နေ

    မြန်မာနိုင်ငံ၏ ပို့ကုန်၊ သွင်းကုန်တန်ဖိုး မညီမမျှဖြစ်နေ

    ဧပြီ ၅၊ ၂၀၁၅
    M-Media

    MYANMAR-YANGON-FOREIGN TRADE

    – မြန်မာနိုင်ငံ ကုန်သွယ်ရေး ကဏ္ဍ၌ သွင်းကုန်၊ ပို့ကုန်တန်ဖိုး ကွာဟချက်မှာ မတ်လ ၃၁ ရက်နေ့က ပြီးဆုံးသွားခဲ့သည့်
    ဘဏ္ဍာရေးနှစ်တွင် ၈၈ ရာခိုင်နှုန်းအထိရှိခဲ့ပြီး စီးပွားရေး အလျင်အမြန် ချဲ့တွင်လာမှုကြောင့်ဖြစ်သည်ဟု နိုင်ငံပိုင်မီဒီယာနှင့် ကုန်သွယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားမှုများအရ သိရသည်။

    ၂၀၁၁ ခုနှစ်အထိ နှစ်ပေါင်း ၅၀ နီးပါး ကြာမြင့်ခဲ့သော စစ်အုပ်ချုပ်ရေးအတွင်း မြန်မာနိုင်ငံ၏ စီးပွားရေးမှာ စီမံခန့်ခွဲမှုမှားယွင်းခြင်း၊ ချစားခြင်းနှင့် လူ့အအခွင့်အရေးချိုးဖောက်မှုများအတွက် အနောက်နိုင်ငံများက ကုန်သွယ်ရန်နှင့် ရင်းနှီးမြှုပ်နှံရန် ငြင်းပယ်ခြင်းတို့ကြောင့် ကျဆင်းခဲ့သည်။

    အရပ်သားတစ်ပိုင်အစိုးရ တက်လာပြီးနောက်ပိုင်း နိုင်ငံရေးနှင့် စီးပွားရေးဆိုင်ရာ ပြုပြင်ပြောလဲမှုများ ပြုလုပ်ခဲ့ပြီး ထိုသို့ပြုလုပ်ခြင်းကို အသိအမှတ်ပြုသည့်အနေဖြင့် ဥရောပသမဂ္ဂ၊ သြစေတးလျ၊ အမေရိကန်နှင့် အခြားသောနိုင်ငံများက ပိတ်ဆို့မှုားများ ဖယ်ရှားပေးခြင်း သို့မဟုတ် ဖြေလျော့ပေးခြင်းတို့ဖြင့် ကမ္ဘာ့စီးပွားရေးကဏ္ဍအတွက် လမ်းဖွင့်ပေးခဲ့သည်။

    မြန်မာနိုင်ငံ၏ သွင်းကုန်တန်ဖိုးမှာ ၂၀၁၄-၂၀၁၅ ဘဏ္ဍာရေးနှစ်တွင် စုစုပေါင်း ကန်ဒေါ်လာ ၁၆ ဘီလီယံကျော် ရှိခဲ့ပြီး ပို့ကုန်တန်ဖိုးမှာ ကန်ဒေါ်လာ ၁၁ ဘီလီယံရှိခဲ့ကာ သွင်းကုန်၊ ထုတ်ကုန် တန်ဖိုးကွာဟချက်မှာ ကန်ဒေါ်လာ ၄.၉ ဘီလီယံ ရှိနေသည်ဟု နိုင်ငံပိုင် နယူးအော့ဖ်လိုက် သတင်းစာက ဖော်ပြခဲ့သည်။

    ကုန်သွယ်ရေးဝန်ကြီးဌာန တာဝန်ရှိသူတစ်ဦးကမူ ပြီးခဲ့သည်နှစ်က သွင်းကုန်၊ ထုတ်ကုန် ကွာဟမှုမှာ ၂.၆ ဘီလီယံရှိခဲ့သည်ဟု ဆိုသည်။

    “ဈေးကွက်စီးပွားရေး လျင်မြန်စွာတိုးတက်လာတာ၊ လူနေမှုအဆင့်အတန်း မြင့်မားလာတာနဲ့အတူ ပို့ကုန်ကို လျှော့ချဖို့ဆိုတာ မဖြစ်နိုင်ပါဘူး” ဟု အမည်မဖော်လိုသူ အဆိုပါ တာဝန်ရှိသူက ပြောကြားခဲ့သည်။

    အခြေခံအဆောက်အအုံများအတွက် လိုအပ်သည့် ဆောက်လုပ်ရေးပစ္စည်းကဲ့သို့သော ကုန်ပစ္စည်းများမှာ မြန်မာနိုင်ငံ သွင်းကုန်ပမာဏ၏ ၄၀ ရာခိုင်နှုန်းရှိပြီး၊ လောင်စာဆီက ၃၀ ရာခိုင်နှုန်းရှိနေကာ အခြားသော လူသုံးကုန်ပစ္စည်းများက ၂၀ ရာခိုင်နှုန်း ရှိနေသည်။

    အစိုးရအနေဖြင့် သွင်းကုန်၊ ထုတ်ကုန်တန်ဖိုး ကွာဟချက်ကို လျော့ချရေးအတွက် ပြည်တွင်းထုတ်ကုန်များ၏ ပို့ကုန်ပဏာကို တိုးမြှင့်ရန် လာမည့် ၅ နှစ်အတွင်း အစိုးရက ကန်ဒေါ်လာ သန်း ၉၀၀ သုံးစွဲသွားရန် စီစဉ်ထားသည်ဟု အဆိုပါ နယူးလိုက်အော့ဖ်မြန်မာက ဖော်ပြထားသည်။

    Ref: Reuters