News @ M-Media

Tag: US Army

  • တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ

    တပ်သားသစ်များကို ညှင်းပမ်းသည့် မရိန်းတပ်ဖွဲ့ဝင်တစ်ဦး ထောင်ဒဏ် ၁၀ နှစ် ကျ

    နိုဝင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    – မွတ်စလင် တပ်သားသစ် ၁၂ ယောက်ကျော်ကို ညှင်းပမ်းခဲ့ပြီး ၂၀၁၆ ခုနှစ်တွင် တပ်သားတစ်ယောက် သေဆုံးသည်အထိ ဖြစ်ခဲ့သည့် အမေရိကန်မရိန်းတပ်ဖွဲ့ နည်းပြဆရာတစ်ဦးမှာ သောကြာနေ့က ထောင်ဒဏ် ၁၀ နှစ် ချမှတ်ခံခဲ့ရသည်ဟု သိရသည်။

    တပ်ကြပ် ဂျိုးဆက်ပ် ဖလစ်ဆိုသူဖြစ်ပြီး တောင်ကာရိုလိုင်းနား စစ်စခန်းရှိ ပဲရစ်ကျွန်း လေ့ကျင့်မှုတွင် ထိုကဲ့သို့ မတော်မတရား ဆောင်ရွက်ခဲ့မှုအတွက် အပြစ်ရှိကြောင်း ကြာသာပတေးနေ့တွင် တရားရုံးက ဆုံးဖြတ်ခဲ့သည်။

    စစ်သားများဖြင့် ဖွဲ့စည်းထားသည့် ခုံရုံးက အီရန်စစ်ပြန် ဖလစ်မှာ တပ်သားသစ်များကို အလွန်အမင်းကျဆင်းနေသော မြူနှင်းများတွင် လေ့ကျင့်စေပြီး အကြမ်းဖက်သမားများဟု ကဲ့ရဲ့ခဲ့သည့် နည်းပြ ၆ ဦးအနက် အပြစ်အရှိဆုံးဟု ဆုံးဖြတ်ခဲ့သည်။

    တပ်သားသစ်များမှ နှစ်ဦးကို ဖလစ်တို့အဖွဲ့က စက်ရုံးသုံး အင်္ကျီအခြောက်ခံစက်ထဲသို့ အတင်းအကြပ်ဝင်ရောက်စေပြီး ၎င်းတို့၏ ကိုးကွယ်ယုံကြည်မှုကို မစွန့်လွှတ်သည့်အတွက် အခြောက်ခံစက်ဖြင့် အပူတိုက်ခဲ့သည်။

    အောက်တိုဘာလက သေဆုံးခဲ့သည့် တပ်သားတစ်ဦးဖြစ်သူ ဆစ်ဒစ်၏ မိသားစုက ယင်းနည်းပြဆရာများထံမှ နစ်နာကြေး ဒေါ်လာ သန်း ၁၀၀ ရလိုကြောင်း တရားစွဲဆိုခဲ့သည်။

    ၎င်း၏သားမှာ ၀ရံတာ၌ ရပ်နေစဉ် အထက်အရာရှိတစ်ဦး တံခါးတွန်းဖွင့်ဝင်လာပြီး တွန်းချခဲ့သောကြောင့် သေဆုံးခဲ့ရခြင်း ဖြစ်ကြောင်း စွပ်စွဲခဲ့ပြီး နည်းပြဆရာများက ထိုသေဆုံးမှုမှာ မိမိကိုယ်ကို သေကြောင်းကြံစည်မှုဟု ချေပပြောဆိုခဲ့သည်။

    ထောင်ဒဏ် ၁၀ နှစ် ချမှတ်မှုမှာ တရားလိုရှေ့နေများ တောင်းဆိုသည့် ၇ နှစ်ထက် ပိုမို များပြားနေပြီး စစ်တပ် လုပ်ထုံးလုပ်နည်းများအရ အယူခံဝင်နိုင်မည်ဖြစ်သည်။

    Ref: alarbiya

  • အမေရိကန်စစ်သားများ ဘာသာရေးအရ ၀တ်စား ဆင်ယင် ခွင့်ပြုနိုင်မည့် ဆုံးဖြတ်ချက်သစ် ထွက်လာ

    အမေရိကန်စစ်သားများ ဘာသာရေးအရ ၀တ်စား ဆင်ယင် ခွင့်ပြုနိုင်မည့် ဆုံးဖြတ်ချက်သစ် ထွက်လာ

    ဇန်န၀ါရီ ၇၊ ၂၀၁၇
    M-Media

    sikh

    – တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေအနေနဲ့ မိမိတို့ရဲ့ ဘာသာသာနာအသီးသီးက သွန်သင်ထားတဲ့ သတ်မှတ်ချက်အတိုင်း ၀တ်စားဆင်ယင် နေထိုင်ခွင့်ပြုမယ့် ဥပဒေတစ်ခု အမေရိကန် စစ်တပ်က အခုတစ်ပတ်အစောပိုင်းမှာ ထုတ်ပြန်လိုက်တယ်လို့ သိရပါတယ်။

    ဒီဥပဒေကြောင့် အမေရိကန်စစ်သား စစ်သမီးတွေဟာ ခေါင်းပေါင်း၊ ဟိဂျဘ်ခေါင်းဆောင်းပုဝါနဲ့ မုတ်ဆိတ်ထားခြင်းတို့လို သက်ဆိုင်ရာ ဘာသာရေးသတ်မှတ်ချက်တွေကို ဆောင်ရွက်နိုင်တော့မှာ ဖြစ်ပါတယ်။ အရင်က ဒီလို ဘာသာရေးသတ်မှတ်ချက် လိုက်နာလိုမှုအတွက် တစ်ဆင့်စီ ခွင့်တောင်းရပေမယ့် အခုဥပဒေအသစ်အရ တပ်မှူးအဆင့်ကနေ ခွင့်ပြုပေးနိုင်တော့မှာ ဖြစ်ပါတယ်။

    “လက်ရှိ ဒီလို ဘာသာရေးသတ်မှတ်ချက်တွေကို လိုက်နာပြီး တိုင်းပြည်တာဝန်ထမ်းဆောင်နေတဲ့ စစ်သားတွေ အခက်အခဲမရှိတာကို တွေ့ရတာကြောင့် ဒီလို လိုက်နာဖို့ တောင်းဆိုမှုကို တပ်မှူးအဆင့်မှာပဲ ခွင့်ပြုချက်ပေးနိုင်အောင် ကျွန်တော်ဆုံးဖြတ်လိုက်ပါတယ်” လို့ အမေရိကန်ကြည်းတပ် ကွပ်ကဲရေးမှူး အဲရစ် ဖန်နင်းက ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    အခု ဥပဒေကြောင့် စစ်သမီးတွေဟာ လည်ပင်းမှာ အဆောင်လက်ဖွဲ့ ၀င်ဆင်ခြင်း၊ ကျစ်ဆံမီးကျစ်ခြင်းတွေလည်း လုပ်လို့ ရတော့မှာပါ။

    မကြာသေးခင်ကာလအတွင်းမှာ အမေရိကန်ကြည်းတပ်ဟာ တူညီဝတ်စုံသတ်မှတ်ချက်နဲ့ပတ်သက်ပြီး ဖြေလျော့ပေးမှုတွေ ပြုလုပ်ပေးခဲ့ပါတယ်။

    ၂၀၁၆ ခုနှစ် ဧပြီလကလည်း Bronze Star ဆုရ ဆစ်ခ်လူမျိုး ဗိုလ်ကြီး ဆင်မ်ရတ်ပဲလ် ဆင်းက ဘာသာရေးအရ ခေါင်းပေါင်းပေါင်းခွင့်၊ မုတ်ဆိတ်ထားခွင့် မရခြင်းအတွက် ခွဲခြားခံရသည်ဟုဆိုကာ စစ်တပ်ကို တရားစွဲဆိုခဲ့ပြီးတဲ့နောက် သူ့ရဲ့ ဘာသာရေးသတ်မှတ်ချက်ကို လိုက်နာခွင့် ရခဲ့ပါတယ်။

    Ref: Huffingtonpost