News @ M-Media

Tag: West

  • အာဖဂန်ကျူးကျော်စစ်မှာ အနောက်နိုင်ငံများ၏ အကျိုးအတွက်သာဖြစ်ဟု အာဖဂန်သမ္မတပြော

    မတ် ၃၊ ၂၀၁၄
    M-Media
    201421671041419734_20
    – အမေရိကန်နှင့် အနောက်အုပ်စုများက အာဖဂန်နစ္စတန်ပေါ် စစ်ပွဲဆင်နွှဲခဲ့ခြင်းမှာ အာဖဂန်ပြည်သူများ၏ အကျိုးအတွက်မဟုတ်ဘဲ ၎င်းတို့၏ အကျိုးအတွက်သာဖြစ်သည်ဟု အာဖဂန်နစ္စတန်သမ္မတ ဟာမစ်ကာဇိုင်းက ၀ါရှင်တန်ပို့စ် သတင်းစာနှင့် အင်တာဗျူးတွင် ပြောကြားလိုက်သည်။

    ကာဇိုင်နှင့်အင်တာဗျူးကို ယမန်နေ့တွင် ၀ါရှင်တန်ပို့စ်သတင်းစာက ဖော်ပြခဲ့ပြီး အမေရိကန်ပြည်ထောင်စုကို အလွန်စိတ်ဆိုးနေသည့် ကာဇိုင်းက “နိုင်ငံအတွက်မဟုတ်သည့် စစ်ပွဲတွင် ပြည်သူများသေကြေခဲ့ရသည်” ဟု မှတ်ချက်ပေးခဲ့သည်။

    ၂၀၀၁ ခုနှစ် စက်တင်ဘာ ၁၁ ရက်နေ့ တိုက်ခိုက်မှုအပြီးတွင် အမေရိကန်နှင့်အပေါင်းအပါများက တိုက်ခိုက်ခဲ့သော အာဖဂန်စစ်ပွဲမှာ ၁၂ နှစ်ကြာခဲ့ပြီး၊ အမေရိကန်သမိုင်းတွင် အရှည်ကြာဆုံးသော အဆိုပါစစ်ပွဲမှာ အမေရိကန်၏ လုံခြုံရေးနှင့် အနောက်နိုင်ငံများ၏ အကျိုးအတွက်သာဖြစ်သည်ဟု ကာဇိုင်းကဆိုသည်။

    ကာဇိုင်းမှာ ယခုနှစ်ကုန်တွင် အမေရိကန်တပ်များ အာဖဂန်တွင်ဆက်ရှိနေမည့် အမေရိကန်နှင့် လုံခြုံရေးသဘောတူညီချက်အား ချုပ်ဆိုရန် ငြင်းဆိုထားပြီး၊ ထိုငြင်းဆိုမှုက အိမ်ဖြူတော်အား စိတ်ပျက်စေခဲ့သည်။ အဆိုပါကိစ္စအတွက် အမေရိကန် သမ္မတ အိုဘားမားနှင့် ကာဇိုင်းတို့မှာ ပြီးခဲ့သည့် တစ်ပတ်က ဖုန်းဖြင့် ဆွေးနွေးခဲ့ကြသော်လည်း ပြေလည်မှု မရခဲ့ပေ။

    ၂၀၁၄ နောက်ပိုင်းတွင် အာဖဂန်၌ အမေရိကန်တပ်များ လုံးဝမရှိတော့မည့် အခြေအနေအကို ရင်ဆိုင်နိုင်ရန်အတွက် ပြင်ဆင်ထားရန် အိုဘားမားက ပင်တဂွန်သို့ပြောကြားထားသည်။

    ကာဇိုင်းကမူ အဆိုပါ လုံခြုံရေးသဘောတူညီချက်စာချုပ် လက်မှတ်မထိုးခင် အမေရိကန်အနေဖြင့် တာလီဘန်များနှင့် ငြိမ်းချမ်းရေးဆွေးနွေးရမည်ဖြစ်ပြီး အာဖဂန်နစ္စတန်အတွင်း စီးနင်းမှုများ၊ တိုက်ခိုက်မှုများအား အဆုံးသတ်ရမည်ဟု အင်တာဗျူးတွင် ထည့်သွင်းပြောကြားခဲ့သည်။

    ထို့ပြင် စစ်ကြောင့် သေကြေထိခိုက်ဒဏ်ရာရမှုများက ၎င်းအတွက် အလွန်ဒုက္ခရောက်ကြောင်း၊ အာဖဂန်နိုင်ငံထက် ပါကစ္စတန်ရှိ တာလီဘန်များကို ပစ်မှတ်ထားတိုက်ခိုက်ရန် အမေရိကန်၏ အာရုံစူးစိုက်မှုလျော့နည်းခြင်းက မိမိတို့အား သစ္စာဖောက်သည်ဟု ခံစားရကြောင်း၊ နိုင်ငံအတွင်း အရပ်သားများ ထိခိုက်သေကြေမှုများကလည်း အာဖဂန်၏ အမေရိကန်နှင့် ဆက်ဆံမှုကို တဖြည်းဖြည်း အားနည်းစေကြောင်း ၎င်းက ထပ်လောင်းပြောကြားခဲ့သည်။

    ကာဇိုင်းအား ကဘူးလ်ရှိ ၎င်း၏ရုံးခန်းတွင် စနေနေ့ညပိုင်းက ၀ါရှင်တန်ပို့စ်သတင်းစာမှ အင်တာဗျူးခဲ့ခြင်းဖြစ်သည်။

    “အမေရိကန်ပြည်သူတွေကို ကျေးဇူးတင်ကြောင်း ပြောလိုပြီး၊ ကျန်းမာချမ်းသာကြပါစေကြောင်း ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။ အမေရိကန်အစိုးရအတွက်တော့ ကျွန်တော့ရဲ့နာကျည်းမှုတွေ၊ ဒေါသတွေသာ ပေးလိုက်ပါ” ဟု ကာဇိုင်းက အင်တာဗျူးအဆုံးတွင် ထည့်သွင်းပြောကြားခဲ့သည်။