နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) ရဲ့ ဘဝ ကောက်ကြောင်း ဖော်ပြလိုက်ရပါတယ်။
Tag: WinMaung
-
ပက်ကွီအို နှင့် မေဝယ်သာ တို့ လက်ဝှေ့ပွဲအား မြန်မာ လက်ရွေးစင်ဟောင်း ဘောက်ဆာ ဝင်းမောင်၏ သုံးသပ်ချက်
မေ ၄ ၊ ၂၀၁၅
ဘောက်ဆာ ဝင်းမောင် ရေးသည်။
.
ကမ္ဘာကျော် Mayweather နဲ့ Pacquiao တို့ ပွဲကြားကတည်းက ကြည့်ချင်နေတာ ဒီပွဲကို ပထမအချီကနေ ၁၂ ချီ အထိ အစအဆုံးကြည့်ဖြစ်ခဲ့တယ်။
.
ကမ္ဘာ အိုလံပစ် အဆင့်အထိ ကိုယ်တိုက် သွားရောက် ထိုးသတ်သူ တစ်ဦးအနေနဲ့ရော လက်ရှိ သင်တန်းဆရာ တစ်ယောက် အနေနဲ့ရော ပြည်တွင်းပွဲနဲ မြန်မာပြည်မှာကျင်းပခဲ့တဲ့ နိုင်ငံတကာ ပွဲတွေမှာ နှစ်ပေါင်း ၁၀ နှစ်ကျော် ကြိုးဝိုင်းဒိုင်အဖြစ် ရော အမှတ်ပေးဒိုင် အဖြစ်ပါ ဆောင်ရွက်ခဲ့တဲ့ အတွေ့အကြုံအရ ဒီပွဲကိုကြည့်ပြီးတော့ ကျွန်တော်သာ ဒီပွဲမှာ အမှတ်ပေးဒိုင် တစ်ယောက်ဖြစ်ခဲ့မယ်ဆိုယင် အခုလိုပေးမိမယ်ထင်ပါတယ်။
.
ပထမ အချီ နဲ့ ဒုတိယ အချီ တွေဟာ တစ်ယောက်ရဲ့ လက်ရည်ကို တစ်ယောက်စောင့်ကြည့် ပြီး ထိုးသတ်နေကြတဲ့အတွက် သရေကျတဲ့ အချီတွေ ဖြစ်ပါတယ်။ ၃ ချီက နေ ၁၀ ချီ အထိမှာ Pacquiao နိုင်ပါတယ်။ ၁၁ ချီမှာ Mayweather ကပ်ပြီး နိုင်ပါတယ်။နောက်ဆုံးအချီမှာ Pacquiao ပြန်နိုင်တယ် လိုတွေ့၇ပါတယ်။
.
ဒီတော့ ၂ ချီ သရေ .. ၉ ချီ က Pacquiao နိုင်ပြိး .. Mayweather ၁ ချီပဲ အနိုင်၇ခဲ့တဲ့ အတွက် ဘယ်လိုပဲ ကြည့်ကြည့် Pacquiao အပြတ်အသတ် နိုင်တယ်လို့ ပြောနိုင်ပါတယ်။
.
ဒီပွဲ ကို ကြည့်ယင် Pacquiao နဲ့ Mayweather တို့ရဲ့ ထိုးတဲ့ စနစ် မှာ Pacquiao ကသူများကို လိုက်ထိုးတဲ့ Infighter ဖြစ်ပြီး Aggresive & Scientific Fighter တစ်ယောက်လည်းဖြစ်ပါတယ်။
.
Mayweather ကတော့ လိုက်ထိုးသူလဲ မဟုတ် ခံစစ်ကနေထိုးတဲ့ Boxer မဟုတ်ပဲ သူများအ၀င်ကိုစောင့်ပြီးထိုး .. ထိုးလို့မရယင်ပြေးတဲ့ Counter ဖြစ်ပါတယ်။
.
ကမ္ဘာကျော် မိုဟမ္မဒ် အလီလို Scientific Boxer (သူများရဲ့ အ၀င်ကို သေသေချာချာတွက်ပြီး ပြန်ထိုးသူ)လဲ မဟုတ်ဘူး .. ဂျိုးဖရေဇီယာ တို့ မိုက်တိုက်ဆန်တို့လို Fighter တစ်ယောက်ပုံစံလဲ မတွေ့ရပါဘူး။
.
နည်းစနစ် အရ ပြောရယင် အရပ်ရှည် တဲ့ Mayweather က တဖက်က ပြိုင်ဖက် ၀င်လာတဲ့ အခါ ပူးသွားတိုင်း ဖက်ပြီး ထိချက် မိအောင် မထိုးနိုင်သလို ကွာသွားတဲ့ အခါမှာလဲ ဦးဆောင်ပြီး ပြန်မထိုးနိုင် တာကိုတွေ့ရပါတယ်။
.
Pacquiao ရော Mayweather ပါ လက်သီးထိုးချက် တွေ ဟာ ချန်ပီယံအဆင့်ကို ရောက်လာတဲ့ အလျောက် Perfect ဖြစ်တာကို တွေ့ရပါတယ်..Pacquiao ကတော့ ပွဲစဉ်တစ်လျောက် အချီတိုင်း အချီတိုင်းမှာ အမှတ်ပေးနိုင်တဲ့ ထိချက်တွေဖြစ်အောင် ထိုးနိုင်တာကို တွေ့ရပါတယ်။
.
ခြုံပြီးပြောရယင် လက်ဝှေ့ သဘောတရား အရ Pacquiao နိုင်နေပါတယ်။ ဒါပေမဲ့ Pacquiao နဲ့ Mayweather ပွဲ အဆုံးသတ်မှာ အရှုံးအနိုင် ကို ဒိုင်လူကြီးရဲ့ ဆုံးဖြတ်ချက် အရ Mayweather ကို အနိုင်ပေးလိုက်တယ်။
..
ဒိုင် ၃ ယောက် စလုံးက Mayweather ကို အမှတ်နဲ့ ကပ်ပြီး အနိုင်ပေးထားခဲ့တယ်။ ကြိုးဝိုင်းဒိုင်ရဲ့ ဆောင်ရွက်မှု ကို အားရမှု ရှိပေမဲ့ …အမှတ်ပေးဒိုင်တွေရဲ့ အမှတ်ပေးမှုကို လုံးဝ အားမရမိတာ အမှန်ပါ … Pacquiao ပြတ်ပြတ်သားသား နိုင်တဲ့ ပွဲမှာ Mayweather ကို ကပ်ပြီး အနိုင်ပေးလိုက်တယ်လို့မြင်ပါတယ်။
.
လက်ဝှေ့ ရဲ့ စည်းမျဉ်းတွေ ကိုခဏထားပြီး ပွဲပြီးသွားတဲ့ အခါ သာမန်ပရိတ်သတ် တောင် နားလည်နိုင်တဲ့ အခြေအနေမျိုးလို့ ဆိုရမှာပါ.. Knok out မဟုတ်တဲ့ ပွဲဖြစ်တဲ့ အပေါ် ဘယ်သူနိုင်တယ်ဆိုတာကို စိတ်ထဲကသိနေကြပြီး ဒိုင်လူကြီးရဲ့ အဆုံးအဖြတ်ကို စောင့်တဲ့ သဘောပဲရှိပါတယ်။ ဒါပေမဲ့ အဆုံးအဖြတ် ထွက်လာတဲ့ အခါ ပရိတ်သတ် နားမလည်နိုင်လောက်အောင် ဖြစ်သွား ပြီးမှ ရုတ်တရက် Mayweather ကို ကောင်းချီးပေးတဲ့ သူ အချို့ ထြ့ပီး ကောင်းချီးပေးကြသလို Pacquiao ကို နိုင်တယ်လို့ ယူဆတဲ့ သူတွေအများကြီး ကြက်သေသေသွားခဲ့ကြပါတယ်။
.
ကျွန်တော်လဲ လက်ဝှေ့ သမား တစ်ယောက် ဖြစ်တဲ့အားလျော်စွာ နိုင်တဲ့သူရဲ့ ခံစားချက်ရော ရှုံးတဲ့သူရဲ့ ခံစားချက်ကို ကိုယ်ချင်းစာနားလည်မိပါတယ်။
.
လက်ဝှေ့လောကမှာ ဖြစ်လေ့ဖြစ်ထရှိတဲ့ မျက်နှာလိုက်မှုတွေကြောင့် .. Pacquiao ရှုံးသွားရတာ ဖြစ်ပါတယ်။
.
ဒီလိုမျက်နှာလိုက်မှုမျိုးတွေ ကို ကျွန်တော် ကိုယ်တိုင်လဲ အတွေ့အကြုံ ရှိဘူးခဲ့လေတော့ ..အမှတ်ပေးဒိုင်တွေ ဘယ်လိုပဲ ပေးခဲ့ပေးခဲ့ ဒီပွဲရဲ့ အနိုင်ရသူဟာ Pacquiao သာဖြစ်တယ်လို ယုံကြည်နေမိပါတယ် ။
.
လက်ဝှေ့ပွဲ တိုင်း မှန်ကန်သော ဆုံးဖြတ်ချက်များ ဖြစ်ပါစေ..Boxer Win Maung
20th Olypic Representative Boxer-1972 Munich,Germany
(Social Media အားကောင်းလာတဲ့ အပေါ် မိတ်ဆွေတွေရဲ့ တောင်းဆိုမှုကြောင့် ဒီပိုစ်ကို ရေးဖြစ်သွားခြင်းဖြစ်ပါတယ်…အားလုံးကို ကျေးဇူးတင်ပါတယ်)Boxer Win Maung ၏ FB စာမျက်နှာမှ ကူးယူဖော်ပြသည်။
ဘောက်ဆာ (ဦး) ဝင်းမောင်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု ရယူပေးခဲ့သော တိုင်းပြည်ဂုဏ်ဆောင် အားကစားသမား တစ်ဦးဖြစ်ပါသည်။
ဘောက်ဆာ (ဦး) ဝင်းမောင် နှင့် ပတ်သည့် ပိုစ်များ ဖတ်လိုလျှင် -
ကမ္ဘာ့ လက်ဝှေ့ကြိုးဝိုင်းထဲမှ မွတ်စလင်များ
ဘာမထီခင်အောင်
အစ္စလာမ်သုတ မဂ္ဂဇင်း မှ ကူးယူဖော်ပြပါသည်။
“ဘားမား၊ဘားမား၊ ဘားမား” ဟူသော ရွှေပွဲလာ လက်ဝှေ့ပရိသတ် သုံးထောင်ကျော်ကျော်၏ လက်ခုပ်သြဘာသံကြီးးသည် အနောက်ဂျာမနီနိုင်ငံ မြူးနစ် မြို့တော်ကြီးမှ လက်ဝှေ့အားကစားရုံကြီး ပြိုမတတ်တည်းလျက်ရှိနေသည်။ဝင်းမောင်၏ ညာဖြောင့်လက်သီးကို တစ်ချက်ထိလိုက်သည်နှင့် တစ်ပြိုင်နက်ကျူးဘားနိုင်ငံမှ အသားမည်း နီဂရိုးလက်သီးကျော်ဖြစ်သူ (အိုလင်းဒိုမာတင်းနစ်(ဇ်)) ခမျာ ဖင်ထိုင်လဲကျသွားသည်။
ကြိုးဝိုင်းဒိုင်၏ မှတ်စဉ် ရေတွက်မှုကိုခံယူပြီး ကျူးဘားချန်ပီယံ ပြန်လည်ထလာ၍ ဆက်ပြီးထိုးသည်။ အလွန်လျှင်မြန်စွာ ဘယ်ညာထောက် လက်သီးတွေကို ခရားရေ လွှတ် ထိုးလျက် နေရာရွှေ့ရွှေ့သွားသော ၀င်းမောင်အား ကျူးဘားချန်ပီယံက ဖမ်းမမိဖြစ်နေ၏။
ပထမအချီပြီးသည်တွင် မြန်မာ့လက်ရွေးစင်ဝင်းမောင် အမှတ်ဖြင့် အနိုင်ရနေသည်။
ဒုတိယအချီဝယ် ၀င်းမောင်က မိုဟာမက်အလီ ထိုးဟန်အတိုင်း ခြေရွှေ့လှုပ်ရှားပြီး ညာဖြောင့်တွဲလုံးတွေကို လှစ်ကနဲ လှစ်ကနဲ နေအောင်ထိုး၏။ ဘယ်ကျော် လက်သီးရှင် အိုလင်းဒိုက အ၀င်လိုက်တွင် ၀င်းမောင်က ညာဖြတ်တစ်လုံး သုံးလိုက်ပြန်ရာ ကျူးဘားချန်ပီယံ ပက်လက်လန်၍ ကျသွားရပြန်သည်။
“ဘားမား၊ ဘားမား” ဟူသော အားပေးသံကြီးသည် မြူးနစ်မြို့ကြီးကို ပြိုလဲမတတ် မြည်ဟည်းလှချေသည်။
ထိုအချီပြီးတော့လည်း ၀င်းမောင်ပဲ အမှတ်ဖြင့်သာပြန်သည်။ အဲ တတိယနောက်ဆုံးအချိန်၌ ၀င်းမောင်လည်း အိုလင်းဒိုလက်သီးချက်ကြောင့် လဲကျခဲ့ရသည်။ သို့တစေ ထ၍ ပြန်ထိုးနှက်ကြသည်။ တတိယအချီပြီးတော့ အမှတ်ပေးဒိုင် ၅ ဦးရှိသည့်အနက် ၃ ဦးက ကျူးဘားနိုင်ငံမှ အိုလင်းဒိုမာတင်းနစ်ဇ်အား အနိုင်ပေးလိုက်လေရာ ရွာတစ်ရွာလုံး ပွက်လောရိုက်ကုန်တော့သည်။
“မတရားဘူး၊ မတရားဘူး၊ ဘားမားနိုင်တာ၊ ဘားမားနိုင်တာ” ဟု ဟစ်ကြွေးလေသည်။
မည်သို့ ဟစ်ကြွေးကြပေမယ့် (ဒိုင်လူကြီး၏ အဆုံးအဖြတ်သည်သာ အမှန်) ဟု ဆိုထားလေသဖြင့် ၀င်းမောင်ခမျာ အနိုင်ရသင့်ပါလျက် ရှုံးခဲ့ရချေသည်။
ပွဲပြီးတော့၊ ၁၉၃၀-၃၂ ခုနှစ်က ကမ္ဘာ့ဟဲဗီးဝိတ် သရဖူပိုင်ရှင်ဖြစ်ခဲ့သူ ဂျာမန်အာဏာရှင် ဟစ်တလာကပင် အိမ်ဖြူတော်သို့ ခေါ်တွေ့ကာ ဂုဏ်ပြုခြင်းခံခဲ့ရသူ၊ နာမည်ကျော် ဂျိုးလူးဝစ်ကိုပင်လျှင် ၁၂ ချီ အရောက် နောက်ကော်ထိုးချခဲ့သူ မက်စ်ရှမဲလင်း (Max Schmeling) (ကိုယ်တိုင်)က ကြိုးဝိုင်းပေါ်မှ ဆင်းလာခဲ့သူ ၀င်းမောင်အား လက်ဆွဲနှုတ်ဆက်ရင်း “မင်းရဲ့လက်ဝှေ့ပညာ စွမ်းရည်ဟာ အဆင့်အတန်း မြင့်လှပါတယ်။ အလီနဲ့ ထိုးကွက်တူနေတာကို တွေ့ရပါတယ်။ ဒီပွဲမှာ ကျူးဘားချန်ပီယံကို မင်းအနိုင်ရနေတာပါ။ အနိုင်ပေးရမှာက မင်းကိုပါ။ အားမငယ်ပါနဲ့။ ဆက်လက်ပြီးကြိုးစားပါ တစ်နေ့နေ့ တစ်ချိန်ချိန်မှာ မောင်ရင်ကမ္ဘာ့ချန်ပီယံ ဖြစ်လာနိုင်တယ်” ဟု ချီးကျူးအားပေးခြင်း ခံခဲ့ရသည်။
ဝင်းမောင်သည် အညစ်ခံ၍ ရှုံးသော်လည်း ဂုဏ်မပျက်ပါ။ မြန်မာတို့၏ သတ္တိစွမ်းကို ကမ္ဘာကသိရလေအောင် လုပ်ပြနိုင်စွမ်းရှိခဲ့ပေသည်။ ကျူးဘား နိုင်ငံသည် ဘင်တန်ဝိတ်တန်းတွင် ကမ္ဘာ့ချန်ပီယံ သရဖူကိုဆောင်းသွားခဲ့သည်။ ၁၉၇၂ ခုနှစ်ကအနောက်ဂျာမနီနိုင်ငံ မြူးနစ်မြို့တွင် ကျင်းပခဲ့သည့် (၂၀) ကြိမ်မြောက် ကမ္ဘာ့အိုလံပစ်လက်ဝှေ့ ဗိုလ်လုပွဲဝယ် မြန်မာနိုင်ငံ ကိုယ်စားလှယ်အဖြစ် ကိုဝင်းမောင်(ဘင်တန်း)နှင့် ဒေါ်လာ (ဖလိုင်းဝိတ်)တို့ နှစ်ဦးကို စေလွှတ်ခဲ့သည်။ ဒေါ်လာသည် ဆိုဗီယက်ရုရှားမှ လက်ဝှေ့ကျော်အား တတိယအချီဒိုင်ပွဲရပ်နှင့် ရှုံးခဲ့ရသည်။
တကယ်တော့ ကမ္ဘာ့အိုလံပစ်ပြန် ၀င်းမောင်သည် အစ္စလာမ်ဘာသာဝင် မွတ်စလင်မ် တစ်ယောက်ဖြစ်ပေသည်။
သူနှင့်အတူလိုက်ပါသွားရသည့် ဒေါ်လာသည် ချင်းလူမျိုး တောင်ပေါ်သားလေး ဖြစ်၏။ ၁၉၇၆ ခုနှစ်ဝယ် ၂၂ ကြိမ်မြောက် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ဗိုလ်လုပွဲသည် ကနေဒါနိုင်ငံ မွန်ထရီ မြို့၌ကျင်းပခဲ့ရာ နိုင်ဂျီးရီးယားနိုင်ငံမှ မွတ်စလင်မ် လက်ဝှေ့သူရဲကောင်းတစ်ဦး ပေါ်ထွန်းလာခဲ့၏။ သူ၏အမည်မှာ (ဖိုက်ဇီး)ပင် ဖြစ်သည်။ ၎င်းသည် ဖယ်သာဝိတ်တန်း သရဖူကိုဆောင်းခဲ့သူဖြစ်သည်။
ကမ္ဘာ့အပျော်တမ်း လက်ဝှေ့ အဖွဲ့ချုပ်ကြီးတွင် အတွင်းရေးမှူးအဖြစ် တာဝန်ကို နှစ်ပေါင်းများစွာ ထမ်းဆောင်ခဲ့ရသူ၊ ပါကစ္စတန်နိုင်ငံ (ပရော်ဖက်ဆာ၊ ဘန်နာဝါမျောက်ဒရီး)က မွတ်စလင်မ် လက်ဝှေ့သူရဲကောင်းတွေကို ထိရောက်စွာအားပေးခဲ့သည်။
ထို့အတူ တွဲဖက်အတွင်းရေးမှူး ဖြစ်သူ ဗာလင်အမ်မာမွတ် (အီရန်)ကလည်း ကောင်းစွာ မြေတောင်မြှောက်ပေးခဲ့ကြသည်။
ယနေ့ ကမ္ဘာ့အပျော်တမ်း လက်ဝှေ့တွင် မွတ်စလင်မ် လက်ဝှေ့ သူရဲကောင်းများ တဖြည်းဖြည်း တစ်စစနေရာယူခဲ့ပေပြီ။ ယနေ့ ကမ္ဘာ့ကြေးစားတန်း လက်ဝှေ့ ကြိုးဝိုင်း၌လည်း မွတ်စလင်မ် လက်သီးကျော်များမှာ သူ့ဝိတ်တန်းနှင့်သူ ၀င်ရောက်နေရာယူခဲ့ကြသည်။
ကမ္ဘာကျော် မိုဟာမက်အလီကို အားကျ၍ ကြေးစားလက်ဝှေ့နယ်ပယ်သို့ ရောက်ရှိလာကြသော လက်ဝှေ့ကျော် အချို့ကို တင်ပြရပါလေသော်။
မွတ်စတဖာဟမ်းရှိုး၊ ဘက်ရှီအလီ၊ ဖရင့်အလီ၊ မိုဟာမက်ကွာဝီ၊ ဆော့ချီတာလဒါ၊ ဘင်အလီ စသည် စသည်ဖြင့်။
မြန်မာနိုင်ငံအနေနှင့် ကမ္ဘာ့အိုလံပစ် လက်ဝှေ့ပွဲသို့ ၁၉၄၉ ခုနှစ် လန်ဒန် အိုလံပစ်မှ အစပြု၍ ၁၉၄၀ ခုနှစ် လော့အိန်ဂျလိစ် အိုလံပစ်အထိ စေလွှတ်ကာ ထိုးသတ်ယှဉ်ပြိုင်စေ ခဲ့သည်။ မျိုးသန့်၊ စောဟာဒီ၊ ကျားဘညိမ်း၊ ဘယ်လင်သော်မဆင်၊ တင်ထွန်း၊ သက်ဦးလေး၊ ၀င်းမောင်၊ ဒေါ်လာ၊ လှညွန့်၊ သန်းထွန်း၊ ဇော်ထက်တို့ ရှိခဲ့ရာဝယ် (၆)ဦးသည် မွတ်စလင်မ်များ ဖြစ်ကြသည်။ ထို (၆)ဦးတို့ကတော့ ကျားဘညိမ်း၊ မဂျစ်၊ တင်ထွန်း၊ ဂျိတ်ဘာဝါး၊ ၀င်းမောင်နှင့် သက်ဦးလေးတို့ဖြစ်သည်။
သက်ဦးသည် ၁၉၆၄ ခုနှစ်က ကျင်းပခဲ့သော တိုကျို အိုလံပစ်နှင့် ၁၉၆၈ ခုနှစ်က ကျင်းပခဲ့သော မက္ကဆီကို ကမ္ဘာ့ အိုလံပစ်သို့ တိုင်းပြည် ကိုယ်စားပြု၍ (၂)ကြိမ်သွားခဲ့ရသည်။
နိဂုံးချုပ်အနေနှင့်
မွတ်စလင်မ် လက်သီး သူရဲကောင်းတို့သည် သွေးနှင့်ချွေးနှင့်ရင်း၍ တိုင်းပြည်ကိုဂုဏ်ကို လက်ဝှေ့ ကြိုးဝိုင်းထဲမှ နေပြီး မြှင့်တင် ပေးခဲ့ကြကြောင်းကို ရေးသားတင်ပြရပါသည်။
ရွှေဘိုဘာမထီခင်အောင်
ဦးဝင်းမောင်၏ ဓါတ်ပုံများ ကြည့်ရန် =>
ဆက်စပ် ဆောင်းပါးများ
၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်” အင်တာဗျူး ဖတ်ရန်
http://www.m-mediagroup.com/news/21692ကမ္ဘာ့ အိုလံပစ်ကြိုးဝိုင်း အတွင်းမှ မြန်မာ့လက်ဝှေ့ကျော်များ
-
နိုင်ငံဂုဏ်ဆောင် ရွှေတံဆိပ်(၅)ဆုရှင် ဘောက်ဆာ-ဝင်းမောင် (အရှေ့တောင်အာရှချန်ပီယံ ၁၉၆၉-၁၉၇၁)
ဒီဇင်ဘာ ၁၇-၂၀၁၃
M-Media
သီရိ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲတွင် မီးရူးတိုင် ကိုင်ဆောင်ခွင့်ရခဲ့သော မြန်မာ့လက်ဝှေ့ချန်ပီယံ “ဦးဝင်းမောင်”
ရန်ကုန်။ ။ ၂၇ ကြိမ်မြောက် အရှေ့တောင်အာရှ အားကစားပြိုင်ပွဲ ဖွင့်ပွဲအထိမ်းအမှတ် မီးရှူးတိုင်သယ်ဆောင်သည့် အခမ်အနားတွင် နိုင်ငံအတွက် အာရှနှင့် အရှေ့တောင် အာရှ အားကစားပြိုင်ပွဲများတွင် ဆုတံဆိပ်များ ဆွတ်ခူးပေးခဲ့သော မြန်မာမွတ်စလင်မ် အားကစားသမားများ ဖြစ်ကြသည့် ဒေါ်ဘေဘီ(ဘော်လီဘော)၊ ဦးအေးလွင်(ဘောလီဘော)၊ ဦးဝင်းမောင်(လက်ဝှေ့)၊ ဦးမောင်လှ(ပြေးခုန်ပစ်) တို့ ပါဝင်သယ်ဆောင်ခွင့်ရခဲ့ရရှိခဲ့ပါသည်။ အဆိုပါ (၄) ဦး အနက်မှာ နိုင်ငံတကာ ပြိုင်ပွဲများ တွင် လက်ဝှေ့(Boxing) အားကစားနည်းဖြင့် တိုင်းပြည်အတွက် ရွှေတံဆိပ်(၅)ဆု ၊ငွေတံဆိပ် ၃ ခု၊ကြေးတံဆိပ် ၂ ခု ရယူပေးခဲ့သော (ဦး)ဝင်းမောင် (ဘောက်ဆာ) အား M-Media မှ တွေ့ဆုံမေးမြန်းခွင့်ရရှိခဲ့ပါသည်။
မြန်မာ့လက်ဝှေ့ချန်ပီယံ ဦးဝင်းမောင် အား ၁၉၄၆ ခု ဇန်န၀ါရီလ ၁ ရက်နေ့တွင် အဖ ဦးမူဆာ၊ အမိ ဒေါ်ဆဖူရာဘီ(ခ) ဒေါ်စောရန် တို့မှ ရန်ကုန်မြို့ ပန်းဘဲတန်းမြို့နယ်တွင် မွေးဖွားခဲ့ပြီး မွေးချင်း ၈ ယောက်အနက် ၆ ယောက်မြောက်ဖြစ်ပါသည်။ ငယ်စဉ်အချိန်ကတည်းက ဖခင်ဆုံးပါးသွား၍ မိခင်နှင့်ပင် ကြီးပြင်းခဲ့ရသည်။ ဒေါ်နွဲ့လေးနှင့်အိမ်ထောင်ကျခဲ့ပြီး သားသမီး ၂ ယောက်ထွန်းကားခဲ့ကြောင်းသိရပါတယ်။
M-Media ။ ။ ပထမဦးဆုံးနေနဲ့ အန်ကယ့်ရဲ့ ပညာအရည်းအချင်းကို သိချင်ပါတယ်
ဖြေ။ ။ ကျူလီယာမွတ်စလင် High School ကျောင်းမှာ သူငယ်တန်းကနေ ၆ တန်းထိ အတန်းပညာနှင့် ဘာသာရေးပညာကိုပါသင်ယူခဲ့တယ်၊ ပြီးတော့ ၇ တန်းကစပြီး ၁၀ တန်းအောင်မြင်သည်အထိ MM Randeria (ယခု အ.ထ.က ၂ ပန်းပဲတန်း) ကျောင်းတွင် ဆက်လက်ဆည်းပူးခဲ့တယ်။M-Media။ ။ အန်ကယ် အားကစားလောကထဲကို ဘယ်လိုဝင်ရောက်ခဲ့ပါသလဲ။
္တဖြေ။ ။ ကျောင်းမှာ ဟော်ကီကိုအပျော်ကစားရင်းနဲ့ ကျောင်းလက်ရွေးစင် ဖြစ်လာတယ် ပြိုင်ပွဲတွေကို ဆက်ကစားရင်းနဲ့ ဗမာ့ဟော်ကီလက်ရွေးစင် တစ်ယောက်ဖြစ်လာခဲ့တယ်။M-Media။ ။ လက်ဝှေ့အားကစားကိုရော ဘယ်လိုကြောင့် ကစားဖြစ်ခဲ့တာပါလဲ။
ဖြေ။ ။ ကလေးဘ၀တုန်းကပေါ့ ကျောင်းပြန်ရင်အကိုနဲ့အတူ ဘောလုံးပွဲသွားကြည့်တယ် အဲဒီဘောလုံးကွင်းမှာ လက်ဝှေ့ ကလပ် တစ်ခုရှိတယ်။ သူများထိုးနေတာကိုခိုးကြည့်ပြီး နည်းပြဆရာက မင်းထိုးချင်လို့လား သတ္တိရှိလား လို့မေးတော့ မခံချင်စိတ်ပေါက်ပြီး ထိုးမယ်ဗျာ လို့ ပြောပြီး အဲဒီအချိန်ကတည်းကလက်ဝှေ့ကို စတင်ထိုးခဲ့တယ်။M-Mediaး။ ။ အန်ကယ်ရဲ့ လက်ဦးဆရာတွေကရော ဘယ်သူတွေများလဲ။
ဖြေ။ ။ လက်ဦးဆရာတွေကတော့ ဆရာဦးအောင်ငြိမ်း၊ ဆရာ အလက်ဇန်းဒါး၊ ဆရာကျားဘငြိမ်း၊ ဆရာ ဦးကျော်မြင့် တို့ဖြစ်တယ်။M-Media။ ။ အန်ကယ် ပြိုင်ခဲ့တဲ့ ပြိုင်ပွဲကရော ဘယ်လိုအောင်မြင်မှုတွေရခဲ့လဲ။
ဖြေ။ ။ အသက် ၁၅ မှာ ပထမဆုံးပြိုင်ခဲ့တဲ့ မြန်မာနိုင်ငံလူသစ်တန်းလက်ဝှေ့ပြိုင်ပွဲ pin weight (91 to 98 lb ) မှာ ၅ ပွဲထိုးပြီး ချန်ပီယံဆုကို ရခဲ့တယ်။ ၁၉၆၄ မှာ Light Fly Weight (98 to 105 lb) B class မှာပြိုင်ခဲ့တဲ့အခါမှာ ချန်ပီယံဆုကို ရခဲ့တယ်။ အဲဒီနောက် မီးရထားကလပ်ကိုရောက်သွားတယ်၊ နောက်ပြီး Fly weight (105 to 112 lb) မှာ ရန်ကုန်တိုင်းလက်ရွေးစင်လူရွေးပွဲမှာ ချန်ပီယံဆုကိုရခဲ့တယ်။ ပြီးတော့ အောင်ဆန်းကွင်းမှာ စခန်းသွင်းလေ့ကျင့်ခဲ့ရတယ်။ ၁၉၆၅ ခုနှစ်မှာ တိုင်းနယ်ပြည်နယ် ၁၄ ခု မှာပြိုင်ခဲ့ရာမှာ အကောင်းဆုံးလက်ဝှေ့သမားဆုကိုရခဲ့တယ်။ ၁၉၆၆ မှာတော့ ထိုင်းနိုင်ငံမှ အိမ်ရှင်အဖြစ်လက်ခံကျင်းပသော အရှေ့တောင်အာရှနိုင်ငံပေါင်း ၂၄ နိုင်ငံပါဝင်တဲ့ ၅ ကြိမ်မြောက် Asian Game မှာတော့ ကြေးတံဆိပ်ကိုရခဲ့တယ်။၁၉၆၇ မှာ ထိုင်းနိုင်ငံကပဲအိမ်ရှင်အဖြစ်လက်ခံကျင်းပတဲ့ အရှေ့တောင်အာရှကျွန်းဆွယ်နိုင်ငံများ ပါဝင်ယှဉ်ပြိုင်ကြတဲ့ လေးကြိမ်မြောက် Seap Game မှာ ငွေတံဆိပ်ဆုကိုရယူခဲ့တယ်။ နောက် ၁၉၆၇ မှာပဲ Asian Boxing Championship ကို သီဟိုဠ်မှာ သွားပြိုင်ခဲ့တာ ငွေတံဆိပ်ဆုကိုရခဲ့တယ်။
၁၉၆၈မှာ ဆိုဗီယက်ရုရှား-မြန်မာ ချစ်ကြည်ရေးပွဲမှာ ဥရောပနိုင်ငံမှချန်ပီယံတစ်ယောက်ဖြစ်တဲ့ Boris Dicov ကိုနိုင်ခဲ့တယ်။ ၁၉၆၉ မှာမြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် လက်ခံကျင်းပခဲ့တဲ့ အရှေ့တောင်အာရှကျွန်းဆွယ် Seap Game ပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုကို ရယူခဲ့တယ်။ ၁၉၇၀ ဧပြီမှာ ဖိလစ်ပိုင် မနီလာမြို့မှာကျင်းပတဲ့ လေးကြိမ်မြောက် Asian Boxing ပြိုင်ပွဲမှာ ကြေးတံဆိပ်ရခဲ့တယ်။ ၁၉၇၀ အောက်တိုဘာမှာ အနောက်ဂျာမနီမှာသင်တန်းတက်ခဲ့ပြီး အနှစ် ၅၀ မြောက် ဂျာမနီလက်ဝှေ့နိုင်ငံတကာအဖွဲ့ချုပ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ငွေတံဆိပ်ရတယ်။ ၁၉၇၀ ဒီဇင်ဘာလမှာ ထိုင်းနိုင်ငံကနေ အိမ်ရှင်အဖြစ်လက်ခံ ကျင်းပတဲ့ ၆ ကြိမ်မြောက် Asian Game မှာ ငွေရခဲ့တယ်။ ၁၉၇၂ မှာ ကမ္ဘာ့အိုလံပစ်ပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခဲ့ရာ ၃ ပွဲ နှစ်ပွဲနဲ့ ရှုံးတယ်။ ၁၉၇၃ မှာ စင်ကာပူက အိမ်ရှင်အဖြစ် လက်ခံကျင်းပတဲ့ Seap Game မှာ လဲ ငွေတံဆိပ်ဆုကိုရခဲ့တယ်။
M-Media။ ။ စုစုပေါင်း အန်ကယ် ရွှေဘယ်နှစ်ဆုရယူခဲ့လဲ။
ဖြေ။ ။ ပြည်တွင်းရွှေဆုက ၁၀ ဆု ပြည်ပကနေ ၅ ဆု စုစုပေါင်း ၁၅ ဆုရခဲ့တယ်။M-Media။ ။ အန်ကယ် လက်ဝှေ့သက်တမ်းကဘယ်လောက်ကြာပြီး ဘယ်နှစ်ပွဲလောက်ထိုးခဲ့သလဲ။
ဖြေ။ ။ အသက် ၁၅ နှစ်ကနေ ၃၃ နှစ်ထိ ထိုးခဲ့ပြီး ပွဲကတော့ ၇၉ ပွဲလောက်ထိုးခဲ့တယ်။M-Media။ ။ လက်ဝှေ့ထိုးတာနားလိုက်တဲ့ချိန်ကစပြီး အခုချိန်ထိဘာတွေကိုလုပ်နေပါသလဲ။
ဖြေ။ ။ ကစားတာကိုနားပြီးကတည်းက အ.ထ.က ၂ ပန်းဘဲတန်းက ဘောက်စင်ကလပ်မှာ နည်းပြလုပ်ခဲ့တယ်၊ နောက် မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ်၊ တက္ကသိုလ်ပေါင်းစုံ လက်ဝှေ့အဖွဲ့ချုပ်၊ မြန်မာနိုင်ငံလက်ဝှေ့အဖွဲ့ချုပ် ကြိုးဝိုင်းဒိုင်၊ အမှတ်ပေးဒိုင် အဖြစ်လုပ်ဆောင်တယ်။ အခုတော့ ကိုယ်ပိုင် ကလပ်ကလေးတစ်ခု ထောင်ထားပြီး အားကစားသမားလေးတွေကို လေ့ကျင့်သင်ကြားပေးနေတယ်။M-Media။ ။ ယခု Sea Game ပွဲမှာရော မီးရှုးတိုင်ကို ဘယ်လိုကိုင်ဆောင်ခွင့်ရခဲ့ပါသလဲ။
ဖြေ။ ။ အဲဒါက ဥပဒေရှိတယ် မီးရှုးတိုင်းကိုင်ဆောင်ရတဲ့သူက ရွှေရတဲ့သူပဲဖြစ်ရမယ်၊ အားကစားမျိုးစုံပေါ့ စာရင်းလာကောက်တော့ ပေးလိုက်တယ် သူတို့ရွေးတဲ့ထဲမှာ ပါသွားတယ်၊ ရန်ကုန်ကနေ နေပြည်တော်ထိ လူ ၉၀ ကပေါ့ သယ်ဆောင်ရတယ်။ အခုလိုကိုင်ဆောင်ခွင့်ရတဲ့အတွက်လည်း ဂုဏ်ယူမိပါတယ်။ဓါတ်ပုံများ ကြည့်ရန် => Link