News @ M-Media

Tag: Vatican

  • ဗာတီကန်ရှိ ဘုန်းတော်ကြီးများ၏ လိင်ပိုင်းဆိုင်ရာ စော်ကားမှုများနှင့် ပတ်သက်ပြီး ကုလကြားနာ

    ဇန်န၀ါရီ ၁၆၊ ၂၀၁၄
    M-Media
    UN_hearing_grills_Vatican_on_child_sex_abuse_record_
    – ဗာတီကန်ရှိ ခရစ်ယာန်ဘုန်းတော်ကြီးတစ်ချို့၏ ကလေးငယ်များအား လိင်ပိုင်ဆိုင်ရာ စော်ကားမှုများကို ကုလသမဂ္ဂ လူ့အခွင့်အရေးအဖွဲ့က ဂျီနီဗာတွင် ယမန်နေ့က စစ်ဆေးခဲ့သည်ဟု သိရသည်။

    ကုလသမဂ္ဂဆိုင်ရာ ဗာတီကန် ကိုယ်စားလှယ် ဂိုဏ်းချုပ်ဘုန်းတော်ကြီး ဆီလ်ဗာနို တိုမာစီကမူ စာသင်ကျောင်းများ၊ အားကစားလှုပ်ရှားမှုများ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်းများနှင့် အသင်းအဖွဲ့များတွင် ဖြစ်ပွားသည့် ထိုကဲ့သို့ ပြစ်မှုများအား တန်းညှိ၍ မရဟုပြောကြားခဲ့ပြီး၊ ကလေးငယ်များ၏ အခွင့်အရေးများကို လေးစားမှုအား အားပေးထိန်းသိမ်းရန်အတွက် မည်သည့် အယူအဆကိုမဆို ဗာတီကန်၏ တရားစီရင်ရေးအဖွဲ့ Holy See က ကြိုဆိုကြောင်း ကုလအား ပြောကြားခဲ့သည်။

    ဗာတီကန်၏ လိင်ပိုင်းဆိုင်ရာ ရာဇ၀တ်မှုများအား ကိုင်တွယ်ခဲ့သော တရားသူကြီး ဟောင်းဖြစ်သူ မွန်ဆဂ်နာ ချားလ်စ် စီကလူနာကမူ ကလေးငယ်များအား လိင်ပိုင်းဆိုင်ရာစော်ကားမှုများနှင့် ပက်သက်၍ အလေးထားဖြေရှင်းရန် ယခင် Holy See အဖွဲ့မှ ယခင်က တုံ့ဆိုင်းမှုများရှိခဲ့သော်လည်း ယခုအချိန်တွင်မူ ထိုကိစ္စများကို ဆောင်ရွက်ရန် လုပ်ဆောင်နေသည်ဟု မှတ်ချက်ပေးခဲ့သည်။

    ဗာတီကန်၏ အမှုကိစ္စနှင့်ပတ်သက်၍ ကုလမှ ကြားနာစစ်ဆေးခြင်းမှာ ပထမဆုံးအကြိမ်ဖြစ်ပြီး၊ ထိုကဲ့သို့ စစ်ဆေးမှုကို လူ့အခွင့်အရေးအဖွဲ့များကလည်း ကြိုဆိုခဲ့ကြသည်။ ဗာတီကန်မှာ ကုလသမဂ္ဂ၏ ကလေးငယ်အခွင့်အရေးဆိုင်ရာ သဘောတူညီချက်အား ၁၉၉၀ ခုနှစ်ကတည်းက လက်မှတ်ရေးထိုးထားသည်။

  • ဗာတီကန်ကိုလည်း အမေရိကန်အမျိုးသား ထောက်လှမ်းရေး အေဂျင်စီ လျိုဝှက် ထောက်လှမ်းခဲ့

    အောက်တိုဘာ-၃၁ ၂၀၁၃
    M-Media

    332202_Vatican-Cardinals

    ပုပ်ရဟန်းမင်းအသစ်တင်မြှောက်ရန် ဗာတီကန်ရှိ ဂိုဏ်ချုပ်ဘုန်းတော်ကြီးများ ယခုနှစ်မတ်လတွင် ပြုလုပ်ခဲ့သည့် လျှို့ဝှက်ဆွေးနွေးပွဲကို အမေရိကန်အမျိုးသားထောက်လှမ်းရေး အေဂျင်စီ (NSA) က လျှို့ဝှက်ထောက်လှမ်းခဲ့သည်ဟု အီတလီ မဂ္ဂဇင်းတစ်စောင်ကဖော်ပြခဲ့သည်။

    အပတ်စဉ်ထုတ်ဝေသော အီတလီ မဂ္ဂဇင်းတစ်စောင်ဖြစ်သည့် Panorama တွင် ယမန်နေ့က ဖော်ပြခဲ့ခြင်းဖြစ်ပြီး ဗာတီကန်၏ ဖုန်းခေါ်ဆိုမှုများအား NSA မှ ကြားဖြတ်နားထောင်ခဲ့ကာ အသံသွင်းယူထားခဲ့သည်ဟု ထိုမဂ္ဂဇင်းတွင် ရေးသားထားသည်။ ဗာတီကန်ရေးရာ စီမံခန့်ခွဲရေးကို တာဝန်ယူရသော ရဟန်းမင်း ဂျော့ဂ်ျ မာရီယို ဘာဂိုဂလီယိုက ပုပ်ရဟန်းမင်း ဖရန်စစ်ကို မရွေးချယ်ခင်အလျင် ၎င်း၏ ဖုန်းခေါ်ဆိုမှုများကိုလည်း NSA က ကြားဖြတ် နားထောင်ခဲ့သည်။

    ၂၀၁၂ ခုနှစ်မှ ၂၀၁၃ ခုနှစ်အတွင်း အီတလီနိုင်ငံ၏ ဖုန်းခေါ်ဆိုမှု ၄၅ သန်းကို အမေရိကန်တို့က လျှို့ဝှက်နားထောင်ခဲ့သည်ဟု စောင့်ကြည့်ရေး ၀ဘ်ဆိုဒ်တစ်ခုဖြစ်သည့် Cryptome မှ မကြာမီက ဖော်ပြခဲ့ပြီး နောက်ပိုင်း Panorama မဂ္ဂဇင်းက ထိုကဲ့သို့ ရေးသားဖော်ပြခဲ့ခြင်းဖြစ်သည်။

    အာဂျင်တီးနားနိုင်ငံသား ရဟန်းမင်း ဘာဂိုဂလီယိုမှာ ဗာတီကန်ရှိ ပုပ်ရဟန်းမင်းကြီးကို ရွေးကောက်တင် မြှောက်ပေး ရသူဖြစ်ပြီး ၂၀၀၅ ခုနှစ်ကတည်းက အမေရိကန်လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့၏ စိတ်ဝင်တစားစောင့်ကြည့်ခြင်းကို ခံနေရသူဖြစ်ကြောင်း ၀ိကီလိခ်၏ ဖော်ပြချက်အရသိရသည်။

    Ref:Press TV
    ————————————————-
    ** M-Media ၏ မူပိုင် သတင်း/ဆောင်းပါးများကို အွန်လိုင်းမီဒီယာများတွင် မည်သူမဆို လွတ်လပ်စွာ ကူးယူဖော်ပြနိုင်ပါသည်။ ကူးယူဖော်ပြသူများ အနေဖြင့် M-Media မူရင်းလင့်ခ်ကို ထည့်ပေးဖို့ မေတ္တာရပ်ခံအပ်ပါသည်။
    စီးပွားဖြစ် ထုတ်ဝေသော Print Media များတွင် အသုံးပြုလိုသူများ M-Media သို့ ခွင့်ပြုချက်တောင်းရန် လိုအပ်ပါမည်။
    ဆက်သွယ်ရန် [email protected]
    http://www.presstv.ir/detail/2013/10/31/332202/vatican-also-targeted-by-nsa-spying/