News @ M-Media

Tag: URaShid

  • ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)

    ဦးရာရှစ်၏ တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ (ရေးသူ ဒေါက်တာမောင်မောင်)

    စက်တင်ဘာ၊ ၂၁ ၊ ၂၀၁၂

    ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်

    Source: ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

    အမ်အေ၊ ရာရှစ်

    အိမ်ယာဆောက်လုပ်ရေးနှင့် အလုပ်သမားဝန်ကြီးဟောင်း၊
    ယခု ကုန်သွယ်မှု တိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး၊
    အသက် -၄၃-နှစ်

    ပညာအရည်အချင်း
    ၁။ ရန်ကုန်တက္ကသိုမှ ဘီ၊အက်၊စီ၊(သိပ္ပံတန်း)
    ၂။ ဘီ၊အယ်လ်၊ ၀တ်လုံစာမေးပွဲကိုလည်းအောင်မြင်ခဲ့သည်။

    လက်ရှိတာဝန်များ၊
    ၃။ အလုပ်သမား အစည်းအရုံးအများအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏ဒုတိယ ဥက္ကဌ။
    ၄။ ထွက်ကုန်ပူးပေါင်းဆောင်ရွက်ရေးနှင့် တိုးတက်ရေးကော်တီဥက္ကဌ။
    ၅။ ဗမာပြည် ကမ္ဘာ့ရေးရာအသင်း ဥက္ကဌ။
    ၆။ တက္ကသိုလ်ကောင်စီတွင် လူမျိုးစုလွှတ်တော်ကိုယ်စားလှယ်။
    ၇။ လူမှုဖူလုံရေးအဖွဲ့ဥက္ကဌ။
    ၈။ ဆိပ်ကမ်းအလုပ်သမား ဘုတ်အဖွဲ့ဥက္ကဌ။
    ၉။ ကုန်သွယ်မှုတိုးတက်ရေးနှင့် အလုပ်သမားဝန်ကြီး။

     

    တိုင်းပြည်အတွက် ဆောင်ရွက်ချက်များ

    ကျောင်းသားခေတ်

    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊ ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။

    ၁၀။ ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ ကို စတင်တည်ထောင်ရန် ဦးဆောင်သော ပုဂိ္ဂိုလ်တစ်ဦးဖြစ်သည့်ပြင်၊ သမဂ္ဂစည်းမျဉ်းဥပဒေရေးဆွဲရာ၌ အမှုဆောင်လူကြီး အဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။

    ၁၁။ တက္ကသိုလ်ကျောင်းသားများသမဂ္ဂအဆောက်အဦးကို ကျောင်းသားများလက်သို့ ရောက်ရှိရေးအတွက် အထူးတလည် ဆောင်ရွက်ပေးခဲ့သည်။

    ၁၂။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ပထမဆုံးအထွေထွေအတွင်းရေးမှူး အဖြစ် ဆောင်ရွက်ခဲ့သည်။

    ၁၃။ ၁၉၃၆ ခုနှစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂတွင် ၀န်ကြီးချုပ်ဦးနု ဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့စဉ်က ဒုတိယ ဥက္ကဌအဖြစ် ပါဝင်ဆောင်ရွက်ခဲ့သည်။ ဗိုလ် ချုပ်အောင်ဆန်း၊ ၀န်ကြီး ဦးကျော်ငြိမ်းတို့လည်း အမှုဆောင်အဖြစ် ပါဝင်ဆောင် ရွက်ခဲ့ကြပါသည်။

    ၁၄။ ၁၉၃၇ ခုနှစ်တွင်  တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ်ဆောင် ရွက်ခဲ့သည်။ ထိုစဉ်က ဗိုလ်ချုပ်အောင်ဆန်းမှာ သမဂ္ဂ၏ ဒုတိယ ဥက္ကဌအဖြစ် ဆောင်ရွက်ခဲ့ပါသည်။

    ၁၅။ ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများညီလာခံကျင်းပရေးနှင့် ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတည်ထောင်ရေးအတွက် စတင်ဦးဆောင်ခဲ့ပါသည်။ ထိုပထမ ညီလာခံကြီးတွင် ၀န်ကြီးချုပ် ဦးနု က ဥက္ကဌအဖြစ်ဆောင်ရွက်ပြီး၊ အမ်၊ အေ၊ ရာရှစ် က ဧည့်ခံကော်မတီဥက္ကဌ အဖြစ်ဆောင်ရွက်ခဲ့ပါသည်။

    ၁၆။ ထိုညီလာခံကြီးက ရွေးကောက်တင်မြှောက်သဖြင့် ပထမဆုံး ဗမာပြည်လုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂ၏ ဥက္ကဌ အဖြစ် ဆောင်ရွက်ခဲ့ပါသည်။`

    နိုင်ငံရေးခေတ်


    ၁၇။ ကျောင်းထွက်ပြီးနောက် ၀တ်လုံအဖြစ်လုပ်ကိုင်ဆောင်ရွက်လျက် တိုင်းပြည်တာဝန် ကို တစ်ဖက်တစ်လမ်းဆောင်ရွက်ခဲ့သည်။

    ၁၈။ လက်ရှိတိုင်းပြည်ခေါင်းဆောင်များနှင့် ရှေးနှစ်ပေါင်းများစွာကပင် ခင်မင်ရငှ်းနှီးသော မိတ်ဆွေမျာုးဖြစ်ခဲ့သည့်ပြင် မျိုးချစ်စိတ်ဓါတ်ရှိသူတစ်ဦးဖြစ်ပါသည်။

    ၁၉။ အလုပ်သမားရေးရာဘက်တွင် အထူးစိတ်ဝင်စားခဲ့သည့်အလျောက် ၊သံလျှင် ဘီ- အို-စီ ရေနံချက်စက်ရုံအလုပ်သမားများ သမဂ္ဂနှင့်ဆက်သွယ်မှုရရှိခဲ့ပြီး၊ ၄င်းသမဂ္ဂ ၏စေတနာ့ဝန်ထမ်း ဥပဒေအကြံပေးအဖြစ် ဆောင်ရွက်ခဲ့သည်။

    ၂၀။ ဈေးဆိုင်အလုပ်သမားများ၊ သက်သာချောင်ချိရေးအသင်း ဥက္ကဌ အဖြစ်ဆောင်ရွက် ခဲ့စဉ်၊ ဈေးဆိုင်အလုပ်သမားများနှင့်တကွ၊ အလုပ်တိုက်ကြီးများမှ အလုပ်သမားများ အတွက် အလုပ်ချိန်ကန့်သတ်ခြင်း၊ အပါတ်စဉ် ရက်အားပေးခြင်းများ ရရှိအောင် ဆောင်ရွက်ပေးခဲ့သည်။

    ၂၁။ ၁၉၄၇ ခုနှစ်တွင် အလုပ်သမားရေးရာ ဥပဒေ ရေးဆွဲရေးကော်မတီ၏ ဥက္ကဌ အဖြစ် ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် ရွေးချယ်ခဲ့သည်။ အစိုးရထံသို့ အစီရင်ခံစာ (၁၂ ) စောင်တင်သွင်းခဲ့သည်။ နိုင်ငံတွင်းရှိ အလုပ်သမားဥပဒေအားလုံးကို ပြင်ဆင်ရေး ဆွဲပြီးခဲ့သည့်အပြင် ဥပဒေသစ်များကိုလည်း ရေးဆွဲခြင်းပြုခဲ့သည်။

    ၂၂။ ၁၉၄၇ ခုနှစ်တွင် ၀ါဏိဇ်္ဇပဋိပက္ခခုံရုံး၏ အဖွဲ့ဝင် လူကြီးအဖြစ်လည်းကောင်း၊

    ၂၃။ ၁၉၄၈ ခုနှစ်တွင် ၄င်းခုံရုံး၏ဥက္ကဌအဖြစ် ၀န်ကြီးရာထူးလက်ခံသည့်နေ့တိုင်း ဆောင် ရွက်ခဲ့သည်။ အရေးပါအရာရောက်သော စီရင်ချက်ပေါင်းများစွာပေးခဲ့၍အလုပ် သမားများအတွက် အခွင့်အရေးများ များစွာရရှိခဲ့သည်။

    ၂၄။ ဆိပ်ကမ်းအလုပ်သမားများ စီမံကိန်းရေးဆွဲရေးကော်မတီဥက္ကဌအဖြစ်ဆောင်ရွက်ပြီး ထိုစီမံကိန်းကို အကောင်အထည်ဖေါ်နိုင်ခဲ့ရာ၊ ဆိပ်ကမ်းအလုပ်သမားများ အလုပ် မှန်မှန်လုပ်ရပြီး၊ သတ်မှတ်ထားသော လစာနှုန်းထားရရှိသည့်ပြင် ဆေးဝါးကုသခြင်း အိုနာစာရံပုံငွေရရှိခြင်းစသည့် အခွင့်အရေးများရရှိလျက်ရှိသည်။ ထိုစီမံကိန်းသည် အာရှတိုက်အရှေ့တောင်ဒေသတွင် အကောင်းဆုံးစီမံကိန်းတစ်ရပ်ဖြစ်သည်ဟု ချီး မွမ်းခြင်းခံရသည်။

    ၂၅။ လူမှုဖူလုံရေးလုပ်ငန်းကို စတင်ဦီးစီးဆောင်ရွက်ခဲ့သည်။ (၄)နှစ်နီးပါး ပဏာမ လုပ်ငန်းမျးဆောင်ရွက်ပြီး၊ ရန်ကုန်မြို့တွင် ၁၉၄၆ ခုနှစ်၊ ဇန်္န၀ါရီလ ၁ ရက်နေ့မှ စတင်လုပ်ကိုင်နိုင်ခဲ့သည်။ အခြားဒေသများသို့ ချဲ့ထွင်ရန်စီစဉ်လျက်ရှိသည်။

    ၂၆။ ပြည်ထောင်စုမြန်မာနိုင်ငံ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေအရေးဆွဲခြင်းနှင့်ပတ်သက် ၍ကော်မတီအမျိုးမျိုးတွင် ပါဝင်ခဲ့သည်။

    ၂၇။ ရေနံမြေ စုံစမ်းရေးကော်မရှင်၊ ပြည်တွင်းရေကြောင်းသယ်ယူပို့ဆောင်ရေး စုံစမ်း ရေးကော်မရှင်အဖွဲ့ဝင်လူကြီးအဖြစ်လည်းကောင်း၊ အစိုးရစာပုံနှိပ်တိုက် စုံစမ်းရေး ကော်မရှင်ဥက္ကဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။

    ၂၈။ ၁၉၄၇ ခုနှစ် ဒေလီမြို့ အာရှညီလာခံသို့လည်းကောင်း၊ ၁၉၅၅ ခု၊ ဘန်ဒေါင်းကွန် ဖရင်းသို့လည်းကောင်း၊ ဗမာပြည်ကိုယ်စားလည်အဖြစ် တက်ရောက်ခဲ့သည်။

    ၂၉။ ၁၉၄၈-ခု၊ ၁၉၅၀-ခု၊ ၁၉၅၁-ခု နှင့်၁၉၅၄-ခုနှစ်များတွင် အပြည်ပြည်ဆိုင် ရာအလုပ် သမား အဖွဲ့ချုပ်ကြီး၏ ညီလာခံသို့ တက်ရောက်ခဲ့သည်။ ၁၉၅၁ ခုနှင့် ၁၉၅၄-ခု နှစ်တွင် ဗမာပြည်ကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်ဆောင်ရွက်ခဲ့သည်။ ၁၉၅၀ ခုနှစ်တွင်လည်း အပြည်ပြည်ဆိုင်ရာအလုပ်သမားအဖွဲ့ကြီး၏ရေနံကော်မ တီသို့ ဗမာကိုယ်စားလှယ်အဖွဲ့၏ခေါင်းဆောင်အဖြစ်တက်ရောက်ခဲ့သည်။ ထိုအဖွဲ့ ချုပ်ကြီးတွင် လူသိများပြီး လေးစားခြင်းခံရသူတစ်ဦးဖြစ်သည်။

    ၃၀။ ရန်ကုန်တက္ကသိုလ်ကောင်စီတွင် ကျောင်းသားသမဂ္ဂကိုယ်စားလှယ်အဖြစ် ပထမဆုံး ပါဝင်ဆောင်ရွက်ခဲ့ရသည်။ ၄င်းနောက် အဆက်ပြတ်ဆိုသလို ကောင်စီလူကြီးဖြစ် ခဲ့သည်။
    ၃၁။ ၁၉၅၁ ခုနှစ်၊က လူမျိုးစုလွှတ်တော်သို့ ပြိုင်ဘက်မရှိ ရွေးကောက်တင်မြှောက်ခြင်း ခံခဲ့ရသည်။

    အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ်

    ၃၂။ လူမှန်သမျှ အဓိကအလိုရှိအပ်သည့် ၀တ် စား နေ တည်းဟူသောအရေးသုံးပါး အနက် စစ်ဘေး၊ စစ်ဒဏ်ကို နှစ်ကြိမ်တိုင်တိုင်အလူးအလဲ ခံလိုက်ရသော ဗမာလူ ထု၏အိုးအိမ်မဲ့ပြဿနာကိုဖြေရှင်းရန် အိမ်ယာဆောက်လုပ်ရေးဝန်ကြီးအဖြစ် ပထမ ဦးစွာဆောင်ရွက်ခဲ့ပါသည်။ ပြည်သူ့အိုးအိမ်ပြန်လည်ထူထောင်ရေးဘုတ်အဖွဲ့ဥက္ကဌ အဖြစ်ဆောင်ရွက်ကာ ဗမာတပြည်လုံးတွင် အိမ်ယာဆောက်လုပ်ရေးလုပ်ငန်းများ ကို လုပ်ကိုင်ဆောင်ရွက်ခဲ့ပါသည်။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးအဖြစ်

    ၃၃။ ၁၉၅၄ ခုနှစ်ကုန်လောက်ကစ၍ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးရာထူးကို လက်ခံ ဆောင်ရွက်ခဲ့ရသည်။ ထိုအချိန်က ဗမာပြည်သည် ဆန်ကိစ်္စနှင့်ပတ်သက်၍ အထူး အရေးကြီးနေသောအချိန်ဖြစ်နေသည့်အတိုင်း ထိုပြဿနာများကို ၄င်း၏လုပ်ရည် ကိုင်ရည်အစွမ်းဖြင့် ဖြေရှင်းပေးနိုင်ခဲ့ပါသည်။

    ၃၄။ ဆန်ဟောင်းများ အားလုံးလိုလိုပင် ယခုအခါရောင်းချပြီးဖြစ်သည့်ပြင် ဖေါက်သည် နိုင်ငံသစ်များကိုပါ ရရှိအောင် ဆောင်ရွက်လျက် “ဆန်”ပြဿနာကို အတော်ပြေ လည်စွာ ဖြေရှင်းနိုင်ခဲ့ပါသည်။

    ၃၅။ ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့ကြီးပြန်လည်ဖွဲ့စည်းရေး တိုးတက်ကောင်းမွန် ရေးအတွက် အထူးလုပ်ကိုင်ဆောင်ရွက်လျက်ရှိပါသည်။

    ၃၆။ ၄င်း၏စီမံဆောင်ရွက်ချက်အရ နိုင်ငံတော်ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ လက်ကျန်စပါးစာရင်းးကို မနှစ်က ကောက်ပဲသီးနှံရောင်းဝယ်ရေးအဖွဲ့၏ရာဇ၀င် တွင် ပထမအကြိမ်အဖြစ် စစ်ဆေးခြင်းကို ပြုနိုင်ခဲ့ပါသည်။

    ၃၇။ ပြီးခဲ့သောစပါးပေါ်ချိန်မှစ၍ နိုင်ငံတော်ကောက်ပဲသီးနှံအဖွဲ့က ၀ယ်ယူပြီးသောစပါး ဘိုးငွေများကို တောင်သူလယ်သမားများအား သုံးရက်အတွင်းပြေလည်အောင်ချေ ရန် စီမံဆောင်ရွက်ပေးခဲ့ပါသည်။

    ၃၈။ ကုန်သွယ်မှုတိုးတက်ရေးဝန်ကြီးဌာနကို ပြန်လည်ပြုပြင်ခဲ့သည့်ပြင်၊ သွင်းကုန်လိုင် စင်ထုတ်ပေးရေးစနစ်နှင့်ပတ်သက်၍ အထူးပြုပြင်လုပ်ကိုင်ခဲ့ပြီး၊ ယခုအခါ သွင်း ကုန်လိုင်စင်များကို စနစ်သစ်ဖြင့် အချိန်မှန်ထုတ်ပေးလျက်ရှိနေပါသည်။

    ၃၉။ သွင်းကုန်လိုင်စင်ထုတ်ပေးရာတွင် မြန်မာတိုင်းရင်းသားကုန်သည်များ ရာခိုင်နှုန်း (၉၀)အထိ တိုးတက်ရရှိအောင် ဆောင်ရွက်ပေးခဲ့ပါသည်။

    ၄၀။ ရုရှားပြည်၊ တရုပ်ပြည်၊နှင့် အရှေ့ဥရောပနိုင်ငံများနှင့်ကုန်သွယ်လုပ်ငန်းတိုးတက် ရေးအတွက် အထူးတလည်ကြိုးပမ်းဆောက်ရွက်လျက်ရှိသည့်အတိုင်း ယခုအခါ ထိုနိုင်ငံများက ဗမာဆန်များကိုဝယ်ယူလျက်ရှိပါသည်။ ၄င်း၏ကြိုပမ်းမှုဖြင့် ဗမာ ပြည်ကဆန်များကို ဂျပန်ကျွန်း၊ မလေးကျွန်းနှင့်အင်ဒိုနီရှားနိုင်ငံတို့ကို ငွေလက် ငင်းစနစ်ဖြင့် ရောင်းချနေသည်မှာ အခုအခါ အတော်တိုးတက်လျက်ရှိပါသည်။

    အိန္ဒိယနိုင်ငံမှ ချေးငွေရရှိရန် ကြိုးပမ်းဆောင်ရွက်ခဲ့စဉ်က

    ၄၁။ ဗမာနိုင်ငံတော်အတွက် အထူးမစ်ရှင်အဖွဲ့အမျိုးမျိုးတွင် ပါဝင်ဆောင်ရွက်ခဲ့ပါသည်။

    (က) ၁၉၅၂ ခုနှစ်က ၀ါရှင်တန်မြို့သို့ တီ-စီ-အေ ကိစ်္စနှင့် မစ်ရှင်အဖွဲ့ကိုခေါင်း ဆောင်ကာ၊ ကိစ်္စရပ်များကို အောင်မြင်စွာဆောင်ရွက်နိုင်ခဲ့ပါသည်။
    (ခ) ၁၉၅၄ ခုနှစ်က အလုပ်သမားအစည်းအရုံးအဖွဲ့ချုပ်(ဗမာနိုင်ငံ)၏တရုပ်ပြည် သွားမစ်ရှင်အဖွဲ့ကို ခေါင်းဆောင်ခဲ့ပါသည်။
    (ဂ) ၁၉၅၄ ခုနှစ်က အိနိ္ဒယပြည်သို့ဆန်တန်ချိန်(၉)သိန်းရောင်းချရေးနှင့်ပတ်သက် ၍အစီစဉ်များသွားရောက်လုပ်ကိုင်ပေးခဲ့ပါသည်။
    (ဃ) ၁၉၅၅ ခုနှစ်က အိနိ္ဒယပြည်မှ ငွေကုဋေ(၂၀)ချေးယူရန်ကိစ်္စကို အောင်မြင်စွာ သွားရောက်ဆောင်ရွက်ပေးနိုင်ခဲ့ပါသည်။(သို့သော်၊ ဆန်အရောင်းအ၀ယ် ကောင်းလာသဖြင့် ထိုချေးငွေကို ယခုတိုင် မယူသေးပါ။)
    (င) ၁၉၅၅ ခုနှစ်၊က နိုင်ငံတော်ဝန်ကြီးချုပ်ဦးနု ခေါင်းဆောင်သော ယိုးဒယား နိုင်ငံသွား ချစ်ကြည်ရေးမိတ်ဆက်မစ်ရှင်တွင် ပါဝင်ဆောက်ရွက်ခဲ့ပါသည်။
    (စ) ကမ္ဘာ့အရပ်ရပ်သို့ ခရီးလှည့်လည်ခဲ့ပြီး ဗမာပြည်နှင့်သင့်လျော်သည့် ကိစ်္စရပ် များကိုလေ့လာပြီး၊ လုပ်ငန်းရပ်များကို ဆောက်ရွက်လျက်ရှိပါသည်။

    ၄၂။ အထူးသဖြင့် ရန်ုကုန်အလယ်ပိုင်းလူမျိုးစုလွှတ်တော်အမတ်လောင်း လက်ရှိကုန်သွယ် မှုတိုးတက်ရေးဌာနနှင့်အလုပ်သမားဝန်ကြီး အမ်-အေ-ရာရှစ်သည် ဖွဲ့စည်းအုပ်ချုပ် ပုံအခြခံဥပဒေအရ၊ ဗမာတိုင်းရင်းသားအဖြစ် ခံယူထားပြီးဖြစ်သဖြင့် ဗမာပြည်တွင် အသက်ထက်ဆုံးနေထိုင်လျက် ဗမာလူထုနှင့် ဆိုးတူကောင်းဘက်ဆောင်ရွက်လုပ် ကိုင်နေထိုင်သွားမည့် ပုဂ်္ဂိုလ်တစ်ဦးလည်းဖြစ်ပါသည်။

    အမှုဆောင်အဖွဲ့။ ဖ၊ဆ၊ပ၊လ ရွေးကောက်ပွဲ အနိုင်ရရှိရေးကော်မီတီ ရန်ုကုန်အလယ်ပိုင်း(လူမျိုးစု)မဲဆန်္ဒနယ်။ အမှတ်(၃၃)အီဗင်ဆင်လမ်း၊ ရန်ကုန်မြို့။

    ၁၉၅၆ ခုနှစ် THE GUARARDIAN စာစောင်တွင်အမှတ်(၁၄) တွင် ဒေါက်တာ မောင်မောင် ရေးသားခဲ့သည့် MR.RASCHID ဆိုသည့် ဆောင်းပါးကို ဘာသာပြန်တင်ပြလိုက်ပါ သည်။

     

    အွမ္မရ်ခင်ညွှန့်

  • ဒေါက်တာမောင်မောင် ရေးခဲ့တဲ့ ဦးရာရှစ်အကြောင်း

    ဒေါက်တာမောင်မောင် ရေးခဲ့တဲ့ ဦးရာရှစ်အကြောင်း

    စက်တင်ဘာ၊ ၂၁ ၊ ၂၀၁၂

    ဘာသာပြန်ဆိုသူ-အွမ္မရ်ခင်ညွန့်

    Source: ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

    ဒီနေ့ ကျောင်းသားသမဂ္ဂလို့ အော်နေတဲ့လူတွေ သမဂ္ဂသမိုင်းကိုရော သိကြရဲ့လား။ RUSU (RANGOON UNIVERSITY STUDENTS UNION) စတင် ဖြစ်ပေါ်လာတာက ဗမာမွတ်စလင်က စတယ်လို့ပြောလို့ရတယ်။ ပထမဆုံးက ၁၉၃၀ခုနှစ် စက်တင်ဘာလ(၃)ရက်နေ့တွင် ရန်ကုန် တက္ကသိုလ် ကျောင်းသားများ သမဂ္ဂ အခြေခံအုတ်မြစ်ချရန် အဖြစ်အပျက်ပင်ဖြစ်သည်။ အော့စဖို့(ဒ်) တက္ကသိုလ် (Oxford University)နှင့် ကဲမ်ဘရစ်(ဂ်ျ) တက္ကသိုလ်(Cambridge University) တို့နည်းတူ သမဂ္ဂဖွဲ့စည်းရန် ကျောင်းသားထု အစည်းအဝေးတစ်ခုပြုလုပ်ကာ ကျောင်းသားများသည် ဆုံးဖြတ်ခဲ့ကြသည်။ စကားရည်လုပွဲများကျင်းပခြင်း၊ အပြန်အလှန်ဆွေးနွေးခြင်း၊ အားကစား၊ အနုပညာဆိုင်ရာနှင့် ပြဇာတ်ဆိုင်ရာ အားပေးမှုအပြင် အခြားလူ့ကျင့်ဝတ်ဆိုင်ရာ လှုပ်ရှားမှုများပြုလုပ်ကြရန် ဖြစ်သည်။

    နိုင်ငံရေးဆိုသည်မှာ ၁၉၃၀ခုနှစ် စက်တင်ဘာလ၏ ကံကောင်းလှသည့် နေ့ရက်ဆုံဆည်းသည့် ကျောင်းသားများ၏ စိတ်ဆန္ဒနှင့် လွန်စွာကွားဝေးလျက် ရှိနေခဲ့သေးသည်။ အချိန်များသည်ကား ငြိမ်သက်လျက် ရှိနေခဲ့သည်။ ဖွဲ့စည်းမှုဆိုင်ရာလှုပ်ရှားမှုကို ကျောင်းအုပ်ကြီးနှင့် တက္ကသိုလ် အာဏာပိုင်များကလည်း ထောက်ခံခဲ့သည်။ ယခင်က သမဂ္ဂအဆောက်အဦးရှိရာ နေရာကို သမဂ္ဂအဆောက်အဦးဆောက်လုပ်ရန် ဆုံးဖြတ်ချက်ချခဲ့သည်။
    စည်းမျဉ်းရေးဆွဲရေးကော်မတီတစ်ရပ်ကို
    ကျော်ခင်(ဦးကျော်ခင်-B.Sc, B.L., လွှတ်တော် ရှေ့နေ-အငြိမ်းစား လွှတ်တော်အမတ်)၊
    ဘဂျမ်း(ဦးဘဂျမ်း-U Ba Gyan,B.A;, B.L,.လွှတ်တော်ရှေ့နေ၊ အငြိမ်းစားတရားရေးဝန်ကြီး)၊
    တင့်ဆွေ(ဗိုလ်မှူးတင့်ဆွေ- နိုင်ငံတော်ကာကွယ်ရေးဦးစီးဌာန) နှင့်
    အခြားအနည်းငယ်မျှသော သူများပါဝင်ကာ ဖွဲ့စည်းပုံဥပဒေရေးဆွဲရန် တာဝန်ပေးအပ်ခြင်းခံရပြီး၊ အပြီးသတ်ရေးဆွဲမှုကို အထွေထွေ ညီလာခံကြီးတွင် ကျောင်းသားထုကို တင်ပြရန်ဖြစ်သည်။ ထို့အပြင် ထိုစဉ်က ရရှီဒ်(ဦးရာရှစ်) သည် အကြီးတန်းသိပ္ပံကျောင်းသားတစ်ဦးဖြစ်ပြီး၊ ယင်းကော်မတီတွင် ပူပေါင်းကူညီဆောင်ရွက်ရန် ခန့်အပ်ခြင်းခံခဲ့ရသည်။ မူကြမ်းကို တင်သွင်းခဲ့သည်၊ ၁၉၃၁ခုနှစ်၌ လက်ခံအတည်ပြုခဲ့သည်။ ကျော်ခင်ကို ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ ပထမဆုံး ဥက္ကဌအဖြစ် ရွေးချယ်ခြင်းခံခဲ့ရသည်။ ဦးဖိုးကူသည် ဒုတိယဥက္ကဌနှင့် ရရှီဒ်သည် အတွင်းရေးမှူးအဖြစ် ရွေးချယ်ခြင်းခံခဲ့ကြရသည်။

    နောက်တစ်နှစ်တွင် ဦးဖိုးကူသည် သမဂ္ဂ ဒု-ဥက္ကဌရာထူးမှ အနားယူသောအခါ၊ စောစောပိုင်းက သဘောတူညီချက်အရ နောက်ဆုံးတွင် ရရှီဒ်သည် အထက်သို့ ပြောင်းရွှေ့နေရာချထားချက်အရ၊ ဥက္ကဌနေရာကို တစ်နှစ်ထမ်းဆောင်ရမည် ဖြစ်သည်။ သို့သော် ကျော်ခင်သည် မွတ်စလင်မ်တစ်ဦးဖြစ်၊ ရရှီဒ်သည်လည်း မွတ်စလင်မ်ဖြစ်ပေရာ၊ သဘောသားသေးသိမ်သူ အချို့သော ကျောင်းသားများသည် သမဂ္ဂသည် “ကုလား”များ မလွှမ်းမိုးစေရဟု တီးတိုးအသံထွက်လာတော့သည်။ “ကုလား”ဟု ပြစ်တင်ရှုတ်ချခြင်းသည် အနှစ်သာရမရှိ၊ သိမ်ဖျင်းသည့် တာဝန်မဲ့ခြင်းတစ်ရပ်ပင်ဖြစ်သည်။

    “ကုလား”ဟူသော စကားလုံးသည် အထင်သေးရှုတ်ချသည့် လုံးထွေးနေသော စကားလုံးဖြစ်ပြီး၊ အိနိ္ဒယသားနှင့် ဗြိတိသျှတို့နှင့် နိုင်ငံခြားသား၊ သို့မဟုတ် နိုင်သား မဟုတ်သူ နိုင်ငံခြားသားတို့အတွက် အမှန်တကယ်သုံးသည့် အသုံးအနှုန်းဖြစ်သည်။ ရရှီဒ်သည်ကား နိုင်ငံခြားသားမဟုတ်ပေ။ သူ၏ မိခင်ဖခင်တို့သည် မြန်မာနိုင်ငံတွင် အမြစ်တွယ်အခြေချနေသူများ ဖြစ်ကြသည်။ သူ၏ဖခင်သည် ၁၉၃၉ခုနှစ်တွင် ရန်ကုန်၌ ကွယ်လွန်ခဲ့ပြီး၊ မိခင်သည် ၁၉၅၂ခုနှစ်တွင် ကွယ်လွန်ခဲ့သည်။ ထို့အပြင် သူ၏ဘိုးဘွားများသည် ၁၈၈၅ခုနှစ်ကထဲက မြန်မာနိုင်ငံတွင် အခြေချခဲ့သူများ ဖြစ်သည်ကိုလည်း ဖေါ်ပြခဲ့ပြီးဖြစ်သည်။ သူသည် မြန်မာနိုင်ငံ၌ပင် ပြုစုပျိုးထောင်ကြီးပြင်းလာသူ ဖြစ်သည်။ သူသည် ရန်ကုန်တက္ကသိုလ်ကျောင်းသားများသမဂ္ဂ စည်းမျဉ်းဥပဒေမူကြမ်း ရေးဆွဲရာတွင် ကူညီခဲ့သူဖြစ်သည်။ ယင်းကို ဖန်တီးရန် ကူညီခဲ့သူလည်းဖြစ်သည်။

    ရိုင်းစိုင်းသည့် ယင်းတီးတိုးသံကို ကြားသိသောအခါ ရရှီဒ်အနေဖြင့် စိတ်ထိခိုက်မိသည်။ သို့သော် တက္ကသိုလ်အာဏာပိုင်များ တိုက်တွန်းသည့်တိုင် သူသည် ပြန်လည် တိုက်ခိုက်ငြင်းဆိုခြင်း မပြုခဲ့ပေ။ သူသည် ရိုးသားစွာပင် နောက်ဆုတ်ခဲ့ပြီး၊ ၁၉၃၅ခုနှစ်တိုင် ရန်ကုန်ဝိဇ္ဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ရွေးချယ်ပွဲများတွင် မပါဝင်ခဲ့ပေ။ ထိုနှစ်တွင် စိတ်ထက်သန်သည့် ပြန်လည်တည်ဆောက်ရေးအုပ်စုသည် ရန်ကုန်တက္ကသိုလ်တွင် ဆုံမိကြသည်။ ကျော်ငြိမ်းသည် မန္တလေးမှ ရောက်လာခဲ့သည်။ ကိုနုသည် သူ၏မြို့နယ် စာသင်ကြားရေးမှ ဥပဒေပညာ ဆည်းပူးရန် ပြန်လည်ရောက်လာခဲ့သည်။ အောင်ဆန်း၊ သိန်းဖေနှင့်အခြားသူတို့သည်လည်း ရောက်လာခဲ့ကြသည်။ ယင်းအုပ်စုသည် ရန်ကုန်တက္ကသိုလ် ကျောင်းသားများသမဂ္ဂကို ပြင်းထန်သော တိုက်ပွဲနှင့်အတူ ချုပ်ကိုင်ရန် ဆုံးဖြတ်ခဲ့ကြပြီး ရရှီဒ် ကို ပြန်လည်ခေါ်ယူခဲ့ကြသည်။ ထိုအစုအဝေးနှင့် လုပ်ဆောင်မှုသည် အောင်မြင်မှုတစ်ခုကို ရစေခဲ့သည်။ ရဲတိုက်ကြီးသည် ပြိုလဲခဲ့လေသည်။ ကိုနုသည် ဥက္ကဌဖြစ်ခဲ့သည်။ ရရှီဒ်သည် ဒု-ဥက္ကဌဖြစ်ပြီး၊ သီဟန်သည် အတွင်းရေးမှူးဖြစ်ခဲ့သည်။

    အလုပ်အမှုဆောင်အဖွဲ့ဝင်များမှာ၊ အောနှစ်၏ အဆုံးဆီသို့ ရောက်သောအခါ ဥက္ကဌကိုနုသည် မိန့်ခွန်းတစ်ခုပြောကြားရာတွင် ကျောင်းအုပ်ကြီး စလော(စ်)(OSS)သည် များစွာသော နည်းလမ်းတို့ဖြင့် ကျောင်းသားများအပေါ် မမျှတမှုများ ပြုလုပ်ခဲ့သည် ဟူ၍ုဖြစ်ရာ၊ ကျောင်းအုပ်ကြီးသည် ထိုစကားရပ်ကို မကြိုက်မနှစ်သက်သဖြင့် ကိုနုကို ကျောင်းထုတ်ခဲ့လေသည်။ ယင်းအဖြစ်အပျက်သည် ကျောင်းသားများအတွင်း၌ တီးတိုးသံများ ပေါ်ထွက်ခဲ့သော်လည်း မုန်းတိုင်းကြီးကာ မတိုက်ခိုက်သေးဘဲ၊ အစသာ ဖြစ်ခဲ့သည်။ နှစ်လနောက်တွင် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ ပထမဆုံး စာစောင်ဖြစ်သော “အိုးဝေ”မဂ္ဂဇင်း ထွက်ပေါ်ခဲ့လေသည်။ အယ်ဒီတာသို့ ပေးစာများတွင် စာတစ်စောင်မှာ “ခွေးဘီလူးကြီး သရမ်းနေပြီ” (Hell Hound at Large) ဟူသည့်ခေါင်းစဉ်ဖြင့် ပါလာခဲ့ရာ၊ ယင်းစာကြောင့် ဖြစ်ရမည့်အတိုင်း ဆိုးရွားစွာ ခွေးဘီလူးဟောင်သကဲ့သို့ စာဖတ်သူထံ ခုန်ပေါက်၍ ရောက်ရှိသွားခဲ့တော့သည်။ ယင်းစာသည် အမျိုးသမီးများ၏ အဆောင်များသို့တိုင် သူ့ဟာသူရောက်ရှိသွားပြီး အားပေးချီးမြှင့်ခြင်း ခံရပေသည်။ ယင်းဆောင်းပါးသည် တက္ကသိုလ်စခန်းများ အားလုံးဆီသို့ မီးကဲ့သို့ပင် ပျံ့နှံ့သွားလေရာ ကျောင်းအုပ်ကြီးသည် ယင်းဆောင်းပါးအကြောင်းကို အောင်ဆန်း၊ ကျော်ငြိမ်း၊ ထွန်းအုံနှင့် ကိုအုန်းတို့ဖြစ်ကြသည်။

    မီးကဲ့သို့ပင် ပျံ့နှံ့သွားလေရာ ကျောင်းအုပ်ကြီးသည် ယင်းဆောင်းပါးအကြောင်းကို ကြားခဲ့သည်။ သိရှိခဲ့သည်။ ဖတ်ခဲ့သည်။ သူမနှစ်ခြိုက်ခဲ့ပေ။ သူသည် အိုးဝေမဂ္ဂဇင်း၏ အယ်ဒီတာဖြစ်သော အောင်ဆန်းကိုခေါ်ယူကာ စာရေးသူကို ဖေါ်ပြရန်တောင်းဆိုခဲ့ရာ၊ အောင်ဆန်းသည် စာပေနှင့် အယ်ဒီတာတို့၏ ကျင့်ဝတ်အရ မပြောပြနိုင်ကြောင်း ငြင်းဆိုခဲ့သည်။ ဒေါပွနေသည့် စလော(စ်)သည် အောင်ဆန်းကို ကျောင်းမှ ၃နှစ်အတွက် ထုတ်ပယ်ခဲ့လေသည်။

    ဤတစ်ကြိမ်တွင်မူ ကျောင်းသားသမဂ္ဂသည် ဖြစ်ပျက်သည်တို့ကို ယင်းအတိုင်း လွှတ်မထားရန် ဆုံးဖြတ်ခဲ့ကြသည်။ ကိုနုကို ထုတ်ပယ်ခဲ့မှုကို သည်းခံခဲ့ကြသည်။ အမှန်ဆိုရသော်၊ ကိုနုကိုယ်တိုင်ကလည်း သိပ်ဂရုမစိုက်ခဲ့ဘဲ နောင်တွင် မိမိ၏(B.A.,)ဘွဲ့ကိုပင် ကျောင်းသို့ ပြန်လည်အပ်ခဲ့သည်။ သို့သော် အောင်ဆန်းအား ထုတ်ပယ်မှုကိုတော့ ဆန့်ကျင်ကန့်ကွက်ကြရမည် ဖြစ်သည်။ တက္ကသိုလ်သမဂ္ဂ ကော်မတီအဖွဲ့ဝင်များသည် တညီတညွတ်တည်း ရှေ့ဆက်ရန်နှင့် ရှေ့လာမည့်စာမေးပွဲကို ကန့်ကွက်သည့် ဆန္ဒနှင့် ထုတ်ဖေါ်ပြသည့် အနေဖြင့် ဆုံးဖြတ်ခဲ့ကြသည်။ ကျောင်းသားထု စည်းဝေးပွဲကြီး တစ်ရပ်ကိုလည်း ခေါ်ယူမှတ်တမ်းတင်ရန် ဆုံးဖြတ်ခဲ့ကြသည်။ ရရှီဒ်သည် ယင်းအစည်းဝေးကို ဦးစီးကြီးကြပ်မှု ပြုခဲ့သည်။ ကိုနုသည် အရေးပါသက်ဆိုင်သည့် ကဏ္ဍအနေဖြင့် ပါဝင်သင့်သည်ဟု ခံစားရ၍ ၀င်ရောက်လာသော်လည်း ကျောင်းသားများကို သြဇာအာဏာ မသက်ရောက်စေခဲ့ပါ။ ရရှီဒ်ကမူ အခြေအနေကို အေးချမ်းတည်ငြိမ်စွာဖြင့် စာမေးပွဲနှင့် ပတ်သက်သည့် ကျောင်းသားများ၏ ရှေ့ဆက်သွားမည့် ဆုံးဖြတ်ချက်ကို ကြေညာတင်ပြခဲ့လေသည်။ ထိုအစည်းဝေးတွင် သူသည် တည်ငြိမ်စွာပင် ရှိခဲ့သည်။ သို့သော် ကျောင်းသားများသည် အရေးယူလှုပ်ရှားရန်  တောင်းဆိုခဲ့ကြပြီး၊ သပိတ်မှောက်ရန် “သပိတ်ကို အခိုင်အမာကြေညာ”ဟု အော်ဟစ်ခဲ့ကြသည်။ အချို့သော ကျောင်းသားအုပ်စုငယ်များ ကျောင်းခန်းမများတွင် ပို၍ သတ်မှတ်ပိုင်းခြားစွာ ရှိနေသော်လည်း၊ ဤတုန့်ပြန်မှုသည် အလိုအလျောက် ကြီးမားစွာ ဖြစ်ပေါ်လာခဲ့ပြီး၊ တက္ကသိုလ်ကျောင်းသားသမဂ္ဂခေါင်းဆောင်များသည် မီးကို လေပင့်ပေးရန် ကူညီခဲ့လေသည်။ သတ်မှတ်ထားသည့်နေရာတွင် ကျောင်းသားများသည် စတင်ခဲ့ကြပြီး လူထုကလည်း နောက်မှ လိုက်ခဲ့ကြသည်။ သို့သော် ဒေါသနှင့် ခံပြင်းမှုတို့ကမူ ယခင်ထဲက ရှိနေခဲ့ပြီး ထွက်ပေါက်ကို ရှာနေခဲ့ခြင်းမျှသာ ဖြစ်သည်။

     

    ရရှီဒ်က ရဲဘော်ရဲဘက်များကို ဂရုတစိုက်စဉ်းစားရန်နှင့် တည်ငြိမ်စွာဖြင့် ပြန်လည်စဉ်စားရန် သတိပေးခဲ့သည်။ သို့သော် သူ၏သတိပေး စကားလုံးများသည် အဝေးသို့ သယ်ယူသွားခြင်းခံရပြီး၊ မုန်တိုင်းသည်ကား ထခဲ့ချေပြီဖြစ်သည်။ သပိတ်စခန်းများသို့ သွားရန် ယခင်ထဲကရှိနေသည့် တန်းဆီလျက်ရှိသော ဘတ်စ်ကားများဆီသို့ သူ၏ခန္ဓာ ကိုယ်တိုင်ပင်လျှင် ရောက်ရှိခဲ့တော့သည်။ ကားများသည် အလိုအလျောက် ရှိနေခဲ့သည်မဟုတ်ပေ။ ကြိုတင်ကြံစည်ထားခဲ့ခြင်းဖြစ်သည်။ သို့သော် ကားများထဲသို့ ခုန်ရောက်ဝင်ခဲ့သော ကျောင်းသားများစိတ်တွင်မူ သံသယခံစားမှု မရှိခဲ့ကြပေ။

    ကျောင်းသားများထဲမှ တစ်ဦးဖြစ်သော သိန်းတင်ခေါ် သူ၏ကလောင်အမည် ညိုမြသည်ကား အားလုံးထဲတွင် စိတ်ဓါတ်အတက်ကြွဆုံး ဖြစ်နိုင်ချေရှိပေမည်။ သူ့အနေဖြင့် ၄င်းတို့သည် တရားမျှတမှု အကြောင်းအရာ တစ်ခုအတွက် ရှိနေခဲ့ကြခြင်း ဖြစ်သည်ဟု ခံစားရပေသည်။

    သူသည် ကျောင်းများသို့ လှည့်ပတ်သွားလာပြီး အင်းယားဆောင်ရှေ့တွင် ရပ်ကာ၊ ကျောင်းသူများကို ဤတိုက်ပွဲတွင် ပူးပေါင်းပါဝင်ရန် ခေါ်လေသည်။ သူ၏အစ်မ မမကြီးသည် ထိုအဆောင်တွင် ရှိနေခဲ့သည်။ သူသည် ပြတ်သားသည့် ခေါ်ယူမှုတွင် သူမအား မူလအရင်းခံဖြစ်ကာ၊ သူမထွက်လာသောအခါ အသဲနာကျည်းနေသည့် အနည်းငယ်မျှ ဖြစ်ကြသည့် မအမာ၊ မခင်မြ၊ မခင်စီ၊ မရီရီနှင့် အခြားသူများသည်လည်း ထွက်လာခဲ့ကြလေသည်။ သူ၏မျိုးချစ်စိတ်ဓါတ် ကြိုးစားအားထုတ်မှုတွင် ညိုမြသည် သူ့အသံအက်လာသည်အထိ သူ၏ညိုသော အသားနီလာသည့်အထိ ခေါ်အော်ခဲ့သည်။ သူသည် သူ၏ မူလအကြောင်းအရာများပေါ်၌ပင် တည်ရှိလျက်ရှိခဲ့သည်။ ထို့အပြင် သူသည် ယခုအခါ နာမည်ဆိုးဖြင့် အမည်တွင်နေသည့် ကံကြမ္မာက ပေးလာသော ခွေးဘီးလူး အကြောင်းကို ရေးခဲ့သူဖြစ်ပေရာ သပိတ်နှင့်ပတ်သက်၍ စိတ်ဓါတ်တက်ကြွထိုက်ပေသည်။ ညိုမြသည် ပါမောက္ခ၏ မျက်နှာသာပေးခံရသော၊ အထူးသဖြင့် အင်္ဂလိပ်စာပါမောက္ခ ရိုးဒ်(စ်)(ßGhodes)၊ ညိုမြကို သူအမြဲခေါ်လေ့ရှိသည့် သေလျက်ရှိသော အိမ်မြှောင်အကြည့်ရှိသူဟု ခေါ်ပြီး၊ နှစ်သက်ခဲ့သော ပါမောက္ခ ရိုးဒ်(စ်) (ßGhodes)၏ အရေးပေးခြင်းခံရသော အိုက်စီအက်ဆ် (ICS)၏ ညီဖြစ်ပေသည်။ ညိုမြသည်ကား ကြိုတင်မခန့်မှန်းနိုင်သည့် နတ်ဆိုးကလေး ဖြစ်ပေသည်။ စလော(စ်)က ယင်းဆောင်းပါးကို ညိုမြရေးခဲ့သည်ဟု ပြောကြားခြင်းခံရသောအခါ ညိုမြသည် သူတို့အား မသိသောကြောင့် ဤကဲ့သို့သော စကားလုံးကြီးများကို သုံးလိမ့်မည်မဟုတ်ဟူသော အကြောင်းပြချက်ဖြင့် သူသည် မယုံကြည်ခဲ့ပေ။

    စလော(စ်)ယုံကြည်သည်ဖြစ်စေ၊ မယုံကြည်သည်ဖြစ်စေ၊ အကြောင်းမဟုတ်ပေ။ သပိတ်သည်ကား ရှေ့ဆက်လျက်ရှိပေသည်။ ကားတန်းကြီးသည် သူတို့ရွှင်းမြူးလျက်ရှိသော ကြွေးကြော်သံကို ထုတ်ဖေါ်လျက် ရွှေတိဂုံဘုရားကြီးဆီသို့ စီတန်းသွားလျက် ရှိပေသည်။
    သုံးလနီးပါးမျှ ရွှေတိဂုံဘုရားသည် မြန်မာနိုင်ငံတွင် အားလုံး၏ မျက်စိတွင် ဗဟိုအချက်အခြာ ဖြစ်နေပေတော့သည်။ သပိတ်သည် လူထုကို တက်ကြွလှုပ်ရှားစေခဲ့သည်။ ဦးစွာပထမ အချိန်ကတည်းက ယင်းသည် အမျိုးသားရေး ဖြစ်ခဲ့သည်။ ပုံနှိပ်တိုက်များသည် ယင်းအကြောင်းအရာ အားလုံးပေါ်သို့ ၄င်းတို့၏ နှလုံးသားကို ပေးအပ်ခဲ့လေသည်။ နေ့စဉ်နှင့် သပိတ်အရှည်ကြာဆုံးခံမည့် အချိန်ထိဖြစ်သည်။ သပိတ်သတင်းများသည် ပေါက်ကွဲလျက် အကြီးဆုံး၊ မည်းနက်ဆုံး၊ ခေါင်းကြီးပိုင်းများအဖြစ် မျက်နှာစာများတွင် ဖေါ်ပြခဲ့ကြသည်။ ရွှေတိဂုံစေတီပေါ်ရှိ စခန်း စတင်ခဲ့သည့် နေ့ကတည်းကပင် သတင်းထောက်များသည် စိတ်ထက်သန်စွာ၊ မျိုးချစ်စိတ်အပြည့်ဖြင့် ဘက်တော်သားလုံးလုံးအဖြစ် စိတ်စောလျက် မိမိတို့၏တာဝန်ကို ထမ်းဆောင်ရန် ခေါင်းဆောင်များ၏ ပတ်လည်တွင် ၀ိုင်းလျက်ရှိနေခဲ့ပေသည်။ မည်သို့ပင်ဆိုစေ၊ ပထမဆုံးညီလာခံသတင်းစာရှင်းလင်းပွဲတွင် ကိုနု သို့မဟုတ် ခေါင်းဆောင်းများထဲမှ တစ်ဦးတစ်ယောက်မျှ အကြောင်းရင်းများနှင့် သပိတ်၏ရည်ရွယ်ချက် အတိအကျကို ရှင်းလင်းဖေါ်ပြနိုင်ခြင်း မရှိခဲ့ပေ။ ထိုသို့ ဖြစ်ရသည့်အကြောင်းရင်းမှာ မည်သူတစ်ဦးတစ်ယောက်မျှ ယင်းအကြောင်းများပေါ်တွင် သတိရှိစွာဖြင့် တွေးတောခဲ့သေးခြင်း မရှိသောကြောင့်ဖြစ်သည်။

    ကျောင်းသားများသည် စိတ်ဇောကြီးမားစွာဖြင့်သာ ညီလာခံမှထခဲ့ကြပြီး သူတို့၏ လှုပ်ရှားမှုကို စတင်လုပ်ဆောင်ခဲ့ခြင်းသာ ဖြစ်သည်။ ယင်းသည် ၄င်းတို့၏ ရှည်လျားလှသည့် လှောင်ထားခဲ့သော ခံစားမှုများ၊ မတရားမှု၏ များစွာသော ဒဏ်ရာဒဏ်ချက်များ ရောနှောနေသည့် ခံစားမှုများ ပေါက်ကွဲလာမှုသာ ဖြစ်သည်။ စစ်ပွဲသည် နာကျည်းမှု ဒဏ်ရာဒဏ်ချက် ခံစားမှုများ တစ်ခုတည်းဖြင့် တိုက်၍ရသည် မဟုတ်ပေ။ ယင်း၌ တိကျခိုင်လုံသည့် ရည်ရွယ်ချက်များ ရှိရပေမည်။ ထို့အပြင် ၄င်းတို့ကြိုးစား၍ ရရှိမည့်အရာများအတွက် ကြိုတင်ပြင်ဆင်မှု အကြံအစည်လည်း ရှိရပေမည်။ အများဆုံး အတွေ့အကြုံရှိသည့် အယ်ဒီတာများ၏ အကြံပေးချက်အရ၊ ခေါင်းဆောင်များသည် အကြံအစည်များနှင့် လမ်းစဉ်များနှင့်ပတ်သက်သည့် ကြေညာချက်များကို နောက်တစ်နေ့အထိ ရပ်ဆိုင်းထားမည့် ဆုံးဖြတ်ချက်ကို ချမှတ်ခဲ့ကြသည်။ ထိုညတွင် ညလုံးပေါက်၊ နံနက်ခင်း ရောင်နီသန်းချိန်ကျပြီး ငှက်ကလေးများ လမ်းတစ်လျှောက် စတင်မြည်တွားလာသည့် အချိန်အထိ ရရှီဒ်သည် ကြိုးစားဆောင်ရွက်ခဲ့တော့သည်။ တက္ကသိုလ်ဆိုင်ရာ ဥပဒေများကို ဖတ်ရွတ်ခြင်း၊ အပြစ်အနာအဆာ၊ အားနည်းမှု ယိုပေါက်များကို ရှာဖွေခြင်း၊ တောင်းဆိုပြုလုပ်မည့် အကြောင်းအရာများကို စဉ်းစားတွေးတောခြင်း၊ ၄င်းတို့အဖို့ ရှေ့တိုး၍ သပိတ်အတွက် ပန်းတိုင်များ အသေးစိတ်ကို ကြိုတင်တည်ဆောက်ခြင်းတို့ကို ဆောင်ရွက်ပြုစုခဲ့လေသည်။

    ရရှီဒ်သည်ကား ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂ၏ အဓိက စည်းမျဉ်းဥပဒေ ရေးဆွဲသူများထဲမှ တစ်ဦးပင်ဖြစ်သည်။ တဖန်တစ်ခါ ပြန်၍ သပိတ်၏အကြောင်းရင်းနှင့် အဓိပ္ပာယ်ပေးဆောင်သူ အဓိကပုဂ္ဂိုလ်တစ်ဦး ဖြစ်လာပြန်သည်။ ရွှေတိဂုံစေတီတော်ပေါ်ရှိ ကျောင်းသားများသည် စွမ်းအားကြီးစွာဖြင့် တည်တန့်ရပ်တည်လျက် ရှိခဲ့ပေသည်။ ပညာရေးဝန်ကြီးဖြစ်သော ဒေါက်တာဘမော်သည် ဖွင့်ဟ၍ ကြင်နာမှုကို ပြခဲ့သည်။ ပုံနှိပ်တိုက်များသည် မဟာမိတ်များ ဖြစ်ခဲ့ကြသည်။ ရန်ကုန်မြို့၏ ဦးဆောင်သူ လူကြီးသူမ နိုင်ငံသားတို့သည် ကူညီခဲ့ကြသည်။ ဒီးဒုတ် ဦးဘချို၊ တရားဥပဒေဆိုင်ရာ ပါမောက္ခ၀တ်လုံတော်ရ ဦးကျော်မြင့်နှင့် အငြိမ်းစား တရားရုံးတော် တရားသူကြီးတို့သည် တိုက်ပွဲဝင်လူငယ်များ၏ လူမှုရေးရာနှင့် လိုအပ်ချက်များကို ကိုယ်တိုင်ကိုယ်ကျ တွေ့ရှိခဲ့ကြသည်။ အစားအသောက်များအတွက် မည်သည့် ပြဿနာမျှမရှိပေ။ နေ့စဉ် အစားအသောက်အထုတ်အပိုးများသည် လိုသည်ထက်ပင် ရောက်ရှိလာနေပေသည်။ ရွှေတိဂုံစေတီတော်ပေါ်တွင် စခန်းချနေကြသည့် များစွားသော ကျောင်းသားများနှင့် ကျောင်းသူများ၏ ကိုယ်အလေးချိန်သည် တိုးလျက်ရှိနေခဲ့ပေသည်။

    လူထုသည် အမေးအဆန်းမရှိ ထောက်ခံမှုများကို ပေးလျက်ရှိပေသည်။ မိဘများသည် စခန်းတွင်ရှိနေသည့် ၄င်းတို့၏သမီးများထံ သံကြိုးစာများ ပို့ခဲ့ကြသည်မှာ ”မင်းတို့အတွက် တို့ဂုဏ်ယူသည်၊ ဆက်လုပ်ကြ” ဟူ၍ ဖြစ်သည်။ သံကြိုးစာများကို နို့တစ်ဘုတ်၊ ကြေညာချက် သင်ပုံးကြီးများတွင် ကပ်ထားရာ၊ ဖတ်ရှု၍ ၀မ်းသာကြည်နူးခဲ့ကြသည်။
    ကိုနုသည် သပိတ်ခေါင်းဆောင်အဖြစ် ရပ်တည်ထွက်ပေါ်ခဲ့သည်။ သူသည် စိတ်ဓါတ်တက်ကြွမှု အတိပြီးသော၊ စိတ်ဓါတ်တက်ကြွစေသော ဟောပြောသူ ဖြစ်ပေသည်။ သူသည် မူဆိုလိုနီ၊ ဟစ်တလာ၊ နှင့် အခြားကမ္ဘာ့ခေါင်းဆောင်များ၏ ထိုအချိန်က ကြားရှိခဲ့သော၊ ဖတ်ရှုခဲ့သော သူတို့၏ အမူအရာ အပြောအဆိုများကို နေ့စဉ်အထူးပြု လေ့ကျင့်လျက်ခဲ့ပေသည်။ ရွှေတိဂုံစေတီတော်ပေါ်မှ တစ်ချိန်က ပျော်ရွှင်ဖွယ်ရာ အတိတ်သည်ကား၊ ခေါင်းဆောင်များသည် မတူခြားနားသည့် ပုံစံများဖြင့် သပိတ်တိုက်ပွဲဝင်ပုံ ဓါတ်ပုံများ၊ လေ့ကျင့်မှုများ၊ အမျိုးသားထုကို ဦးဆောင်ပြုမည့်အခါတွင် ပြောဆိုမှုများ၊ တပိုင်းတစ နောက်ပြောင်မှုများ၊ တစိတ်တပိုင်း တည်တည်ခန့်ခန့် ဟောပြောပုံများကို တပျော်တပါး တွေ့မြင်ခဲ့ရလေသည်။ ယနေ့သော်ကား၊ ၄င်းတို့သည် အမှန်တကယ်ပင် ၄င်းတို့ထဲမှ များစွာသော သူတို့သည် ဦးဆောင်နေကြပြီး၊ သူတို့၏ များစွာသော ရွှေတိဂုံစေတီရင်ပြင်ပေါ်မှ မြင်ကွင်းများသည် ၄င်းတို့နှင့်အတူ ရှိနေကာ ၄င်းတို့၏ အစိတ်အပိုင်း တစ်ခု ဖြစ်နေပေတော့သည်။

    သို့သော် အမြင်များသည် မလုံလောက်ပေ။ ဟောပြောမှုများသည် မလုံလောက်ပေ။ နေ့စဉ် အထောက်အကူအဖြစ် အကြောင်းအရာများသည်ကား ရှိနေရမည်ဖြစ်ပေသည်။ ထိုကိစ္စအတွက် ရရှီဒ်သည် ယင်းထောက်ပံ့ပေးကမ်းသူများအနက် အကြီးမားဆုံးသော ထောက်ပံ့ပေးခဲ့သူ ဖြစ်ပေသည်။ သူသည် ကြိုးကြိုးပန်းပန်း ဆောင်ရွက်ခဲ့သည်။ နေ့စဉ် သူတင်ပြသောအခါ အမျိုးမျိုး မပြောင်းမလဲ တသမတ်တည်းသော တည်ငြိမ်မှုရှိပြီး၊ သူ၏သိပ္ပံဘွဲ့အတွက် သူဓါတုဗေဒစမ်းသပ်ခန်းတွင် ပုံဖေါ်သကဲ့သို့ ရှင်းလင်းသည့် အင်္ဂလိပ်ဘာသာစကားဖြင့် တင်ပြလေ့ရှိသည်။ သူသည် ဘ၀သစ်နှင့် မျှော်လင့်ချက်အသစ်တို့ကို ပေးဆောင်ခဲ့သည်။

    “သူမပါခဲ့ပါက ကျွန်ုပ်တို့သည် ဆုံးရှုံးခဲ့မည်ဖြစ်သည်” ဟုသပိတ်ခေါင်းဆောင်တစ်ဦးက ယခုသော် သတိတရ ပြောခဲ့သည်။
    ကိုနုသည် ပြည်နယ်များတွင် သူ၏ဟောပြောမှုများနှင့်ကျောင်းသားများကို လှုံဆော်ရင်း၊ နိုင်ငံတလွှား ခရီးများစွာထွက်ခဲ့သည်။ တစ်ခါသော်၊ ဟင်္သာတမြို့တွင် ရရှီဒ်နှင့် ခရီးထွက်ခဲ့စဉ် တနေကုန် ဟောပြောမှုများ ပြုလုပ်ပြီး၊ နယ်ခံခေါင်းဆောင်များနှင့် အစည်းဝေးများ တညလုံး ပြုလုပ်ခဲ့သည်။ မောပန်းခဲ့သည့် တနေကုန်နောက်ပိုင်း ရရှီဒ်သည် အိပ်ယာဝင်သောအခါ ကိုနုသည် စိတ်လှုပ်ရှားစွာ အိပ်ခန်းအတွင်းသို့ ၀င်လာကာ သူ့အား နှိုးခဲ့သည်။ ကိုနုသည် ထူးဆန်းသည့် အခြေအနေတွင် ရှိနေသည်။ သူသည် နယ်ခေါင်းဆောင်များအား သပိတ်သည် မှားယွင်းသည့် တက္ကသိုလ်စည်းမျဉ်းဥပဒေကို ဆန့်ကျင်၍ သပိတ်မှောက်ခြင်းဖြစ်ကြောင်း ပြောပြခဲ့သည်။ ခေါင်းဆောင်များက ဥပဒေစည်းမျဉ်းသည် မည်သည့်နေရာတွင် မှားယွင်းနေပြီး၊ ယင်းကို မည်ကဲ့သို့ ပြုလုပ်နိုင်မည့်အကြောင်း မေးမြန်းသောအခါ၊ စည်းမျဉ်းဥပဒေကို မဖတ်ခဲ့သည့် ကိုနုသည် မဖြေနိုင်ခဲ့ပေ။ သူသည် အဖြေကို သူမသိကြောင်း သူအတွက် ဖြေပေးမည့် အဖြေအားလုံးကို သိသော ရရှီဒ်ကို ခေါ်လာမည်ဟု ၀န်ခံပြောဆိုခဲ့သည်။ ရရှီဒ်သည် သူ၏အိပ်စက်မှုကို ခါထုတ်ကာ အဖြေပေးရမည့်နေရာသို့ ထွက်လာပြီး ကောင်းစွာ ဖြေပေးဆောင်ရွက်နိုင်ခဲ့၏။

    နောက်ပိုင်းတွင် သူသည် ကိုနုအား ခေါင်းဆောင်များကို ကျေနပ်လောက်သည့် အဖြေတစ်စုံတစ်ရာ ပေးခဲ့သင့်ကြောင်းနှင့် သူမည်သည်ကို တိုက်ပွဲဝင်သည်နှင့် ပတ်သက်၍ မသိကြောင်းကို မ၀န်ခံသင့်ကြောင်း ညည်းတွားပြောဆိုခဲ့သည်။ သို့သော် ကိုနုသည် ပြုံးရုံမျှပြုံးပြီး “တို့ဟာ တည်ကြည်ဖြောင့်မတ်ရမယ်” ဟု ပြောခဲ့သည်။

    သုံးလမျှသော သပိတ်မှောက်မှုများသည် ရရှီဒ်နှင့် သူ၏အပေါင်းအဖေါ်တို့အတွက် လှုပ်ရှားမှုနှင့် ဖြည့်စည်းပေးမှုများ ဖြစ်ခဲ့ပေသည်။ ရရှီဒ်အဖို့မူ၊ ခါးသီးမှု နာကြင်မှု အတွေ့အကြုံများနှင့် မရောနှောသည့် အောင်မြင်မှုဖြစ်ခဲ့သည်။ ကျောင်းသားထုသည် ၀မ်းမြောက်ဝမ်းသာစွာဖြင့် သူ့နောက်လိုက်ခဲ့ပြီး၊ လှုပ်ရှားမှု၏ မျှော်လင့်ချက်များကို သူ့အပေါ်ထားရှိသောအခါ  မစ္ဆေရသဘောရှိသော လျှားများက ဆက်လက်လှုပ်ရှားလျက်ပင် ရှိခဲ့သည်။ သူသည် “ကုလား”တစ်ဦးဖြစ်သည်ဟု တီးတိုးသံများက ပြန်လည်ထွက်လာပြီး၊ သူသည် ထိပ်ပိုင်းခေါင်းဆောင်မှုအဖြစ် မယုံကြည်သင့်ဟု ပြောလာကြလေသည်။ သေခဲလှသည့် သခင်အချို့က အချို့ကျောင်းသားများ၏စိတ်နှလုံးတွင် အဆိပ်လောင်းကာ သူ့အား ဆန့်ကျင်ရန် သူမသိဘဲ လှည့်လည်လှုံ့ဆော်ခဲ့သည်။ ဆူညံငြင်းခုံသံများ သူ့နောက်ကျောတွင် သူမသိဘဲ ပေါက်ကွဲခဲ့သည်။
    ဥပမာတစ်ခုကို ပြရသော် သာလှ(နောင်တွင် ဒေါက်တာသာလှ ဘူမိဗေဒ ပါမောက္ခဖြစ်လာမည့်သူ)သည် ရရှီဒ်အား အကာအကွယ်ပေးရန်အတွက် တိုက်ခိုက်ရန် ကမ်းဆိုလာခဲ့သည်။ ဒေါက်တာသာလှသည် ထိုစဉ်အခါက သူ၏လက်သီးကို ဆုပ်လျက် အသင့်ရှိနေခဲ့သည်။ သူတို့နှစ်ယောက် အပြင်သို့ ထွက်သွားရလေအောင်၊ ရရှီဒ်သည် ကိုနုအား ထိပ်ပိုင်းခေါင်းဆောင်မှုမှ နှင်ထုတ်ရန် အကြံအစည် ပြုနေသည်ဟုလည်း လုပ်ကြံသတင်းများ ပေါ်ပေါက်နေခဲ့သည်။ ကောလဟာလများကို ရပ်စဲသွားစေရန် သူတို့နှစ်ဦးသည် ထမင်းအတူ စားနေပုံ၊ အတူတကွ ရှိနေပုံများကို သတင်းစာများတွင် ဓါတ်ပုံရိုက် ဖေါ်ပြခံခဲ့ကြရသည်။ မည်သို့ပင်ဆိုစေ ကောလဟလသတင်းများသည် ရရှီဒ်ကို အနည်းငယ်မျှ မထိတို့နိုင်တော့ပါ။ သူသည် စမ်းသပ်ခြင်း ခံခဲ့ပြီးဖြစ်ရာ၊ သူသည် အဆင့်အတန်း အရည်အချင်းရှိကြောင်း သက်သေထူခဲ့ပြီးဖြစ်သည်။
    သပိတ်ကြီး ပြီးမြောက်အောင်မြင်ပြီးနောက်၊ ကျောင်းသားများ မိမိတို့စာမေးပွဲများအတွက် ပြင်ဆင်ရန် အသီးသီး မိမိတို့စာအုပ်များဆီသို့ ပျံ့ကျဲရောက်သွားခဲ့ကြသည်။ စာမေးပွဲကို ရှောင်လွှဲရန်အတွက် ကြိုးစားရန် မလိုအပ်ပေ။ သို့မဟုတ် ခွင့်ပြုချက်ယူရန်လည်းမလို။ လွယ်ကူသည့် အဆင့်အတန်းအတွက် စဉ်းစားရန်လည်း တောင်းဆိုရန်မလို။ အခန်းခွင့်ပြုချက်လည်း မလိုပေ။ ရရှီဒ်သည် ခိုင်မာသည့် အမည်ဂုဏ်ဖြင့် ထွက်ပေါ်လာခဲ့ပေသည်။ ယင်းသည့်အပြင် သူသည် ကောင်းမွန်ပြီး သစ္စာရှိသည့် မိတ်ဆွေများကို ရရှိခဲ့သည်။

    “ကျွန်ုပ်သည် မြန်မာနိုင်ငံအား ချစ်သူအားလုံးကို ချစ်ပါသည်။ ကျွန်ုပ်သည် အားလုံးသော ဂုဏ်ကျက်သရေရှိသူများကို ချစ်သည်။ …..ကျွန်ုပ်သည် ချစ်ပါသည်၊ လေးစားပါသည်။ သင့်နောက်လိုက်ပါသည်။” ဟုကိုနုသည် ရရှီဒ်၏ အမှတ်တရစာအုပ်တွင် ၁၉၃၆ခုနှစ်၊ မေလ(၁၄)ရက်နေ့တွင် ရေးသားခဲ့သည်။

    အနာဂါတ်တွင် ကွန်မြူနစ်ဖြစ်လာမည့် ပုဂ်္ဂိုလ်ပင်လျှင် သူ့အား မမြတ်နိုးဘဲ မနေနိုင်ရာ၊ “ကျွန်ုပ်သင့်ကို နားလည်သဘောပေါက်ပါသည်။ ယင်းသည် လုံလောက်ပေပြီ။” ဗဟိန်းက ရေးသားခဲ့လေသည်။

    အမျိုးသားလှုပ်ရှားမှုတွင် ပိုမိုကျယ်ဝန်းသည့်  အသုံးအနှုန်းအရ၊ ကျော်ငြိမ်းသည် သပိတ်မှောက်သူများ၏စခန်းကို သဘောထားတူညီသူများ၏ တွေ့ဆုံရာကွင်းပြင်၊ တပ်သည် အတူတကွ ရှေ့သို့ချီတက်ရန် ကြီးမားသည့် အခြေခံစခန်း မြင်ပေသည်။ သူသည် “ကုလားနှင့်ဗမာတို့ တွေ့ဆုံသည့် သပိတ်စခန်း”ဟု ရေးသားခဲ့သည်။

    အောင်ဆန်းထံမှမူ အမြဲတမ်း အဖြည့်ပုဒ်အနေဖြင့် မျှဝေခဲ့သည်။ များစွာသော စည်းရုံးရေး လုပ်ငန်းများကို ရရှီဒ်နှင့် အခြားသူငယ်ချင်းများအား လွှဲထားသော သပိတ်ကာလတလျှောက် အမျိုးမျိုးပြောင်းလဲနေပြီး ဆန်းပြားသည့် အောင်ဆန်းသည်လည်း ဤသို့ သဘောထားပေးခဲ့သည်။ “M.A ၏ နောက်တွင် ကျွန်ုတို့၏အမည်မှလွဲ၍ မည်သူ၏အမည်မှ မရှိပေ။ ဤသည်မှာ ကျွန်ုပ်တို့နှစ်ဦးအကြားတွင် အသွင်တူသည့် အချက်တစ်ချက်ပင်ဖြစ်သည်။ သို့သော် အခြားများစွာသော အရာများရှိသည်ကို သင်သိပေမည်။ ကျွန်ုပ်တို့နှစ်ဦးသည် သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့တွင်လည်း အတူတကွ ဆောင်ရွက်ခဲ့ကြသည်။ ထို့အပြင် ကျွန်ုပ်တို့သေသည့်တိုင်လည်း လုပ်ကောင်းလုပ်ရပေမည်။ ”ဟု ရေးသားပြီး၊ ရှားပါးသည့် အပြုံးဖြင့် M.A.San ဆန်းဟု လက်မှတ်ရေးထိုးခဲ့သည်။ (ဦးရရှီဒ်သည်ကား သူ၏အမည်ကိုM.A.Raschidဟု ရေးထိုးလေ့ရှိသည်။)

    ရရှီဒ်ရောက်လာခြင်းကို ဦးကျော်မြင့်သည် ထွေးနွေးစွာ ကြိုဆိုခဲ့သည်။ သူက “ကျွန်ုပ်တို့သည် သင့်အား ညီကိုတော်တစ်ယောက် အနေဖြင့်လည်းကောင်း၊ တက်ချင်းတွဲသည့် ညီနောင် အနေဖြင့်လည်းကောင်း ကြိုဆိုပါသည်။” ဟု ဆိုခဲ့သည်။ ၄င်းတို့နှစ်ဦး၏ မိသားစုတို့သည် မိတ်ဆွေများဖြစ်ကြပြီး ယခုသော်ကား၊ ငယ်ရွယ်သည့် မိတ်ဆွေလေးသည်လည်း ရဲဘော်ဖြစ်ခဲ့ပေပြီး။
    (ကျွန်ုပ်ကြားဖူးသည်မှာ ထိုစဉ်က မြန်မာနိုင်ငံတွင် ဦးကျော်မြင့်နှင့် ဦးရရှီဒ်၏အစ်ကို Mr. ßGauf တို့နှစ်ဦးသာလျှင် Barr at Law ဘွဲ့ကို ရရှိခဲ့သူများဟူ၍ ဖြစ်သည်။ စာရေးသူ)

    ခွေးဘီလူးဟောင်ခြင်းကို မညှာမတာ သူ၏ကလောင်ဖြင့် ဆုတ်ဖြဲခဲ့ပြီး၊ သပိတ်ကို လှုံ့ဆော်ခဲ့သူ ညိုမြသည် ရရှီဒ်အပေါ်တွင် နှစ်ခြိုက်ပီတိအပြည့်ဖြင့် ချီးကျူးရန် မလုံလောက်သော်လည်း ပေါက်ကွဲကာ တစ်ဦးတစ်ယောက်၏ ကဗျာကို ကူးယူ၍ ကဗျာရေးသားခဲ့သည်။ သူသည် တစ်နေရာရာတွင် ဖတ်ခဲ့ရာ၊ ယင်းသည်လည်း ယခုတိုင် တစ်စုံတစ်ရာကဗျာ ဖြစ်ခဲ့လေသည်။
    “ထို့အပြင် ကျွန်ုပ်သည် ရရှီဒ်ကို ရဲဘော်တစ်ဦးကဲ့သို့ ချစ်ပါသည်။
    ကျွန်ုပ်သည် ရရှီဒ်ကို ခေါင်းဆောင်တစ်ဦးအနေဖြင့် ရိုသေကျိုးနွံပါသည်။
    အသင့်ကို ကျွန်ုပ်မေ့ခဲ့သော်၊ အို-ရရှီဒ် ကျွနုပ်၏ လက်ျာလက်သည် သူ၏ လိမ္မာပါးနပ်မှုကို မေ့လျော့ပါစေသား။” ဟု ရေးသားခဲ့လေသည်။

    ညိုမြ၏လက်ျာလက်သည် သူ၏လိမ္မာပါးနပ်မှုကို မမေ့ခဲ့ပေ။ အမှန်တကယ်ပင် သူသည် သူ၏ သူရဲကောင်းကို မမေ့ခဲ့ပေ။

    ဤသပိတ်မှောက်မှုသည် အောင်မြင်မှုတစ်ခု ဖြစ်ခဲ့သည်။ ထုတ်ပယ်မှုများကို ပြန်လည် ရုပ်သိမ်းခဲ့သည်။ တက္ကသိုလ်၏ အခြေအနေများသည် ပိုမို တိုးတက်လာခဲ့သည်။ စုံစမ်းရေး ကော်မရှင်သည် ကျန်ရှိနေသည့် ပြဿနာများကို တစိတ်တပိုင်းစီ စုံစမ်းစီစစ်လျက် ရှိခဲ့သည်။ ကျောင်းသားခေါင်းဆောင် ကိုနုနှင့် ရရှီဒ်တို့သည်ကို ကော်မရှင်တွင် ဖိတ်ကြားခြင်းခံရပြီး၊ သူတို့၏ အရေးကိစ္စများကို သူတို့ကိုယ်တိုင် ဆုံးဖြတ်စေခဲ့သည်။ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ၏ ကိုယ်စားလှယ်တစ်ဦးကိုလည်း တက္ကသိုလ် အာဏာရှိ အုပ်ချုပ်မှုအဖွဲ့တွင် ခုံတစ်နေရာပေးခြင်း ခံခဲ့ရသည်။ ရရှီဒ်သည် ပထမဦးဆုံးသော အစည်းအဝေးတိုင်ပင်ခံအဖြစ် တက္ကသိုလ်ကျောင်းသားများသမဂ္ဂ၏ အမည်တင်သွင်းမှုဖြင့် ရရှိခဲ့သည်။ ရရှီဒ်အား သည့်ထက်ပို၍ သူ၏မိတ်ဆွေများ သူ့အပေါ်တွင် ယုံကြည်မှုကို သက်သေအထင်အရှား ပြခဲ့ကြလေသည်။ သပိတ်ကြီးပြီး၍ မကြာမီနောက် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂကို ဖွဲ့စည်းခဲ့ကြသည်။ ဤနေရာတွင်လည်း ရရှီဒ်သည် ပထမဆုံးသော ဥက္ကဌအဖြစ် တညီတညွတ်တည်း ရွေးကောက်တင်မြှောက်ခြင်းကို ခံခဲ့ရသည်။

    အကယ်၍ မစ္စတာရရှီဒ်၏ အကြောင်းကို အပြည့်အ၀ ပြောရမည်ဆိုပါက၊ ယင်းသည် မဖြစ်နိုင်ပေ၊ အဘယ်ကြောင့်ဆိုသော်၊ ၄င်း၏ဘ၀ကားချပ်သည် ယခုတိုင် လိပ်ခေါက်တင်ထားလျက်ပင် ရှိသေးသည်။ ဤသည်မှာ ယင်းအစပြုသော နေရာပင်ဖြစ်သည်။ သပိတ်မှောက်ခြင်းသည် ကြီးမားသည့် အဖြစ်အပျက်တစ်ခု ဖြစ်ပြီး၊ သူသည် ယင်းအဖြစ်အပျက်၏ အရေးပါသည့် ကဏ္ဍမှ ပါဝင်သူတစ်ဦး ဖြစ်သည်။ သို့သော် ယင်းသည် သူ၏ အကြောင်းအရာအပြည့်အစုံ မဟုတ်သေးပေ။ သပိတ်သည် သူ့အား ရှေ့သို့တွန်းပို့ခြင်းလည်း ဖြစ်နိုင်ပေသည်။ တင်ဆက်ခဲ့ခြင်းလည်း ဖြစ်နိုင်ပေသည်။ သို့သော် လုပ်ဆောင်မှုတစ်ခုသည် ယင်းကို တင်ဆက်ခြင်းတစ်ခုတည်းဖြင့် မပြီးဆုံးနိုင်ပေ။ အနည်းဆုံး မစ္စတာရရှီဒ်၏ ကိစ္စရပ်တွင် ဖြစ်သည်။ သူ၏ဥပဒေဘွဲ့ကို ယူခဲ့ပြီးသည့်နောက် သူသည် လက်တွေ့ကျင့်သုံးရန် ပြုလုပ်ခဲ့တော့သည်။ ပထမသူသည် အငယ်တန်းအဖြစ်နှင့် လုပ်ဆောင်ခဲ့ပြီး၊ နောက်ပိုင်းတွင် ယခုအခါတွင် ရန်ကုန်မြို့၏ ပြောင်မြောက်ထူးချွန်သော ၀တ်လုံတော်ရတစ်ဦး ဖြစ်နေပြီဖြစ်သည့် သူ၏အစ်ကိုရအူးဖ်နှင့် တွဲဖက်လုပ်ကိုင်ခဲ့သည်။ ဥပဒေရေးရာသည် သူ့ကိုဆွဲဆောင်ခဲ့ပြီး၊ သူသည်ကောင်းမွန်စွာ လုပ်ဆောင်နိုင်ခဲ့ကာ ပထမနှစ်၌ပင် အခွန်ဆောင်နိုင်လောက်သည့် ၀င်ငွေကို ရှာဖွေလုပ်ကိုင်ရရှိခဲ့သည်။ သို့သော် ဥပဒေသည် သူအားလုံလောက်သည့် စိတ်ဝင်စားမှု မပြုခဲ့ပေ။ ပိုမိုကျယ်ဝန်းသည့် လူထုအကျိုးပြုလုပ်ငန်းသည် ၄င်းအား ဖြားယောင်းဆွဲဆောင်လျက် ရှိခဲ့သည်။ အလုပ်သမားအဖွဲ့အစည်းသည် သူ၏ပထမဆုံးသော စိတ်ဝင်စားမှုဖြစ်သည်။ ထို့နောက် လူမှုရေးဆိုင်ရာ လုပ်ဆောင်မှုတွင် သူနှင့်သူ၏ဇနီးတို့ သွက်လက်စွာ ပါဝင်လှုပ်ရှားခဲ့ကြသည်။ အောင်ဆန်း၊ ကိုနုနှင့် အခြားကဲ့သို့သော သူ၏ရဲဘော်တို့သည် သခင်များ၊ တော်လှန်ရေးသမားများ ဖြစ်နေကြပြီး ထိုအချိန်က သူ့အား ဆက်လက်တွေ့ဆုံနေကြပြီး၊ ဆွေးနွေးတိုင်ပင်ကြကာ၊ သူ့အပေါ်တွင် ရံပုံငွေရှာဖွေရေးမိသားစုအဖြစ် မှီခိုနေခဲ့သော်လည်း သူသည် အဖွဲ့အစည်း၊ နိုင်ငံရေးတို့ကို ရှောင်ဖယ်ခဲ့သည်။

    စစ်ကြီးဖြစ်ပေါ်ခဲ့သည်။ ရရှီဒ်မိသားစုသည် တဖြည်းဖြည်းနှင့် မြစ်ကြီးနားသို့ ဆုတ်ခွာသွားစေခဲ့သည်။ သူတို့၏ စိတ်ဆန္ဒမပါဘဲ၊ နောက်ဆုံးတွင် သူတို့အား အိနိ္ဒယနိုင်ငံနယ်စပ်ကို ဖြတ်ကျော်လျက် တွးန်ပို့ခြင်း ခံခဲ့ရလေသည်။ စစ်ကာလများသည် သူတို့အဖို့ မိမိတို့အိမ် မြန်မာနိုင်ငံသို့ ပြန်ရန် စောင့်မျှော်နေရသည့် အချိန်ကာလဖြစ်သည်။ သို့ဖြင့် သူတို့သည် ရန်ကုန်သို့ ပြန်ရောက်ခဲ့ကြသည်။ အောင်ဆန်းဆီသို့ ပြန်ရောက်ခဲ့သည်။ (အောင်ဆန်းသည် မစ္စတာ ရရှီဒ်ကို အိနိ္ဒယနိုင်မှ ဆင့်ခေါ်ကာ၊ ကက်ဘိနက် အစည်းအဝေးတစ်ခုသို့ ကြားဖြတ်ဝင်ရောက်စေခဲ့ပြီး၊ အတိတ်နှင့် အနာဂါတ်အကြောင်း ပြောဆိုခြင်းပြုခဲ့သည်)။
    (ယင်းကိစ္စနှင့်ပတ်သက်၍ ဦးရရှီဒ်သည် အိနိ္ဒယနိုင်ငံတွင် နေရူဟ်၏ လက်အောက်တွင် လုပ်ကိုင်နေစဉ်၊ ဗိုလ်ချုပ်အောင်ဆန်းက နေရူဟ်မှတစ်ဆင့် ဦးရရှီဒ်အား သံကြိုးရိုက်ခေါ်ယူခဲ့သည့် သံကြိုးစာကို ဦးရရှီဒ်သည် ထိုစဉ်က ၄င်း၏စာတမ်းစာရွက်များကို ပြုစုပေးနေကြသည့် ကျွန်တော်အပါ အခြားလူငယ်ကို ပြသခဲ့လေသည်။ စာရေးသူ)

    သူသည် မိမိအလုပ်သို့ ပြန်၍ ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ အောင်ဆန်းသည် မိမိ၏ရဲဘော်ကြီးအား အလုပ်သမားဝန်ကြီးတစ်ဦး၊ သို့မဟုတ် ကက်ဘိနက်၏ အလုပ်သမားရေးရာ အကြံပေးအရာရှိတစ်ဦး ဖြစ်စေခြင်းသည်။ သို့သော် မစ္စတာ ရရှီဒ်သည် ပြင်ပမှ တရားမ၀င်တစ်ဦးအနေဖြင့် လုပ်ကိုင်ခြင်းကို ရွေးချယ်ခဲ့သည်။ အလုပ်သမားဥပဒေ ပြန်လည်ပြင်ဆင်မှု၊ စက်မှုလက်မှုဆိုင်ရာ ရုံးတော်၊ ကုန်သွယ်ရေးသမဂ္ဂများနှင့် အခြားအလုပ်သမားအကြောင်းအရာများသည် စိတ်ဝင်စားဖွယ်ရာ တောင်းဆိုမှုများသည် သူ့အချိန်တွင် တိုးမြင့်မှု ဖြစ်ပေါ်လာခဲ့သည်။ သို့သော် ယင်းသည် အချိန်ကို ကောင်းစွာ အသုံးချရသည့် အချိန်ဖြစ်သည်။ ဗိုလ်ချုပ်အောင်ဆန်း ကျဆုံးခဲ့ပြီး၊ ရရှီဒ်သည် ဆက်လက်၍ အောင်ဆန်းသူ့မှတ်တမ်းစာအုပ်တွင် ကြိုတင်ဟောသကဲ့သို့ ရေးသားခဲ့သည့်အတိုင်း၊ သူတို့ နှစ်ဦးသည် အတူတကွ သေသည့်တိုင် သို့မဟုတ် ကွဲကွာသွားသည့်တိုင် လုပ်ဆောင်မည်ဟု အောင်ဆန်းက ရေးသားခဲ့ခြင်းကို ဆက်လက် အကောင်အထည် ဖေါ်ခဲ့ခြင်းဖြစ်သည်။

    ဦးနုသည် အားလုံးတို့တွင် ပင်ကိုယ်စွမ်းရည်၌ အကောင်းဆုံးသော စောင့်ကြပ်ကြည့်ရှုသူဖြစ်ရာ သူသည် မစ္စတာရရှီဒ်ကို ကက်ဘိနက်ဝန်ကြီးအဖွဲ့အတွင်းသို့ ခေါ်ဆောင်လာပြီး အလုပ်သမားများရေးရာများကို ကိုင်တွယ်စေခဲ့သည်။ ၀န်ကြီးတစ်ဦးအနေဖြင့် မစ္စတာရရှီဒ်သည် ကြိုးကြိုးပန်းပန်း လုပ်ဆောင်ခဲ့ပြီး အမြောက်အများကိုလည်း ပြီးမြောက်အောင်မြင်စွာ လုပ်ဆောင်နိုင်ခဲ့လေသည်။ မကြာခဏဆိုသလို၊ ဟိုမှသည်မှ သူသည် ကုလားဖြစ်သည်ဆိုသည့် ဝေဖန်မှုများ၊ အသံများသည် ပြန်လည် ထွက်ပေါ်လာပြန်သည်။ သူသည် ကုလားဖြစ်ရာ ကုလားများကို မျက်နှာသာပေးခဲ့သည်။ သို့မဟုတ် ကုလားတစ်ယောက်ဖြစ်နေသည့်အတွက် ၀န်ကြီးအဖွဲ့အတွင်း၌ မရှိသင့်ဟု ပြောလာကြပြန်သည်။ ကံကောင်းထောက်မစွာဖြင့် ဦးနုနှင့် သူ၏ရောင်းရင်းများနှင့် နိုင်ငံတော်သည် ယင်းဝေဖန်မှုများကို မသိကြိုးကျင်ပြုရန် လုံလောက်လှပေသည်။
    နိုင်ငံတော်ဝန်ကြီးအဖွဲ့တွင် ယနေ့ ”ကုလားသွေးပါသူများ” နှင့် တရုပ်သွေးပါနေသူများနှင့် အဖွဲ့ဝင်များသည် မတူခြားနားသည့် လူမျိုးစုအုပ်စုများအား ကိုယ်စားပြုလျက် ရှိပေသည်။ ထို့အပြင် မြန်မာ့အရေးအကြောင်းများကို စိတ်ထားကျဉ်းမြောင်းပြီး ကန့်သတ်မှု အရေအတွက်သာရှိသည့် အသိုင်းအ၀န်း “ဗမာစစ်စစ်” များက ကိုင်တွယ်ဖြေရှင်းသည့် နေ့သည် ၀မ်းနည်းဖွယ်ရာနေ့ ဖြစ်ပေမည်။ “ထိုကဲ့သို့သော တိရစ္ဆာန်တစ်ကောင် အကယ်၍ ရှိခဲ့သော်”  ကျန်ရှိသည့်အချက်များသည် ဖေါ်ပြပါ စာရင်းအတိုင်းပင်ဖြစ်သည်။

    အလုပ်သမားရေးရာများနှင့် အိုင်အလ်အို (I.L.O) ၊(I.L.O တွင်ဥက္ကဌလုပ်ခဲ့စဉ်တုန်းက သူ၏ အစည်းဝေးပွဲများတွင် မည်သူမျှ အရက်သေစာဖြင့် ဧည့်ခံခြင်းမခံရပေ။ အားလုံးကို အချိုရည်များဖြင့်သာ ဧည့်ခံခဲ့သည်။ စာရေးသူ) အိမ်ရာဆောက်လုပ်ရေး၊ အဆောက်အဦးစီမံကိန်းများ၊ ကုန်သွယ်ရေးတိုးတက်မှုနှင့် နိုင်ငံရေးဆိုင်ရာသက်သက် လွတ်ငြိမ်းချမ်းသာခွင့်၊ မလိုလားအပ်သည့် လာဘ်ပေးလာဘ်ယူမှုများ၊ သွင်းကုန်နှင့်ထုတ်ကုန်လိုင်စင် ထုတ်ပေးရာတွင် နည်းလမ်း၊ စည်းစနစ်များကို မိတ်ဆက်ပေးခြင်း(ယင်းတို့သည် ခွာချခဲ့သည်သူတို့၏ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ခြိမ်းခြောက်ငွေတောင်းခံသူများ၏ ကန့်ကွက်မူးရှသံကို ထွက်ပေါ်လာစေမည် ဖြစ်သည်)။
    ဆန်များရောင်းချရန် အိနိ္ဒယနိုင်ငံသို့ မကြာမကြာ လေယာဉ်ခရီးများသွားရခြင်း။ ကျောက်တုံးကဲ့သို့သော မာကျောသည့် အိနိ္ဒယစားနပ်ရိက္ခာဆိုင်ရာ ၀န်ကြီးပင် မစ္စတာရရှီဒ်၏ မြန်မာနိုင်ငံမှ ဆန်ဝယ်ယူရန် စာချုပ်ကို လက်မှတ်ရေးထိုးလောက်အောင် တရားဟောဆွယ်မှုအပေါ် လှုပ်ရှားစိတ်ပျော်သွားခဲ့ရသည်။ ထို့အပြင် ဟင်ဒွဆ်သာန်စံနှုန်း သတင်းစာအယ်ဒီတာ ကဏ္ဍတွင် ”ရရှီဒ်သည် မှန်ကန်ပေသည်။ သူက သူသည် သဘောတူစာချုပ်တစ်ခု ချုပ်ဆိုမှုရရှိမည်ဟု ဆိုခဲ့သည်။ သူရရှိခဲ့သည်။)

    အိနိ္ဒယမှချေးငွေရရှိခဲ့ခြင်း။
    မကြာသေးမီက အမျိုးသားရေး ရွေးကောက်ပွဲတွင် ရန်ကုန်တွင် သူသည် မြောက်များစွာ ထောက်ခံမှု မဲအများဆုံးရရှိကာ အောင်နိုင်ခဲ့ခြင်း။ ယခုအခါ သတ္ထုတွင်းဝန်ကြီးဌာန၊ ၀န်ကြီးဖြစ်လာသောအခါ၊ ၀န်ကြီးများလာရောက်ခြင်း ရှားပါးစွာခံရသည့် ထားဝယ်၊ မော်ချီ၊ ကလေးဝနှင့် အခြားဝေးကွားလှသည့် နေရာများသို့ သွားရောက်ကြည့်ရှု စစ်ဆေးခဲ့လေသည်။ အရည်အချင်းနှင့် ခက်ခဲစွာ လုပ်ရမည့်အလုပ်များဖြင့် အောင်မြင်နိုင်သည့် နေရာများတွင် မစ္စတာရရှီဒ်သည် ထိုနေရာများတွင် သူ့၌ အဆုံးအစမရှိသည့် လိုအပ်ချက်များ သိုလှောင်ထားရှိမှုနှင့် အရည်အချင်းရှိခြင်းတို့သည် မစ္စတာရရှီဒ်တွင် ရှိပေသည်။

    မြန်မာမှုပြုရာတွင် အားတက်သရောရှိသည့် ဦးနုသည် သူ၏မိတ်ဆွေ မစ္စတာရရှီဒ်ကို ဦးရန်ရှင်း (အန္တရာယ်ကင်းရှင်းသူ) ဟူသည့် အမည်ပြောင်းရန် လိုလားခဲ့သည်။ ရရှီဒ်သည်ကား သူ၏မွေးအမည်ပေါ်တွင် သစ္စာရှိလှပေရာ၊ ယင်းကို လက်မခံသော်လည်း သူ၏အမည်ရှေ့တွင် “ဦး”တပ်ကာ အလျှော့ပေး လိုလိုလားလား လက်ခံခဲ့သည်။ ထို့အပြင် သူ၏ရင်းမြစ်ပေါ်သို့ သစ္စာရှိမှုများသည် သူရွေးချယ်သည့် အမိမြေအပေါ် သစ္စာရှိမှုကို ထက်မြက်စေသည်။ သူ၏ မွတ်စလင်မ်ဖြစ်ခြင်းအပေါ် သစ္စာရှိခြင်း၊ သူ၏ မှန်ကန်မှုဖြစ်ခြင်းနှင့် သတ္တိတို့သည် သူ့အား မြန်မာနိုင်ငံ၏ ထွန်းတောက်သည့် ခေါင်းဆောင်တစ်ဦးဖြစ်ခြင်း တန်းဖိုးအဖြစ် တည်ရှိနေပေသည်။

    (ဖေါ်ပြပါ အကြောင်းအရာအားလုံးသည် ဒေါက်တာမောင်မောင်၏ ဆောင်းပါး၌ ရရှိသည့် အကြောင်းအရာ ရေးသားချက်များပင်ဖြစ်ပါသည်။)
    ၁၉၅၆ခုနှစ် ဒီဇင်ဘာလထုတ် အမှတ်စဉ်(၁၄)မှ ဒေါက်တာမောင်မောင်၏ THE GUARDIANမှ (Profile-U RASCHID)

  • ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အခမ်းအနား ကျင်းပမည်

    ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ် ရာပြည့် အခမ်းအနား ကျင်းပမည်

    နိုဝင်ဘာ၊ ၂၊ ၂၀၁၂
    M-Media
    သတင်း – အေးမောင်
    ရန်ကုန် ။     ။ ဗ.က.သ/တ.က.သ ဥက္ကဋ္ဌ ဦးရာရှစ်(၁၉၁၂-၂၀၁၂) ရာပြည့်အခမ်းအနားတစ်ရပ်ကို နိုဝင်ဘာလ (၅)ရက် နေ့တွင် ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း သတင်းရရှိပါသည်။

    ဦးရာရှစ် ရာပြည့်အခမ်းအနားအား  နိုဝင်ဘာလ (၅)ရက် နေ့လည် (၂)နာရီတွင် ရန်ကုန်မြို့၊ ဗဟန်းမြို့နယ် ရွှေဂုံတိုင်ရှိ တော်ဝင်နှင်းဆီခန်းမ၌ ကျင်းမည်ဖြစ်သည်ဟု သိရှိရပါသည်။

    အခမ်းအနားကျင်းပရခြင်းမှာ ရည်ရွယ်ချက်(၃)ရပ်ရှိကြောင်း၊

    (၁) ဒုတိယကျောင်းသားသပိတ်ခေါင်းဆောင်၊ တ.က.သ ဥက္ကဌနှင့် ပထမဆုံး ဗ.က.သ ဥက္ကဌ၊ အမျိုးသားလွတ်မြောက်ရေးနှင့် ပါလီမန် ဒီမိုကရေစီစနစ်ကို ကာကွယ်စောင့်ရှောက်ရာတွင် ထင်ရှားခဲ့သော ဦးရာရှစ်၏ ရာပြည့်နေ့ကို ဂုဏ်ပြုသောအားဖြင့် ထိုအခမ်းအနားကို ကျင်းပရခြင်း၊
    (၂) ခေတ်အဆက်ဆက် ကျောင်းသားသမဂ္ဂ မျိုးဆက်များအကြား ပိုမိုထိတွေ့ရင်းနှီးမှုရှိစေရန်၊
    (၃) ကျောင်းသားသမဂ္ဂ၏ အခန်းကဏ္ဍနှင့် သမိုင်းကြောင်းများကို မျိုးဆက်သစ်များ ပိုမိုသိရှိလာစေရန်အတွက် ရည်ရွယ် ကျင်းပရခြင်းဖြစ်ကြောင်းကို အခမ်းအနား ဖြစ်မြောက်ရေး စီစဉ်သူတစ်ဦးမှ ပြောပြပါတယ်။

    ကျောင်းသား အဖွဲ့အစည်းများ တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ ပေါ်ပေါက်လာပုံ

    ရန်ကုန်တက္ကသိုလ် စတင်တည်ထောင်စဉ်က တက္ကသိုလ် အာဏာပိုင်များတွင် ကျောင်းသားများအတွက် အဖွဲ့အစည်းတစ်ရပ် ရှိသင့်သည်ဟူသော အယူအဆရှိခဲ့သော်လည်း အကောင် အထည်မပေါ်ခဲ့ပေ။ တက္ကသိုလ် အဓိပတိဖြစ်သော ဘုရင်ခံဆာဟာကုတ်ဘတ်တလာ၏ မေတ္တာရပ်ခံချက်အရ ဒေါက်တာဦးညိုက တက္ကသိုလ်ကျောင်းသားများ အသင်းတိုက်တစ်ခု  တည်ဆောက်ရန်ငွေကျပ် ၁၇၀၀၀၀ ကို လှူဒါန်းခဲ့သည်။ ထိုငွေဖြင့် ၁၉၂၉-ခုနှစ်တွင် အသင်းတိုက်ကို စတင်တည်ဆောက်ခဲ့ ရာ ၁၉၃၀-ပြည့်နှစ်အတွင်း ပြီးစီးသည်။ ၁၉၃၀-ပြည့်နှစ် စက်တင်ဘာလ ၂၀-ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အားကစားရုံ၌ ကျင်းပသည့် ကျောင်းသားထု အစည်းအဝေးက တက္ကသိုလ်ကျောင်းသားများသမဂ္ဂဖွဲ့စည်းရန် ဆုံးဖြတ်ပြီး အဖွဲ့ဝင် ၁၂- ဦးပါသော သမဂ္ဂစည်းမျဉ်းရေးဆွဲရေး ကော်မတီကို ဖွဲ့စည်းလိုက်သည်။ ထိုကော်မတီက ရေးဆွဲသည့် သမဂ္ဂစည်းမျဉ်းဥပဒေကို ၁၉၃၁-ခုနှစ် ဇန်န၀ါရီလ ၉-ရက်နေ့တွင် ကျင်းပသော  ကျောင်းသားထု အစည်းအဝေးက လက်ခံအတည်ပြုလိုက်ပြီး ဥက္ကဋ္ဌအဖြစ် ကိုကျော်ခင်၊ အတွင်းရေးမှူးအဖြစ် ကိုရာရှစ်တို့ ဦးဆောင်သော သမဂ္ဂ အမှုဆောင်ကော်မတီကို ဖွဲ့စည်းလိုက်ခြင်းအားဖြင့် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (တကသ)ဟူ၍ တရားဝင်ပေါ်ပေါက်လာခဲ့သည်။ ဆောက်လုပ်ပြီးစီးပြီးသော တက္ကသိုလ် ကျောင်းသားများ အသင်းတိုက်ကိုလည်း တက္ကသိုလ် ကျောင်းသားများ သမဂ္ဂသို့ လွှဲပြောင်းပေးခဲ့သည်။

    မှတ်ချက် – ကိုကျော်ခင်သည်လည်း အစ္စလာမ်ဘာသာဝင်ပင်။

    ရန်ကုန်တက္ကသိုလ်သမိုင်း (၁၉၂၀-၁၉၉၅) ရန်ကုန်တက္ကသိုလ် (၇၅)နှစ်မြောက်စိန်ရတုသဘင် ရန်ကုန် တက္ကသိုလ်သမိုင်းနှင့် အထိမ်းအမှတ် စာစောင်များ ပြုစုထုတ်ဝေရေး လုပ်ငန်းကော်မတီ။

    ဦးရာရှစ်အကြောင်းပိုစ်များဖတ်လိုလျင် http://www.m-mediagroup.com/news/tag/urashid

    ၀၀၁

  • ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး၏ ခေါင်းဆောင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏  ဗိသုကာဖခင်ကြီး တစ်ဦးဖြစ်သူ ဦးရာရှစ်

    ဒုတိယအကြိမ် ကျောင်းသားသပိတ်ကြီး၏ ခေါင်းဆောင်၊ လွတ်လပ်သော မြန်မာနိုင်ငံတော်၏ ဗိသုကာဖခင်ကြီး တစ်ဦးဖြစ်သူ ဦးရာရှစ်

     

    ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ ဦးရာရှစ်(လယ်) နှင့် သခင်အောင်ဆန်း(ဘေးကပ်လျက်)။တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သား သပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ 

    “ … ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂကြီး၏ ပထမဆုံးဖြစ်သော ညီလာခံကို မန္တလေးမြို့တွင် စတင်ကျင်းပရန် နေ့ရက်များပင် ကန့်သတ်ပြီးခဲ့ပြီ။

    … မန္တလေးမြို့၌ နွေရာသီအတွင်း ပထမဆုံးဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားညီလာခံကျင်းပ ကြလေပြီ။ မစ္စတာရာရှစ်အား ဥက္ကဋ္ဌ၊ ကိုအောင်ဆန်းအား အတွင်းရေးမှူးအဖြစ် ရွေးချယ်ကြ၏။

    “ …မာလိန်မှူး ကိုနု နှင့် ပဲ့ကိုင် ကိုအောင်ဆန်း တို့ ခေါင်းဆောင်သော သပိတ်ကရ၀ိတ်ဖောင် တော်ကြီးသည် မြန်မာပြည်တခွင် ပြဲပြဲစင်အောင် အနှံ့အပြား ရွက်တိုက်ခဲ့၏။ အနယ်နယ်က ကျောင်းသားများပါ သပိတ်မှောက်ကြ၏။ သပိတ်အင်အား တစ်နေ့တခြား တိုးတက်ကြီးမားခဲ့၏။ ရှေးက သပိတ်မျိုးမဟုတ်၊ အကြံသစ်ဥာဏ်သစ် ခြေလှမ်းသစ်များနှင့် တိုက်ပွဲကို ဆင်နွှဲကာ အရေးဆိုလျက်ရှိ၏။ ဤအချင်းအရာများကို ကြည့်ခြင်းအားဖြင့် ကိုနု၊ ကိုရာရှစ်၊ ကိုအောင်ဆန်း၊ ကိုလှဖေ၊ ကိုအုန်း၊ ကိုကျော်ငြိမ်း၊ ကိုသိန်းဖေ၊ ကိုထွန်းအုန် တို့ ကြံရည်ဖန်ရည် ပေါ်လွင်စေ၏။ အစိုးရစုံထောက်ကိုပင် တုံ့ပြန်စုံထောက်၍ ဘုရားစောင်းတန်းမှ နှင်ထုတ်ခဲ့၏။ တက္ကသိုလ်အာဏာပိုင်တို့၏ အကြံအစည်ကို ညဥ့်တွင်းချင်း သိနိုင်ခဲ့၏။ ကျောင်းသားတို့၏ စိတ်ဓာတ်အမြဲ တက်ကြွစေခဲ့၏ ။” (ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတိ္တ၊ ရဲဘော်စာအုပ်တိုက်၊ ၁၉၅၁ နိုဝင်ဘာ၊ တည်းဖြတ်သူ သခင်ကိုယ်တော်မှိုင်း၊ စာ ၅၄ )

    “ .. နောက် သည်နှစ်ပြီးတော့ ၁၉၃၅-၃၆ ခုနှစ်မှာ တက္ကသိုလ်သမဂ္ဂအသင်း ရွေးကောက်ပွဲလုပ် ကြသည်။ သည်ရွေးကောက်ပွဲမှာကိုအောင်ဆန်းတို့ ကိုကျော်ငြိမ်းတို့ ကိုသိန်းဖေ တို့ စီမံချက်တိုက်တွန်း ချက်အရ ကျွန်တော်က ဥက္ကဋ္ဌအဖြစ် အရွေးခံတယ်။ ကိုအောင်ဆန်း တို့၊ ကိုကျော်ငြိမ်းတို့၊ ကိုသိန်းဖေ တို့ မစ္စတာ ရာရှစ်တို့က အမှုဆောင်လူကြီးများအဖြစ် ၀င်ပြီး အရွေးခံတယ်။ အားလုံး ကျွန်တော်တို့ လူချည်းပဲရပါတယ်။ ( ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ကြီးများ ကျဆုံး၍ ကြေကွဲဝမ်းနည်းကြောင်း အဆို သခင်နု တင်သွင်းခဲ့စဉ်က ပြောစကားမှ စာ ၂၀၂ )

    ဒုတိယအကြိမ်၊ ကျောင်းသားသပိတ်ကြီးနှင့် မြန်မာနိုင်ငံလုံးဆိုင်ရာ ပထမအကြိမ် စတင်ဖွဲ့စည်းသည့် ကျောင်းသားသမဂ္ဂတို့နှင့်ပတ်သက်၍ တင်ပြလိုပါသည်။

    ရန်ကုန်တက္ကသိုလ်ကျောင်းသားသမဂ္ဂတွင် ဦးနု-ဥက္ကဋ္ဌ၊ အမ် အေ ရာရှစ် ဒု-ဥက္ကဋ္ဌ၊ ဦးအောင်ဆန်း-အတွင်းရေးမှူး၊ ဦးအုန်း – ငွေထိန်း၊ အမှုဆောင်များအဖြစ် ဦးသီဟန်၊ ဦးထွန်းတင်၊ ဦးဘခက်၊ ဦးထွန်းအုံ၊ ဦးသာလှ တို့ အရွေးချယ်ခံရသောနှစ်ပင်ဖြစ်ပါသည်။

    တက္ကသိုလ်ကျောင်းသားသမဂ္ဂ၏ အိုးဝေမဂ္ဂဇင်းထုတ်ဝေရေးတွင် ဦးအောင်ဆန်း အား တာဝန်ခံ အဖြစ် ပေးအပ်ခံရသည်။ တက်္ကသိုလ်၏ မျက်မှောက်ရှုပ်ထွေးပွေလီမှုများကို လှောင်ပြောင်ထိုးနှက်သည့်  ( Hell Hound of Large ) “ငရဲခွေးကြီး လွတ်နေပြီ ” ဆောင်းပါးရှင်အား ဖော်ထုတ်ပေးရန် ကျောင်းအုပ်ကြီး မစ္စတာ ဒီဂျေ စလော့ဒ် ၏ မေးမြန်းချက်ကို ငြင်းဆိုခဲ့သော ဦးအောင်ဆန်းအား တက္ကသိုလ်မှ ထုတ်ပယ်ပစ်လိုက်သည်။

     

    အိုးဝေ ဦးညိုမြ ၏ ကိုယ်တိုင်ရေးအတ္ထုပ္ပတိ္တအကျဉ်းချုပ်မှ ကောက်နုတ်ချက်

    (၁၉၃၅)ခုနှစ်တွင် ကိုအောင်ဆန်း က တက္ကသိုလ်သမဂ္ဂအဖွဲ့၌ အယ်ဒီတာလုပ်ရန် ကျွန်တော့်ထံ လာရောက်စည်းရုံး၏။ ကျွန်တော် က အိုင်အေ မအောင်သေး၍ ထိုနှစ်အဖို့ သူပင် အယ်ဒီတာလုပ်ပါ။ ရှေ့နှစ်ခါမှ လုပ်ပါရစေဟု အပေးအယူ မျှတသွား၏။

    ထိုသို့ သူနှင့်ကျွန်တော် ပူးတွဲမိရာမှ သမဂ္ဂ မဂ္ဂဇင်း၌ (ငရဲခွေးကြီး လွတ်ပြေးနေပြီ) ဟူသော ဆောင်းပါးပါရှိကာ မဂ္ဂဇင်းထွက်ပေါ်ချိန်၌ ၁၉၃၆ ခု၊ ရန်ကုန်တက္ကသိုလ်သပိတ် ဖြစ်ပွားရလေသည်။

    ထိုနှစ်က ကျောင်းသားလောကတွင် လှုပ်ရှားမှုများရှိရာ သခင်တို့၏ နိုင်ငံရေးလှုံ့ဆော်မှုများလည်း ရှိ၏။ တက်္ကသိုလ်၌လည်း အလိုတော်ရိကျောင်းသားများနှင့် သမဂ်္ဂအုပ်စုတို့၏ ပဋိပက်္ခများလည်း ရှိ၏။ ကျောင်းတက်ချိန်၌ တက်သူ၊ မတက်သူများ နာမည်ခေါ်ချိန်တွင် အင်္ဂလိပ်လို Present Sir (ရှိပါသည်ခင်ဗျား)ဟု ဆိုရမြဲဖြစ်ရာ ကျောင်းသားတစ်ဦးက (Sir ဆာ)ဟူသော စကားလုံးကို ချန်လှပ်ခဲ့သည်ဆိုကာ ကျောင်းထုတ်၏။ ထို့နောက် ကောလိပ်ကျောင်း၌ ကြေညာချက်များ ကပ်ထားသော သင်ပုန်းမှ စက္ကူကို ဖြုတ်သည်ဆိုသော ကျောင်းသားကိုလည်း ကျောင်းထုတ်ပစ်ပြန်၏။ ကျောင်းလခ ပေးရန် နောက်ကျသူများအတွက် အလိုတော်ရိအုပ်စုဝင်မဟုတ်လျှင် ဒဏ်ရိုက်ခံရ၏။

    ထိုနှစ်က သမဂ္ဂဥက္ကဋ္ဌမှာ ဦးနု ဖြစ်လေသည်။ သူ့ကိုလည်း နိုင်ငံရေးမိန့်ခွန်းများဟောပြောသည် ဆိုကာ ကျောင်းထုတ်ပြန်၏။ အကြောင်းကြောင်းကြောင့် ကျောင်းထုတ်ခံရသူများ များပြားလာရာ ဥက္ကဋ္ဌ ဦးနု ကို ထုတ်ခြင်းဖြင့် ကျောင်းသားသမဂ္ဂကို ဖိနှိပ်လိုကြောင်း ထင်ရှားလာတော့၏။

    သမဂ္ဂဥက္ကဋ္ဌ ကိုနု နှင့် ကိုရာရှစ်

              ဤတွင် သမဂ္ဂအာဘော်ဖြစ်သော အိုးဝေမဂ္ဂဇင်း၌ တာဝန်ခံထုတ်လုပ်သူများမှာ ကိုအောင်ဆန်း နှင့် ကျွန်တော်ဖြစ်နေ၏။ သမဂ္ဂ၏ ပြန်ကြားရေးတာဝန်ကို ထမ်းဆောင်ရသူများဖြစ်၍ သူနှင့် ကျွန်တော် အနေဖြင့် တစ်နည်းတစ်ဖုံ ထိရောက်စွာ တုံ့ပြန်ရန်မှာ ရှောင်လွှဲ၍ မဖြစ်တော့ချေ။ စာပေအရေးအသား၌ ကိုအောင်ဆန်း က ကျွန်တော့်ကို အားကိုသည်ဖြစ်၍ ထို “ ငရဲခွေး ပေးစာ ” ကို ကျွန်တော်ပင်ရေးသား ပါသည်။

    ထိုစာကိုရေးသားရာ၌ မည်သူ့ကိုမျှ မတိုင်ပင်ဘဲ သန်းခေါင်အချိန် ကျွန်တော်၏ သထုံဆောင် အခန်း၌ တံခါးပိတ်ရေးသားခဲ့သည်။ ယခင် မိမိရေးသားသော စာပေကဗျာစသည်တို့ကို ရေးပြီးလျှင် ဟိုဆရာ၊ ဒီဆရာ ပြကာ ဝေဖန်ချက်တောင်းခံလေ့ရှိ၏။ သို့သော် ယခုတစ်ကြိမ်၌ကား မည်သူ့ကိုမျှ မပြချေ။ အန္တရာယ်ရှိသော စာပေဖြစ်၍ နောင်အခါ အမှုအခင်းဖြစ်သော် ဆရာများ၊ သူငယ်ချင်းများကို မထိခိုက်စေလို၍ ဖြစ်သည်။

    ထိုဆောင်းပါးကို အယ်ဒီတာထံပေးစာအသွင်၊ ခပ်တိုတိုပင် အင်္ဂလိပ်ဘာသာဖြင့် ရေးလိုက်သည်။ ထိုခေတ်ကဗျာများမှာ စာမေးပွဲကျရှုံးသူများ၊ သခင်ပေါက်စများ၊ နောင်ရေးအလားအလာကင်းမဲ့သူများ စသည်ဖြင့် အာဏာပိုင်တို့က ပုတ်ခတ်ဝါဒဖြန့်လေ့ရှိသဖြင့် မြန်မာဘာသာနှင့်သာမက အင်္ဂလိပ်လိုလည်း ရေးတတ် ဆဲတတ်ပါသည်ဆိုသောအချက်ကို သိစေရန်ဖြစ်သည်။ အင်္ဂလိပ်ကျောင်းအုပ်ကြီးအနေဖြင့် မြန်မာလိုရေးလျှင် သူတစ်ပါးက ဘာသာပြန်ပေးရာတွင် လိုတိုးပိုလျှော့လုပ်မည်စိုးရိမ်၍လည်း အင်္ဂလိပ်လို ရေးလိုက်ခြင်းဖြစ်၏။

    ထိုစာမှာ ပုဂံကျောက်စာကဲ့သို့ ကျိန်ဆဲစာသဘောမျိုးဖြစ်သည်။ ငရဲပြည်ကို အုပ်စိုးသော ယမမင်း က ကြေညာချက်တစ်ရပ်ထုတ်ပြန်ရာ “ အ၀ီစိမှ ခွေးနက်ကြီးတစ်ကောင် လွတ်ပြေးကြောင်း နောက်ဆုံး သတင်းအရ တက္ကသိုလ်နယ်မြေသို့ ရောက်ရှိသောင်းကျန်းနေသည်ဟုဆိုကြောင်း၊ ခွေးနက်ကြီး၏ ပုံပန်း သဏ္ဍာန်ကို အများသိနိုင်အောင် ရာဇ၀တ်ကောင် ကြေညာသကဲ့သို့ ဖော်ပြပါရှိ၏။ ထိုခွေးကို တွေ့ရှိက အ၀ီစိသိုက ပြန်လည်ကန်ချလိုက်ပါ ” ဟု တိုက်တွန်းထား၏။

    အိုးဝေမဂ္ဂဇင်း၌ ထိုဆောင်းပါး ပါရှိလာသောအခါ ကျောင်းအုပ်ကြီး ဒေါက်တာဆလော့က ကိုအောင်ဆန်းကို ခေါ်ယူကာ ရေးသူတရားခံ၏ အမည်ကို ဖော်ထုတ်ခိုင်း၏။ ကိုအောင်ဆန်းက အယ်ဒီတာတို့သည် စာရေးသူ၏ အမည်ကို ဖွင့်ပြောရိုးထုံးစံမရှိဟု ပြန်ပြော၏။ ဤတွင် သူ့ကိုလည်း ကျောင်းမှ ထုတ်လိုက်၏။ ဤသို့ဖြင့် (၁၉၃၆)ခုနှစ် တက်္ကသိုလ်သပိတ်ကြီးပေါ်ခဲ့သည်။

    ၁၉၃၅ ခု၊ ဖေဖော်ဝါရီလ (၂၅)ရက်နေ့၊ (၂)နာရီမှစ၍ တက်္ကသိုလ်သမဂ်္ဂကျောင်းဆောင်တွင် ကျောင်းသား(၇၀၀)ကျော် စုဝေးရောက်ရှိနေကြသည်။ “ ကျောင်းသားများ၏ ဆန္ဒက မကျေနပ်၊ နှုတ်မှ ဖွင့်ဟကာ ဒီလို ငုံ့ခံနေလို့ မဖြစ်ဘူး လက်ရဲဇက်ရဲဖြစ်လာသည်။ အလိုတောရိတွေကို အာဏာပိုင်က မျက်နှာသာပေးတယ် ” စသဖြင့် တီးတိုးပြောသူက ပြော ကြမ်းပြင်ထိုင်သူ ထိုင်၊ မတ်တတ်ရပ်သူ ရပ်၊ ဦးနု က သဘာပတိမလုပ်၊ ဦးအောင်ဆန်း နှင့် ပရိသတ်အလည်တွင် ထိုင်နေပါသည်။

    မစ္စတာ ရာရှစ်၏ အခန်းကဏ္ဍကို အိုးဝေဂျာနယ်၊ ၁၅-၂-၁၉၇၁ ဗိုလ်ခင်မောင်ကလေး ရေးသား ခဲ့သော “ တက္ကသိုလ် ခြောက်ချားခဲ့သော နေ့ ” ဆောင်းပါးမှ ဖော်ပြရပါသော် …

    “ ဒုတိယဥက္ကဋ္ဌ ကိုရာရှစ် ( ဘိုင်ရှစ် ) က သဘာဝတိလုပ်၍ ကိုသီဟန်(အတွင်းရေးမှူး)က အတွင်းရေးမှူး လုပ်သည်။

    ကိုရာရှစ် က အစည်းအဝေးခေါ်ရခြင်း၏ အကြောင်းကို အင်္ဂလိပ်စကားနှင့် အကျယ်တ၀င့်ရှင်းပြ သည်။ ကျောင်းသားများ၏ လက်ခုပ်သံသည် တဖျောင်းဖျောင်း။

    ကိုရာရှစ် က ကျောင်းသားများသည် ကိုနု အား ကျောင်းထုတ်လိုက်သည်ကို သိပြီးဖြစ်ကြသည်။ ကိုအောင်ဆန်း ကိုလည်း စာမေးပွဲမလုပ်မီ မတ်လလောက်၌ ကျောင်းထုတ်လိမ့်ဦးမည်ဟု အခိုင်အလုံ သိရှိထားရသည်။ နောက်ထပ်လည်း သမဂ္ဂအမှုဆောင်လူကြီး ၃-၄ ဦးကို ကျောင်းထုတ်လိမ့်မည်ဟု သတင်းကြားရသည်။ ထို့ကြောင့် ကျောင်းသားများသည် ကျွန်တော်တို့ အမှုဆောင်များကဲ့သို့ပင် စာမေးပွဲများကို မဖြေကြရန်တိုက်တွန်းသည်။ သို့သော်လည်း ဤအစည်းအဝေးမှ ဆုံးဖြတ်ချက်ကို လက်ခံမည်ဖြစ်ကြောင်း ပြောသည်။

    ကိုခင်မောင်လေး က ကျောင်းအုပ်ကြီး မစ္စတာစလော့ ၏ ပြုမူချက်များသည် အလွန်ပင် နာကျည်းစရာကောင်းသည်။ ကျွန်တော်တို့သည် လူညံ့တွေမဟုတ်။ သံမဏိများ ဖြစ်ကြသည်။ ကျွန်တော်တို့ သံမဏိစိတ် ရှိကြသည်ဖြစ်ကြောင်းကို ယခုပြကြရမည်ဟု ပြောလိုက်သည်။ သြဘာသံကြီး သည် ဆူညံသွားသည်။

    ကိုစိန်တိုး က ကိုနုနှင့် ကိုအောင်ဆန်းကို ကျောင်းမှထုတ်လိုက်သည့်အတွက် ကျောင်းအုပ်ကြီး မစ္စတာစလော့အား ကျေးဇူးတင်ကြောင်း အဆိုကို တင်သွင်းသည်။

    ကိုဘဟန် က ထောက်ခံလိုက်သည်။

    ကိုလှဖေ (ဗိုလ်လက်ျာ) က ကျောင်းအုပ်ကြီး၏ ပြုမူချက်များသည်ကျောင်းသားများကိုသာမက မြန်မာပြည်ကိုပါ စော်ကားရာကျသည်။ ကျောင်း၌ ဆက်နေ၍ ကျေးဇူးမရှိ သပိတ်မှောက်ကြပါဟု အဆိုတင်သွင်းသည်။

    ကိုအောင်မြင့် က ထောက်ခံလိုက်သည်။

    အစည်းအဝေးသည် ဆူညံနေသည်။ (စထရိုက် စထရိုက် သပိတ်မှောက် သပိတ်မှောက် )ဟု အသံများ ပေါ်လာသည်။

    ကိုကျော်ငြိမ်း (ဒုတိယ၀န်ကြီးချုပ်ဟောင်း) က သူသည် သူ၏ မျှော်လင့်ချက်များကို စွန့်ပစ်လျက် ကျောင်းမှ ထွက်ခွာရန် ဆုံးဖြတ်ပြီးဖြစ်သည်။ သူကဲ့သို့ပင် ကျောင်းသားများသည် ကျောင်းမှ ထွက်ခွာ ကြရန် အဆိုပြုလိုက်သည်။

    ကိုလှဖေက ထောက်ခံသည်။ အစည်းအဝေးသည် ရုတ်ရုတ်သဲသဲဖြစ်သွားပြန်သည်။ သပိတ်မှောက် သပိတ်မှောက် ဟူသော အသံများ ပို၍ညံလာသည်။

    ကိုလှဖေ သည် ဖေဖော်ဝါရီလ ၂၃ ရက်နေ့ကပင် သမဂ္ဂအလုပ်အမှုဆောင်များအား သူသည် အမှုဆောင်အဖွဲ့ဝင်များနှင့်အတူ စာမေးပွဲကို မဖြေဆိုဘဲ ကိုယ်ချင်းစာသပိတ်မှောက်မည်ဟု ကတိပေး ထားပြီးဖြစ်သည်။

    ကိုသာလှ က သူသည် အလွန်ဆင်းရဲသည်။ သူ့အား သူ၏ ဦးလေး က ကျောင်းထား၍ ကျောင်းနေရပါသည်။ သူသည် ကျောင်းမှ ထောက်ပံ့ကြေးကိုလည်း တောင်းခံနေရသေးသည်။ သူ၏ ဘ၀ရည်မှန်းချက်ကို စွန့်လွှတ်၍ စာမေးပွဲကို သူသပိတ်မှောက်လိုက်ပါပြီဟု မျက်ရည် တရွှဲရွှဲနှင့် ဇာတ်ကြောင်းလှန်သည်။

    သပိတ်မှောက် သပိတ်မှောက်အသံများသည် နားကွဲလုမတတ်။

    ကိုစိုးမြင့် (မိုးညို)က ယနေ့သည် ဒုတိယအမျိုးသားနေ့ဖြစ်သည်ဟု ပြောသည်။

    ကိုနုသည် (ညီအစ်ကိုမောင်နှမတို့ထံ)အစချီ၍ ကျွန်တော့်ကို ကျောင်းထုတ်၍ ယခုကဲ့သို့ ဆူပူကြ သည်မှာ ထန်းသီးကြွေခိုက် ကျီးနားလိုက်တဲ့သဘောလောက်သာဖြစ်တယ်။ ပဲစားတွေ ကုလားတွေလို့ခေါ် ပေမဲ့ ကုလားများသည် ဘီအေဘွဲ့များ အိုင်စီအက်စ်ရာထူးများကို ပြန်အပ်ကြသည်။ စွန့်လွှတ်ကြသည်။ ကျွန်တော်သည် ဘီအေဘွဲ့ကိုသာ ပြန်အပ်နိုင်သဖြင့် ရှက်စရာပင်ကောင်းသေးသည်။ အိနိ္ဒယပြည် ဘုရင်ခံချုပ်ဟောင်း (လော့အာဝင်)က အိနိ္ဒယပြည်သည် ကျွန်သက်ရှည်ရှည်နှင့် နေသွားရန်အတွက် ပညာရေးဌာနသို့ အုပ်ချုပ်ရေးဌာနကဲ့သို့ အုပ်ချုပ်ရမည်။ ပညာသင်ကြားရေးကို စရိတ်ကြီးကြီးထားရမည်ဟု ပြောသွားသည်။ ဒီအချက်ရှိနေသမျှကာလပတ်လုံး သပိတ်မှောက်ဖို့ အဆိုတင်ရမှာပဲ ဟု ကိုနု က ပြောလိုက်သည်။ အစည်းအဝေးသည် အုတ်အုတ်ကျက်ကျက်နှင့် သပိတ်မှောက် သပိတ်မှောက် ဟု အော်သံများသည် ပဲ့တင်ထပ်မျှ ဖြစ်သည်။

    အချို့ကျောင်းသားများသည် နောက်လေးလှေကားမှ ပြန်ကြရန် လုပ်ကြသည်။ နောက်ဖေးပေါက် လှေကား၌ ကိုထွန်းအုန်၊ ကိုဘဆက်နှင့် အမာခံကျောင်းသားအချို့ရှိသည်။ သူတို့က “ ကျွန်တော်တို့ကို နင်းပြီးမှ ဆင်းသွားကြဗျာ ” ဟု ပြော၍ လှေကားထိပ်၌ ထိုင်ချလိုက်ကြသည်။

    ဘတ်စ်ကားတာဝန်ခံ ကိုသိန်းဖေ အား ကိုအုန်း က လက်တို့လိုက်သဖြင့် ကမာရွတ်ဂါတ်တဲအနီး ပြည်လမ်းမပေါ်သို့ တန်းစီ၍ ရပ်ထားသော ဘတ်စ်ကားများသည် သမဂ္ဂအဆောက်အဦးရှေ့သို့ မောင်းလာကြပြီးလျှင် စီတန်း၍ ရပ်ထားကြသည်။

    သဘာပတိ ကိုရာရှစ်က ထ၍ “ သပိတ်မှောက်ရန် တင်သွင်းထားသည့် အဆိုကို ပြန်၍ စဉ်းစားကြရန် ” သုံးကြိမ်ပြောသည်။ ကျွန်တော်သည် ဒေါသတကြီး ထိုင်ရာမှ ရုတ်ခနဲထိုင်လိုက်ပြီးလျှင်   “ ဟေ့ ရာရှစ်၊ မင်းစကားကို ရုပ်သိမ်း၊ မကြားချင်ဘူးကွာ ” ဟု ပြောရင်းက ကျောင်းသားများဘက်သို့ လှည့်၍ “သပိတ်မှောက်အဆိုကို ဘယ်လို သဘောထားပါသလဲ ” ဟု မေးလိုက်သည်။ ကျောင်းသားများ သည် “စထရိုက် စထရိုက်၊ သပိတ်မှောက် သပိတ်မှောက် ” ဟု ပြန်အော်ကြသည်။

    ကိုရာရှစ်က သပိတ်မှောက်ရန်အဆိုကို ပြန်၍ စဉ်းစားကြပါဟု တိုက်တွန်းလိုက်ခြင်းသည် ကျောင်းသားများ၏ စိတ်ကို ဆွပေးလိုက်ခြင်းဖြစ်သည်။ ကျောင်းသားများ၏ စိတ်ဓတ်ကို ပြင်းထန်လာအောင် လှုံ့ဆော်ပေးလိုက်ခြင်း ဖြစ်သည်။ ကျောင်းသားများအား အကဲစမ်းလိုက်ခြင်းဖြစ်သည်။ကျွန်တော်က ထိုအခါက ကိုရာရှစ်၏ ရည်ရွယ်ချက်ကို မရိပ်စားမိ။ ဒေါသတကြီးနှင့်ထ၍ သူ့အား ရင့်ရင့်သီးသီး ပြောလိုက်မိသည်။ သူ၏ စိတ်ဓာတ်စစ်ဆင်ရေးသည် အလွန်ထိရောက်သည်။

    သပိတ်မှောက်ပြီးနောက် ၁၅ ရက်ခန့်ကြာသည့်အခါ၌ ကျွန်တော်သည် ကိုရာရှစ် အား တောင်းပန်စကား ပြောကြားသည်။ ကိုရာရှစ် က “ ပြီးတာပြီးပါတော့၊ ကျွန်တော် ခင်ဗျားကို စိတ်မဆိုးပါဘူး ” ဟု ပြန်ပြောလေသည်။

    အစည်းအဝေးသည် တရုံးရုံးနှင့် တဝေါဝေါဖြစ်နေစဉ် ကျောင်းသားတစ်ယောက်သည် သမဂ္ဂအစည်းအဝေးခန်းမ အရှေ့ဘက် ပြတင်းပေါက်ကို လက်ညှိုးထိုး၍ “ အင်းလျားကျောင်းသူများ လာနေပြီ၊ စနတိုရီယန် (ကျောင်းသားဆေးရုံ) ရှေ့လမ်းမပေါ် ရောက်နေပြီ။ သမဂ္ဂအစည်းအဝေးတက်ဖို့ လာနေကြပြီ ” ဟု အော်ပြောသည်။

    ကျောင်းသူများကား အင်းလျားဆောင်မှ သမဂ္ဂကိုယ်စားလှယ်များ ဖြစ်ကြသည်။ ပဲခူး မခင်မြ (ကထိကပညာရေးတက္ကသိုလ်)၊ ခြင်းကြားမမကြီး (ဦးထွန်းအုန် ၏ ဇနီး)၊ မအမာ (လူထု)၊ မသိန်းကြည် (ပုသိမ်)တို့နှင့်အတူ ကျောင်းသူ(၁၅)ယောက်ခန့်သည် အစည်းအဝေးတက်ရန်လာကြသည်။

    “ မိန်းကလေးတွေတောင်ပါနေရင် ယောက်ျားတွေက ဘာသတိ္တကြောင်နေတာလဲ၊ ထဘီဝတ်ကြဟေ့၊ စထရိုက်၊ စထရိုက်” ဟု အော်ကြရင်းက ကျောင်းသားအချို့သည် ကိုနု အား ပုခုံးနှင့်ထမ်း၍ ချသွားကြသည်။ ကိုရာရှစ် အား ကျောင်းသားအချို့သည် ချိုင်းကြားမှ မပြီး ၀ိုင်း၍ အောက်သို့ ခေါ်သွားကြသည်။ ကိုရာရှစ်သည်အစည်းအဝေးကို ရုတ်သိမ်းလိုက်ကြောင်း အနိုင်နိုင်ပြောကြားလိုက်နိုင်သည်။

    အင်းလျားကျောင်းသူများသည် သမဂ္ဂရှေ့သို့ ရောက်လာကြသည့်အခါ၌ ကျောင်းသားများသည် လက်ခုပ်များတီး၍ ကြိုကြသည်။ အင်းလျားကျောင်းသူများကလည်း သပိတ်မှောက်ကြမည်ဖြစ်ကြောင်း ပြော၍ကားပေါ်သို့ တက်ကြသည်။

    ထိုကျောင်းသူများအတွက် ကားတစ်စီးသက်သက်ပေးခဲ့သည်။ ကားအစီး(၃၀)နှင့် မလောက်၍ ကိုထွန်းအုန် နှင့် ကိုထိန်ဝင်း (တိုးတက်ရေးမဂ္ဂဇင်း)တို့သည် ကမာရွတ်ဂါတ်တဲအနီးမှစောင့်၍ အင်းစိန် ဘတ်စ်ကား(၄)စီးကို ငှားရသည်။ ကားများပေါ်သို့ ကျောင်းသူကျောင်းသားများ တက်ကြပြီးနောက်       “ ဘာစတီ၊ ဘာစတီ၊ စထရိုက်၊ စထရိုက် ” ဟု နားကွဲမတတ်အော်ကြလျက် အဓိပတိရှိ ကျောင်းအုပ် ဆရာကြီးအိမ်သို့ မောင်းသွားကြသည်။ ကျောင်းအုပ်ဆရာကြီးမရှိဟု အော်ပြီးနောက် အနီးရှိ အင်းလျား ကျောင်းဆောင်အထဲသို့ မခင်မြ၊ မမကြီး၊ မအမာ၊ မသိန်းကြည် တို့ ၀င်သွားကြပြီးလျှင် နောက်ထပ် အင်းလျားကျောင်းသူ(၂၀)ခန့် ခေါ်လာခဲ့သည်။

    ကားတန်းကြီးသည် အင်းဝကျောင်းဆောင်ရှေ့လမ်းမှ ထွက်ခဲ့ကြသည်။ ဓာတုဗေဒပေါမောက္ခ မစ္စတာ ပီးကောက် ၏ ဇနီးသည် သူမ၏ အိမ်မြက်ခင်းပေါ်၌ ကျောင်းသား ၄-၅ ဦးတို့နှင့်အတူ လ္ဘက်ရည်သောက်နေသည်။ သပိတ်မှောက်ကျောင်းသားများက ထိုကျောင်းသားများအား သပိတ် မှောက်ကြရန် လှမ်း၍ အော်သည်။

    မစ္စစ်ပီးကောက်က သူမအား သပိတ်မှောက်ကျောင်းသားများက လှောင်ပြောင်သရော်ကြသည်ဟု သတင်းလွှင့်သေးသည်။ သူမနှင့်အတူ လ္ဘက်ရည်သောက်နေကြသော မြန်မာကျောင်းသား ၂၀ ဦးသည် နောက် ၂ ပတ်ခန့်ကြာမှ သပိတ်စခန်းသို့ ရောက်လာကြသည်။ ထိုအချိန်၌ ရန်ကုန်တက္ကသိုလ်ကျောင်း ကို ရက်အကန့်အသတ်မရှိ ပိတ်လိုက်ပြီးဖြစ်သည်။

    ကားတန်းရှည်ကြီး တက်္ကသိုလ်ကို တစ်ပတ်လှည့်၍ “ တက္ကသိုလ်၊ တက္ကသိုလ်၊ သပိတ်မှောက်၊ သပိတ်မှောက်” ဟု အော်ဟစ်ရင်း မြို့ထဲဘက်သို့ ထွက်လာခဲ့သည်။

    အချိန်သည်ကား နေ၀င်ဆည်းဆာ၊

    တပေါင်းလဆန်း ၅ ရက် လသည် အနောက်ဘက်၌ နီနီရဲရဲ တိမ်တောက်နေသည့်ကြားမှ ထွက်ပေါ်လျက်။

    တက်္ကသိုလ်နယ်မြေသည်ကား အသံများတိတ်လျက်။

    သပိတ်မှောက်ခေါင်းဆောင်တို့သည် သပိတ်စခန်းတစ်ခုလုံး စာရွက်ကြီးများပေါ်၌ လှုံ့ဆော်သော စာများကိုရေး၍ ကပ်ထားကြသည်။ ထိုအခါက ရေးထားသောစာများတွင်

    “ ယူနီဗာစီတီအက်ဥပဒေ ပျက်စီးပါစေ ”

    “ ဆာရယ်ဂျီနယ် ကရက်ဒေါက် ပြန်သွား ” စသည်တို့ ပါဝင်ပေသည်။

    ထို့အပြင် ကျောင်းသားများ မတက်ရန် လှုံ့ဆော်သည့်ကြော်ငြာစာများကိုလည်း မြို့တွင်းအနှံ့ ကပ်ထားကြ၏။ သပိတ်မှောက်ခေါင်းဆောင်တို့သည် မိမိတို့လုပ်ဆောင်မှုနှင့် ကြိုးပမ်းချက်များကို ပြည်သူတို့ အမှန်အကန်သိရှိရန်နှင့် ရှေ့လုပ်ငန်းများကို အစဉ်သဖြင့် ထုတ်ပြန်ကြေညာနိုင်ရန် ပြန်ကြားရေးဌာနတစ်ခုလည်း ဖွင့်လှစ်ထားသည်။ မြို့မိမြို့ဖ ပြည်သူများကလည်း သပိတ်စခန်းသို့ အသီးသီးလာရောက်အားပေးကြ၏။ ထိုစဉ်က ထင်ရှားသော နိုင်ငံရေးခေါင်းဆောင်အသီးသီးတို့ကလည်း လာရောက်၍ ကျောင်းသားများကို ကူညီကြသည်။

    ဒေါက်တာမောင်မောင် (နိုင်ငံတော်သမ္မတဟောင်း-ကွယ်လွန်)၏ ရေးသားချက်မှ လုပ်ဖော်ကိုင်ဖက် နိုင်ငံ့ခေါင်းဆောင်ကြီးများ၏ မစ္စတာ ရာရှစ်အပေါ် သဘောထား

    ၁၉၅၆ခုနှစ်ထုတ် Gardian မဂ္ဂဇင်းတွင် ဒေါက်တာမောင်မောင်က ၁၉၃၆ခုနှစ် တက္ကသိုလ်သပိတ်အကြောင်းနှင့် ပတ်သက်ပြီး အင်္ဂလိပ်ဘာသာဖြင့် ဆောင်းပါးတစ်စောင် ရေးသားခဲ့သည်ကို အောက်ပါအတိုင်း မြန်မာဘာသာပြန်ဆို ဖော်ပြအပ်ပါသည်။

    “ … ၁၉၃၆ ခုနှစ် သပိတ်ကြီးသည် မြန်မာနိုင်ငံအမျိုးသားရေးလှုပ်ရှားမှုတွင် ထူးခြားထင်ရှား သော သမိုင်းမှတ်တမ်းတစ်ခုပင် …။ ဦးနု က အဆိုပါသပိတ်ကြီးကို စေ့ဆောင်ခဲ့သူ စိတ်ကူးအကောင် အထည်ဖော်ပေးခဲ့သူ အဓိက ပုဂ်္ဂိုလ်ဆိုငြားအံ့။ အမ်အေရာရှစ် သည် ယင်းကို စုစည်းဖွဲ့စည်းပေးခဲ့သူ ယင်းကို အနက်အဓိပ္ပါယ်ရှိစေခဲ့သူနှင့် အသက်ဝင်လှုပ်ရှားစေခဲ့သူတည်း။

    ကိုနု က လူထုကြီးအား မျက်ဝန်းအား လင်းလက်တောက်ပသွားအောင် ဒေါသူပုန်ထသွားအောင် မျက်ရည်တွေတွေ စီးကျလာအောင် မိန့်ခွန်းချွေလာသူဆိုငြားအံ့။ ကိုရာရှစ်သည် သပိတ်ကြီး၏ နေ့စဉ်ကိစ္စအရပ်ရပ်ကို စုစည်းပေးခဲ့သူဖြစ်၏။ ခံစားမှုကြောင့် ကနဦး ၀ုန်းကနဲ စိတ်ဓာတ်တက်ကြွသွား အပြီးနှင့် သွေးအေးသွားအပြီးဝယ် အားသစ်ထပ်လောင်းပေးခဲ့သူတည်း။ ကျောင်းသားထုကြီးကိုသာမက မြန်မာပြည်သူတို့၏ အမျိုးသားရေးစိတ်ဓာတ်ကို ညှိုးရော်အောင်ပြုခဲ့သည့် အကြမ်းဖက်သက်သက် သင်္ကေတအသွင် တက္ကသိုလ်သပိတ်အား နာမ်နှိမ်မှုကို မိုးကြိုးသွားတမျှ အင်အားနှင့် ဆန့်ကျင်ခဲ့သူ တည်း။ သပိတ်မှောက်သူတို့ ငိုက်မှေးနေသည့် သန်ခေါင်းယံမှာ တက္ကသိုလ်ဥပဒေကို ဖတ်ကြားတင်ပြခဲ့ သူတည်း။

    ထိုဆောင်းပါးတွင်ပင် ဆက်လက်ရေးသားထားခဲ့သည်ကား …

    ဤအတွက် သမိုင်းပညာရှင်တို့အနေနှင့် သပိတ်ကြီး၏ တန်ဖိုးကို မိမိတို့ဆန္ဒရှိရာနှင့်အညီ သတ် မှတ်၍ရ၏။ လှုပ်ရှားမှုကြီးဟုပဲဆိုဆို လှုပ်ရှားမှုလေးဟုပင်သတ်မှတ်သတ်မှတ် ယင်းလှုပ်ရှားမှု၏ အစဟု ပြောပြော အဆုံးဟုထင်ထင် အမျိုးသားရေးလှုပ်ရှားမှုသမုဒ်ပြင်ထင်က လှိုင်းတစ်ခုရယ်သို့ဆိုဆို မိမိတို့ သန်ရာ သန်ရာဆို၍ရ၏။ အစဉ်တဆက် အမြော်အမြင်ရှိရှိရော အကြိတ်အနယ်ရော ငြင်းခုံကြ၍ရ၏။ သို့တိုင် သူတို့တတွေ တညီတညွတ်တည်းဆိုနိုင်သည့် အချက်ကတော့ “ ကိုရာရှစ် သည် သပိတ်ကြီး၏ အသက်ဝိညာဉ်ဆိုသည့် အချက်ပင်ဖြစ်သတည်း။ ”

    သပိတ်အပြီးမှာ အမ်အေရာရှစ်၏ ဂုဏ်သတင်းက ပို၍ကျော်စောသွားခဲ့၏။ သစ္စာရှိရှိ မိတ်ကောင်းဆွေကောင်းများ ရှိသွားခဲ့ရ၏။

    ထို့ကြောင့်ပင် ဦးနု ၏ ကိုယ်ရေးမှတ်တမ်းတွင် “ … ကျွန်ုပ်သည် မြန်မာနိုင်ငံကို ချစ်သူကို ချစ်၏။ ရိုးသားဖြောင့်မတ်သူကို ချစ်၏ … ကျွန်ုပ်က အသင်(အမ်အေရာရှစ်)ကို ချစ်၏။ လေးစား၏။ အသင့်နောက်ကို လိုက်၏ ” ဟု လည်းကောင်း လူမျိုးရေးအစွဲကြီးသူ ဦးကျော်ငြိမ်းက ကျတော့ သပိတ်စခန်းများသည် ကုလားနှင့် ဗမာတို့ကို စုစည်းသွားစေရာဖြစ်၏ဟုလည်းကောင်း


    ( ဗိုလ်ချုပ် ) အောင်ဆန်းက ကျတော့ …

    M.A. San မှ M.A.Rashid သို့ဟူ၍ အစချီရေးသားရာမှာ ကျွန်ုပ်တို့နှစ်ဦး နာမည်အစချင်းတူ၏။ တခြားတူတာတွေလည်း ရှိသေး၏။ အသင်အသိပင်။ တက္ကသိုလ်သမဂ္ဂအလုပ်အမှုဆောင်အဖွဲ့တွင် အတူတွဲပြီး နှစ်ဦးသားတူတွဲ လှုပ်ရှားကြ၏။ သေသည့်ထိတိုင် လက်တွဲမပျက် ရှိကြမည့်သူများပင်။”

    From M.A. San

    To M.A. Rashid

    but

    No M.A. after our names

    This is one point of resemblance

    between us – but many others too

    which you know of course.We

    two have been together on the Union E.C

    and perhaps will have to do so till our death.”

    ဟုလည်းကောင်း ဆိုခဲ့ကြခြင်းဖြစ်သည်။

    ဦးရာရှစ် ထံ စာရေးသားတိုင်း ဗိုလ်ချုပ်အောင်ဆန်း က  ချစ်ခင်ရပါသော (ဘိုင်ကြီး) နောင်တော်ကြီး “ ရှစ် ” (My Dear Bhai Shid) ဆိုပြီး အစချီရေးသားလေ့ရှိမြဲဟူ၏။ ဘိုလိန်းလမ်းရှိ အမ်အေရာရှစ် အိမ်သို့ လာရောက်လည်ပတ်ပြီး ဗြိတိသျှနယ်ချဲ့အုပ်ချုပ်ရေးကို ဆန့်ကျင်ရေးကိစ္စရပ်တို့ကို ဆွေးနွေးလေ့ရှိခဲ့၏။

    ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။

    ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က အိနိ္ဒယလွတ်လပ်ရေး ကြိုးပမ်းခဲ့သူ ခေါင်းဆောင်များထဲမှ တစ်ဦးဖြစ်သူနှင့် ပထမဆုံး ၀န်ကြီးချုပ် ဖြစ်ခဲ့သူ မစ္စတာ ဂျဝါဟလာလ်နေရူး ထံ ဦးရာရှစ် ကို တွေ့အောင်ရှာပြီး မြန်မာနိုင်ငံကို ပြန်လွှတ်ပေးဖို့ စာရေးသားပန်ကြားခဲ့၏။

    ဦးရာရှစ် ပြန်ရောက်လာပြီဟု သတင်းရခဲ့သည့်အတွက် ၁၉၄၇ ခုနှစ် နှစ်ဦးပိုင်းက ဘုရင်ခံ ကောင်စီ အစည်းအဝေးတစ်ခုကိုပင် ဗိုလ်ချုပ်က ရွှေ့ဆိုင်းပစ်ခဲ့၏။ သူ၏ အတွင်းဝန်ရုံးတွင် အမ်အေရာရှစ် နှင့်တွေ့ဆုံရန် ဖြစ်၏။

    ဂျပန်ခေတ်တစ်လျောက် မိဘများနှင့်အတူ အိန္ဒိယနိုင်ငံသို့ရောက်ရှိနေသော ဦးရာရှစ်အား ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင်ဗိုလ်ချုပ်အောင်ဆန်းက အိန္ဒိယနိုင်ငံခေါင်းဆောင် ဂျဝါဟလာလ်နေရူးထံမှတစ်ဆင့် ဆက်သွယ်စေကာ တိုင်းပြည်တည်ထောင်ရေးအတွက် မရမကပြန်လည်ခေါ်ယူခဲ့သည်။

    ဦးရာရှစ်သည် ၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ၏ ဥက္ကကြီးဖြစ်ခဲ့သည်။ ရန်ကုန်တက်္ကသိုလ်ကျောင်းသားများသမဂ္ဂနှင့်ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ သမဂ္ဂတို့၏ ဥက္ကဋ္ဌအဖြစ် တစ်ချိန်တည်း တစ်ပြိုင်တည်းမှာ ထမ်းရွက်ခဲ့သူဖြစ်၏။ ၁၉၃၆ ခုနှစ်၊ သပိတ်ကြီးအပြီးမှာ တက်္ကသိုလ်ကောင်စီကို အုပ်ချုပ်ခဲ့သော ပထမဆုံးသော ကျောင်းသားများ ကိုယ်စားလှယ်လည်းဖြစ်ခဲ့၏။ ဗမာနိုင်ငံလွတ်လပ်ရေးရပြီးချိန်အထိတိုင် နှစ်များစွာ ဤတာဝန်ကို ထမ်းရွက်သွားခဲ့သည်။ မန်္တလေးတက္ကသိုလ်၏ ပထမဆုံးသော ကောင်စဲလာလည်း ဖြစ်ခဲ့၏။

    ကျွန်ုပ် တစ်ခါက သိခဲ့ဖူးသော ဦးအောင်ဆန်း၊ ဒဂုန်တာရာ၊ ၁၈-၁-၁၉၄၇ ဂျာနယ်ကျော်၊ အတွဲ(၁)၊ အမှတ်(၃)တွင် ဗိုလ်ချုပ်အောင်ဆန်း က မစ္စတာ ရာရှစ် အပေါ် ဘယ်လောက်အထိ လေးစား တန်ဖိုးထားခဲ့ပုံကို ဤသို့တွေ့ရ၏။

    “ … နှစ်ကိုကား အသေအချာမမှတ်မိတော့။ သပိတ်မှောက်နှစ်လည် အထိမ်းအမှတ်ပွဲတစ်ခု တက္ကသိုလ်သမဂ္ဂတွင် ကျင်းပ၏။ ပရိသတ်ထဲမှထ၍ ဝေဖန်စကားများ ထပြောကြ၏။ သို့ပြောကြသည့် အထဲတွင် စစ်ကိုင်းကျောင်းဆောင်မှ ကုလားကျောင်းသားတစ်ဦးက ဥက္ကဋ္ဌဟောင်း မစ္စတာ ရာရှစ်ကို ဝေဖန်ရာ၌ အတော်ထိခိုက်သာ အပြစ်တွေကို ထုတ်ဖော်ပြော၏။ ကုလားကျောင်းသားပြောသည့် စကားများသည် အခြေခိုင်သည် မခိုင်သည်ကိုကား မမှတ်မိတော့။ ကိုအောင်ဆန်း သည် မစ္စတာ ရာရှစ် အတွက် ဒေါပွကာ၊ ထိုကုလားကို ကြိမ်းမောင်း၍ ရဲရင်ထွက် စသောအသုံးမျိုးသုံး၏။ လက်သီးဆုပ်ကာ ကုလားအပါးသို့တိုး၍ သွား၏။ ဘေးက ကျောင်းသားများက ၀ိုင်းဆွဲထားရ၏။ သူသည် ဒေါသကြောင့် ဆတ်ဆတ်တုန်လျက်ရှိသည်။ ”

    ဦးရာရှစ်သည် ရန်ကုန်မြို့ ရန်ဒေးရီးယားကျောင်းမှ တက္ကသိုလ်ဝင်တန်းစာမေးပွဲကို အောင်မြင်ခဲ့ရာ တစ်နိုင်ငံလုံး ပထမရခဲ့သူဖြစ်၏။

    ဤသို့ပင် ရန်ကုန်တက္ကသိုလ်မှ ဥပဒေဘွဲ့ကို ရရှိခဲ့ရာမှာလည်း မြန်မာနိုင်ငံတစ်နိုင်ငံလုံးမှာ ပထမအဆင့်ရရှိခဲ့၏။ ၁၉၄၇ ခုနှစ် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကိုလည်း ရေးဆွဲပေးခဲ့၏။

    ဦးရာရှစ်သည် ဗိုလ်အောင်ကျော် ကျဆုံးခဲ့ရသည့်အမှုတွင် ကျောင်းသားများဘက်က အမှုလိုက် ပေးခဲ့သော ၀တ်လုံတော်ရကြီးဖြစ်၏။ ဖဆပလအဖွဲ့ကြီးတွင် ထိပ်တန်း ခေါင်းဆောင်ကြီးတစ်ဦးဖြစ်ခဲ့၏။ မြန်မာနိုင်ငံ၏ ၀န်ကြီးချုပ် ဦးနု အစိုးရအဖွဲ့တွင် အလုပ်သမားဝန်ကြီးဌာနမှ ၀န်ကြီးတာဝန်ယူခဲ့၏။ ကျန်ဌာနများတွင် လူအဆင့်ဆင့်ပြောင်းလဲခဲ့သော်လည်း ဤဌာနမှ သူက ရေရှည်တာဝန်ယူသွားခဲ့ရသည်။ ၁၉၆၁ ခုနှစ် ဂျီနီဗာနိုင်ငံတကာ အလုပ်သမားကွန်ဖရင့်တွင် ဥက္ကဋ္ဌအဖြစ် ရွေးချယ်တင်မြှောက်ခံခဲ့ရသည်။ ဗမာနိုင်ငံကုန်သွယ်ရေးသမဂ္ဂ၏ ဖခင်ကြီးအဖြစ်နှင့်ပါ ဂုဏ်သတင်းကြီးခဲ့သူဖြစ်၏။

    ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။ နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ – ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။ ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။ ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။

    ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလတွင် တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိစဉ်တွင် ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

    ဦးရာရှစ်သည် သရက်မြို့ လက်ထောက်ဆရာဝန်ကြီး ဒေါက်တာ Captain N.A. Khan ၏သမီး ဒေါ်ဖာတီမာ ခေါ် ဒေါ်သောင်းမေနှင့် နှစ်ဦးသဘောတူ မေတ္တာမျှကာ လက်ထပ်ခဲ့သည်။ ဇနီးဖြစ်သူ ဒေါ်ဖာတီမာ ခေါ် ဒေါ်သောင်းမေသည် ပါရမီဖြည့်ဖက်ကောင်းဖြစ်ပြီးလူမှုဖွံ့ဖြိုးရေး အစီအစဉ်များတွင် တက်ကြွစွာ ဦးဆောင်ခဲ့သူတစ်ဦးလည်းဖြစ်သည်။ရန်ကုန်ဆေးရုံကြီးနှင့် အခြားဆေးရုံများ၏ ဦးဆောင်ညွှန်ကြားသူ ဘုတ်အဖွဲ့ဝင်၊မြန်မာနိုင်ငံ ကြက်ခြေနီအဖွဲ့ချုပ် ဗဟို အလုပ်အမှုဆောင်ဘုတ်အဖွဲ့ဝင်ဖြစ်ပြီး သွေးလှူဒါန်းခြင်းများ မြန်မာနိုင်ငံတွင် တွင်ကျယ်အောင်မြင်စေရန် ဦးဆောင် ဆော်သြခဲ့သူလည်း ဖြစ်သည်။၁၉၅၀ကျော်က ရန်ကုန်ပြည်သူ့ဆေးရုံကြီးတွင် ပထမဆုံး သွေးလှူဘဏ်ပေါ်ပေါက်စေရေး ဦးဆောင်ဦးရွက် ပြုခဲ့သည်။ထိုစဉ်က မြန်မာနိုင်ငံ အမျိုးသမီးရေးရာကောင်စီ၏ ဥက္ကဋ္ဌ အဖြစ်တာဝန်ယူစဉ်တွင် ရန်ကုန်မြို့တွင် မိခင်နှင့်ကလေး စောင့်ရှေက်ရေးဆေးခန်း ၃ခုကို ဦးစီးထောက်ပံ့ပေးခဲ့သည်။ မွတ်စလင်မ်ကုသိုလ်ဖြစ်ဆေးခန်း(ဘားလမ်း)နှင့်ဇိနသ်အစ္စလာမ် မွတ်စလင်မ် ယောက်ျားလေးများ ဂေဟာတို့ကိုလည်း ဦးဆောင်ခဲ့သည်။

    လွတ်လပ်သော မြန်မာနိုင်ငံတော်၏ ဗိသုကာဖခင်ကြီးတစ်ဦးဖြစ်သူ ဦးရာရှစ်သည် ၁၉၇၈ ခုနှစ် တွင် သားဖြစ်သူ ဦးဘီလာလ်ရာရှစ်ရှိရာ ပါကစ္စတန်နိုင်ငံ၊ ကရာချီမြို့သို့သွာရောက်လည်ပတ်စဉ်တွင် ဆီးကျိတ်ကင်ဆာရောဂါဖြင့် ကွယ်လွန်သွားခဲ့ရာ ထိုမြို့တွင်ပင် မြှုပ်နှံခဲ့၏။

     

    နိုင်ငံတော်ဝန်ကြီးချူပ် ဦးနု နှင့် ၀န်ကြီးဦးရာရှစ်

     

    မိမိဖခင် ဗိုလ်ချုပ်အောင်ဆန်း ယုံကြည်အားထားရာမိတ်ဆွေကြီးဦးရာရှစ်အိမ်သို့ ဒေါ်အောင်ဆန်းစုကြည် ငယ်ရွယ်စဉ် ၁၉၅၀ခုနှစ်ကျော်က လာရောက် လည်ပတ်စဉ်က၊ ဒေါ်အောင်ဆန်းစုကြည်၏ နောက်တွင် ဦးရာရှစ်၊ ဘေးတွင် ဦးရာရှစ်၏ဇနီး ဒေါ်ဖာတီမာရာရှစ်၊ ဦးရာရှစ်၏ ညာဖက်တွင် အဆိုတော် ဦးအံ့ကြီး၊ ဦးရာရှစ်၏နောက်ဖက်တွင် ဦးအံ့ကြီး၏ ဇနီးတို့အား အတူတွေ့ရစဉ်။

    Mr. Tommy Ezdani (ကလောမြို့NLD ကိုယ်စားလှယ်၊ ၀န်ကြီး ဦးရာရှစ်၏တူ) ကဒေါ်အောင်ဆန်းစုကြည်အား စင်မြင့်ထက်မှ ကြိုဆို မိတ်ဆက်ပေးစဉ် (၁၉၉၀ ခုနှစ်)



    မှတ်ချက်။        ။ဆရာ ၀ါးခယ်မ မောင်မင်းနိုင်ရေးသားပြုစုသည့် မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်းဝင် မွတ်စလင်များ စာအုပ်မှ အဓိက ကူးယူဖော်ပြပါသည်။ ဦးရာရှစ်၏သားဖြစ်သူ ဦးဘီလာလ်ရာရှစ်(Bilal Raschid)၏ U M. A. RASCHID  : A FOUNDING FATHER OF INDEPENDENT BURMA နှင့် အခြားစာအုပ်စာတမ်းများ၊ မှတ်တမ်းများအားလည်း ကိုးကားဖြည့်စွက်ထားပါသည်။

     

    ကျော်မိုးအောင်

  • ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး

    ဗိုလ်ချုပ်ရွေးတဲ့ လူထုခေါင်းဆောင် ဗိုလ်ချုပ်ပေးချင်တဲ့ သာတူညီမျှအခွင့်ရေး

    “ကိုဖေခင်-ခင်ဗျားကို ကျွန်တော်ပြောစရာရှိတယ်။ တော်လှန်ရေးသမားဆိုတာ သုံးမျိုးသုံးစား ရှိတယ်။ ခင်ဗျား သိလား။

    ပထမတစ်မျိုးက လက်နက်ကိုင်ပြီးတိုက်ရဲတယ်။ သတ်ရဲဖြတ်ရဲ အသေခံရဲတယ်။ ဒုတိယ အမျိုးအစားက မတိုက်ရဲမခိုက်ရဲ ၊ မသတ်ရဲမဖြတ်ရဲဘူး ၊ အသေလည်းမခံရဲဘူး ၊ ဒါပေမယ့် တစ်ရွာဝင် တစ်ရွာထွက်အပင်ပန်းခံ အဆင်းရဲခံပြီး စည်းရုံးရေးလုပ်နိုင်တယ်၊ စားစရာရရင်စား မရရင်မစားဘဲ ဇွဲနပဲနှင့်အငတ်ခံနှိင်တယ်။ တတိယအမျိုးအစားက တိုက်လည်းမတိုက်ရဲ အသေလည်းမခံရဲ အဆင်းရဲ အငတ်အပြတ်လည်းမခံနှိင်ဘူး၊ ခပ်ကြောကြောလေးဝတ်စားပြီး ဦးနှောက်သုံးပြီး တိုင်းပြည်အကျိုးအတွက် ဘာလုပ်ပေးရမလဲ လုပ်ပေးနိုင်တယ် ဆိုတဲ့လူစားမျိုးဖြစ်တယ်။ ခင်ဗျားက အဲဒီအမျိုးအစားထဲပါတယ်။ ခင်ဗျားကို ကျုပ်တာဝန်ပေးစရာရှိတယ်။””

    အထက်ပါစကားကို ရွှေတိဂုံအလယ်ပစ္စယံ လူထုညီလာခံသို့ ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ်ကွန်ဂရက် (ဗမက) ဒုတိယ ဥက္ကဌ၊ ညီလာခံကိုယ်စားလှယ်အဖြစ်တက်ရောက်ကာ “ညီလာခံအဆိုအမှတ်(၇)  တောင်တန်းနယ်ဒေသနှင့် ပြည်မ ပူးတွဲလွတ်လပ်ရေးရယူသင့်ကြောင်း အဆို” တင်သွင်းခဲ့သူ ဦးဖေခင်အား မြန်မာ့လွတ်လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်းက ခေါ်တွေ့ကာ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ဦးဖေခင်နှင့် ဗိုလ်ချုပ်တို့သည် တက္ကသိုလ်ကျောင်းသားဘ၀ကပင် သိကျွမ်းကြသူများ ဖြစ်သည်။ ၁၉၃၀ပြည့်နှစ် တစ်ဝိုက်က ပဲခူးဆောင်တွင် အတူနေခဲ့ကြသူများ၊ အဆောင်သဟာယ နှင့် စာဖတ်အသင်း အမှုဆောင် မဂ္ဂဇင်းအယ်ဒီတာနေရာ အတွက် မဲပြိုင်ခဲ့ကြဖူးသူများဖြစ်သည်။ ထိုစဉ်ကတည်းကပင် ဗိုလ်ချုပ်အနေဖြင့် ဦးဖေခင်၏ စည်းရုံးရေးစွမ်းရည်ကို ကိုယ်တွေ့သိရှိခဲ့သည်။

    ကျောင်းကထွက်ကြသောအခါ ဗိုလ်ချုပ်က နိုင်ငံရေးနယ်ပယ်ထဲရောက်သွားပြီး ဦးဆောင်နေစဉ် ဂျပန်ခေတ်ကာလအထိ သူတို့နှစ်ဦးပြန်လည်မဆုံဖြစ်ကြ။ ဦးဖေခင်ကလည်း ယင်းကာလ တစ်လျှောက် တောင်ကြီးမြို့တွင် နေထိုင်ကာ တောင်တန်းဒေသ တိုင်းရင်းသားများနှင့် အစဉ်တွေ့ဆုံပြီး တိုင်းရင်းသားများနောင်ရေးကို စိုးရိမ်စိတ်ထားနေမိသည်။ နိုင်ငံရေးလုပ်ရန် မူလကရည်ရွယ်ချက် မရှိသော်လည်း စိတ်ဝင်စားမှုရှိသူဖြစ်ရာ ဗိုလ်ချုပ်အောင်ဆန်းက နိုင်ငံရေးနယ်ပယ်ထဲ ဆွဲသွင်း၍ ဖဆပလအဖွဲ့ချုပ်အလုပ်အမှုဆောင် ဦးစီးအဖွဲ့ဝင်အဖြစ်လည်းကောင်း၊ နယ်ခြားဒေသဌာနခွဲ အတွင်းရေးမှူးအဖြစ်လည်းကောင်း ရွေးချယ်တာဝန်ပေးခန့်အပ်ခဲ့သည်။

    ထိုခေတ်အခြေအနေကို သိမြင်နိုင်ရန်အနည်းငယ်ဖော်ပြလိုပါသည်။ ညီလာခံကျင်းပချိန် (၁၉၄၆ ဖေဖော်ဝါရီလ) သည် ဗြိတိသျှဘုရင်ခံ ဆာဒေါ်မန်စမစ်လက်ထက် ဗြိတိသျှအလိုတော်ရိ “ဆာပေါ်ထွန်း”အစိုးရခေတ်ဖြစ်ပြီး ဗြိတိသျှနယ်ချဲ့တို့က တိုင်းရင်းသားပြည်သူများအား သွေးခွဲအုပ် ချုပ်သည့် “Divide and Rule” စနစ် တည်တံ့ရေးအတွက် အစွမ်းကုန် ဖိနှိပ်ချုပ်ခြယ်ခြင်း၊ ခြိမ်းခြောက်ခြင်းများ၊ အရှိန်အဟုန်ပြင်းစွာ ဆောင်ရွက်နေချိန်ဖြစ်ပြီး ရှမ်းပြည်နယ်မှ တိုင်းရင်းသားကိုယ်စားလှယ်များ ပြောင်ပြောင်တင်းတင်း ထင်ထင်ပေါ်ပေါ် ညီလာခံမတက်ရောက်ဝံ့ကြသည့် ကာလဖြစ်သည်။ ထိုအခြေအနေမျိုးတွင် တာဝန်ခံပြောဆိုပေးသည့် ဦးဖေခင် အား ဗိုလ်ချုပ်အနေဖြင့် ယုံကြည်စွာ တာဝန်ပေးခဲ့ ခြင်းပင်ဖြစ်ပါသည်။

    ဦးဖေခင် အဆိုတင်သွင်းရာတွင် ဆာဒေါ်မာန်စမစ်၏ ဆင်းမလားစက္ကူဖြူ စာတမ်းသည် တောင်တန်းဒေသများကို ချန်လှပ်ထားပြီး ဆက်လက်ခြယ်လှယ်ဖို့ ၄င်းတို့၏ အလိုတော်ရိ ပဒေသရာဇ်တို့ ရာသက်ပန်တည်မြဲစေဖို့အတွက် နယ်ချဲ့၏ မဟာဗျူဟာတစ်ရပ်ဖြစ်ကြောင်း၊ နယ်ချဲ့အင်္ဂလိပ်တွေက  နှစ်ပေါင်း(၇၀)နီးပါး အုပ်စိုးခဲ့ပြီးမှ ယင်းနယ်များမှာ ကိုယ်ပိုင်အုပ်ချုပ်ရေးနှင့် မထိုက်တန်သေးဟုဆိုလျှင် နောင်နှစ်ပေါင်း (၁၀၀)ကြာသည်အထိ စောင့်ရဦးမည်လားဟု မေးလိုကြောင်း၊ မိမိတို့သည် ကျွန်ဘ၀ကို အတူတူရောက်ခဲ့သည့်အတွက် လွတ်လပ်သည့်အခါတွင်လည်း အတူတူပင် တစ်ပြိုင်တည်း လွတ်လပ်ချင်ကြောင်း၊ ပြည်မနှင့် တောင်တန်းဒေသပူးပေါင်းရေးသည် အင်္ဂလိပ်နယ်ချဲ့တို့၏ ဆုံးဖြတ်ရန်ကိစ္စ မဟုတ်ဘဲ၊ မိမိတို့အချင်းချင်း လွတ်လွတ်လပ်လပ် ကူးလူးဆက်ဆံ ညှိနှိုင်းဆုံးဖြတ်ရမည့် ကိစ္စသာဖြစ်ကြောင်း ရှမ်းပြည်လူထုကြီးကလည်း ပဒေသရာဇ်စော်ဘွားတွေ၏ ဖိနှိပ်ချုပ်ချယ်မှုများအား ဆက်လက် သည်းမခံနိုင်တော့ကြောင်း ပြောကြား သွားခဲ့သည်။

    ယင်းသို့ တာဝန်ပေးခဲ့ပြီး တစ်နှစ်ခန့်အကြာ ၁၉၄၇ ဇန်န၀ါရီလ ၆ ရက်နေ့တွင် ဗိုလ်ချုပ် ဦးဆောင်သည့် မြန်မာကိုယ်စားလှယ်အဖွဲ့သည် အင်္ဂလန်သို့ သွားရောက်ကာ နန်းရင်းဝန်မစ္စတာ အက်တလီနှင့် တွေ့ဆုံပြီး မြန်မာ့လွတ်လပ်ရေးရယူရာတွင် တောင်တန်းနှင့်ပြည်မပူးတွဲရယူမည် ဖြစ်ကြောင်း ပြတ်သားစွာတောင်းဆိုခဲ့ကြသည်။ နှစ်ဦးနှစ်ဖက် အပြန်အလှန်ဆွေးနွေးနေကြစဉ်တွင် ရှမ်းပြည်နယ်မှ စော်ဘွားနှစ်ဦးအမည်ဖြင့် “အောင်ဆန်းသည် ရှမ်းပြည်နယ်ကို ကိုယ်စားမပြု၊ ပြည်မမှ မြန်မာခေါင်းဆောင်တစ်ဦးသာဖြစ်ကြောင်း ”  ကြေးနန်းစာတစ်စောင် ဗြိတိသျှအစိုးရထံသို့ ရောက်လာသည်။ တောင်တန်းဒေသလွတ်လပ်ရေးအတွက် ရတက်မအေးဖွယ်အခြေအနေပင်။

    ထိုအချိန်တွင် ဦးဖေခင်၏ ဦးဆောင်စည်းရုံးမှု၊ စွမ်းစွမ်းတမံ စည်းရုံးကြိုးပမ်းဆောင်ရွက်မှုကြောင့် တောင်ကြီးမြို့၌ကျင်းပသည့် လူထုအစည်းအဝေး၏ တစ်ခဲနက် ထောက်ခံဆုံးဖြတ်ချက်အရ ဗိုလ်ချုပ်အောင်ဆန်းသည် ရှမ်းပြည်နယ်အပါအ၀င် တောင်တန်းဒေသအားလုံးကို ကိုယ်စားပြုသော ခေါင်းဆောင်ဖြစ်ကြောင်းနှင့် တောင်တန်းဒေသမှ တိုင်းရင်းသားပြည်သူများအတွက် အရေးဆိုရန် အကြွင်းမဲ့ထောက်ခံကြောင်း ကြေးးနန်းတစ်စောင် လန်ဒန်သို့ နောက်နှစ်ရက်ခန့်အကြာတွင် ပြတ်သားစွာ ပေးပို့ရေးသားဖော်ပြနိုင်ခဲ့သည်။

    အဆိုပါကြေးနန်းကြောင့်လည်း ဆွေးနွေးပွဲပြေလည်ချောမောကာ မြန်မာ့လွတ်လပ်ရေးအာမခံ ချက်ပေးသည့် ““ အောင်ဆန်း-အက်တလီ စာချုပ် ” ကို (၂၇-၁-၁၉၄၇)တွင် အောင်မြင်စွာ ချုပ်ဆိုနိုင် ခဲ့ခြင်းဖြစ်သည်။ ထိုစာချုပ် ချုပ်ဆိုပြီးနောက် မြန်မာပြည်သို့ ဗိုလ်ချုပ်တို့ပြန်လာကြကာ ဖေဖော်ဝါရီလတွင် ရှမ်းပြည်နယ်၊ ပင်လုံမြို့သို့ ညီလာခံတက်ရောက်ကြကာ ဆက်လက်ဆွေးနွေးကြသည်။ ဖေဖော်ဝါရီလ (၁၁)ရက်နေ့အထိ ကိုယ်စားလှယ်အားလုံးလက်မှတ်ရေးထိုးရန် မသေချာဘဲ လိပ်ခဲတည်းလည်း ဖြစ်နေကြရသည်။ ဗိုလ်ချုပ်ကိုယ်တိုင် စိတ်ပျက်လာရာမှ သူ၏အပါးတော်မြဲ ဗိုလ်ထွန်းလှအား ရန်ကုန်ပြန်တော့မည်ဆိုကာ လက်မှတ်ဝယ်ခိုင်းခဲ့သည်။ ဗိုလ်ထွန်းလှက ဦးဖေခင်နှင့်တိုင်ပင်ကာ လက်မှတ်မ၀ယ်သေးဘဲ နှစ်ဦးသား တစ်ဖက်မှ လူမျိုးစုခေါင်းဆောင်ကြီးများအား ကြိုးစားစည်းရုံးရင်း တစ်ဖက်မှလည်း ဗိုလ်ချုပ်အား ရန်ကုန်မပြန်ရန် ဖျောင်းဖျပြောဆိုခဲ့ခြင်းသာ နောက်တစ်နေ့ ၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် “ လွတ်လပ်သော ပြည်ထောင်စုမြန်မာနိုင်ငံတော် ” ဟူ၍ ဖြစ်ပေါ်လာစေခဲ့သည့် “ ပင်လုံစာချုပ် ” ကိုအောင်မြင်စွာ လက်မှတ်ရေးထိုးနိုင်ခဲ့ခြင်းဖြစ်သည်။

     

    လွတ်လပ်ရေးအတွက် အရေးဆိုသည့် ထိုအချိန်ထိုကာလက နိုင်ငံရေးအခြေအနေသည် အလွန် ပါးနပ်စွာ ကိုင်တွယ်ခြင်းမပြုပါက လွတ်လပ်ရေးနှင့် အလှမ်းဝေးသွားနိုင်သည့် အခြေအနေမျိုးပင်။ ဗြိတိသျှတို့၏ သွေးခွဲမှုအောက်တွင် တစ်ဦးနှင့်တစ်ဦး စိမ်းကားလျက်ရှိပြီး နက်ရှိုင်းစွာသံသယ၀င်နေ ကြသည့်အချိန်အခါတွင် “ ပြည်ထောင်စု ” တစ်ခုအောင်မြင်စွာ ပေါ်ထွန်းလာရေးအတွက် အဓိက အကျဆုံးလက်မှတ်ရေးထိုးနိုင်ခဲ့သည့် ပင်လုံစာချုပ် ချုပ်ဆိုသည့် ထိုနေ့ကို “ ပြည်ထောင်စုနေ့ ” အဖြစ် သတ်မှတ်ခဲ့ပါသည်။ တိုင်းပြည်အတွက် အလွန်အရေးကြီးသည့် “ တိုင်းရင်းသားစည်းလုံး ညီညွတ်ရေး ” အတွက် ဗိုလ်ချုပ်ကိုယ်တိုင် လုထုခေါင်းဆောင်တစ်ဦးအဖြစ် ရွေးချယ်ပေးခဲ့သော ဗမာနိုင်ငံလုံးဆိုင်ရာ ဗမာမွတ်စလင်မ် ကွန်ဂရက်(ဗမက)  ၏ ဒု-ဥက္ကဋ္ဌ ဦးဖေခင် တာဝန်ကျေပွန်ခဲ့ခြင်း၏ ရလဒ်ပင်ဖြစ်ပါသည်။

    နောင် ဗိုလ်ချုပ်တို့ လုပ်ကြံခံရပြီးသည့်နောက်တွင် ဦးဖေခင် သည် ၀န်ကြီးတစ်ဦးအဖြစ် လည်းကောင်း၊ ပါကစ္စတန်၊ ထိုင်း၊ ဖိလစ်ပိုင်၊ လာအို၊ ကမ္ဘောဒီးယား၊ ကမ္ဘာ့ကုလသမဂ္ဂ (နယူးယောက်)၊ အီဂျစ်၊ ဆီးရီးယား၊ ရုရှ၊ ချက်ကိုစလိုဗက်ကီးယား၊ ပိုလန်၊ မလေးရှား၊ စင်္ကာပူနိုင်ငံတို့တွင် မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးအဖြစ်လည်းကောင်း၊ နှစ်ပေါင်း ၂၅ နှစ်ကာလတာမျှ တိုင်းပြည်တာဝန်ကို ဆက်လက်ထမ်းဆောင် ခဲ့ပြီး နိုင်ငံတော်မှ မဟာသရေစည်သူဘွဲ့နှင့် နိုင်ငံဂုဏ်ရည်ပထမအဆင့်ဘွဲ့များ ချီးမြှင့်ခံယူခဲ့ရကာ ရန်ကုန်မြို့၌ပင် အလ္လာဟ်အရှင်မြတ်အမိန့်တော် ခံယူသွားပြီဖြစ်ပါသည်။

    ( ကိုးကား – ဦးဖေခင်ကိုယ်တိုင် အင်္ဂလိပ်ဘာသာဖြင့် လုပ်သားပြည်သူ့နေ့စဉ်သတင်းစာ၌ ရေးသားခဲ့သော အခန်းဆက်ဆောင်းပါးကို ရဲခေါင်မောင်မောင် ဘာသာပြန်သည့် ကိုယ်တွေ့ပင်လုံ စာအုပ် ဆဋ္ဌမအကြိမ်၊ ၁၉၉၀ ပြည့်နှစ်ထုတ် )

    ————————————————————————————-

    ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်သည့် လူထုခေါင်းဆောင်နောက်တစ်ဦးအဖြစ် တင်ပြလိုသူမှာ ဦးရာရှစ် ဖြစ်ပါသည်။ ဦးရာရှစ်သည်လည်း ဗိုလ်ချုပ် (ထိုစဉ်ကသခင်အောင်ဆန်း)၊ သခင်နုတို့နှင့်ကျောင်းနေဖက်တစ်ဦးဖြစ်သည်။ ဗမာ့အမျိုးသားရေးလှုပ်ရှားမှုတွင် ကနဦးအစကတည်းက ပါဝင်ခဲ့သည်။ ရန်ကုန်တက္ကသိုလ် ကျောင်းသား သမဂ္ဂ၏ ပထမဆုံးအထွေထွေ အတွင်းရေးမှုးချုပ်အဖြစ်လည်းကောင်း၊ ဥက္ကဋ္ဌအဖြစ်လည်းကောင်း၊  ဒုဥက္ကဋ္ဌအဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သူ။ သခင်အောင်ဆန်း အယ်ဒီတာအဖြစ် ထုတ်ဝေသော အိုးဝေမဂ္ဂဇင်းတွင် “ ငရဲခွေးကြီး လွတ်နေပြီ ” အမည်ရှိ ဆောင်းပါးဖော်ပြခဲ့မှုအတွက် သခင်အောင်ဆန်း ဖမ်းဆီးခံထားရချိန်တွင် သခင်နု နှင့်အတူ တစ်နိုင်ငံလုံးတွင် ဒုတိယကျောင်သားသပိတ် ပေါပေါက်ရေးအတွက် အဓိကတာဝန်ယူဦးဆောင်ခဲ့သော (ထိုစဉ်က) ကျောင်းသားသမဂ္ဂ ဒု-ဥက္ကဋ္ဌ၊ ကျောင်းသားသပိတ်ခေါင်းဆောင် တစ်ဦးဖြစ်သည်။၁၉၃၆ ခုနှစ်တွင် ဖွဲ့စည်းသော ဗမာနိုင်ငံလုံး ဆိုင်ရာကျောင်းသားများသမဂ္ဂ ၏ ပထမဆုံး ဥက္ကဋ္ဌလည်း ဖြစ်၏။ တကသ ကိုယ်စားလှယ် ကောင်စီလူကြီး အဖြစ် ပထမဆုံး တာဝန်ယူလုပ်ဆောင်ခဲ့သည်။

    ဗိုလ်အောင်ကျော်ကျဆုံးသည့်အမှုတွင် ကျောင်းသားများဘက်မှ ရှေ့နေ လိုက်ခဲ့သူလည်း ဖြစ်သည်။ ဝတ်လုံတော်ရရှေ့နေ တစ်ဦးဖြစ်သည်။ ဒုတိယကမ္ဘာစစ် ဖြစ်သည်တွင် မိဘများက အိန္ဒိယသို့ ထွက်ပြေးခဲ့ရာ ဂျပန်ခေတ်တစ်လျှောက်လုံး အိနိ္ဒယနိုင်ငံ၌ ရှိနေစဉ် သခင်သိန်းဖေ ( စာရေးဆရာ တက်ဘုန်းကြီး သိန်းဖေမြင့် ) နှင့် အခြားမြေအောက်နိုင်ငံရေးသမားများအား မိမိအိမ်၌ အခမဲ့တည်းခိုနေထိုင်စားသောက်စေ၍ ဂျပန်ကို ပြန်လည်တော်လှန်မည့် မဟာမိတ်အင်္ဂလိပ်တို့နှင့် ဆက်သွယ်ရန် ကူညီပေးခဲ့သည်။  ဗိုလ်ချုပ်တို့ မဟာမိတ်တို့နှင့်ပူးပေါင်းကာ ဂျပန်ကိုမောင်းထုတ်နိုင်ပြီးသည့်နောက် အင်္ဂလိပ်ထံမှ မြန်မာ့လွတ်လပ်ရေးအရယူရန် ပြင်ဆင်နေချိန်တွင် ဗိုလ်ချုပ်ကိုယ်တိုင်က ဦးရာရှစ်ကို ဆက်သွယ်၍ “ဗမာပြည်ပြန်လာပါ။ ခင်ဗျားအကူအညီ ကျုပ်တို့လိုတယ် ” ဟုဆိုကာ တိုင်းပြည် တည်ထောင်ရေးအတွက် ပြန်လည်ခေါ်ယူခဲ့သည်။ လေဆိပ်သို့ပင် ဗိုလ်ချုပ်ကိုယ်တိုင် ကြိုဆိုခဲ့သည်။

    ဖဆပလ အဖွဲ့၌ ပါဝင်၍ ၁၉၄၇ ခုနှစ် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်း ရေးဆွဲရေး ကော်မတီဝင်၊ အလုပ်သမား ဥပဒေပြုကော်မတီတွင် တာဝန်များ ထမ်းဆောင်ခဲ့သည်။ ပြည်သူ့ လွှတ်တော် တွင်၎င်း၊ လူမျိုးစု လွှတ်တော်တွင်လည်းကောင်း အမတ်အဖြစ် ပါလီမန်ဒီမိုကရေစီခေတ်တွင် အဆက်မပြတ် ရွေးချယ် တင်မြှောက်ခြင်းခံရသည်။

    နိုင်ငံတော်အစိုးရအဖွဲ့များတွင် ပြည်သူ့အိုးအိမ်၊ဆောက်လုပ်ရေးနှင့် အလုပ်သမားဌာနဝန်ကြီး(၁၉၅၂)၊ ကုန်သွယ်မှုဖွံ့ဖြိုးရေးနှင့် အလုပ်သမားဝန်ကြီး (၁၉၅၄)၊ သတ္တုတွင်းဌာနဝန်ကြီး (၁၉၅၆ – ၅၈)၊ အမျိုးသားစီမံကိန်းဝန်ကြီးနှင့် စက်မှု၊သတ္တုနှင့်အလုပ်သမားဝန်ကြီး (၁၉၆၀) စသည့်တာဝန်များ ထမ်းရွက်ခဲ့သည်။ အလုပ်သမားနှင့် စပ်ဆိုင်သော ဘုတ်အဖွဲ့ အသီးသီး၊ စုံစမ်းရေး ကော်မတီ အမျိုးမျိုးတွင် သဘာပတိ အဖြစ်လည်းကောင်း၊ ပြည်ထောင်စုအလုပ်သမားအဖွဲ့၊ လူမှုဖူလုံရေးအဖွဲ့၊ အမျိုးသားအိုးအိမ်အဖွဲ့၊ လူမှုဝန်ထမ်းအဖွဲ့နှင့် အမျိုးသားလူငယ်ကောင်စီ များတွင်ဥက္ကဋ္ဌ အဖြစ်လည်းကောင်း၊ ပြည်ပသို့ သွားရောက်သော ကိုယ်စားလှယ်အဖွဲ့ အမျိုးမျိုးတွင် ခေါင်းဆောင်အဖြစ် ဖြင့်လည်းကောင်း၊ အဖွဲ့ဝင်အဖြစ်ဖြင့်လည်းကောင်း လိုက်ပါခဲ့ဖူးသည်။ ၁၉၅၅ ခုနှစ်တွင် ထိုင်းနိုင်ငံမှ သရဖူဆု ချီးမြှင့်ခြင်းခံရသည်။

    ၁၉၆၀ ခုနှစ်တွင် ဗမာ့ စက်မှုလက်မှုကောင်စီ သဘာပတိ အဖြစ်လည်းကောင်း၊ တက္ကသိုလ် အုပ်ချုပ်ရေး ကောင်စီ တွင်လည်းကောင်း တာဝန် ထမ်းရွက်ခဲ့သည်။ ဖဆပလနှစ်ခြမ်းမကွဲခင် ၁၉၅၈ ခုနှစ်တွင် သူသည် TUCB (Trade Union Council of Burma – ဗမာ့ကုန်သွယ်ရေးသမဂ္ဂကောင်စီ ) တွင် ဒုဥက္ကဌ ဖြစ်ခဲ့သေးသည်။ အိန္ဒိယသွေးပါသူဦးရာရှစ်အား နေရာပေးမှုအပေါ် သြဇာအကြီးဆုံး အသိုင်းအ၀ိုင်းကအပြင်းအထန်ဖိအားပေးလင့် ကစား သူ၏မဆုတ်မနစ် ခေါင်းဆောင်မှုကြောင့် အရာမကျခဲ့ပေ။

    ဦးနုက (အတိုက်အခံများနှင့်ရန်ရှင်းသွားအောင်) သူ့နာမည်အား ဦးရန်ရှင်းဟု ပြောင်းရန်တိုက်တွန်းခဲ့ရာ အမာခံမွတ်စလင်မ်ဖြစ်သူ ဦးရာရှစ်က လက်မခံပဲပယ်ချခဲ့ပြီး သူ့နာမည်ရှေ့တွင် “ဦး”ကိုသာတပ်ခဲ့သည်။ ဦးရာရှစ်၏အစ်ကိုဖြစ်သူ ဒေါက်တာအမ်၊အေ၊ရအူးဖ်မှာ အိန္ဒိယနိုင်ငံခြားရေးဌာနတွင် သံအမတ်တစ်ဦး ဖြစ်ခဲ့သည်။ ငါးဆယ်ပြည့်နှစ်စောစောပိုင်းကာလများတုံးက ဗမာနိုင်ငံတွင် သူ့နိုင်ငံကို ကိုယ်စားပြုပြီးတာဝန် ထမ်းဆောင်သွားခဲ့သည်။

     

    ဤနေရာတွင် ဦးရာရှစ်နှင့် ပတ်သက်သော တိမ်မြုပ်နေသည့် ဖြစ်ရပ်တစ်ခုကို ပြန်လည်မျှဝေ လိုပါသည်။ သမိုင်းကို မှတ်တမ်းတင်ရာတွင် အထောက်အထား၊ အတိအကျကိုးကားဖော်ပြနိုင်ခြင်း မရှိသည့်အချက်သည် မော်ကွန်းတင်ထိုက်စရာ၊ မှတ်ကျောက်တင်ခံနိုင်စရာ အထောက်အထားမဟုတ် နိုင်ကြောင်း ကောင်းစွာနားလည်ပါသည်။ သို့သော် မိမိဖတ်မှတ်ကြားသိထားသည့်အချက်ကို မဖော်ထုတ်ဘဲ ထိန်ချန်ခြင်းသည်လည်း သမိုင်းကို သစ္စာဖောက်ခြင်းဖြစ်သည်ဟု ခံယူမိသည့်အတွက် ဤအချက်ကို ရေးသားဖော်ထုတ်ပါမည်။ ၁၉၈၀ ပြည့်လွန်နှစ်များက သခင် အောင်ကြီး(ပေါင်းတည်) ပေဖူးလွှာမဂ္ဂဇင်းတွင် အခန်းဆက်ရေးသားခဲ့သော “ ကျွန်တော်အညာသားပါခင်ဗျား” ဆောင်းပါး ရှည်တစ်နေရာတွင် ဤဖြစ်ရပ်ကို ဖော်ပြခဲ့ဖူးပါသည်။

    သိမီသူများ ဖြည့်စွက်ဆွေးနွေးအတည်ပြုစေလိုပါသည်။

    ဦးနု ဦးဆောင်သည့် ဖဆပလ အစိုးရတိုင်းပြည်အုပ်ချုပ်စဉ်ကာလက ဖြစ်ပါသည်။ တစ်တိုင်း ပြည်လုံး ရောင်စုံသူပုန်များနှင့် တိုင်းရင်းသားခွဲထွက်ရေးသူပုန်များ ထကြွနေချိန်ဖြစ်သဖြင့် အစိုးရ၏ အာဏာစက်နယ်ပယ်ကျဉ်းမြောင်းနေချိန် “ရန်ကုန်အစိုးရ” ဟူ၍ပင် သမုတ်ခံနေရစဉ် ကာလအချိန် ဖြစ်သည်။ အစိုးရအနေဖြင့် တစ်တိုင်းပြည်လုံးရှိ သူပုန်အနေအထားကို စိုးရိမ်နေရချိန်၊ တပ်မတော် တွင်း၌လည်း လက်နက်အင်အားနည်းပါးသဖြင့် ဒုက္ခကြုံလျက်ရှိပါသည်။ ။ ဦးရာရှစ်က အိန္ဒိယ၀န်ကြီးချုပ်နေရူးထံ လျှို့ဝှက်ဆက်သွယ်ပေးခြင်းဖြင့် မြန်မာ့နိုင်ငံရေးအတွက် တစ်တပ်တစ်အား ကူညီခဲ့ရဖူးပါသည်။ ဘာသာရေးကိုအသုံးချတတ်သော ဦးနုသည် အိနိ္ဒယနိုင်ငံမှ ဗုဒ္ဓစွယ်တော်နှင့်ဗောဓိပင် ပင့်ဆောင်သည်ဟု အကြောင်းပြကာ အိနိ္ဒယမှ သဘောင်္များ ရန်ကုန်ဆိပ်ကမ်းသို့ လာရောက်စေပြီး အတိုက်အခံနိုင်ငံရေးသမားများ၊ သူပုန်များမသိစေဘဲ အိနိ္ဒယမှ တပ်ရင်းသုံးခုစာမျှစစ်လက်နက်များ ပြည်တွင်းအစိုးရထံသို့ လျှို့ဝှက်တင်သွင်းခဲ့ရဖူးပါသည်။ သခင်အောင်ကြီးသည် ဤလျှို့ဝှက်စစ်ဆင်ရေး၏ အခန်းကဏ္ဍတစ်ခုတွင် ပါဝင်ခဲ့ရပြီး နောက်တစ်ခေတ်တွင် ပြန်လည် ရေးသားဖော်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

    ————————————————————————————-

    ဗိုလ်ချုပ်ကိုယ်တိုင် ရွေးချယ်ခဲ့သော အမျိုးသားခေါင်းဆောင်နောက်တစ်ဦးမှာ ဗိုလ်ချုပ်တို့နှင့်အတူ ကျဆုံးသွားသော မြန်မာ့အာဇာနည်ခေါင်းဆောင်ကြီး ဆရာကြီး ဦးရာဇတ်ဖြစ်ပါသည်။

    (ဆရာကြီး၏ အတ္ထုပ္ပတိ္တအကျဉ်းကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

    အာဇာနည်ခေါင်းဆောင်ဆရာကြီး ဦးရာဇတ် ၏ အတ္ထုပ္ပတ္တိ အကျဉ်း

    ဆရာကြီးသည် ဗိုလ်ချုပ်တို့ထက် နှစ်နှစ်ဆယ်နီးပါး အသက်ကြီးသည်။ ထို့ကြောင့် မြန်မာ့အရေးလှုပ်ရှားခဲ့ရာတွင်လည်း ဗိုလ်ချုပ်တို့ထက်စောသည်။ အမျိုးသားကျောင်းအုပ်ဆရာကြီး အဖြစ် တာဝန်ထမ်းဆောင်ခဲ့သည်မှာလည်း မန်္တလေးမြို့တွင်ဖြစ်သဖြင့် ဗိုလ်ချုပ်နှင့် အနီးကပ်လက်တွဲ မလုပ်ကိုင်ခဲ့ရပါ။

    ဂျပန်ခေတ် ဂျပန်ကိုတော်လှန်ရန် ဖက်ဆစ်တိုက်ဖျက်ရေး၊ ပြည်သူ့လွတ်မြောက်ရေး (ဖတပလ)ဖွဲ့စည်းစဉ်က မန္တလေးမြို့တွင် (ရက်စက်ကြမ်းကြုတ်လှသော ဖက်ဆစ်ဂျပန်၏ အန္တရာယ်ကို ကြောက်၍) မည်သူမျှ ဥက္ကဋ္ဌအဖြစ် တာဝန်မယူဝံဖြစ်နေစဉ်တွင် ဆရာကြီးက ရဲရဲဝံ့ဝံ့ခေါင်းခံကာ မန္တလေးခရိုင်ဥက္ကဋ္ဌတာဝန်ယူခဲ့သည်။ နောင်ဂျပန်ကိုအောင်မြင်စွာ တိုက်ထုတ်နိုင်ပြီးနောက် ဖက်ဆစ် ဆန့်ကျင်ရေး၊ ပြည်သူ့လွတ်လပ်ရေး(ဖဆပလ) ပြန်လည်ဖွဲ့စည်းချိန်တွင် အများစုက ဆရာကြီးအား ဥက္ကဋ္ဌအဖြစ် ပြန်လည်အဆိုပြုကြချိန်တွင်မူ ပုဂ်္ဂိုလ်အချို့က မြန်မာမင်းနောက်ဆုံးစံခဲ့ရာမင်းနေပြည်တော် မန္တလေးမြို့မှာ ကပြားသွေးနှောတစ်ဦးက ဥက္ကဋ္ဌဖြစ်ထိုက်ပါ့မလားဟု ကန့်ကွက်ကြရာ ရဟန်းတော်များ ကပင် “တခြားဘယ်သူမှ တာဝန်မယူရဲတဲ့အချိန်မှာ ရဲရဲဝံ့ဝံ့တာဝန်ခံခဲ့တဲ့ ဒကာကြီး ရာဇတ်ပင် ဥက္ကဋ္ဌဖြစ်ထိုက်ကြောင်း” ပြတ်သားစွာထောက်ခံခြင်းကြောင့် မန္တလေးခရိုင်ဖဆပလဥက္ကဋ္ဌတာဝန်ယူခဲ့သည်။

    ၁၉၄၇ ခုနှစ် မတ်လတွင်မန္တလေးမြို့မှ ကျော်ကြားထင်ရှားပြီး မျိုးချစ်စိတ်ဓာတ်ရင့်သန်သည့် ကျောင်းထိုင်ဆရာတော်ကြီးများ ဦးဆောင်ကာ လက်မှတ်ရေးထိုးကြပြီး ဖဆပလအစိုးရအဖွဲ့တွင် ဆရာကြီးဦးရာဇတ်အား ၀န်ကြီးတစ်နေရာခန့်အပ်ပေးရန် ဗိုလ်ချုပ်အောင်ဆန်းထံသို့ တောင်းဆိုခဲ့ရာ ယင်းစာကို လက်ခံရရှိပြီးသည့်နေ့ နံနက်(၁၁)နာရီတွင် ကျင်းပသည့် ဖဆပလ အစည်းအဝေးမှာပင် ဆရာကြီးအား ပညာရေးဝန်ကြီးအဖြစ် ခန့်အပ်ခဲ့သည်။

    ဖဆပလ၀န်ကြီးအဖြစ် ဗိုလ်ချုပ်တို့နှင့်အတူ အနီးကပ်လက်တွဲလုပ်ဆောင်စဉ်အတွင်း ဗိုလ်ချုပ်သည် ဆရာကြီး၏ ခံယူချက်သဘောထား၊ မျိုးချစ်စိတ်နှင့် စွမ်းရည်တို့ကို လက်တွေ့ပိုမိုသိမြင်လာခဲ့ရာ မကြာမီပင် “အမျိုးသားစီမံကိန်း ” ၀န်ကြီးအဖြစ်ပါ ပူးတွဲခန့်ထား ယုံကြည်စွာတာဝန်ပေးခဲ့ပါသည်။

    “အမျိုးသားစီမံကိန်းဆိုတာ အင်မတန်ကျယ်ဝန်းတယ်။ အရေးလည်းကြီးတယ်။ တိုင်းပြည်တစ်ခုလုံးရဲ့ တိုးတက်ရေးကို ရှေးရှုပြီး ကြီးပွားရေး၊ စီမံရေး၊ လူမှုရေး အကုန်လုံး ခြုံပြီး အုတ်မြစ်ချတဲ့ ဌာနကြီးတစ်ခု ဖြစ်တယ်။ ဒီဌာနမှ ကိုင်ရတာ ဆရာကြီးအဖို့ တာဝန်လည်းကြီး အပင်ပန်းလည်းအခံရဆုံးပဲ။ သူမပြောနဲ့ဗျာ ဒီဌာနကြောင့် ကျွန်တော်တောင် ထမင်းလွတ်၊ ဟင်းလွတ် ရုံးတက်ရတဲ့အခါလည်းရှိ၊ ည(၉)နာရီ (၁၀)နာရီမှ ရုံးဆင်းရတဲ့ အခါတွေလည်းရှိပုံတွေ စာရေးရင် မျက်လုံးထဲပေါ်နေတယ်။ ဗိုလ်ချုပ် အောင်ဆန်း ဟာ ဆရာကြီးအပေါ် ဘယ်လောက်အထင်ကြီးခဲ့တယ်၊ ဘယ်လောက်ယုံကြည်ကိုးစားခဲ့တယ်ဆိုတာ ဒီအမျိုးသားစီမံကိန်းဌာနကို လွှဲအပ် အကိုင်ခိုင်းတာသာ ကြည့်ပေတော့။ ဒါကြောင့် ဆရာကြီး ဦးရာဇတ် သည် ပညာရေးဝန်ကြီးဖြစ်တဲ့အပြင် အမျိုးသားစီမံကိန်းဝန်ကြီးဌာန ၀န်ကြီးဖြစ်ကြောင်းကို ကြေညာမောင်းခတ်ပေးပါဗျာ ”

    (ဆရာကြီး ဦးရာဇတ် ၏ အတွင်းရေးအတွင်းဝန် အမျိုးသားကျောင်းသားဟောင်း တစ်ဦးဖြစ်သူ ဦးချစ်ဆွေ ၏ မျိုးချစ်စိတ်ဓာတ်အပြည့်ရှိတဲ့ အာဇာနည်ခေါင်းဆောင်ကြီး ဦးရာဇတ် ဆောင်းပါး၊ ဗဟိုစည်သတင်းစာ ၊ ၁၉ ဇူလိုင်၊ ၁၉၆၄ မှ)

    ————————————————————————————-

    ဗိုလ်ချုပ်အောင်ဆန်းကိုယ်တိုင် တိုင်းပြည်အရေးအတွက် ယုံကြည်စွာ ရွေးချယ်ခဲ့သော အထက်ပါ လူထုခေါင်းဆောင်များသည် အစ္စလာမ်ဘာသာဝင်များဖြစ်ကြပါသည်။ ဗိုလ်ချုပ်အနေနှင့် ထိုခေါင်းဆောင်ကြီးများနှင့် အတူတကွလက်တွဲကာ တိုင်းပြည်ထူထောင်ရေး၊ လွတ်လပ်ရေးအတွက် တိုက်ပွဲဝင်နေစဉ်ကာလတစ်လျှောက် သူတို့၏ တိုင်းပြည်အပေါ်ထားသည့် မျိုးချစ်စိတ်ကို ပိုမိုနားလည်လာမိသည်။ ရံဖန်ရံခါ ဘာသာရေးနှင့်ပတ်သက်၍ပင် မိမိသိလိုသည်ကို မေးမြန်းဆွေးနွေးလေ့ရှိခဲ့သည်။

    ထို့ကြောင့် ရွေးချယ်ပိုင်ခွင့်မရှိသော မွေးရာပါအနေအထားအရ “သွေးနှော” ဖြစ်ကောင်းဖြစ်နေကြသော်လည်း မိမိတို့ရွေးချယ်ပိုင်ခွင့်ရှိသော ကိုယ်ကျိုးစီးပွားနှင့် အများအကျိုးတိုင်းပြည်အကျိုးတွင်မူ အများအကျိုးကိုရွေးချယ်ကြသည့် မြန်မာမွတ်စလင်မ်များ၏ အခန်းကဏ္ဍကို သတိပြုမိလာသည်။ မြန်မာမွတ်စလင်မ်တို့ကလည်း မိမိတို့သာသနာ၏ အဆုံးအမဖြစ်သော ““ဇာတိ မြေကို ချစ်မြတ်နိုးခြင်းသည် သာသနာ့ယုံကြည်မှု၏ အစိတ်အပိုင်းဖြစ်သည် ” “ သင်တို့ထဲမှ အကောင်းဆုံးသူသည် ဝေနေယျတို့အကျိုး သယ်ပိုးသူများဖြစ်သည် ”  အစရှိသည့် တမန်တော် မုဟမ္မဒ် (ငြိမ်းချမ်းပါစေ)၏ ဆုံးမသြ၀ါဒများကို ဖ၀ါးခြေထပ်လိုက်နာလျက် တိုင်းပြည်ရေးအတွက် ကဏ္ဍအသီးသီးမှ တက်ကြွစွာ တစ်တပ်တစ်အားပါဝင်ခဲ့ကြသည်။ ယင်းအချက်ကို ကောင်းစွာ သိနားလည်ခဲ့သော ဗိုလ်ချုပ်၏ လူမျိုးရေးရာသဘောထားအမြင်ကို ရွှေတိဂုံစေတီ အလယ်ပစ္စယံ ဖစပလ ညီလာခံသဘင်ကြီးတွင် မိန့်ကြားခဲ့သော အောက်ပါ မိန်.ခွန်းက ထင်ဟပ်ပေါ်လွင်နေပါလိမ့်မည်။

    “လူမျိုးဆိုသည်မှာ သုခ၊ ဒုက္ခ အတူခံစားကြ၍ နီးနီးစပ်စပ်  အကျိုးချင်းထပ်ပြီးလျှင် နှစ်ပရိစ္ဆေဒ ရှည်လျားစွာ တစ်မျိုးတစ်စားတည်းပင်ဟု စိတ်ထားရှိသူတို့ကို တစ်စုတည်းပေါင်း၍ ခေါ်ဝေါ်ခြင်းသာဖြစ်ပေသည်။ အမျိုးအနွယ် ကိုးကွယ်သည့် ဘာသာတရား ပြောဆိုသည့် ဘာသာစကားတို့ကို အရေးထားရမည်ဖြစ်သော်လည်း စင်စစ်မှာ အေးအတူ ပူအမျှ ကောင်းတူဆိုးဖက် ပူးပေါင်းလျက် နေလိုသော အစဉ်အလာ ဆန္ဒပေါ်တွင် ဝံသာနု ရက္ခိတ တရားသည် တည်နေပေသည်။”

    ဒီးဒုတ်သတင်းစာ ဧက ဒသမတွဲ နံပါတ် ၄၁ ဇူလိုင်လ ၂၇ ရက်၊ ၁၉၃၅၊ စာမျက်နှာ ၅၊ ၆ တွင်လည်း ဗိုလ်ချုပ်အောင်ဆန်းက အမျိုးသားစိတ်ဓာတ်နှင့် ပတ်သက်၍ “သွေးတူခြင်းထက် စိတ်ကူးတူခြင်း ရှေးဟောင်းနှောင်းခေတ်တွင် ဒိုးတူဘောင်ဘက် ပြုဖူးသည်များကို မှတ်မိခြင်းတို့က အမျိုးသားစိတ်ကို ပိုမိုဖန်တီးလေသည်။” ဟု ရေးသားခဲ့ပါသည်။

    ထို့အတွက်ကြောင့်ပင်လျှင် ၁၉၄၆ ခုနှစ်၊ ဖေဖော်ဝါရီလ၌ ကျင်းပခဲ့သော ရွှေတိဂုံအလယ်ပစ္စယံ  လူထုအစည်းအဝေးပွဲကြီး၌ဖဆပလအဖွဲ့မှ ဆရာကြီး ဒီးဒုတ် ဦးဘချိုမှ အဆိုအမှတ်(၆) တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆိုတင်သွင်းရာတွင်

    “ ဗမာမွတ်စလင်မ်များသည် မိမိတို့သည် ဗမာလူမျိုးများပင်ဖြစ်သည်ဟု အမြင်မှန်ထားကြသည့်အတိုင်း ကျွန်တော်တို့ကလည်း မြန်မာလူမျိုးတို့၏ အခွင့်အရေးများကို ပေးမည်ဖြစ်ကြောင်း” ထည့်သွင်းပြောကြားသွားခဲ့ပါသည်။

    (အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို အပြည့်အစုံကို ဤနေရာတွင် ဖတ်ရှုနိုင်ပါသည်။)

    အာဇာနည်ခေါင်းဆောင်ကြီး ဒီးဒုတ်ဦးဘချို၏ တိုင်းရင်းသားလူနည်းစုများနှင့် သက်ဆိုင်သည့်အဆို

    အိနိ္ဒယနိုင်ငံသို့ ဆရာကြီးဦးရာဇတ် မြန်မာ့ကိုယ်စားလှယ်ပညာရေး ၀န်ကြီးအဖြစ် သွားရောက်စဉ် အိနိ္ဒယနိုင်ငံမှ “ မြန်မာနိုင်ငံတွင် အစ်္စလာမ်ဘာသာဝင်လူနည်းစု အခန်း ကဏ္ဍဘယ်လိုရှိပါသလဲ ” ဟု မေးမြန်းသည်ကို ဆရာကြီးက “We don’t regard ourselves as minority; we merge with the majority… ကျွန်တော်တို့ကိုယ့်ကိုယ်ကို လူနည်းစုလို့ သဘောမထား လူများစုနဲ့ ပေါင်းလိုက်တယ်  …” ဟု ပြန်ဖြေခဲ့ခြင်းသည် ဗမာမွတ်စလင်မ်တို့၏ ရပ်တည်မှုပင်ဖြစ်ပါသည်။

    တိုင်းပြည်အပေါ် သစ္စာစောင့်သိသောအခြားဘာသာဝင် လူနည်းစုများအပေါ်တွင် ထားရှိသည့် ဗိုလ်ချုပ်၏ သာတူညီမျှ အခွင့်အရေးပေးလိုမှုကို ဖော်ညွှန်းသည့် အခြားမိန့်ခွန်းတစ်ခု ကိုလည်း  ဖော်ပြလိုပါသည်။ ၁၉၄၇ ခုနှစ်၊ မေလတွင် မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ ရေးဆွဲရေးအတွက် ဖဆပလပဏာမပြင်ဆင်မှုညီလာခံကို ကျင်းပခဲ့ပါသည်။ ထိုညီလာခံတွင် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ္ဓဘာသာကို နိုင်ငံတော် ဘာသာရေးကိုင်းရှိုင်းသည့် ဒီးဒုတ်ဦးဘချိုက လွတ်လပ်ရေးရသည့်အခါတွင် ဗုဒ်္ဓဘာသာကို နိုင်ငံတော်ဘာသာအဖြစ် ပြဋ္ဌာန်းရန်သင့်ကြောင်း အဆိုတင်သွင်းသည်။ ဤအဆိုနှင့်ပတ်သက်၍ ဆွေးနွေးကြသည့်အခါ ဗိုလ်ချုပ်အောင်ဆန်းက ဦးဘချိုကို အောက်ပါအတိုင်း ချေပပြောဆိုခဲ့ပါသည်။

    “… သည်မှာ ဆရာ ၊ ကျွန်တော်တို့က လူကြိုက်အောင် လုပ်နေတာမဟုတ်ဘူး။ သည်လို မဟုတ်မဟတ်ကိုယ်ထင်ရာတွေ လျှောက်လုပ်နေကြမည်ဆိုလျှင် ကျွန်တော်တို့တိုင်းပြည်ဟာ မကြာမီ ပျက်စီးပြိုကွဲပြီး ကျွန်သားပေါက်ဖြစ်သွားမှာဘဲ။ ကျွန်တော်တို့တိုင်းပြည်မှာ အလောင်းဘုရား လက်ထက်ကတည်းက မူဆလင်တွေရှိတယ်။ ဘရင်ဂျီတွေရှိတယ်။ အစတုန်းက ရှိလာကြတဲ့ နတ်ကိုးကွယ်တဲ့ တောင်းတန်းသားတွေရှိတယ်။ အဲသည်တောင်တန်းသားတွေဟာ အင်္ဂလိပ်လက်အောက်တုန်းက တချို့ ခရစ်ယာန်တွေဖြစ်ပြီး အရိုးစွဲနေကြတာရှိတယ်။ သူတို့တစ်တွေဟာအားလုံးနိုင်ငံသားတွေပဲ၊ တိုင်းပြည်ကို ကျွန်တွင်းက လွတ်အောင် တိုက်ထုတ်ကြတုန်းက ကျွန်တော်တို့ချည်းမဟုတ်ဘူး။ သူတို့တတွေ ပါကြတယ်။ ယခု ကျွန်တွင်းကလွတ်မည်မကြံသေးဘူး သူတို့တွေအပေါ်မှာ အနိုင်ကျင့်ပြီး ငါတို့လူများစုရဲ့ဘာသာကို နိုင်ငံတော်ဘာသာဖြစ်ရမည်လို့လုပ်လိုက်လျှင် ကျွန်တော်တို့ဟာ ခွေးလောက်တောင် သောက်သုံးမကျတဲ့အကောင်တွေ ဖြစ်သွားကြမှာပေါ့ဆရာ။ တိုင်းပြည်ကို တိုင်းပြည်ရေးလို တွေးစမ်းပါ။ ဘာသာရေးတွေ ဘာတွေညာတွေ လုပ်မနေစမ်းပါနှင့်။ ကျွန်တော်တို့ဟာ တိုင်းပြည်တစ်ခုလုံး စည်းလုံးကြဖို့လိုတယ်၊ … ယခုအချိန်မှာလိုချင်တာက ပြည်ထောင်စုထဲမှာရှိနေကြတဲ့ လူမျိုးအားလုံး ဘာသာအားလုံး ဘယ်တော့မှ မပြိုကွဲဘဲ ခွဲထွက်သွားမည့်လူတွေ ပေါ်မလာစေဘဲ နိုင်ငံရေးစိတ်ဓာတ် တစ်ခုတည်းရှိအောင်သွင်းပြီး စည်းလုံးဖို့လိုတယ်။ နိုင်ငံတော်ဘာသာကို ဗုဒ္ဓဘာသာလုပ်ချင်ရင် ဗုဒ္ဓဘာသာနိုင်ငံတော်လို့ ဆရာဘာသာ ဆရာကြေညာ၊ ကျွန်တော် မပါဘူး။”

    ( ပြည်ထောင်စုမြန်မာနိုင်ငံတော် (ပါလီမန်)တတိယပြည်သူလွှတ်တော်ညီလာခံမှတ်တမ်း၊ စာတွဲ ၅၊ အစည်းအဝေးအမှတ်-၃၊ ရန်ကုန်၊ အစိုးရပုံနှိပ်တိုက်၊၁၉၆၂၊ စာ ၃၇၀- ၃၇၁ ။)

    (မှတ်ချက်။       ။         ဤဆောင်းပါး၏ ရည်ရွယ်ချက်မှာ ဗိုလ်ချုပ်၏ သာတူညီမျှစိတ်ဓာတ်ကို ဖော်ညွှန်းလို ခြင်းသာဖြစ်ပြီး နိုင်ငံတော်ဘာသာပြဋ္ဌာန်းခြင်း ကောင်း၏ဆိုး၏သုံးသပ်ချက် မဟုတ်သည့်အတွက် ထိုအကြောင်းအရာကို မဆွေးနွေးလိုပါ။ )

    ကြာခဲ့ပါပြီ …ဗုဒ္ဓဘာသာဝင် ဗိုလ်ချုပ်အောင်ဆန်း၊ ဒီးဒုတ်ဦးဘချိုတို့၏သွေးများ၊ အစ္စလာမ်ဘာသာဝင်ဆရာကြီး ဦးရာဇတ်၊ ခရစ်ယာန်ဘာသာဝင် မန်းဘခိုင်တို့၏ သွေးများ စုစည်း၍ သွေးချောင်းစီးခဲ့ရသည်ပင်လျှင် နှစ်ပေါင်း (၆၀)ကျော်ခဲ့ပါပြီ။ ခေတ်စနစ်အလီလီလည်း ပြောင်းခဲ့ရပြီးပါပြီ …။

    ထင်သာမြင်သာရှိလှသော နိုင်ငံရေးအပြောင်းအလဲများစွာဖြင့် အမျိုးသားရင်ကြားစေ့ရေး သာတူညီမျှလူ့အခွင့်အရေးအများအတွက် ပြုပြင်ပြောင်းလဲရေးများ ဆောင်ရွက်နေသည့် မြန်မာ့ဒီမိုကရေစီခေတ်သစ်ကာလတွင် …

    ဗိုလ်ချုပ်တို့ ပေးချင်ခဲ့သည့် သာတူညီမျှအခွင့်အရေး၏ အငွေ့အသက်မျှဖြစ်ဖြစ်တော့ ခံစားလိုပါသည်။ အနည်းဆုံးအဆင့် ဒီမြေမှာမွေး၊ ဒီမြေမှာပင်ကြီးကာ ဒီမြေတွင်ပင်သေကြရမည့် ကျွန်တော်တို့အတွက် နိုင်ငံသားအခွင့်အရေး အပြည့်အ၀ရရှိစေ၇န်အထူးလိုအပ်ချက်တစ်ခုဖြစ်သည့် နိုင်ငံသား စိစစ်ရေးကတ်များ ယခုထက်လွယ်ကူစွာ ချပေးခံကြရလိုပါသည်။ နိုင်ငံသားမဖြစ်ထိုက်သူများ နိုင်ငံသားကတ်ထုတ်မပေးမိစေရန် စစ်ဆေးရမည်မှာ အမှန်ပါ။ သို့သော် ဘိုးဘေးဘီဘင် ဒီမြေမှာ နေလာကြသူတို့အဖို့မူ “ယခင်က ရှိခဲ့သော၊ ယခုရှိမရှိ မသေချာလှသေးသော” မလိုအပ်သည့် ကြန့်ကြာမှု၊အခက်အခဲများ၊ လျော့နည်းသွားစေလိုလှပါသည်။ ဘိုးဘေးအဆက်ဆက် နှစ်ပေါင်းရာကျော်အတွင်း နိုင်ငံခြားသွေးနှောမှု တိုက်ရိုက်မည်သို့မျှ ရှာမတွေ့နိုင်သည့် သူများအားလည်း မိဘဘိုးဘွားအားလုံး၏ မှတ်ပုံတင်တွင် လူမျိုးဗမာ ကိုးကွယ်ရာဘာသာအစ္စလာမ်အဖြစ် ဖော်ပြခံခဲ့ကြရာမှ မိမိတို့လက်ထက်ရောက်ကာမှ အစ္စလာမ်ဘာသာသက်ဝင်ယုံကြည်မိသည့်အတွက် နိုင်ငံသား စိစစ်ရေးကတ်တွင် အိနိ္ဒယ သို့မဟုတ် ပါကစ္စတန်လူမျိုး၊ သွေးနှောအဖြစ် ဇွတ်အဓမ္မအထည့်ခံရသည့်ဝဋ်ဒုက္ခမှလည်း ကင်းဝေးလိုပါသည်။ (ဤအကြောင်းကိုယ်တွေ့ကြုံခဲ့ရသည်ကိုလည်း သီးခြားထပ်မံ၍ မျှဝေပါဦးမည်။)

    ကျွန်တော်တို့ အစ္စလာမ်ဘာသာဝင် မြန်မာနိုင်ငံသား၊ မြန်မာမွတ်စလင်များအနေနှင့် လည်း ရှေးအထက်ထက်က မိမိတို့ဘိုးဘေးများ တိုင်းပြည်အပေါ် တာဝန်ကျေခဲ့သည့်နည်းတူ တာဝန်ကျေရန် ကြိုးပမ်းကြရပါဦးမည်။ သူတို့ကိုပေးခဲ့သော အခွင့်အရေးမျိုး ကျွန်တော်တို့ လက်ထက်တွင် ခံစားလိုပါက သူတို့ကဲ့သို့ စိတ်မျိုးထားကာ ကိုယ်ကျရာကဏ္ဍမှာ အကောင်းဆုံး တာဝန်ကျေပွန်ကြရပါမည်။ ကျွန်တော်တို့အမြဲနှလုံးသွင်း၊ ဆင်ခြင်အပ်သည့် တမန်တော်မြတ်၏ သြ၀ါဒတစ်ခုဖြစ်သည့် “အထက်လက်သည် အောက်လက်ထက်မြတ်သည် ” ဆိုသည့် သြ၀ါဒကို မျှဝေလိုပါသည်။ စာလုံးနည်းနည်းနှင့် အဓိပ္ပါယ်အလွန်လေးနက်လှသည့် သွန်သင်ချက်ဖြစ်ပါသည်။ ကိုယ့်ဘက်က ရယူသူသက်သက်မဟုတ်ဘဲ၊ ပေးဆပ်သူ၊ မွတ်စလင်မ်ဟူသော ဂုဏ်ပုဒ်နှင့်အညီ ငြိမ်းချမ်းရေးကို လက်တွေ့ဖော်ကြူးသူ၊ မုဟ်စင်န် ခေါ် လောကကို အလှဆင်သူများ အမှန်တကယ် ဖြစ်လာစေရန် ကျွန်တော်တို့၏ တာဝန်ဖြစ်ပါသည်။

    ပတ်ဝန်းကျင်တွင်လူပိုများမဖြစ်စေရန် ကြိုးစားကြရပါမည်။ မိမိနေထိုင်ရာ ပတ်ဝန်းကျင်အကျိုး၊ ရပ်ရွာအကျိုး၊ ဒေသအကျိုးအတွက် အများနှင့်သဟဇာတဖြစ်ကာ စံပြလက်တွဲ၍ ဦးဆောင်ကြရပါမည်။ အစ္စလာမ့်အဆုံးအမနှင့် လားလားမျှ တိုက်ရိုက်သက်ဆိုင်ခြင်းမရှိသော တိုင်းတပါး အိမ်နီးချင်းနိုင်ငံမှ လူမျိုးရေး ယဉ်ကျေးမှုဆိုင်ရာ ဓလေ့ထုံးတမ်းများအား ပုံတူကူးချ ကျင့်သုံးခြင်းသည်လည်း မိမိတို့ကို နားလည်မှု ပိုမိုလွဲမှားစေရာဘက်သို့ ဦးတည်နိုင်ကြောင်းကိုလည်း သတိပြုသင့်ပါသည်။ အစ္စလာမ့်အဆုံးအမအရ မိမိကြမ္မာကို မိမိသာလျှင် ဖန်တီးရမည်ဖြစ်ကြောင်းကိုလည်း သတိပြုစေလိုပါသည်။

    “မုချဧကန် လူ့အစုအဝေးတစ်ရပ်သည် မိမိကိုယ်မိမိ မပြုပြင် မပြောင်းလဲသမျှ ကာလပတ်လုံး အလ္လာအရှင်မြတ်ကလည်း ပြုပြင်ပြောင်းလဲပေးမည်မဟုတ်” (ကျမ်းမြတ်ကုရ်အာန်၊ ၁၃း၁၁)

    အချို့ကလည်း ဆိုကြပါသည်။ တို့ဘိုးဘေးများလက်ထက်ကလည်း ဤအရေးအတွက် ကြိုးပမ်းခဲ့ကြပြီး ကြိုးပမ်းခဲ့သမျှလည်း သဲထဲရေသွန်ဖြစ်ခဲ့ရပြီး ဒုံရင်းဒုံရင်းပင်ဖြစ်သည့်အတွက် ကြိုးပမ်းလိုစိတ်မရှိတော့ပါ။ ရှိသလိုပင် လက်ခံလိုက်ကာ ခပ်ဝေးဝေးနေကြရုံပေါ့ဟု ပြောကြပါသည်။ ဖတ်မှတ်ခဲ့ဖူးသော အသုံးအနှုန်းလေးကိုပင် ပြန်လည်ဝေမျှလိုပါသည်။ ကျွန်တော်တို့သည်လည်း “ချောတိုင်တက်” နေကြခြင်းပင်ဖြစ်ပါသည်။ ပန်းတိုင်ရောက်လုနီးပါးဖြစ်ပြီးမှ ပြုတ်ကျခဲ့ရဖူးသော်လည်း အကြိမ်ကြိမ် မဆုတ်မနစ်ကြိုးပမ်းက တစ်ချိန်ချိန်တွင်တော့ အရောက်လှမ်းနိုင်ပါလိမ့်မည်။ သေချာသည်ကတော့ ကျွန်တော်တို့အားလုံးယခုထက်ပိုကြိုးစားကြရပါဦးမည်။

    စီစဉ်တင်ပြသူ …ကိုကျော်မိုးအောင်