News @ M-Media

Tag: weather

  • မုန်တိုင်းငယ် သတိပေးချက် (လိမ္မော်ရောင်အဆင့်)

    မုန်တိုင်းငယ် သတိပေးချက် (လိမ္မော်ရောင်အဆင့်)

    14713731_692988534189561_3927808457678633006_n
    မုန်တိုင်းငယ်သတိပေးချက် အမှတ်စဉ်(၀၄)၊၂၀၁၆

    မုန်တိုင်းငယ်အ‌ခြေအနေ
    ===============
    (က)ယနေ့မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းနှင့် ယင်းနှင့် ဆက်စပ်လျက် ရှိသောဘင်္ဂလားပင်လယ်အော် အရှေ့ တောင်ပိုင်းတို့တွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် သိသိသာသာ ရွေ့လျားခြင်း မရှိပဲ ဆက်လက် တည်ရှိနေပြီး၊ မြန်မာနိုင်ငံ၊ ကိုကိုးကျွန်းမြို့၏ အနောက်ဘက် မိုင် (၂၀၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် မိုင်(၃၃၀)ခန့်၊ ရန်ကုန်မြို့ ၏ အနောက်-အနောက်တောင်ဘက် မိုင်(၄၀၀)ခန့်နှင့် အိန္ဒိယနိုင်ငံ၊ ပို့လ်ဘလဲယား မြို့၏ အနောက်-အနောက်မြောက်ဘက် မိုင်(၂၂၀)ခန့်အကွာ ပင်လယ်ပြင်ကို ဗဟို ပြုနေပါသည်။ အဆိုပါ မုန်တိုင်းငယ်သည် အရှေ့-အရှေ့မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး၊ နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်းမုန်တိုင်း အဖြစ်သို့ ရောက်ရှိနိုင်မည် ဟု ခန့်မှန်းရပါသည်။

    (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ မြန်မာ့ကမ်းရိုးတန်း ဘက်သို့ ဦးတည်နေပါ သဖြင့် လိမ္မော်ရောင်အဆင့်ဟု သတ်မှတ်ပါသည်။

    မုန်တိုင်းငယ်၏တည်နေရာ၊ ဗဟိုချက်လေဖိအားနှင့် လေတိုက်နှုန်း
    ========================================
    (က)အဆိုပါမုန်တိုင်းငယ်သည် မြန်မာစံတော်ချိန်(၀၅း၃၀)နာရီအချိန်တွင်
    မြောက်လတ္တီကျု (၁၃.၉)ဒီဂရီနှင့် အရှေ့လောင်ဂျီကျု (၈၉.၈)ဒီဂရီတွင်ရှိပြီး၊ ဗဟိုချက်လေဖိအား (၁၀၀၀)ဟက်တိုပါစကယ်နှင့် အမြင့်ဆုံးလေတိုက်နှုန်းမှာ တစ်နာရီလျှင် (၃၅)မိုင်နှုန်းခန့် ဖြစ်ပါသည်။

    14691137_692988957522852_640034722030993282_n

    နောက်(၄၈)နာရီအတွင်း ခန့်မှန်းချက်
    =======================
    (က) အဆိုပါမုန်တိုင်းငယ်သည် နောက်(၄၈)နာရီအတွင်း ဆိုင်ကလုန်း မုန်တိုင်း အဖြစ်သို့ အားကောင်းလာနိုင်ပြီး၊ မြန်မာနိုင်ငံကမ်းရိုးတန်း အနီးသို့ ရောက်ရှိနိုင်မည်ဟု ခန့်မှန်းရပါသည်။

    သတိပေးနှိုးဆော်ချက်
    ===============
    (က) အဆိုပါမုန်တိုင်းငယ်၏ အရှိန်ကြောင့် (၂၃.၁၀.၂၀၁၆)ရက်နေ့မှ (၂၅.၁၀.၂၀၁၆) ရက်နေ့အတွင်း ပဲခူးတိုင်းဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီး၊ တနင်္သာရီတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်၊ ကရင်ပြည်နယ်နှင့် မွန်ပြည်နယ်တို့တွင် နေရာစိပ်စိပ်မှ နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး၊ နေရာကွက်၍ မိုးကြီးနိုင်ပါ သည်။
    (ခ)အဆိုပါ မုန်တိုင်းငယ်၏ အရှိန်ကြောင့် မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီ ကမ်းရိုးတန်းတစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တစ်ခါတစ်ရံ မိုးသက် လေပြင်းများ ကျရောက်ပြီး၊ လှိုင်းကြီးနိုင်ပါသည်။ မိုးသက်လေပြင်းကျစဉ် ရေပြင်/ မြေပြင်လေသည် တစ်နာရီလျှင် (၃၅)မိုင် အထိ တိုက်ခတ်နိုင်ပါသည်။

    အကြံပြုချက်
    ========
    (က) မြစ်ဝကျွန်းပေါ်၊ မုတ္တမကွေ့၊ မွန်-တနင်္သာရီကမ်းရိုးတန်းတစ်လျောက်နှင့် ကမ်းလွန် ပင်လယ်ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေးငါးဖမ်း ရေယာဉ်များ၊‌ သင်္ဘောများအနေဖြင့် ကြိုတင် သတိပြုရန် အကြံပြုအပ်ပါသည်။

    source: မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန

  • လာမည့်တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ရာသီဥတုဆိုးရွားနိုင်

    လာမည့်တစ်ပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ရာသီဥတုဆိုးရွားနိုင်

    မေ ၃၊ ၂၀၁၆
    M-Media

    thunderstorms

    – လာမည့်သီတင်းပတ်အတွင်း မြန်မာနိုင်ငံတစ်ဝှမ်း ဆိုးရွားသော ရာသီဥတုနှင့် ကြုံတွေ့ရနိုင်ပြီး လေပြင်းတိုက်ခတ်မှု၊ မိုးသီးကြွေမှုနှင့် မိုးသက်မုန်တိုင်းကျရောက်မှုများ ရှိနိုင်သည်ဟု မြန်မာနိုင်ငံ မိုးလေ၀သနှင့် ဇလဗေဒဦးစီးဌာနက ပြောကြားခဲ့သည်ဟု သိရသည်။

    အဓိကအားဖြင့် မြန်မာနိုင်ငံအထက်ပိုင်းဒေသများဖြစ်သော စစ်ကိုင်းတိုင်းဒေသကြီး၊ မကွေးတိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ ရှမ်းပြည်နယ်၊ ကချင်ပြည်နယ်နှင့် ရခိုင်ပြည်နယ်တို့တွင် လာမည့် စနေနေ့အထိ အဆိုပါ ရာသီဥတုဆိုးရွားမှုကို ကြုံတွေ့ရမည်ဟု ခန့်မှန်းထားပြီး၊ သီတင်းပတ်နှောင်းပိုင်းတွင် ရန်ကုန်တိုင်းဒေသကြီးနှင့် နိုင်ငံတောင်ပိုင်းရှိ အခြားသော ဒေသများတွင်လည်း ရိုက်ခတ်မှုရှိနိုင်သည်ဟု ဆိုသည်။

    ပြီးခဲ့သည့် သီတင်းပတ်များအတွင်း မြန်မာနိုင်ငံတစ်ဝှမ်း မိုးသက်မုန်တိုင်းဒဏ်ကို ခံစားခဲ့ပြီး၊ အချို့သောဒေသများတွင်အပူချိန်လွန်ကဲမှုကို ဆက်လက်ခံစားနေရသည်။

    Ref: yangon.coconuts

  • ရာသီဥတုခန့်မှန်းရေး အထောက်အကူပြု ဂြိုဟ်တု တစ်ခု နာဆာလွှတ်တင်

    ရာသီဥတုခန့်မှန်းရေး အထောက်အကူပြု ဂြိုဟ်တု တစ်ခု နာဆာလွှတ်တင်

    ဖေဖော်ဝါရီ ၂၊ ၂၀၁၅
    M-Media

    SPACE-WEATHER-US-JAPAN-CYCLONE

    – ရာသီဥတုကို ခန့်မှန်းရာတွင် အထောက်အကူဖြစ်စေမည့် ကမ္ဘာ့မြေဆီစိုစွတ်မှု မည်မျှရှိနေသည်ကို သိရှိနိုင်စေရန်အတွက် အရည်အသွေးမြင့်ပုံရိပ်များကို ရိုက်ကူးပေးပို့နိုင်သော ကမ္ဘာ့လေ့လာရေး ဂြိုဟ်တုတစ်ခုကို နာဆာက ပြီးခဲ့သည့် စနေနေ့တွင် လွှတ်လိုက်သည်ဟု သိရသည်။

    SMAP စူးစမ်းလေ့လာရေးယာဉ်ဟု အမည်ပေးထားသည့် အဆိုပါ ဂြိုဟ်တုကို အမေရိကန်ပြည်ထောင်စု ကယ်လီဖိုးနီးယားရှိ ဗန်ဒန်ဘာ့ဂ် လေတပ်စခန်းမှ စနေနေ့ နံနက်ပိုင်းတွင် လွှတ်တင်ခဲ့ခြင်းဖြစ်သည်။

    အဆိုပါဂြိုဟ်တုမှ ပေးပို့သည့် အရည်အသွေးမြင့်မြေပုံများကိုကြည့်၍ သိပ္ပံပညာရှင်များက အနာဂတ်တွင် ဖြစ်ပွားနိုင်သည့် မိုးခေါင်ရေရှားမှုများ၊ မုန်တိုင်းများကဲ့သို့ ဆိုးရွားသောရာသီဥတုများနှင့် ပတ်သက်၍ ပိုမိုပြင်ဆင်ခြင်းလုပ်ငန်းများကို ပိုမိုတိကျစွာ လုပ်ကိုင်နိုင်မည်ဖြစ်သည်။

    ထို့ပြင် ကမ္ဘာကြီးပူနွေးလာမှုနှင့်အတူ ကောက်ပဲသီးနှံများနှင့် သစ်တောများ မည်ကဲ့သို့ ပြောင်းလဲလာသည်ဆိုခြင်းနှင့် ပတ်သက်၍ ခန့်မှန်းရာတွင်လည်း သိပ္ပံပညာရှင်များက အဆိုပါ ဓာတ်ပုံများကို အသုံးပြုနိုင်မည်ဖြစ်သည်။

    Ref: alarabiya

  • မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း

    မုန်တိုင်းသတိပေးချက် နောက်ဆက်တွဲသတင်း

    မေ ၂၂၊ ၂၀၁၄
    Source: MRTV


    မိုးလေ၀သနှင့် ဇလဗေဒ ညွှန်ကြားမှု ဦးစီးဌာနမှ မေလ (၂၂)ရက်နေ့ မြန်မာစံတော်ချိန် (၁၁:၃၀) နာရီအချိန်တွင် ထုတ်ပြန်သည့် မုန်တိုင်း သတင်းကို အစီရင်ခံအပ်ပါသည်။

    (က) ယနေ့မြန်မာစံတော်ချိန် (၁၁:၀၀) နာရီအချိန် တိုင်းထွာချက်များအရ ဘင်္ဂလားပင်လယ်အော် အရှေ့အလယ်ပိုင်းတွင် ဖြစ်ပေါ်နေသော မုန်တိုင်းငယ်သည် မြန်မာနိုင်ငံ၊ ဂွမြို့၏ အနောက်တောင်ဘက် မိုင် (၁၆၀)ခန့်၊ ပုသိမ်မြို့၏ အနောက်-အနောက်တောင်ဘက် (၁၅၅)မိုင်ခန့်နှင့် စစ်တွေမြို့၏ တောင်-အနောက်တောင်ဘက် (၂၂၅)မိုင်ခန့် အကွာ ပင်လယ်ပြင်ကို ဗဟိုပြုနေပါသည်။ အဆိုပါ မုန်းတိုင်းငယ်သည် အရှေ့ မြောက်ဘက်သို့ ဆက်လက် ရွေ့လျားပြီး နောက်ဆုံးတိုင်းထွာ ရရှိသော ခန့်မှန်းချက်များ အရ မေလ (၂၂)ရက်နေ့ မွန်းတည့်မှ နောက် (၂၄)နာရီအတွင်း မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းသို့ ဦးတည်ရွေ့လျား လာနိုင်သည်ဟု ခန့်မှန်းရပါသည်။

    (ခ) မုန်တိုင်းငယ်၏ လက်ရှိအခြေအနေမှာ လိမ္မော်ရောင် အဆင့်ရှိပြီး မြန်မာနိုင်ငံ ရခိုင် ကမ်းရိုးတန်းဆီသို့ ဦးတည် ရွေ့လျားနေသည့် အခြေအနေဖြစ်ပါသည်။

    (ဂ) မုန်တိုင်းငယ်၏ အရှိန်ကြောင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်းဒေသကြီး၊ ဧရာဝတီတိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးထစ်ချုန်းရွာပြီး ဧရာဝတီ တိုင်းဒေသကြီးနှင့် ရခိုင်ပြည်နယ် တို့တွင် ဒေသအလိုက်နှင့် မကွေးတိုင်းဒေသကြီး၊ ပဲခူးတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့တွင် နေရာကွက်၍ မိုးကြီးနိုင်ပါသည်။

    (ဃ) မြစ်ဝကျွန်းပေါ်၊ ရခိုင်ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် ရံဖန်ရံခါ မိုးသက်လေပြင်းများ ကျရောက်ပြီး လှိုင်းကြီးမည်။ မိုးသက်လေပြင်းကျစဉ် ရေပြင် မြေပြင်လေသည် တစ်နာရီလျှင် မိုင် ၄၀ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။

    (င) မြစ်ဝကျွန်းပေါ် ရခိုင် ကမ်းရိုးတန်း တစ်လျှောက်နှင့် ကမ်းလွန်ပင်လယ် ပြင်တို့ရှိ ကမ်းနီး၊ ကမ်းဝေး ငါးဖမ်းရေယာဉ်များ၊ သင်္ဘောများ အနေဖြင့် မုန်တိုင်းအန္တရာယ်ကို ကြိုတင်သတိပြုရန် မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှု ဦးစီးဌာနက အကြံပြုထားသည်။

     

    Link =>https://www.facebook.com/photo.php?v=712757855436710

  • မုန်တိုင်းသတင်း (မေ ၂၂)

    မေ ၂၂ ၊ ၂၀၁၄
    ဒေါက်တာထွန်းလွင်
    10174877_856060424408531_4450352107928699424_n
    အနောက်တောင်မုတ်သုံ လေဦးဟာ မြန်မာနိုင်ငံမြစ်၉ကျွန်းပေါ်ဒေသအတွင်းသို့ ဆက်လက်ဝင်ရောက် နေပြီဖြစ်ပါတယ်။ ဘင်္ဂလားပင်လယ်အော် အရှေ့တောင်ပိုင်းတောင်ပိုင်း ဖြစ်ပေါ်နေသော လေဖိအားနည်းရပ်ဝန်းသည် (၂၁-၅-၂၀၁၄)ရက်နေ့ နံနက်(၆)နာရီခွဲတွင် မုန်တိုင်းငယ်တစ်ခု အဖြစ်ကို ရောက်ရှိလာခဲ့ပြီဖြစ်ပါတယ်။

    မုန်တိုင်းငယ်ရဲ့ဗဟိုချက်မှာ 16.0N, 90.0E မှာရှိနေပြီး၊ ဟိုင်းကြီးကျွန်းရဲ့အနောက်ဖက် မိုင်(၂၅၀)ခန့်အကွာ ရေပြင်ပေါ်တွင် ရှိနေပြီး မြောက်ဖက်အရပ်သို့ ဦးတည်ရွေ့လျှားမည်ဟု ခန့်မှန်းရပါတယ်။

    ဗဟိုချက်အနီး လေတိုက်နှုန်းမှာ တစ်နာရီ မိုင်(၄၀-၄၅)မိုင်ခန့်ရှိနိုင်ပါတယ်။ သင်္ချာပုံစံ ကနဦးခန့်မှန်းချက်များအရ မုန်တိုင်းငယ်ဟာ သိသိသာသာ အားကောင်းလာခြင်းမရှိဘဲ နောက်ပိုင်းတွင် အိန္ဒိယနိုင်ငံဖက်ဆီသို့ ဦးတည်ရွေ့လျှားမယ်လို့ ခန့်မှန်း ထားပါတယ်။

    မြန်မာ့ပင်လယ်ပြင်အခြေအနေ။
    —————————
    မြစ်ဝကျွန်းပေါ် နဲ့ရခိုင် ကမ်းရိုးတန်းနဲ့ ကမ်းလွန်ပင်လယ်ပြင်တွေမှာ တစ်ခါတစ်ရန် မိုးသက်လေပြင်းများကျရောက်ပြီး လှိုင်းအသင့်အတင့် ရှိနှိုင်ပါတယ်။ လှိုင်းအမြင့် (၅)ပေမှ(၇)ပေခန့်ရှိနှိုင်ပါတယ်။ ကျန်မြန်မာ့ ကမ်းရိုးတန်းနဲ့ ကမ်းလွန် ပင်လယ်ပြင်တို့မှာ လှိုင်းအသင့် အတင့်ရှိနိုင်ပြီး၊ လှိုင်းအမြင့် (၃)ပေမှ(၄)ပေခန့် ရှိနှိုင်ပါတယ်။

    ရေယာဉ်များ အထူးသဖြင့် ရေယာဉ်ငယ်များ သတိထားဖို့လိုအပ်ပါတယ်။

    Link =>https://www.facebook.com/tunlwin48/posts/856063331074907

    1969391_856062774408296_6099239916457047906_n