News @ M-Media

Tag: U_Pain_Bridge

  • သမိုင်းဝင် ဦးပိန်တံတား ရှေးမူအတိုင်း ပြုပြင်မည်

    ဖေဖော်ဝါရီ ၂၁၊ ၂၀၁၄
    M-Media
    ချို
    105_0578
    မန္တလေး ။         ။   မန္တလေးတိုင်းဒေသကြီး အမရပူရမြို့နယ်ရှိ သမိုင်းဝင် ကမ္ဘာကျော် သစ်သားတံတားကြီး ဖြစ်သည့် ဦးပိန်တံတားအား ရှေးမူအတိုင်း လက်ရာမပျက် ပြန်လည် ပြုပြင်မွမ်းမံမည်ဟု သိရသည်။

    ရှေးယခင် နှစ်ပေါင်း ၁၅၀-ကျော်က ကျွန်တိုင်များဖြင့် တည်ဆောက်ခဲ့သည့် တံတားကြီးဖြစ်ပြီး ယခုအခါ ပျက်စီးယိုယွင်းမှုများရှိလာပြီး ခိုင်ခံ့မှုအင်အား နည်းပါးလာသောကြောင့် ရှေးဟောင်းသုတေသနနှင့် အသင်းအဖွဲ့များ၊ အလှူရှင်များက စုပေါင်းပြုပြင် ထိန်းသိမ်းရန် စီစဉ်နေကြောင်းသိရသည်။

    ဦးပိန်တံတားသည် ၃၉၇၆ ပေရှည်ပြီး၊ နားနေဆောင် ၄-ခု၊ အခန်း ၄၈၂-ခန်း၊ တိုင် ၉၈၄ တိုင် တို့ဖြင့် ဖွဲ့စည်းတည်ဆောက်ထားသည့် သမိုင်းဝင် ဦးပိန်တံတားကြီးသည် နိုင်ငံခြားသားခရီးသည်များအား စိတ်ဝင်စားအောင် စွဲဆောင်မှုရှိပြီး ကမ္ဘာတွင် မရှိသည့် အရှည်ဆုံး ကျွန်း တံတားကြီးလည်းဖြစ်သည်။

    ဓါတ်ပုံအညွှန်း- ၂၀၀၉ ခုနှစ်က ရိုက်ကူးထားသော ဦးပိန်တံတားဖြစ်ပါသည်။