စက်တင်ဘာ ၁ ၊ ၂၀၁၄
M-Media

– ပါလက်စတိုင်းပိုင်အနောက်ဘက်ကမ်းခြေရှိ မြေ ဟက်တာ ၄၀၀ (ဧက ၁၀၀၀) နီးပါးကို သိမ်းပိုက်ရန် ဆုံးဖြတ်ခဲ့သည့်ဟု အစ္စရေးက ယမန်နေ့တွင် ကြေညာခဲ့ပြီး ထိုသိမ်းပိုက်မှုမှာ နှစ်ပေါင်း ၃၀ အတွင်း ပါလက်စတိုင်းပိုင် နယ်မြေပမာဏ အများဆုံး သိမ်းပိုက်မှုလည်းဖြစ်သည်။
ပါလက်စတိုင်းပိုင် ဘက်သလင်ဟမ်အနီး တရားမ၀င် ဂျူးအခြေချအိမ်ရာ Etzion မှ မြေနေရာများဖြစ်ပြီး၊ ပါလက်စတိုင်းအာဏာပိုင်များကမူ အစ္စရေး၏ ထိုလုပ်ရပ်မှာ ဂါဇာကမ်းမြှောင်အား ကျူးကျော် တိုက်ခိုက်မှုပြီးနောက် ပဋိပက္ခပိုဖြစ်စေမည့် လုပ်ရပ်သာဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်အစိုးရကလည်း ထိုကဲ့သို့ကြေညာမှုမှာ အစ္စရေးကိုယ်တိုင် ပြောကြားထားသည့် နှစ်နိုင်ငံယှဉ်တွဲတည်ရှိရေးကို အကျိုးယုတ်စေသည်ဟု ပြောကြားခဲ့သည်။
ု၁၉၆၇ ခုနှစ်မှစ၍ အစ္စရေးမှာ ပါလက်စတိုင်းပိုင်နက်များကို ကျူးကျော်ကာ ဂျူးအခြေချအိမ်ရာများကို တိုးချဲ့ဆောက်လုပ်ခဲ့ပြီး နိုင်ငံတကာမှ ဝေဖန်မှုများ ပြုလုပ်ခဲ့သော်လည်း အစ္စရေးဘက်က ရပ်တန့်ခဲ့ခြင်း မရှိချေ။ ယခုလက်ရှိတွင် ထိုအခြေချ အိမ်ရာများ၌ တရားမ၀င်နေထိုင်သူ ဂျူးလူမျိုးများမှာ သန်းဝက်ခန့်ရှိနေသည်။
ref_Agencies





