News @ M-Media

Tag: Tunisian

  • လစ်ဗျားတွင် ပြန်ပေးဆွဲခံရသည့် တူနီးရှား သံရုံးမှ ၀န်ထမ်းနှစ်ဦး ပြန်လည် လွတ်မြောက်လာ

    ဇွန်လ ၃၀ ရက်၊ ၂၀၁၄
    M-Media
    201463001352281734_20
    – ယခုနှစ်အစောပိုင်းတွင် လစ်ဗျားနိုင်ငံ၌ ပြန်ပေးဆွဲခံခဲ့ရသည့် တူနီးရှားသံရုံးမှ ၀န်ထမ်းနှစ်ဦးမှာယမန်နေ့တွင် ပြန်လည်လွတ်မြောက်လာသည်ဟု သိရသည်။

    သံတမန်တစ်ဦးနှင့် သံရုံးဝန်ထမ်းတစ်ဦးတို့ဖြစ်ကြပြီး တူနီးရှားအစိုးရနှင့် လစ်ဗျားအစိုးရအရာရှိများ ပူးပေါင်းဆောင်ရွက်ခြင်းတို့ကြောင့် ပြန်ပေးဆွဲသူများလက်မှ လွတ်မြောက် လာခဲ့ခြင်းဖြစ်သည်။ ၎င်းတို့လွတ်မြောက်လာခြင်းကို တူနီးရှား ၀န်ကြီးချုပ် မဟ်ဒီ ဂျွမ်မာက အတည်ပြုခဲ့ကာ တူနီးရှားသို့ ပြန်နေပြီဖြစ်ကြောင်း ပြောဆိုခဲ့သည်။

    သံရုံဝန်ထမ်း မိုဟာမက်ဘင် ရှိခ်မှာ မတ်လ ၂၁ ရက်နေ့ ထရီပိုလီမြို့တွင် ပြန်ပေးဆွဲခံခဲ့ရခြင်းဖြစ်ပြီး၊ ဧပြီလ ၁၇ ရက်နေ့တွင် သံတမန် အလ်-အရူစီမှာလည်း ထပ်မံ၍ ပြန်ပေးဆွဲ ခံခဲ့ရသည်။

    မည်သူမည်ဝါက ပြန်ပေးဆွဲခံရသည်ကို မသိရှိဘဲ တူနီးရှားအစိုးရမှာလည်း လစ်ဗျားအစိုးရနှင့်သာ ဆက်သွယ်ခဲ့ခြင်းဖြစ်သည်ဟု တူနီးရှား နိုင်ငံခြားရေးဝန်ကြီး ဟမ်ဒီက ပြောကြားခဲ့သည်။ အဆိုပါ အဖြစ်အပျက်အသေးစိတ်ကို ပြောရန် ဟမ်ဒီက ငြင်းဆိုခဲ့သော်လည်း ပြန်ပေးဆွဲခံရသူများ လွတ်မြောက်ရေးအတွက် ငွေးကြေးပေးခဲ့ရခြင်း မရှိဟု ဆိုသည်။