News @ M-Media

Tag: ZZL

  • မတရားသင်းဆက်သွယ်မှု ပုဒ်မ မရှိသင့်တော့ဘူးလို့ မင်းကိုနိုင် ပြော

    မတရားသင်းဆက်သွယ်မှု ပုဒ်မ မရှိသင့်တော့ဘူးလို့ မင်းကိုနိုင် ပြော

    သြဂုတ်- ၉ ၊ ၂၀၁၅
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။

    Min Ko Naing

    တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေနဲ့ ဆက်သွယ်တယ်ဆိုပြီး ဖမ်းဆီးတရားစွဲရာမှာ သုံးတဲ့ ပုဒ်မ ၁၇ (၁) မရှိသင့်တော့ကြောင်း ၈၈ မျိုးဆက်ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့ အစည်း ခေါင်းဆောင် ကိုမင်းကိုနိုင်က ပြောပါတယ်။

    ရန်ကုန်မြို့ ပါရမီလမ်းရှိ ပါရမီ ဟိုတယ်မှာ တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေး နဲ့ ပွင့်လင်း လူ့အဖွဲ့ အစည်း ခေါင်းဆောင်တွေ ဒီနေ့ ဆွေးနွေးပွဲအပြီးမှာ ကိုမင်းကိုနိုင်က ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ လုပ်နေပြီ ဖြစ်တဲ့ အတွက် မတရားသင်းဆက်သွယ်မှု ပုဒ်မဆိုတာ မရှိသင့်တော့ကြောင်း ပြောခဲ့တာပါ။
    .
    “အစိုးရကနေပြီးတော့ လက်နက်ကိုင်တော်လှန်တဲ့ခေါင်းဆောင်တွေကိုခေါ်ပြီးတော့ ထမင်းစားကြမယ်၊ စကားပြော ကြမယ် ဆိုတော့ ဂုဏ်တောင် ယူသေးတယ်၊ အဝတ် အစားတွေတောင်လဲဝတ်သေးတယ်၊ ကိုယ်လုပ်ရင်တော့ ဒီဥပဒေကလွတ်တယ်၊ တခြားလူ ဆိုရင်တော့ ပုဒ်မ ၁၇ ( ၁ )တို့ ဘာတို့နဲ့ တစ်သက်တစ်ကျွန်းကျတာတွေ အများကြီးဘဲ ဥပဒေဟာ လိုသလိုစွဲသုံးလို့ရတာတော့မဟုတ်ဘူး၊ ဒီအချိန် ဒီပုဒ်မတွေ ရှိကိုမရှိသင့်ဘူး”
    .
    ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကေအိုင်အေ ထိန်းချုပ်နယ်မြေ စစ်ဘေးဒုက္ခသည် စခန်းတွေမှာ ပစ္စည်းတွေ သွားရောက် လှူ ဒါန်းခဲ့တာကြောင့် မန္တလေးမြို့က သင့်မြတ်လိုသူများအဖွဲ့ဝင် သုံးဦးကို မတရားသင်းဆက်သွယ်မှု ပုဒ်မ ၁၇ (၁) နဲ့ ဖမ်းဆီး စစ်ဆေးခံရတာနဲ့  ပတ်သက်ပြီး RFA ကမေးမြန်းရာမှာ ကိုမင်းကိုနိုင် က ပြောကြားခဲ့တာ ဖြစ်ပါတယ်။
    .
    ၈၈ အဖွဲ့နဲ့ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ခေါင်းဆောင်တွေဟာ ဖွဲ့စည်းပုံ ပြင်ဆင်ရေး ၊ ဖက်ဒရယ်ပြည်ထောင်စု အရေးနဲ့ ဒီမိုကရေစီ အရေး ဆက်စပ်နေတဲ့ အကြောင်းကို ဆွေးနွေးခဲ့ကြတာလို့ သိရပါတယ်။
    .
    ဒီနေ့ဆွေးနွေးပွဲမှာ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ခေါင်းဆောင်တွေဖြစ်တဲ့ ပဒိုနော်စီဖိုးရာစိန်၊ ပဒိုစောကွယ်ထူးဝင်း၊ ဆလိုင်း လျံမုန်းဆာခေါင်း၊ ဗိုလ်မှူးကြီး ခွန်ဥက္ကာ စတဲ့ ခေါင်းဆောင်တွေတက်ရောက်ခဲ့ပြီး ၈၈ မျိုးဆက်ကျောင်း သား ခေါင်းဆောင် ကိုမင်းကိုနိုင်၊ ကိုမြအေး၊ ကိုကိုကြီး (စမ်းချောင်း) တို့ တက်ရောက်ခဲ့ကြပါတယ်။
    .
    ဓါတ်ပုံ အညွှန်း- ရန်ကုန်မြို့ ပါရမီလမ်းရှိ ပါရမီဟိုတယ်မှာ သြဂုတ်လ ၉ ရက်နေ့က ကျင်းပတဲ့ တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့ ခေါင်းဆောင်တွေနဲ့ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနဲ့ ပွင့်လင်းလူ့အဖွဲ့အစည်းခေါင်းဆောင်တွေ ဆွေးနွေးပွဲမှ ကိုမင်းကိုနိုင်ကို တွေ့ရစဉ်
    Photo: Aung Min Htike/ RFA
    .
    http://www.rfa.org/burmese/news/article-abolished-minkonaing-08092015100954.html

    ဆက်စပ်သတင်းများ ဖတ်ရန်။
    ——————————
    http://www.m-mediagroup.com/news/tag/zzl

  • ဖမ်းဆီးခံ သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး အာမခံလျှောက်ထား

    ဖမ်းဆီးခံ သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး အာမခံလျှောက်ထား

    သြဂုတ် ၈ ၊ ၂၀၁၅
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။
    .ZZL
    မတရားအသင်းဆက်သွယ်မှု၊ တရားမဝင်နယ်စပ်ဖြတ်ကျော်မှုတွေ နဲ့ ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ မန္တလေးမြို့က သင့်မြတ်လိုသူများအဖွဲ့ဝင် ၃ ဦး မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဒီနေ့ ရုံးထုတ်ရာ အာမခံပေးဖို့ သူတို့ရဲ့ရှေ့နေက တရားရုံးမှာ လျှောက်ထားခဲ့ပါတယ်။
    .
    ဒီနေ့ တရားရုံးချိန်းမှာ မတရားသင်းဆက်သွယ်မှုပုဒ်မ ၁၇ (၁) အမှုကို စတင်စစ်ဆေးတယ်လို့ တရားစွဲခံထားရတဲ့ သင့်မြတ်လိုသူမျာအဖွဲ့ဝင် ကိုဇော်ဇော်လတ်က ပြောပါတယ်။
    .
    “ကျနော်တို့ ၁၇(၁)ကို ကျနော်တို့ စစစ်တယ်၊ စစစ်တာက ကျနော်တို့ အာမခံတင်ကြည့်တယ်၊ အာမခံတော့ မပေးသေးဘူး”
    .
    ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် ကိုဇော်ဇော်လတ်၊ မပွင့်ဖြူလတ်နဲ့ ကိုဇော်ဝင်းဗိုလ်တို့ ၃ ဦးဟာ ပြီးခဲ့တဲ့ ၂ဝ၁၃ ခုနှစ် ဇွန်လက ကေအိုင်အေ ထိန်းချုပ်နယ်မြေကို သွားရောက်ပြီး စစ်ဘေးဒုက္ခသည်တွေကို ပစ္စည်းတွေ လှူဒါန်းခဲ့ပါတယ်။
    .
    ဒါ့အပြင် ဘာသာပေါင်းစုံချစ်ကြည်ရေး ခရီးစဉ်အဖြစ် ချင်းပြည်နယ် တီးတိန်မြို့နဲ့ အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တာဖြစ်ပါတယ်။
    .
    အဲ့ဒီခရီးစဉ်တွေကြောင့် သူတို့ ၃ ဦးကို မတရားအသင်း ဆက်သွယ်မှု ပုဒ်မ ၁၇ (၁)၊ တရားမဝင် နယ်ခြား ဖြတ်ကျော်မှု ပုဒ်မ ၁၃ (၁)တို့နဲ့ ဖမ်းဆီးပြီး အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားပါတယ်။ ဒါ့အပြင် အဲ့ဒီခရီးစဉ်မှာပါတဲ့ နောက်ထပ်အဖွဲ့ဝင် ၃ ဦးနဲ့ သံဃာ ၁ ပါးကိုလည်း ဖမ်းဝရမ်းထုတ်ထားပါတယ်။
    .

    ဓါတ်ပုံအညွှန်း- သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၃ဝ ရက်နေ့က ရုံးထုတ်စဉ်
    Photo: Hset Paing Toe/RFA
    http://www.rfa.org/burmese/news/zawzawlatt-mandalay-court-08072015123339.html

  • သင့်မြတ်လိုသူများ အဖွဲ့ဝင် နောက်ထပ် ၃ ဦးကို ဖမ်းဝရမ်းထုတ်

    သင့်မြတ်လိုသူများ အဖွဲ့ဝင် နောက်ထပ် ၃ ဦးကို ဖမ်းဝရမ်းထုတ်

    ဇူလိုင် ၃၁ ၊ ၂၀၁၅
    RFA မြန်မာပိုင်းမှ ကူးယူဖော်ပြသည်။

    ZZL

    ဘာသာပေါင်းစုံ ချစ်ကြည်ရေး လှုပ်ရှားဆောင်ရွက်နေတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ကို မတရားအသင်းဆက်သွယ်မှု၊ တရားမ၀င်နယ်ခြား ဖြတ်ကျော်မှုတို့နဲ့ မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ်တရားရုံးမှာ ဒီနေ့ ပထမဆုံးအကြိမ် ရုံးထုတ်ပြီး သံဃာတစ်ပါးနဲ့ နောက်ထပ်အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်းထုတ်လိုက်ပါတယ်။

    မပွင့်ဖြူလတ်ကတော့ သူတို့ကို အခုလိုဖမ်းဆီးပြီး တရားစွဲဆိုထားတာဟာ မတရားဘူးလို့ တရားရုံးထုတ် မှာ ပြောပါတယ်။

    “ကျမတို့ရဲ့ အခွင့်အရေးတွေ အများကြီးဆုံးရှုံးပါတယ်၊ ကျမတို့ ပရဟိတနဲ့ ငြိမ်းချမ်းရေးလုပ်နေတဲ့ လူတွေကို မတရားသဖြင့်နဲ့ ညှင်းပမ်းနှိပ်စက်ခြင်း ခံနေရပါတယ်၊ လူတွေကိုသာချုပ်ထားလို့ရမယ် ကျနော်တို့ရဲ့ စိတ်ဓါတ်တွေကို ဘယ်တော့မှချုပ်ထားလို့မရပါဘူး”

    ကိုဇော်ဇော်လတ်နဲ့ မပွင့်ဖြူလတ်တို့ဟာ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ် ဇွန်လက ကေအိုင်အေထိန်းချုပ်နယ်မြေကို သွားရောက်ခဲ့တာကြောင့် မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ တရားစွဲဆိုပြီး ဒီနှစ်ဧပြီလက အိန္ဒိယနိုင်ငံ မီဇိုရမ်ပြည်နယ်ကို သွားရောက်ခဲ့တဲ့အတွက် တရားမ၀င်နယ်ခြားဖြတ်ကျော်မှု ပုဒ်မ ၁၃(၁) တို့နဲ့ တရားစွဲခံရတာဖြစ် ပါတယ်။ ဒါ့အပြင် မီဇိုရမ်ပြည်နယ်သွားစဉ်က လိုက်ပါခဲ့တဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့ဝင် နောက်တစ်ဦးဖြစ် တဲ့ ကိုဇော်ဝင်းဗိုလ်ကို ပုဒ်မ ၁၃(၁) နဲ့ ဒီနေ့ ထပ်မံဖမ်းဆီးလိုက်ပြီး သံဃာ ၁ပါးနဲ့ အဖွဲ့ဝင် ၃ဦးကို ဖမ်းဝရမ်း ထုတ်လိုက်တာဖြစ်ပါတယ်။ လက်ရှိ ဖမ်းဆီးခံထားရသူ ၃ဦးကို အိုးဘိုအကျဉ်းထောင်မှာ ထိန်းသိမ်းထားတယ်လို့ သိရပါတယ်။

    သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့မှာ မန္တလေးမြို့က ဂဠုန်နီဆရာတော်၊ အာရှအလင်းရောင်ဆရာတော် တို့ပါဝင်ပြီး ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဖွဲ့စည်းထားတာဖြစ်ပါတယ်။

    ဓါတ်ပုံ-သင့်မြတ်လိုသူများအဖွဲ့ဝင် မပွင့်ဖြူလတ်နဲ့ ကိုဇော်ဇော်လတ် တို့ကို မန္တလေးမြို့ ချမ်းအေးသာစံမြို့နယ် တရားရုံးမှာ ဇူလိုင်လ ၃ဝ ရက်နေ့က ရုံးထုတ်စဉ်
    Photo: Hset Paing Toe/RFA

    http://www.rfa.org/burmese/news/zawzawlatt-pwintphyulatt-appear-court-07302015112819.html

  • မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ

    မန္တလေးမှာ ဘာသာပေါင်းစုံအဖွဲ့က နောက်ထပ် လူငယ်တစ်ဦး ဖမ်းဆီးခံရ

    Pwint Phyu Latt
    ဓါတ်ပုံအညွှန်း- ၂၀၁၄ ခုနှစ် ဇွန်လတွင် ဟိုပုန်းမြို့ နောင်တောင်းပရဟိတကျောင်းရှိ ခလေးများနှင့် အတူတွေ့ရသော မပွင့်ဖြူလတ် Photo- မပွင့်ဖြူလတ် FB

    မန္တလေးတိုင်းဒေသကြီးမှာ ဘာသာပေါင်းစုံက လူငယ်တွေနဲ့ ဘာသာရေးခေါင်းဆောင်တွေ စုပေါင်းပြီး ဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အရပ်ဘက်အဖွဲ့က အဖွဲ့ဝင် မပွင့်ဖြူလတ်ကို လဝက ဥပဒေပုဒ်မ ၁၃ တရားမ၀င် နယ်စပ်ဖြတ်ကျော်မှုနဲ့ ချမ်းအေးသာစံမြို့နယ် အမှတ် (၈) ရဲစခန်းက ဖမ်းဆီးထိန်းသိမ်းလိုက်ပါတယ်။
    .
    ပြီးခဲ့တဲ့ ဇူလိုင်လ ၁၄ရက်နေ့က ဖမ်းဆီးခံထားရတဲ့ သင့်မြတ်လိုသူများအဖွဲ့ဝင် ကိုဇော်ဇော်လတ် အမှုအတွက် စစ်ဆေးဖို့ဆိုပြီး ဆင့်ခေါ်လိုက်ရာကနေ မပွင့်ဖြူလတ်ကို ဖမ်းဆီးလိုက်တာဖြစ်တယ်လို့ မပွင့်ဖြူလတ်ရဲ့ အကိုက ပြောပါတယ်။.
    .
    “၁၈ ရက်နေ့က သက်သေအနေနဲ့ပေါ့နော် လာရောက်အစစ်ခံဖို့ပါဆိုပြီးတော့ ခေါ်လို့သွားလိုက်တယ်၊ CID ရုံးမှာ စစ်တာပေါ့နော်၊ ပြန်ပြီးတော့လွှတ်ပေးလိုက်တယ်၊ ၁၉ ရက် တစ်ခါထပ်ချိန်းလိုက်တယ်၊ မြို့မအမှတ် ၈ ရဲစခန်းမှာစစ်တယ်၊ အဲဒီ့မှာ မလွှတ်ပေးတာပါခင်ဗျ၊ ပုဒ်မနှစ်ခုတပ်ပြီး အရေးယူထားပါတယ်၊ လဝကပုဒ်မလို့ပြောတယ်”
    .
    သင့်မြတ်လိုသူများ အဖွဲ့ဟာ မန္တလေးမြို့က ဂဠုန်နီဆရာတော်နဲ့ အာရှအလင်းရောင် ဆရာတော်တို့ပါဝင်ပြီး အဲဒီဆရာတော်တွေအတူ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်က ကချင်လွတ်မြောက်ရေးတပ်မတော် ကေအိုင်အေ ထိန်းချုပ် နယ်မြေအတွင်းက စစ်ဘေးဒုက္ခသည် စခန်းတွေထံပစ္စည်းတွေ သွားရောက် လှူဒါန်းခဲ့ကြရာ ဓာတ်ပုံတွေကို အင်တာနက်လူမှုကွန်ရက် ဖေ့ဘွတ်စ် စာမျက်နှာမှာ ဖော်ပြခဲ့တာဖြစ်ပါတယ်။
    .
    အဲဒီဓာတ်ပုံတွေထဲမှာ ကိုဇော်ဇော်လတ်က သေနတ်ကိုင်ပြီးရိုက်ထားတဲ့ ဓာတ်ပုံတွေနဲ့ မပွင့်ဖြူလတ်တို့ ဓာတ်ပုံတွေလည်း ပါဝင်ပါတယ်။ အဲဒီအတွက် ကိုဇော်ဇော်လတ်ကို မတရားအသင်းဆက်သွယ်မှု ပုဒ်မ ၁၇(၁) နဲ့ ချမ်းအေးသာစံမြို့နယ် မှုခင်းရဲတပ်ဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။
    .
    အဲဒီအမှုကိစ္စနဲ့ ပတ်သက်ပြီး ချမ်းအေးသာစံမြို့နယ် အမှတ် ၈ ရဲစခန်းနဲ့ သတင်းနဲ့ပြန်ကြားရေးအဖွဲ့ကို RFA က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် တာဝန်ယူဖြေကြားပေးမယ့်သူ မရှိဘူးလို့သာ ပြောပါတယ်။
    .
    RFA (မြန်မာပိုင်း) မှ ကူးယူဖော်ပြသည်။
    .
    http://www.rfa.org/burmese/news/pwintphyulatt-arrested-07212015120619.html

    ဆက်စပ်သတင်းများဖတ်ရန်
    ——————————
    “သင့်မြတ်လိုသူ ဘာသာပေါင်းစုံ လူငယ်များ” အဖွဲ့မှ ကိုဇော်ဇော်လတ် ဖမ်းဆီးခံရ
    http://www.m-mediagroup.com/news/43422
    .
    ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဖမ်းဆီးခံရမှု VOA သတင်းဌာန၏ အသံလွှင့်ဖော်ပြချက်
    http://www.m-mediagroup.com/news/43461
    .
    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်
    http://www.m-mediagroup.com/news/43501

  • ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု  အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်

    ကိုဇော်ဇော်လတ် ဖမ်းဆီးခံရမှု အာရှအလင်းရောင် ဆရာတော်နှင့် လုပ်ဖော်ကိုင်ဖက်များ ပြောကြားချက်

    ဇူလိုင် ၁၈ ၊ ၂၀၁၅
    M-Media
    သီဟ
    .1625522_1606599136231533_5391688013049705420_n
    မန္တလေးမြို့အခြေစိုက် လူမျိုးဘာသာပေါင်းစုံဖွဲ့စည်းထားတဲ့ သင့်မြတ်လိုသူများ အဖွဲ့မှ ဦးဆောင်လှုပ်ရှားသူ တစ်ဦးဖြစ်တဲ့ ကိုဇော်ဇော်လတ် အား မတရားအသင်းနဲ့ ဆက်သွယ်မှုဖြင့် ဇူလိုင်လ ၁၄ ရက် အင်္ဂါနေ့မှာ ဖမ်းဆီးပြီး  မတရားအသင်းနဲ့ ဆက်သွယ်မှု  ပုဒ်မ ၁၇/၁ တပ်ထားပါတယ်။
    .
    မတရားတဲ့ အာဏာပိုင်တွေ၊ ရန်လိုတဲ့ မဘသဘုန်းကြီးအတုတွေဟာ ညီညွတ်ငြိမ်းချမ်းမှုကို မလိုချင်ကြပါဘူး။ သင့်မြတ်မှုကို ဖော်ဆောင်သူတွေကို သူတို့ရဲ့ရန်သူတွေအဖြစ်သတ်မှတ်ပြီး မတရားဖမ်းဆီးတာတွေလုပ်ဆောင်ပါတယ်။ ကိုဇော်ဇော်လတ်ဟာ ဘာသာပေါင်းစုံချစ်ကြည်ရေးရည်ရွယ်ချက်နဲ့ မန္တလေး၊ပြင်ဦးလွင်၊ ချင်းပြည်နယ်၊ ကချင်ပြည်နယ် စတဲ့နေရာတွေက ဗုဒ္ဓဘာသာဘုန်းကြီးကျောင်းတွေ၊ ခရိယာန်ဘုရားကျောင်းတွေ၊ ဟိန္ဒူဘုရားကျောင်း ၊ အစ္စလာမ် ဗလီများနဲ့ အခြားလူနည်းစုကိုးကွယ်တဲ့ ဘာသာဘုရားကျောင်းတွေကို ချစ်ကြည်ရင်းနှီးစွာ လည်ပတ်ခဲ့ပါတယ်။ဒါတင်မက မိဘမဲ့ကလေးကျောင်းတွေ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းက ကလေးငယ်တွေအတွက် သင့်မြတ်လိုသူများအဖွဲ့အနေနဲ့ လှုဒါန်း အကူအညီအထောက်အပံ့တွေ ပေးအပ်တာတွေလုပ်ဆောင်နေသူတစ်ဦးဖြစ်ပါတယ်။ သင့်မြတ်လိုသူများအဖွဲ့ထဲမှာ ဗုဒ္ဓဘာသာဝင်၊ ဟိန္ဒူဘာသာဝင်၊ အစ္စလာမ်ဘာသာဝင်၊ ခရိယာန်ဘာသာာဝင်တွေသာမက ဘဟာအီဘာသာဝင်တွေပါ ပါရှိပါတယ်။
    .
    အဖမ်းခံထားရတဲ့ ကိုဇော်ဇော်လတ်နဲ့ ပတ်သက် သင့်မြတ်လိုသူများ အဖွဲမှ လုပ်ဖော်ကိုင်ဖက်ဖြစ်သူ မပွင့်ဖြုလတ်ရဲ့ ပြောကြားချက်ပါ။
    .
    အဖမ်းခံထားရတဲ့ ကိုဇော်ဇော်လတ်နဲ့ ပတ်သက်လို့ သင့်မြတ်လိုသူများအဖွဲ့ကို ဦးဆောင်နေတဲ့ အာရှအလင်းရောင် ကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တ ဦးစိန္တိတ က ကိုဇော်ဇော်လတ်ဟာ ပရဟိတလုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့လူငယ်တစ်ဦးဖြစ်တယ်လို့ VOA သတင်းဌာနကို မိန့်ကြားခဲ့ပါတယ်။
    .
    “ဘုန်းကြီးသိတာ အတော်များများရှိပါတယ်။ ဒီလူငယ်လေးတွေဖွဲ့ပြီးတော့ ပရဟိတလုပ်ငန်းလေးတွေကို လုပ်ကြတယ်။ လုပ်တဲ့နေရာမှာ မန္တလေးမြို့ပေါ်မှာလည်း လုပ်တယ်။ နောက် ပြင်ဦးလွင်မြို့မှာလည်း အဖိုးအဖွားစောင့်ရှောင့်ရေးအဖွဲ့နဲ့လည်း သူတို့ပူးပေါင်းပြီးလုပ်ကြတာတွေရှိပါတယ်။” (အာရှအလင်းရောင်ကျောင်းတိုက်ဆရာတော်)
    .
    လူမှုအဖွဲ့အစည်းအတွင်းမှာ ငြိမ်းချမ်းစွာ ယှဉ်တွဲနေထိုင်ရေးအတွက် ကြိုးပမ်းဆောင်ရွက်နေတဲ့ ကိုဇော်ဇော်လတ်ကို အာဏာပိုင်တွေဘက်က ယုံမှားသံသယနဲ့ ဖမ်းဆီးခဲ့တာဖြစ်တယ်လို့ မြန်မာနိုင်ငံဘာသာပေါင်းစုံ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ကပြောပါတယ်။ ဒါ့အပြင် အမှုမှန်ပေါ်ပေါက်ရေးနဲ့ သူ့ကို အမြန်ဆုံးပြန်လွှတ်ပေးဖို့ တောင်းဆိုကြောင်း အဖွဲ့ရဲ့ ဥက္ကဌ ကိုရှိုင်းက VOA ကို ပြောကြားခဲ့ပါတယ်။
    .
    ” ကိုဇော်ဇော်လတ် ဖမ်းခံရတာနဲ့ ပတ်သတ်လို့ ကျွန်တော်တို့အနေနဲ့ကတော့ လွဲမှားပြီး ယုံမှားသံသယနဲ့ ဖမ်းထားလို့ပဲ မြင်မိတယ်။ အဲ့ဒီအပေါ်မှာ အစိုးရအနေနဲ့ကော သက်ဆိုင်ရာ ထောက်လှမ်းရေးတွေအနေနဲ့ပါ အမှန်တရားကို အမှန်ဆုံး တွေ့ရှိပြီးတော့ မဟုတ်တဲ့သူတစ်ယောက်ကို ဒီလိုမျိုး ယုံမှန်းသံသယနဲ့ ဖမ်းဆီးတာမျိုးမဖြစ်ဘဲ အမြန်ဆုံးပြန်လည်လွှတ်မြောက်ဖို့ မြင်မိပါတယ်။”

    REF : VOA

    ဓါတ်ပုံအညွှန်း- သင့်မြတ်လိုများ အဖွဲ့ရဲ့ ပရဟိတ လုပ်ရှားမှု အချို့ဓါတ်ပုံများကို ကိုဇော်ဇော်လတ်ရဲ့ FB စာမျက်နှာတဆင့်ကူးယူဖော်ပြလိုက်ပါတယ်။

    ကိုဇော်ဇော်လတ် FB စာမျက်နှာ
    https://www.facebook.com/Asteroid.zl

    11737983_1606599139564866_415648653879642957_n 11701169_1606599339564846_7187694647650960539_n 11753669_1606599166231530_4002417600287350716_n 11738051_1606599169564863_2153919793930490774_n 11745554_1606599162898197_426655654805977623_n 11745741_1606599146231532_6290992913188002331_n 11760195_1606599122898201_6969132526946277898_n 11750727_1606599142898199_977124941710487598_n