ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတထံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ အပြည့်အစုံကို အောက်ပါလင့်ခ်များတွင် Download လုပ်ဖတ်ရှု့နိုင်ပါသည်။
Google Doc
https://docs.google.com/file/d/0B1Nc1yYXgtogbHJJdGpvTXNFdk0/edit?usp=sharing
ရခိုင်ပဋိပက္ခစုံစမ်းစစ်ဆေးရေး ကော်မရှင်မှ နိုင်ငံတော်သမ္မတထံသို့ တင်သွင်းခဲ့သည့် အစီရင်ခံစာ အပြည့်အစုံကို အောက်ပါလင့်ခ်များတွင် Download လုပ်ဖတ်ရှု့နိုင်ပါသည်။
Google Doc
https://docs.google.com/file/d/0B1Nc1yYXgtogbHJJdGpvTXNFdk0/edit?usp=sharing
ဒီဇင်ဘာ ၈ ၊ ၂၀၁၂
M-Media
ယနေ့ ဒီဇင်ဘာလ ၈ ရက်နေ့ ညနေ ၅နာရီခန့်က ရခိုင်ပြည်နယ် အတွင်း ဖြစ်ပွားခဲ့သော ကိစ္စများနှင့်ပတ်သက်၍ သတင်းစာရှင်းလင်းပွဲတစ်ခုကို ယနေ့ ညနေ ၄ နာရီ ၃၀ မိနစ်ရန်ကုန်မြို့ရှိ နိုင်ငံခြားရေး ၀န်ကြီးဌာနတွင် ပြုလုပ်ခဲ့သည်။ မူလက ဒုသမ္မတ ကိုယ်တိုင်လာရောက်မည်ဟု သတင်းများထွက်ပေါ်ခဲ့သော်လည်း နယ်စပ်ရေးရာ ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေး နှင့် လူဝင်မှု့ကြီးကြပ်ရေး ဝန်ကြီး ဦခင်ရီ ၊ ပြည်ထဲရေးဝန်ကြီးဌာန ဒုတိယ၀န်ကြီး ရဲချုပ်ကျော်ကျော်ထွန်း တို့ တက်ရောက် ရှင်းလင်းခဲ့ကြောင်း သိရသည်။
နယ်စပ်ရေးရာဝန်ကြီ ဒုတိယဗိုလ်ချုပ်ကြီးသိန်းဌေးးက
လူဝင်မှု့ကြီးကြပ်ရေး ပြည်ထောင်စုဝန်ကြီး ဦးခင်ရီက နိုင်ငံသားဖြစ်ခွင့်နှင့်ပတ်သက်၍
” နိုင်ငံသားဆိုတဲ့ကဏ္ဍမှာ နိုင်ငံတစ်နိုင်ငံနဲ့တစ်နိုင်ငံ သတ်မှတ်ပုံချင်းမတူဘူး တချို့က မြေပေါ်မှာမူတည်သတ်မှတ်တယ် တချို့ကအချိန်ပေါ်မှာမူတည်သတ်မှတ်တယ် ၊ တချို့နိုင်ငံတွေကတော့ သွေးပေါ်မှာမူတည် သတ်မှတ်တယ် ကျွန်တော်တို့နိုင်ငံကတော့ နိုင်ငံသားဖြစ်မဖြစ်ဆိုတာကို သွေးပေါ်မှာပဲ မူတည်ဆုံးဖြတ်ပါတယ်” ဟု ပြောကြားခဲ့သည်။
ပြည်ထဲရေးဝန်ကြီးဌာနဒုတိယ၀န်ကြီးရဲချုပ် ကျော်ကျော်ထွန်းက
တစ်ကျော့ပြန်ပဋိပက္ခကြောင့်လူပေါင်း၉၀နီးပါး သေဆုံးခဲ့သောရခိုင်ပြည်နယ်ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင် လှုံဆော်လှုပ်ရှားသူများ ကို စစ်ဆေးပြီး ပါက ပြည်သူလူထုထံ ပွင့်ပွင့်လင်းလင်းချပြ အသိပေးသွားမည် ဟုပြောကြားခဲ့သည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နောက်ကွယ်မှကြိုးကိုင်လှုံဆော် လှုပ်ရှား သူများသည် ရခိုင်နှင့် ဘင်္ဂါလီ လူ့အဖွဲ့အစည်းနှစ်ခုလုံးတွင်ရှိပြီး ပဋိပက္ခ တွင် တိုက်ရိုက်ပါဝင် ပတ်သက်သူများကိုတရားဥပဒေအရ အရေးယူရန်ထိန်းသိမ်းထားပြီးဖြစ်ကြောင်း နယ်စပ်ရေးရာ ၀န်ကြီးဌာနပြည်ထောင်စု ၀န်ကြီး ဒုတိယဗိုလ်ချုပ်ကြီး သိန်းဌေးက သတင်း မီဒီယာများကို နိုဝင်ဘာလ ၂၁ရက်နေ့တွင် ပြောကြားခံပြီးဖြစ်သည်။
ယင်းအခန်းအနားသို့ သံတမန်အဖွဲ့နာယက စင်ကာပူ သံအမတ်ကြီးနှင့် သံရုံးအသီးသီးမှ သံအမတ်ကြီးများ၊ တာဝန်ခံများ၊UNFPA,UNICEF,UNHCR အဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရပါသည်။
ရခိုင်ပြည်နယ် ပဋိပက္ခတွင် နိုင်ငံရေးပါတီ၊ငြိမ်းချမ်းရေးယူထားသော အဖွဲ့အစည်းများနှင့်အချို့သော ပြည်တွင်းပြည်ပအဖွဲ့အစည်းများ ပါဝင်ပတ် သက်နေသည့် အထောက်တွေ့ရှိရပြီး နောက်ကွယ်မှကြိုးကိုင် လှုပ်ရှားနေသူများကို နိုင်ငံ တော်က စတင်စစ်ဆေးအရေးယူ လျှက်ရှိပြီး ဇွန်လအတွင်းမှ စတင်ဖြစ်ပွားခဲ့သောဆူပူ အကြမ်း ဖက်မှု များကြောင်း သေဆုံးသူ (၁၆၇) ဦး၊ ဒဏ်ရာ ရရှိသူ(၂၂၃)ဦး၊ အိမ်ထောင်စုပေါင်း (၁၆,၉၈၀)၊ လူဦးရေ (၁၁,၁၀၀၀)ဦး အိုးမဲ့ အိမ်မဲ့ဖြစ်ပြီး အတိဒုက္ခရောက်နေကြကာ အိုးအိမ်နှင့် အဆောက်အဦး (၁၀,၁၀၀)လုံး အပျက်အစီး ခဲ့ကြောင်း နိုင်ငံတော် သမ္မတရုံးက သတင်း ထုတ်ပြန်ခဲ့သည်။
ကိုးကား ပြည်တွင်း သတင်းမီဒီယာများ
နိုဝင်ဘာ ၂၉ ၊ ၂၀၁၂
The New York Times
Thomas Fuller
စစ်တွေ၊ မြန်မာ – ပင်လယ်ကမ်းစပ်မြို့လေး၏ အစွန်းတဘက်တွင်တည်ရှိကာ မြင့်မားတဲ့သစ်ပင်ကြီးအောက် အရိပ်ခိုနေသော ရွှေဝါရောင် သင်္ဃန်းများ လွှမ်းခြုံထားသည့် ကိုရင်လေးများနှင့် ဧည့်သည်ကို နေရောင်တောက်ပနေသော ဘုရားခန်းထဲမှာ နှုတ်ဆက် စကားဆိုသည့် သူတို့ရဲ့ ဆရာတော် ဦးဥာဏ တို့၏ ဘုန်းကြီးကျောင်းလေးက အေးချမ်း စိတ်ငြိမ်မှုကို ဖေါ်ဆောင် နေပါသည်။
သို့သော်လည်း ထိုသို့ အေးချမ်းငြိမ်သက်လှသည့် ပတ်ဝန်းကျင်တွင် ဦးဥာဏ၏ မိန့်ခွန်းမှာ သက်ရှိသတ္တ၀ါများအပေါ် အန္တရာယ်ပြုခြင်းမှ ရှောင်ကျဉ်ရာ၏ ဟူသော ဗုဒ္ဓ၏ ပညတ်ချက်နှင့် လုံးဝခြားနား ဆန့်ကျင် ကွဲလွဲ နေပါသည်။ ကောက်ကာငင်ကာပင် ဦးဥာဏက မွတ်စလင်များမှာ ကျူးကျော် ၀င်ရောက်လာသူများ ဖြစ်ကြောင်း၊ မလိုလားအပ်သော ဧည့်သည်များဖြစ်ကြောင်း၊ မြွေပွေး ခါးပိုက်ပိုက် ထားရသကဲ့သို့ ဖြစ်ကြောင်းဖြင့် မွတ်စလင် ဆန့်ကျင်ရေးကို ကျယ်လောင်စွာ စတင် ပါတော့သည်။
“ဗုဒ္ဓရဲ့ အဆုံးအမအရ တို့တတွေဟာ အသက်မသတ်ရဘူး။” “ဒါပေမဲ့လည်း တို့တတွေ ခြိမ်းခြောက်ခံရတယ်လို့ ခံစားရတဲ့အခါ တို့တတွေ ရဟန္တာ သူတော်စင်တွေ မလုပ်နိုင်ဘူး။” ဟုဦးဥာဏကပြောပါသည်။
ရခိုင်ပြည်နယ်မှ အကြမ်းဖက်မှု ပဋိပက္ခဖြစ်ပွားခဲ့မှု – အနည်းဆုံး ၁၆၇ ဦး အသက်ဆုံးရှုံပြီး လူဦးရေ ၁၀၀၀၀၀ ကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရသည်။ ထိုအထဲ၌ အများစုမှာ မွတ်စလင်များပင် ဖြစ်ပါသည်။ ထိုသို့ လူအများတစုတဝေးထဲ ထွက်ခွာသွားရအောင် ဖန်တီးခြင်းအပေါ် လူမျိုးတုန်း သတ်ဖြတ်ရေးဝါဒ အဖြစ် အချို့သော လူ့အခွင့်အရေး အဖွဲ့အစည်းများက ရှုံ့ချကြသည်။ ထိုသို့ သည်းခံနိုင်စိတ် ပျောက်ဆုံးလောက်အောင် မြန်မာနိုင်ငံ အနောက်ဘက်ပိုင်း ဘင်္ဂလားပင်လယ်အော် ကမ်းမြှောင်ဒေသအတွင်း ပျံ့နှံ့စေသည့် အဖြစ်အပျက်ကို နက်နက်နဲနဲ တိုင်းတာကြည့်သော် မကြာသေးမီ အချိန်ကာလကမှ စတင်၍ အာဏာရှင်စနစ်မှ ဒီမိုကရေစီသို့ အသွင်ကူးပြောင်း နေသော မြန်မာနိုင်ငံအတွင်းမှ အစ္စလာမ် ဘာသာဝင်များကို အပြီးတိုင် သုတ်သင်ချေမှုန်းရန် လှုံ့စော်တိုက်ပွဲဝင်ရာတွင် ရဟန်းပျိုအဖွဲ့အစည်းများကို ခေါင်းဆောင်သည့် ဦးဥာဏကဲ့သို့သော ဗုဒ္ဓဘာသာ သာသနာ့ ခေါင်းဆောင်များ ပါဝင်နေကြောင်းတွေ့ရပါသည်။
လွန်ခဲ့သော ၅လကျော်ခန့်က စဉ်ဆက်မပြတ်ဖြစ်ပွားခဲ့သည့် ရန်ညှိုးကြီးလှသော ဒေါသအလျောက် တိုက်ခိုက်မှုများနှင့် မီးရှို့တိုက်ခိုက်မှုများ ဖြစ်ပွားပြီးနောက် ဗုဒ္ဓဘာာဝင်များက ဆွေစဉ်မျိုးဆက် ၃ဆက်တိုင် တရားဝင် နေထိုင်ခွင့်ရှိသူအဖြစ် သက်သေ မပြနိုင်သော ပြည်နယ်တွင်းရှိ လူဦးရေ ၁သန်းနီးပါးရှိ မွတ်စလင်များကို ဒုက္ခသည်စခန်းများ၌ထားရှိပြီး ၄င်းတို့အား လက်ခံထားရှိလိုသော မည်သည့် နိုင်ငံကိုမဆို ပို့ဆောင်ပေးရန် တောင်းဆိုခဲ့သည်။ ဗုဒ္ဓဘာသာနှင့် အစ္စလာမ်ဘာသာဝင်များအကြား အလွန်တရာ မုန်းတီးနေမှုမှာ နှစ်ပေါင်း ၅၀ကြာမျှရှိခဲ့ပြီး စစ်အာဏာရှင်စနစ် အတွင်း မြိုသိပ်ထားခဲ့ရမှုများ မကြာသေးမီ လများအတွင်း တားမရ နိုင်လောက်အောင် ပေါက်ကွဲထွက် ပေါ်လာခြင်းဖြစ်သည်။
နိုင်ငံ၏ လွတ်လပ်စွာပြောရေးဆိုခွင့်ကို ဦးဆောင်သူနှင့် အဖိနှိပ်ခံများဘက်မှ ရပ်တည်သူဖြစ်သော ဒေါ်အောင်ဆန်းစုကြည် ပင်လျှင် ထိုအကြမ်းဖက်မှုနှင့် စပ်လျှဉ်း၍ သတိထား ပြောဆိုနေသည်ကို တွေ့ရသည်။ သမ္မတ အိုဘးမား၏ ယခုလအတွင်း လာရောက်ခဲ့သည့် မြန်မာနိုင်ငံခရီးစဉ်တွင် ထိုကိစ္စကို ဦးစားပေး ပြောကြားခဲ့သည်။ ထို့အတူ အင်ဒိုနီးရှားနှင့် ဆော်ဒီအာရေဗျနိုင်ငံတို့ကလည်း တလှည့်စီ ထုတ်ဖေါ်လှုံ့ဆော်ခဲ့ကြသည်။
မြန်မာနိုင်ငံ အနောက်ဒေသတွင် ဗုဒ္ဓဘာသာဝင်များနှင့် အစ္စလာမ်ဘာသာဝင်များ ဘ၀င်မကျသော်လည်း အတူတကွ ယှဉ်တွဲ နေထိုင်လာကြရသည်မှာ ဆယ်စုနှစ်များစွာ ရှိခဲ့ပြီး အချို့နေရာများတွင် ရာစုနှစ်ပင်တိုင်ခဲ့ပြီ။ သို့သော်လည်း ထိုသို့ အတူတကွ ဆုပ်ကိုင်လာသော ပါးလွှာသည့် ရခိုင်ပြည်နယ်၏ လူမှုရေးကြိုးမျှင် ကလေးမှာ ယခုနှစ်တွင် ပြတ်တောက်ခဲ့ရပေပြီ။
အိုးအိမ်စွန့်ခွာ ထွက်ပြေးရသော မွတ်စလင်များမှာ စားရေရိက္ခာနှင့် ဆေးဝါး လုံလောက်မှုမရှိသော၊ ၄င်းတို့အား အိမ်နီးချင်းအဖြစ် မလိုလားသော ဗုဒ္ဓဘာသာဝင်များ ၀န်းရံလျှက် လူဦးရေ သိပ်သည်း ကြပ်ညပ်လှသည့် ဒုက္ခသည် စခန်းများတွင် နေထိုင်နေရပါသည်။
အစ္စလာမ်ဘာသာဝင် လွှတ်တော်ကိုယ်စားလှယ်ဖြစ်သူ ဦးရွှေမောင်က “ဒီကိစ္စကအမြန်ဖြေရှင်းရမဲ့ကိစ္စဖြစ်တယ်။ အမိုးမရှိ၊ စားစရာမရှိတဲ့နေရာမှာ လူတွေအကုန်သေသွားမယ်” ဟုပြောပါသည်။
ဒေသတွင်းရှိ မွတ်စလင်များ၏ အခြေအနေမှာ လုံခြုံမှုမရှိ ဖြစ်လာနေကြောင်း အစိုးရစီစဉ်ပေးသော လုံထိန်းများနှင့် လှည့်လည်သွားလာ နေသည့် ဦးရွှေမောင်က ပြောပါသည်။ “သူတို့ကကျွန်တော့ကို ကားတစီးအပြည့် နဲ့ ရဲတွေပေးထားတယ်။ ၃၊၄ ယောက်လောက်နဲ့တော့ မလုံလောက်ဘူးလေ။” ဟုဆိုသည်။
ပြည်နယ်တွင်းရှိ အများစုဖြစ်သော ဗုဒ္ဓဘာသာဝင်တို့၏ ခေါင်းဆောင်များက မွတ်စလင်တွေရဲ့ မြင့်မားတဲ့ မွေးဖွားနှုန်း ကြောင့် တိုးတက်လာတဲ့လူဦးရေက သူတို့ကို ခြိမ်းခြောက်သည်ဟု ခံစားရကြောင်း နှင့် အစ္စလာမ်ဘာသာရဲ့ ဓလေ့အရ သားကောင် သတ်ဖြတ်ခြင်းသည် စော်ကားပုတ်ခတ်ခြင်းအဖြစ် သူတို့တွေ့ရှိကြောင်း ပြောပါသည်။
ရခိုင်ပြည်နယ်၏ အကြီးဆုံးပါတီဖြစ်သည့် ရခိုင် အမျိုးသားဖွံ့ဖြိုးတိုးတက်ရေးပါတီမှ အထွေထွေ အတွင်းရေးမှုး ဦးဦးလှစောက “ကျွန်တော်တို့ အစ္စလာမ်ဘာသာရဲ့ ၀ါးမြိုမှုကို အလွန်စိုးရိမ် ပူပန်ပါတယ်။” “ ဒီမြေက ကျွန်တော်တို့ ဘိုးဘွားတွေရဲ့မြေ၊ ကျွန်တော်တို့ရဲ့ မွေးရပ်မြေပါ။” ဟုပြောပါသည်။
ဇွန်လနှင့် အောက်တိုဘာလအတွင်း ကျယ်ကျယ်ပြန့်ပြန့် ဖြစ်ပွားခဲ့သော လူမျိုးရေးအထိကရုဏ်းတွင် ရွာသားများကိုယ်တိုင် ဓါး၊ တင်းပုတ်၊ ဂျင်ဂလိ စသော ကိုယ်တိုင်လုပ် လက်နက်များ ဖြန့်ဝေ စွဲကိုင်ခဲ့ကြပါသည်။ မွတ်စလင် အများစု နေရာများတွင် ဘုန်းကြီးကျောင်းများ မီးရှို့ခံရသည်။ ဗုဒ္ဓဘာသာ အများစုနေရာများတွင် ဗလီများ အဖျက်အစီး ခံရသည်။ အဓိကအစပြုသည်မှာ ဗုဒ္ဓဘာသာ မိန်းကလေးတဦးအား မုဒိန်းကျင့် သတ်ဖြတ်ရာမှ အစ မွတ်စလင်များ အပေါ် အပြစ်ပုံချ လာခြင်းဖြစ်သည်။
ယခင်က မွတ်စလင် ကုန်တင်ကုန်ချလုပ်သားများ၊ လက်လုပ်လက်စား လုပ်သားများ အများစုအလုပ်လုပ်ခဲ့သော ကိုလိုနီခေတ်က ရှေတန်း ကင်းစခန်း ဖြစ်သည့် စစ်တွေ မြို့လည်ခေါင် တွင် ယခုအခါ မွတ်စလင်များမရှိ လစ်ဟာနေသည်။
“ကျွန်တော် မပြန်ရဲဘူး။” အဓိကရုဏ်းမဖြစ်ခင်က အစိုးရကျောင်းမှ ကျောင်းဆရာတဦးဖြစ်သူ အေးထွန်းစိန်က ပြောပါသည်။ စစ်တွေမြို့မှ မိနစ်၂၀ ခရီးခန့်အကွာအဝေးသာရှိသော သူ၏ အရှေ့သဲချောင်းရွာ တွင် မည်သူမျှ ရွာက ထွက်ခွာ၍ မရသဖြင့် အလုပ်အကိုင်မရှိဘဲ ကျဉ်းမြောင်းသော ရွက်ဖျဉ်တဲကလေး ထဲတွင်သာ စုဝေးနေနေရသည် ဟုဆို၏။
နိုင်ငံရေးခေါင်းဆောင်များက မွတ်စလင်များအပေါ် လူမျိုးရေးအထိကရုဏ်းမှာ ယာယီမျှသာဖြစ်သည်ဟု ဆိုသော်လည်း ပိုမို၍ အတည်တကျအသွင် ဆောင်လျှက်ရှိသည်။
ဇွန်လအတွင်း အရေးအခင်း၌ သူ၏အိမ်ကို အိမ်နီးခြင်း မွတ်စလင်များက မီးရှို့ခြင်းခံရသူ ဆိုက္ကားဆရာ ဦးဝင်းမောင်က “ကျွန်တော်မလွမ်းပါဘူး။” “ကျွန်တော်တို့ရဲ့ တဦးနဲ့တဦး အမုန်းတရားက တနေ့တခြား ကြီးထွားလာနေတယ်။” ဟုဆိုသည်။
မစ္စတာအိုဘားမားရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အတွင်း ရန်ကုန်တက္ကသိုလ်ကြီးတွင် တန်ဘိုးကြီးလှစွာသော မိန့်ခွန်းကြီးတရပ် ခြွေခဲ့ပါသည်။ ထိုမိန့်ခွန်းထဲတွင် အရေးကြီးအကြောင်းအရာ အမျိုးမျိုးအထဲမှ တခုဖြစ်သော ရခိုင်ပြည်နယ်၏ စိုးရိမ်ပူပန်ဖွယ်ရာ အခြေအနေကို အာရုံစိုက်ကာ ပြောကြားခဲ့ပြီး ပရိသတ်ကြီးကို “အပြစ်မဲ့ပြည်သူများအပေါ် ကျူးလွန်တဲ့ အကြမ်းဖက်မှုအတွက် စောဒကမရှိစေရ” ဟုပြောကြားခဲ့ပါသည်။
ကျွန်တော်တို့ အမေရိကန်နိုင်ငံမှာ သင်ယူခဲ့တာကတော့ လူတိုင်းဟာ ဘယ်လို ဥပဓိရုပ် ရှိသည်ဖြစ်စေ၊ ဘယ်ဒေသက လာသည်ဖြစ်စေ၊ ဘယ်ဘာသာ သက်ဝင်ယုံကြည်သည် ဖြစ်စေ။ မည်သူမဆို ကျင့်သုံးနိုင်တဲ့ လူသား အားလုံးနှင့်ဆိုင်သော သေချာတိကျသော နိယာမများ ရှိတယ် ဆိုတာပါဘဲ။ ဟု ပြောဆိုခဲ့သေးသည်။
ရခိုင်ပြည်နယ်အတွင်း မွတ်စလင် များကို မည်သို့ခေါ်ဆိုရမည်ဆိုသည်ကို အဖွဲ့အစည်းများက သဘောမတူနိုင်ဘဲ ခွဲခြားမှုများမှာ နက်ရှိုင်းလျှက်ရှိပါသည်။ မွတ်စလင် အများစုက သူတို့ကိုယ်သူတို့ ရိုဟင်ဂျာဟုဆိုသော်လည်း ၄င်းကို မြန်မာနိုင်ငံတွင် တရားဝင် အသိအမှတ်ပြု ထားခြင်းမရှိပါ။
ဗုဒ္ဓဘာသာ အများစု ဖြစ်သော မြန်မာနိုင်ငံတွင် မွတ်စလင်လူနည်းစု အစုအဝေးများ တနိုင်ငံလုံးတွင် အတူတကွ ယှဉ်တွဲ နေထိုင်ကြသော်လည်း ရိုဟင်ဂျာများပေါ်တွင် အမုန်းတရား အကြီးမားဆုံးဖြစ်ရခြင်းမှာ သူတို့၏ လူဦးရေ များပြားမှုကြောင့် တကြောင်း (ကုလသမဂ္ဂ စစ်တမ်းအရ အနည်းဆုံး ၈၀၀၀၀၀) နှင့် ရခိုင်ပြည်နယ်အတွင်း စုစည်းတည်ရှိမှုကြောင့် တကြောင်း တို့ဖြစ်သည်။ (မြန်မာနိုင်ငံတွင် လူဦးရေ ၅၅သန်းရှိသည်။)
ရခိုင်ပြည်နယ်တွင်းရှိ ဗုဒ္ဓဘာသာဝင်များက သူတို့ကိုယ်သူတို့ ရှေးဟောင်း မြောက်ဦး ဗုဒ္ဓဘာသာ ဘုရင့်နိုင်ငံတော်၏ အမွေစားအမွေခံများဟု ရှုမြင်သည်။ သူတို့ကိုယ်သူတို့ မြန်မာလူမျိုးဟု မသတ်မှတ်။ အစိုးရကလည်း သီးသန့် အဖွဲ့အစည်းအဖြစ် အသိအမှတ်ပြုသည်။ ရခိုင်ဗုဒ္ဓဘာသာဝင်များက ၄င်းတို့အား အများစုဖြစ်သော မြန်မာတို့က အမြဲတမ်း ဖိနှိပ် ချုပ်ချယ်ပြီး များပြားလာသော လူနည်းစု မွတ်စလင်များကလည်း ခြိမ်းခြောက်သည်ဟု ခံစားရကြောင်း ပြောသည်။
အထိကရုဏ်းမဖြစ်မီက ရခိုင်ဗုဒ္ဓဘာသာ နှင့် မွတ်စလင်များ အကြားတွင် မွတ်စလင်များမှာ အလုပ်သမားများဖြစ်ပြီး ဗုဒ္ဓဘာသာဝင်များမှာ အလုပ်ရှင်များ အဖြစ် အလုပ်ရှင်အလုပ်သမား အဆင့်အတန်းခွဲခြား ဆက်ဆံမှုမျိုး ရှိခဲ့သည်။
“ကျွန်မတို့ ဘေးချင်းကပ်နေပေမဲ့ တခါမှ တယောက်နဲ့တယောက် စကားမပြောဘူးကြဘူး။” ဟု ၅၁ နှစ်အရွယ်ရှိ အထိကရုဏ်းအတွင်း သူမအိမ်မီးရှို့ခံရသည့် စစ်တွေဒေသခံ ဒေါ်ထွေးမေက ပြောပါသည်။
“ကလေးတောင်မှ ကုလား (အိန္ဒိယနွယ်ဖွားများအပေါ် ရှုတ်ချခေါ်ဆိုသော အသုံးအနှုန်း) နဲ့ မကစားရဘူးဆိုတာ သိတယ်။” ဟု ဒေါ်သိန်းလှရီ ၅၅နှစ် ကပြောပါသည်။
ဗုဒ္ဓဘာသာဝင်တွေက မွတ်စလင်တွေသည် တရားမ၀င် ၀င်ရောက်နေထိုင်သူများဖြစ်ကြောင်း နှင့် သူတို့အနေဖြင့် နိုင်ငံခြား တိုင်းပြည်များနှင့် နိုင်ငံခြားသတင်းဌာနများက မွတ်စလင်များအပေါ် ကရုဏာထားသည့်အတွက် ဒေါသဖြစ်ကြောင်း ပြောပါသည်။
နှစ်ဖက် ခေါင်းဆောင်များက သူတို့အဖြစ်အပျက်များအတွက် တရားမျှတမှုရစေရန် သမိုင်းကြောင်း နောက်ခံများကို စုပ်ကိုင်လာကြသည်။
“ဒီလူတွေဟာ ဘယ်ကမှ ရွှေ့ပြောင်းနေထိုင်လာတဲ့ လူတွေမဟုတ်ပါဘူး။ သူတို့ဒီမှာ နေလာတာ ရာစုနှစ်ပေါင်း များစွာရှိနေပြီ။” ဟု ရခိုင်ပြည်နယ်မှ မြေပိုင်ရှင် တဦး၏ မြေးလည်းဖြစ် ရဲအရာရှိ တဦး၏ သားလည်း ဖြစ်သော လွှတ်တော်ကိုယ်စားလှယ် ဦးရွှေမောင်က ပြောပါသည်။
သမ္မတဦးသိန်းစိန်က ဇူလိုင်လအတွင်းက ကုလသမဂ္ဂ ဆိုင်ရာ ကိုယ်စားလှယ်များ လာရောက်ရာတွင် မြန်မာနိုင်ငံအတွင်း ဆွေစဉ်မျိုးဆက် ၃ဆက်တိုင်နေထိုင်သူများကိုသာ နိုင်ငံသားအဖြစ် အသိအမှတ်ပြုမည်ဖြစ်ကြောင်း၊ ကျန်သူများအား “နိုင်ငံတော်၏ တည်ငြိမ်အေးချမ်းရေးကို ခြိမ်းမြောက်လျှက်ရှိသောကြောင့်” ဒုက္ခသည်စခန်းများတွင်ထားရှိကာ လက္ခံလိုသော နိုင်ငံများသို့ ပို့ပေးမည်ဖြစ်ကြောင်းပြောခဲ့ပါသည်။ ကုလသမဂ္ဂ မှ ဒုက္ခသည်များအဖြစ် ဖန်တီးရမည့် အလုပ် မဟုတ်ကြောင်းဖြင့် ထိုအတွေးအခေါ်ကို ပြောဆို ငြင်းပယ်ခဲ့ပါသည်။
သံတမန်များက ဦးသိန်းစိန်သည် ဖယ်ရှားခံရသော မွတ်စလင်များအား ယခုအခြေအနေမှ နိုင်ငံအတွင်း ပြန်လည် နေရာချထားပေးရန် စီစဉ်နေသည်ဟု ပြောဆိုနေကြောင်း ဆိုသည်။ သမ္မတမှ ကုလသမဂ္ဂသို့ မစ္စတာ အိုဘားမား အလည်အပတ် မလာမီ အချိန်အတောအတွင်း ပေးပို့သောစာ၌ ပြင်းထန်သောအရှိန်အဟုန်များ အေးချမ်းသွားသည်နှင့် တပြိုင်နက် ဖယ်ရှားခံရသော လူများအား နိုင်ငံသားအဖြစ်ခွင့်ပြုရန်နှင့် နေရာအစားများ အစီအရီပြန်လည်ချထားပေးရန် နိုင်ငံရေးရှုထောင့်မှနေ၍ အဆက်မပြတ် မိန့်ခွန်းချွေ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပါရှိပါသည်။ သို့သော်လည်း အချိန်အတိုင်းအတာ အတိအကျဖေါ်ပြထားခြင်းမရှိပါ။ သူ့အနေဖြင့် စုံစမ်းရေးကော်မရှင်အား လာမည့်လတွင် အစီရင်ခံစာ ထုတ်ပြန်ပေးရန် အမိန့်ပေးထားခဲ့ပါသည်။
စစ်တွေမြို့တွင် ဗုဒ္ဓဘာသာဝင်များက သူတို့အနေဖြင့် အလျှော့ပေးရန် အဆင်သင့်မဖြစ်သေးကြောင်း ပြောပါသည်။ ဘုန်းတော်ကြီး ဦးဥာဏက မွတ်စလင်တွေဟာ “လှု့ကျင့်ဝတ်တရား” မရှိဘူး။ သူတို့ကို သူတို့နဲ့ အကျင့်စရိုက်တူတဲ့ မွတ်စလင်နိုငံတွေကိုဘဲ ပို့ပြစ်ရမယ် ဟုပြောပါသည်။
မူရင်း Ethnic Hatred Tears Apart a Region of Myanmar by Thomas Fuller