News @ M-Media

Tag: World Cup 2022

  • ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    ဗုဒ္ဓဟူးနေ့ ဘောလုံးသတင်းများ

    စက်တင်ဘာ ၄၊ ၂၀၁၉
    M-Media

    ၂၀၂၂ ကမ္ဘ္ဘာ့ဖလား လိုဂိုကို ကာတာ မိတ်ဆက်
    =================
    ၂၀၂၂ ခုနှစ် ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲအတွက် လိုဂိုကို ကာတာနိုင်ငံက မနေ့မှာ မိတ်ဆက်ခဲ့ပြီး နိုင်ငံအတွင်းထင်ရှားတဲ့ အဆောက်အအုံတွေအပြင် ကမ္ဘ္ဘာတစ်ဝှမ်းက မြို့ကြီး ၂၄ မြို့မှာလည်း တစ်ချိန်တည်း တစ်ပြိုင်တည်းလိုဂိုကို ပြသခဲ့ပါတယ်။ လိုဂိုရဲ့ အမို့အမောက်တွေဟာ အာရေဗျသဲကန္တာရရဲ့ လှပတဲ့ အနိမ့်အမြင့်တွေကိုရည်ညွှန်းပြီး၊ အင်္ဂလိပ်အက္ခရာ နံပါတ် (၈) ပုံစံ ဖြစ်နေခြင်းက ပြိုင်ပွဲကျင်းပမယ့် ဘောလုံးကွင်း ၈ ခုကိုကိုယ်စားပြုတယ်လို့ ပြိုင်ပွဲတာဝန်ရှိသူတွေက ပြောကြားခဲ့ပါတယ်။ လိုဂိုကို infinity အမှတ်သညာအဖြစ်လည်းမှတ်ယူလို့ရပြီး ဒါဟာ ကမ္ဘ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲရဲ့ ဘယ်တော့မှ ရိုးမသွားနိုင်တဲ့ အဓိပ္ပါယ်ကို ဖော်ကျူးထားတာဖြစ်ပါတယ်။

    ဂျာမနီနောက်ခံလူဟောင်း ညစ်ညမ်းဗီဒီယို ဖြန့်ဝေမှုဖြင့် စုံစမ်းခံနေရ
    ===================
    ဟမ်းဘတ်မြို့က လူတစ်ယောက်ဆီကို ကလေးညစ်ညမ်းဗီဒီယိုတွေ ပေးပို့ခဲ့တယ်လို့ သံသရှိတဲ့အတွက် ဂျာမနီလက်ရွေးစင် နောက်ခံလူဟောင်းခရစ္စတို့ဖ် မက်ဇဲလ်ဒါကို ဂျာမန်ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေပါတယ်။ အသက် ၃၈ နှစ်အရွယ် မက်ဇဲလ်ဒါကတော့ရဲတပ်ဖွဲ့နဲ့ ပူးပေါင်းဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။ ရဲတပ်ဖွဲ့ဟာ အင်္ဂါနေ့က မက်ဇဲလ်ဒါနဲ့ သက်ဆိုင်တဲ့နေရာနှစ်ခုမှာ ရှာဖွေမှုတွေ ပြုလုပ်ခဲ့ပြီး ကွန်ပျူတာနဲ့ ဖုန်းတစ်ချို့ကို သိမ်းယူခဲ့ပါတယ်။ မက်ဇဲလ်ဒါဟာ ဂျာမနီအသင်းအတွက်ပွဲပေါင်း ၄၀ ကျော် ကစားပေးခဲ့ပြီး ၂၀၀၂၊ ၂၀၀၆ ကမ္ဘ္ဘာ့ဖလားပြိုင်ပွဲဝင် ဂျာမနီအသင်းရဲ့ လူစာရင်းမှာလည်း ပါဝင်ခဲ့ပါတယ်။

    ရော်နယ်ဒို၏ အောင်မြင်မှုကို ဖာဂူဆန် ချီးကျူး
    =====================
    အသက် ၁၇ နှစ်အရွယ် လူငယ်လေးတစ်ယောက်ကနေ အခုလို အောင်မြင်တဲ့ လူသားတစ်ယောက်၊ အားကစားသမားတစ်ယောက် ဖြစ်လာတဲ့အတွက် ဂုဏ်ယူမိတယ်လို့ မန်ယူနည်းပြဟောင်း ဆာ အဲလက်စ် ဖာဂူဆန်က ဂျူဗင်တပ် တိုက်စစ်မှူး ခရစ္စတီယာနို ရော်နယ်ဒိုကို ချီးကျူးပြောဆိုလိုက်ပါတယ်။ ပေါ်တူဂီရဲ့ အကောင်းဆုံး ဘောလုံးသမားဆုကို စံချိန်တင် ၁၀ ကြိမ်မြောက် ရရှိခဲ့တဲ့ ရော်နယ်ဒိုကို ဖာဂူဆန်က အခုလို စကားလက်ဆောင် ပါးခဲ့တာပါ။ ဖာဂူဆန်ဟာ ၂၀၀၃ ခုနှစ် ရော်နယ်ဒို အသက် ၁၈ နှစ်အရွယ်မှာ အိုးထရက်ဖို့ဒ်ကို ခေါ်ယူပြီးသားအဖဆက်ဆံရေးတစ်ရပ် ရရှိအောင်လုပ်ကာ မြေတောင်မြှောက်ပေးခဲ့သူလည်း ဖြစ်ပါတယ်။

    Ref : BBC

  • ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိတ်သတ်များကို ထူးခြားသည့်နည်းလမ်းများဖြင့် နေရာထိုင်ခင်းပေးမည်

    ၂၀၂၂ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပရိတ်သတ်များကို ထူးခြားသည့်နည်းလမ်းများဖြင့် နေရာထိုင်ခင်းပေးမည်

    မတ် ၂၂၊ ၂၀၁၆
    M-Media

    quata

    – အရှေ့အလယ်ပိုင်း၏ ဖော်ရွေမှုနှင့် မိတ်ဆွေပီသမှုကို ပြသရန်အတွက် ၂၀၂၂ ကမ္ဘာဖလားပြိုင်ပွဲအတွင်း ဘောလုံးကွင်းနားရှိ သဲကန္တာရများတွင် အာရပ်လူမျိုးများ၏ ရိုးရာဖြစ်သော မြေစိုက်တဲများကို ထိုးပေးကာ ပရိတ်သတ်များအား ထားရှိသွားမည်ဟု ကာတာနိုင်ငံက ကြေငြာလိုက်သည်။

    ၂၀၂၂ ခုနှစ် ဒီဇင်ဘာလတွင် ကျင်းပရန် စီစဉ်ထားသည့် အဆိုပါကမ္ဘာဖလားပွဲတွင် ကမ္ဘာတစ်ဝှမ်းမှ ပရိတ်သတ်ပေါင်း ၅ သိန်းဝန်းကျင် လာရောက်မည်ဟု ခန့်မှန်းထားပြီး၊ ဆောက်လုပ်ပေးမည့်တဲများမှာလည်း ဆန်းသစ်ကာ အာရပ်တို့၏ ယဉ်ကျေးမှုကို ရောင်ပြန်ဟပ်မည်ဖြစ်သည်။

    “ဒီကမ္ဘာဖလားရဲ့ အဓိကကိစ္စဟာ အရှေ့အလယ်ပိုင်းရဲ့ ဖော်ရွေမှုနဲ့ မိတ်ဆွေပီသမှုကို ပြသဖို့ပါပဲ။ ဒါ့ကြောင့် ၂၀၂၂ ခုနှစ် ကမ္ဘာ့ဖလားမှာ ထူးခြားတဲ့ အတွေ့အကြုံကို ပရိတ်သတ်တွေ ရရှိစေဖို့အတွက် ကြယ်တာယာအောက်မှာ အိပ်စက်ခြင်းဆိုတဲ့ အခြေအနေကို ဖန်တီးပေးဖို့ ကျွန်တော်တို့ ဆန်းစစ်မှုတွေ ပြုလုပ်နေတာပါ” ဟု ကာတာ ကမ္ဘာ့ဖလား ကျင်းပရေး ဗဟိုကော်မတီက ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    ထို့ပြင် ပရိတ်သတ် ၁၂၀၀၀ ၀န်းကျင်ကိုလည်း ပြိုင်ပွဲကာလအတွင်း ဇိမ်ခံသင်္ဘောများတွင် နေရထိုင်ခင်းပေးရန် အစီအစဉ်ရှိနေသည်ဟု ကာတာ ခရီးသွားလာရေး အာဏာပိုင်အဖွဲ့ QTA က ပြောကြားခဲ့သည်။

    ကမ္ဘာ့ဖလား အိမ်ရှင်အဖြစ် လက်ခံကျင်းပခွင့် ရရှိပြီးကတည်းက ကာတာမှာ အခြေခံအဆောက်အဦးများ မြှင့်တင်ခြင်း၊ ဟိုတယ်များနှင့် လူနေအဆောက်ဦးများ ဆောက်လုပ်ခြင်းတို့ကို ဒေါ်လာ ဘီလီယံပေါင်းများစွာ အကုန်ခံ၍ ဆောင်ရွက်နေသည်။

    Ref : Aljazeera