News @ M-Media

Blog

  • ဗြိတိန်သံအမတ်များ တစ်ပတ်အတွင်း ထွက်ခွာရမည်ဟု ရုရှား ရာဇသံပေး

    ဗြိတိန်သံအမတ်များ တစ်ပတ်အတွင်း ထွက်ခွာရမည်ဟု ရုရှား ရာဇသံပေး

    မတ် ၁၇၊ ၂၀၁၈
    M-Media

    – ဗြိတိန်သံတမန် ၂၃ ယောက်ကို တိုင်းပြည်ကနေ နှင်ထုတ်သွားမယ်လို့ ရုရှားနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီကနေ့မှာ ကြေငြာလိုက်ပြီး သူလျှိုဟောင်းတစ်ဦး အဆိပ်နဲ့ လုပ်ကြံခံရမှုအတွက် နှစ်နိုင်ငံအကြား တင်းမာမှု နောက်ဆက်တွဲ ဖြစ်ပါတယ်။

    ယူကေထောက်လှမ်းရေးအတွက် အလုပ်လုပ်ပေးခဲ့တဲ့ သူလျှိုဟောင်း ရုရှားလူမျိုး ဆာဂျီ စကရီပဲလ်နဲ့ သူ့ရဲ့သမီးဖြစ်သူတို့ဟာ မတ်လ ၄ ရက်နေ့က ဓာတုအဆိပ်နဲ့ လုပ်ကြံခံခဲ့ရပြီး ဒါဟာ ရုရှားရဲ့ လက်ချက်ဖြစ်တယ်လို့ စွပ်စွဲကာ ယူကေက ရုရှားသံတမန် ၂၃ ဦးကို တစ်ပတ်အတွင်း တိုင်းပြည်ကထွက်သွားဖို့ အခုတစ်ပတ် အစောပိုင်းမှာ အမိန့်ပေးခဲ့ပါတယ်။

    စကရီပဲလ်ဟာ ရုရှားထောက်လှမ်းရေးတွေကို သစ္စာဖောက်ကာ ဗြိတိန်ဖက်ကို သတင်းတွေပေးခဲ့ပြီး ၂၀၀၄ ခုနှစ်မှာ ရုရှားရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နောက်ပိုင်းမှာ နှစ်နိုင်ငံသူလျှိုတွေ အပြန်အလှန် လဲလှယ်မှုအတွင်း ဗြိတိန်ကို ပြန်ရောက်လာခဲ့ကာ အခြေချခဲ့ပါတယ်။

    ရုရှားက နိုင်ငံအတွင်း ဗြိတိသျှသံအမတ်တွေဟာ တစ်ပတ်အတွင်း ထွက်ခွာရမယ်လို့ ရုရှားဆိုင်ရာ ဗြိတိန်သံအမတ်ကြီး လော်ရီ ဘရစ္စတိုးကို ဒီကနေ့မှာ ခေါ်ယူတွေ့ဆုံ ပြောကြားခဲ့ပါတယ်။

    ဗြိတိသျှကောင်စီကို ပိတ်ပစ်ဖို့နဲ့ စိန့်ပီတာစဘတ်မှာ ကောင်စစ်ဝန်ရုံးဖွင့်လှစ်ရေး ခွင့်ပြုထားမှုကို ပြန်ရုပ်သိမ်းဖို့ ဆုံးဖြတ်ခဲ့တယ်လို့လည်း ရုရှားနိုင်ငံခြားရေး ၀န်ကြီးဌာနကရဲ့ ကြေငြာချက်မှာ ဖော်ပြထားပါတယ်။

    Ref: Aljazeera

  • ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ်

    ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ်

    မတ် ၁၇၊ ၂၀၁၈
    M-Media

    – အခုနှစ်အတွင်း ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗီဒီယိုအကူဒိုင်စနစ် (VAR) အသုံးပြုဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက မနေ့မှာ အပြည့်အ၀ အတည်ပြုလိုက်ပါတယ်။

    “ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အလွန်အမင်း ပျော်ရွှင်မိပါတယ်။ ဒါဟာ ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး၊ မျှတတဲ့ အားကစားပြိုင်ပွဲတစ်ခုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်နဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ဖီဖာဥက္ကဌဖြစ်တဲ့ ဂီယန်နီ အင်ဖန်တီနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကျင်းပပြုမှာဖြစ်ပြီး ဗီဒီယိုအကူဒိုင် နည်းပညာအတွက် ဖီဖာဟာ စပွန်ဆာ ရှာနေပါတယ်။

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကို ဇွန်လ ၁၃ ရက်နေ့ မော်စကိုမှာ ပြုလုပ်မယ်လို့လည်း ဖီဖာက ကြေငြာခဲ့ပါတယ်။

    ပထမဆုံး နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်မယ့် ပြိုင်ပွဲဖြစ်တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကက မော်ရိုကို၊ မြောက်အမေရိကက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံပေါင်းတို့က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး စာရင်းသွင်းထားပါတယ်။

    လက်ရှိ ရုရှားနဲ့ ဗြိတိန်တို့အကြား ဖြစ်ပွားနေတဲ့ သံခင်းတမန်ခင်း တင်းမာမှုတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်စေမလားဆိုတဲ့ မေးမြန်းမှုကို ဖီဖာဥက္ကဌ အင်ဖန်တီနိုက ‘မထိခိုက်ဘူး’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို အထောက်အကူဖြစ်စေမယ့် ဗီဒီယိုအကူဒိုင် နည်းပညာကို ၂၀၁၇ ခုနှစ် ရုရှား ကွန်ဖက်ဒရေးရှင်းဖလား၊ ဘွန်ဒစ်လီဂါနဲ့ စီးရီးအေတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း ပြိုင်ပွဲတွေမှာ ၁၈ လကြာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ

    ရုရှားကမ္ဘာ့ဖလားတွင် ဗီဒီယိုအကူဒိုင်အသုံးပြုရန် ဖီဖာ ဆုံးဖြတ

    မတ် ၁၇၊ ၂၀၁၈
    M-Media

    – အခုနှစ်အတွင်း ရုရှားမှာ ကျင်းပမယ့် ၂၀၁၈ ကမ္ဘာ့ဖလားပြိုင်ပွဲမှာ ဗီဒီယိုအကူဒိုင်စနစ် (VAR) အသုံးပြုဖို့အတွက် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် ဖီဖာက မနေ့မှာ အပြည့်အ၀ အတည်ပြုလိုက်ပါတယ်။

    “ဒီဆုံးဖြတ်ချက်အတွက် ကျွန်တော်တို့ အလွန်အမင်း ပျော်ရွှင်မိပါတယ်။ ဒါဟာ ပိုမို ပွင့်လင်းမြင်သာမှုရှိပြီး၊ မျှတတဲ့ အားကစားပြိုင်ပွဲတစ်ခုကို ဖြစ်စေမှာ ဖြစ်ပါတယ်။ ကျွန်တော်တို့ ခေတ်နဲ့အညီ ဆောင်ရွက်ဖို့ လိုပါတယ်” လို့ ဖီဖာဥက္ကဌဖြစ်တဲ့ ဂီယန်နီ အင်ဖန်တီနိုက သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    ကမ္ဘာဖလားပြိုင်ပွဲကို ဇွန်လ ၁၄ ရက်နေ့ကနေ ဇူလိုင်လ ၁၅ ရက်နေ့အထိ ကျင်းပပြုမှာဖြစ်ပြီး ဗီဒီယိုအကူဒိုင် နည်းပညာအတွက် ဖီဖာဟာ စပွန်ဆာ ရှာနေပါတယ်။

    ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အိမ်ရှင်ရွေးချယ်ပွဲကို ဇွန်လ ၁၃ ရက်နေ့ မော်စကိုမှာ ပြုလုပ်မယ်လို့လည်း ဖီဖာက ကြေငြာခဲ့ပါတယ်။

    ပထမဆုံး နိုင်ငံပေါင်း ၄၈ နိုင်ငံ ပါဝင်မယ့် ပြိုင်ပွဲဖြစ်တဲ့ ၂၀၂၆ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲအတွက် အာဖရိကက မော်ရိုကို၊ မြောက်အမေရိကက အမေရိကန်၊ ကနေဒါနဲ့ မက္ကဆီကို ၃ နိုင်ငံပေါင်းတို့က အိမ်ရှင်အဖြစ် ကျင်းပခွင့်ရရေး စာရင်းသွင်းထားပါတယ်။

    လက်ရှိ ရုရှားနဲ့ ဗြိတိန်တို့အကြား ဖြစ်ပွားနေတဲ့ သံခင်းတမန်ခင်း တင်းမာမှုတွေက ကမ္ဘာ့ဖလားပြိုင်ပွဲကို ထိခိုက်စေမလားဆိုတဲ့ မေးမြန်းမှုကို ဖီဖာဥက္ကဌ အင်ဖန်တီနိုက ‘မထိခိုက်ဘူး’ လို့ ပြန်လည်ဖြေကြားခဲ့ပါတယ်။

    ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်တွေကို အထောက်အကူဖြစ်စေမယ့် ဗီဒီယိုအကူဒိုင် နည်းပညာကို ၂၀၁၇ ခုနှစ် ရုရှား ကွန်ဖက်ဒရေးရှင်းဖလား၊ ဘွန်ဒစ်လီဂါနဲ့ စီးရီးအေတို့အပါအ၀င် ကမ္ဘာတစ်ဝှမ်း ပြိုင်ပွဲတွေမှာ ၁၈ လကြာ စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ဗမာဇာတ်သွင်းမှု၊ ဗုဒ္ဓဘာသာထဲ အဓမ္မသွတ်သွင်းမှုကို ခံနေရသည့် တိုင်းရင်းသားလူနည်းစုများ

    ဗမာဇာတ်သွင်းမှု၊ ဗုဒ္ဓဘာသာထဲ အဓမ္မသွတ်သွင်းမှုကို ခံနေရသည့် တိုင်းရင်းသားလူနည်းစုများ

    မတ် ၁၆၊ ၂၀၁၈
    M-Media

    တိုင်းပြည်က လူနည်းစုတွေထဲမှာ လူဦးရေအများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ရှမ်းတွေကတော့ စေတီပုထိုးတွေကို ရှမ်းဗိသုကာလက်ရာထက် ဗမာလက်ရာနဲ့ တည်ထားကိုးကွယ်မှုအတွက် ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။

    – အသက် ၅ နှစ် အစိုးရကျောင်းကို စတက်တဲ့အချိန်မှာ နော်စတယ်လာတစ်ယောက် ဗမာဘုရင်တွေရဲ့ အောင်ပွဲတွေ၊ ဗမာ သူရဲကောင်းတွေအကြောင်း သင်ကြားခဲ့ရသလို ကျောင်းက အခမ်းအနားတွေမှာလည်း ဗမာကဗျာတွေ ရွတ်ဆိုကာ၊ ဗမာအကတွေသာ ကခဲ့ရပါတယ်။

    သူမရဲ့ မူလမျိုးရိုးကနေ ဖယ်ခွာပြီး မြန်မာနိုင်ငံက လူများစုဖြစ်တဲ့ ဗမာလူမျိုးပုံစံကို သူမကိုယ်တိုင် မသိဘဲနဲ့ သွတ်သွင်းခံလိုက်ရတာ ဖြစ်ပါတယ်။

    “ကျွန်မရဲ့မျိုးရိုးဖြစ်တဲ့ ကချင်လူမျိုးတွေရဲ့ ယဉ်ကျေးမှု၊ သမိုင်းကြောင်းတွေကို လေ့လာသင်ယူဖို့အတွက် ငယ်ငယ်တုန်းကတည်းက ကျွန်မ အခွင့်အရေး မရခဲ့ပါဘူး။ ကိုယ့်လူမျိုးရဲ့စကား ပြောရမှာကို ရှက်နေတယ်။ ကျွန်မနာမည်ကို ခေါ်တဲ့အသံကိုတောင် ကျွန်မ မနှစ်သက်တော့ပါဘူး” လို့ နိုင်ငံရေး လေ့လာသူနဲ့ စာရေးဆရာမဖြစ်သူ နော်စတယ်လာက ပြောပါတယ်။

    ကိုယ်ပိုင်ယဉ်ကျေးမှု၊ ကိုယ်ပိုင် ဘာသာစကား၊ ကိုယ်ပိုင်ယဉ်ကျေးမှုတွေရှိပြီး နိုင်ငံလူဦးရေရဲ့ ၄၀ ရာခိုင်နှုန်းလောက်ရှိတဲ့ တိုင်းရင်းသား လူမျိုး ၁၃၀ ကျော်ထဲက လူနည်းစု တိုင်းရင်းသား တော်တော်များများဟာ နော်ရဲ့ဒီအတွေ့ကြုံမျိုးကို ခံစားခဲ့ရပါတယ်။ ကရင်၊ ရှမ်း၊ မွန်၊ ချင်းနဲ့ အခြားသော လူနည်းစု လူမျိုးစုတွေဟာ ‘ဗမာ
    ဇာတ်သွင်းခြင်း’ လို့ သူတို့ခေါ်တဲ့ အခြေအနေတစ်ခုကို ဆယ်စုနှစ်ချီ ခံစားခဲ့ရတာပါ။ ‘ဗမာဇာတ်သွင်းခြင်း’ ဆိုတာ ပညာရေး၊ ဖိနှိပ်တဲ့ဥပဒေတွေ၊ ဘာသာရေးသွတ်သွင်းမှု၊ စီးပွားရေးအမြတ်ထုတ်မှုနဲ့ တစ်ခါတစ်ရံ အင်အားအသုံးပြု ကြမ်းကြုတ်မှုတွေနဲ့ လူနည်းစုတွေရဲ့ ကိုယ်ပိုင်အမှတ်သညာကို ပျောက်ကွယ်သွားအောင် ဆောင်ရွက်တဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။

    ရှမ်းစော်ဘွားတွေ ဆောက်လုပ်ခဲ့တဲ့ ဟော်နန်းတွေထဲမှာ အကြီးကျယ်ဆုံးဖြစ်တဲ့ ‘ကျိုင်းတုံဟော်နန်း’ ကို ၁၉၉၁ ခုနှစ်မှာ ဖြိုချဖျက်ဆီးခဲ့တဲ့ အတိတ်ဆိုးတစ်ခု

    လတ်တလော ရိုဟင်ဂျာမွတ်စလင် ၇ သိန်းနီးပါးလောက်ကို တိုင်းပြည်ကနေ ကြမ်းကြမ်းတမ်းတမ်း မောင်းထုတ်ခဲ့မှုဟာ သူတို့ရဲ့လွှမ်းမိုးမှုကို ခြိမ်းခြာက်တယ်လို့ ယူဆလာရင် အဲဒီသူတွေကို အာဏာပိုင်တွေက ချေမှုန်းသုတ်သင်မှု၊ လူနည်းစုတွေနေတဲ့ ဒေသတော်တော်များများမှာ ဗမာတံဆိပ်ကပ်နှိပ်မှုတွေရဲ့ ဆိုးရွားတဲ့ ဥပမာတစ်ခုကို မြင်နေရတာ ဖြစ်ပါတယ်။ ကုလကတော့ ဒီလုပ်ရပ်ဟာ ‘လူမျိုးစုလိုက် ရှင်းလင်းမှု နမူနာ ဖြစ်တယ်’ လို့ ပြောကြားခဲ့ပါတယ်။

    ‘ဗမာဇာတ်သွင်းခြင်း’ ခံရတဲ့ လူနည်းစုတွေက စစ်အာဏာရှင်စနစ် အဆုံးသတ်သွားပြီး ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်တဲ့ ပထမဆုံး အရပ်သားအစိုးရ ရွေးကောက်တင်မြှောက်ခံရမှုဟာ လူနည်းစုတွေနဲ့ ဆက်ဆံရေးမှာ ခေတ်သစ်တစ်ခု ပေါ်ထွက်လာစေမယ်လို့ မျှော်လင့်ခဲ့ကြတာပါ။ ၂၀၁၆ ခုနှစ်အစောပိုင်း အာဏာရယူခဲ့ပြီးတဲ့နောက် ဒေါ်အောင်ဆန်းစုကြည်က အမျိုးသားရင်ကြားစေ့ရေးနဲ့ ဖက်ဒရယ်အခြေခံဥပဒေဟာ သူ့ရဲ့ အမြင့်ဆုံးဦးစားပေးဖြစ်တယ်လို့ ကြေငြာခဲ့ပါတယ်။

    ဒါပေမယ့် ဒီမိုကရေစီအုပ်ချုပ်ရေး အသွင်ကူးပြောင်းမှု၊ ပိုမို လွတ်လပ်လာမှုတို့နဲ့အတူ အမျိုးသားရေးဝါဒ၊ အစွန်းရောက် ဗုဒ္ဓဘာသာအယူအဆတွေလည်း ပေါ်ထွက်လာခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည်ဟာ စစ်တပ်က ကချင်နဲ့ အခြားလူမျိုးတွေအပေါ် ရက်စက်ကြမ်းကြုတ်မှုတွေ ဆက်လုပ်နေတာတွေကို ရှုတ်ချမှု မလုပ်သလို သူမအပေါ် တိုင်းရင်းသားလူမျိုးတွေရဲ့ လေးစားအားထားမှုကလည်း သိသိသာသာ ကျဆင်းသွားခဲ့ပါတယ်။ လူတော်တော်များများကတော့ သူမဟာလည်း ဗမာဦးစားပေးတစ်ယောက်သာဖြစ်တယ်လို့ ပြောလာကြပါတယ်။

    တိုင်းပြည်ရဲ့ လုံခြုံရေးလုပ်ငန်းတွေမှာ အရပ်သားအစိုးရရဲ့ ထိန်းကြောင်းမှုကနေ ကင်းလွတ်နေတဲ့ စစ်တပ်က သူတို့ကိုယ်သူတို့ မြန်မာနိုင်ငံကို ကယ်တင်သူတွေအဖြစ် ပုံဖော်လာခဲ့တာ တော်တော်ကြာမြင့်ခဲ့ပါပြီ။ တိုင်းပြည် အစိတ်စိတ်အမွှာမွှာ ပြိုကွဲမယ့်အန္တရာယ် ရှိလာတဲ့အချိန်မှာ တိုင်းပြည်ကို စုစည်းပေးနိုင်တဲ့ တစ်ခုတည်းသော အဖွဲ့အစည်းဖြစ်တယ်လို့လည်း ဆိုပါတယ်။

    ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပိုရရေး တောင်းဆိုတဲ့ တိုင်းရင်းသား လက်နက်ကိုင်တွေကို ၁၉၄၈ ခုနှစ် ဗြိတိသျှထံကနေ လွတ်လပ်ရေးရပြီးကတည်းက ကြမ်းကြမ်းတမ်းတမ်း ဖိနှိပ်တဲ့ နည်းလမ်းအတိုင်း စစ်တပ်ဟာ ကချင်၊ ရှမ်းပြည်နယ်မြောက်ပိုင်းက အုပ်စုတွေနဲ့ ဆက်လက်တိုက်ခိုက်နေဆဲပါ။ အဲဒီ ပဋိပက္ခတွေမှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ၊ ကျေးလက်ဒေသက လူတွေ သိန်းနဲ့ချီ ထွက်ပြေးရမှု၊ တိုင်းရင်းသားဒေသတွေမှာ စစ်တပ်က တပ်စွဲမှုတွေ ဖြစ်ခဲ့ပါတယ်။

    ဒါပေမယ့် လူသိပ်မသိတာက တိုင်းရင်းသားလူမျိုးတွေ အခိုင်အမာပြောဆိုတဲ့ ကိစ္စတစ်ခုက ဘာသာစကား၊ သမိုင်းအမွေအနှစ်၊ ဘာသာရေးနဲ့ အခြား ကိုယ်ပိုင်အမှတ်သညာတွေကို ဦးတည်ပြီး စနစ်တကျ ‘ဗမာဇာတ်သွင်းတယ်’ ဆိုတဲ့ လုပ်ရပ်တွေ ဖြစ်ပါတယ်။

    အစိုးရကတော့ ဒီလို ပေါ်လစီမျိုး လုပ်ဆောင်တာ မရှိဘူးလို့ ငြင်းဆိုထားပါတယ်။

    သာသနာရေးနဲ့ ယဉ်ကျေးမှု ၀န်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး ကိုကိုနိုင်က တရားဝင် ခွင့်ပြု ပြဌာန်းပေးထားတာမျိုး မရှိပေမယ့် အစိုးရဟာ တိုင်းရင်းသားလူမျိုးတွေရဲ့ ဘာသာစကားကို အစိုးရကျောင်းပြင်ပမှာ သင်ကြားခွင့်ပေးထားတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒါ့ကြောင့် လူများစုဟာ တိုင်းရင်းသား လူနည်းစုတွေအပေါ် ဗမာဇာတ်သွင်းနေတယ်လို့ ကျွန်တော် မမြင်ပါဘူး” လို့ သူက AP သတင်းဌာနကို ပြောကြားခဲ့ပါတယ်။

    ဗုဒ္ဓဘာသာကို မြှင့်တင်ဖို့နဲ့ တိုင်းပြည်နေရာအနှံ့မှာ စေတီပုထိုးတွေ တည်တာဟာ အစိုးရရဲ့ တာဝန်ဖြစ်ပြီး ဒီလိုမှမဟုတ်ရင် ‘ဗုဒ္ဓဘာသာနဲ့ တိုင်းပြည်ဟာ ပျောက်ကွယ်သွားမယ်’ လို့ မြန်မာအာဏာပိုင်တွေက ပြောလေ့ ရှိပါတယ်။

    ချင်းလူမျိုးတွေရဲ့ ၉၀ ရာခိုင်နှုန်း ခရစ်ယာန်သာသနာကို သက်ဝင်ကြတဲ့ ချင်းပြည်နယ်မှာ လက်ဝါးကပ်တိုင်တွေ ဖျက်ဆီးခံရတာ၊ သင်းအုပ်ဆရာတွေ ခြိမ်းခြောက်ခံရတာ၊ အစိုးရက ဦးစီးပြီး ဗုဒ္ဓဘာသာထဲဝင်ဖို့ ဖိအားပေးသွတ်သွင်းတာတွေ ရှိနေပါတယ်။ လူဦးရေရဲ့ ၉၀ ရာခိုင်နှုန်းကျော် ခရစ်ယာန်ဘာသာဝင်ဖြစ်တဲ့ ကချင်ပြ
    ည်နယ်ဟာ စေတီပုထိုးတွေ မှိုလိုပေါက်နေတဲ့ နေရာတွေထဲက တစ်ခုဖြစ်ပါတယ်။

    စစ်တပ်လက်အောက်ခံ နယ်စပ်ရေးရာ ၀န်ကြီးဌာနက ဦးစီးတဲ့ တိုင်းရင်းသားလူငယ်များ ဖွံ့ဖြိုးရေးသင်တန်းကျောင်းတွေကနေတစ်ဆင့် “အဓမ္မ လူမျိုးရေး ဇာတ်သွင်းမှု၊ အဓမ္မ ဘာသာပြောင်းခိုင်းမှု” အစီအစဉ်ကို အစိုးရက ဆက်လက်လုပ်ဆောင်နေတယ်လို့ အမေရိကန်အခြေစိုက် ချင်းလူ့အခွင့်အရေးအဖွဲ့က Salai Za Uk Ling က ပြောပါတယ်။ အဲဒီကျောင်းတွေမှာ အလကားတက်လို့ရပြီး ပညာရေးအဆင့်အတန်းက အခြား အစိုးရကျောင်းတွေထက် မြင့်မားပေမယ့် ကျောင်းအာဏာပိုင်တွေဟာ ကျောင်းသားတွေကို ဗုဒ္ဓဘာသာထဲ အဓမ္မသွတ်သွင်းဖို့ ကြိုးစားမှုတွေ ရှိတယ်လို့ တက်ကြွလှုပ်ရှားသူတွေက ပြောပါတယ်၊

    တိုင်းပြည်က လူနည်းစုတွေထဲမှာ လူဦးရေအများဆုံးဖြစ်ပြီး ဗုဒ္ဓဘာသာဝင် အများစုဖြစ်တဲ့ ရှမ်းတွေကတော့ စေတီပုထိုးတွေကို ရှမ်းဗိသုကာလက်ရာထက် ဗမာလက်ရာနဲ့ တည်ထားကိုးကွယ်မှုအတွက် ကျယ်ကျယ်လောင်လောင် ဝေဖန်ပြောဆိုမှုတွေ ရှိပါတယ်။ ဒီအခြေအနေကို ‘တရုတ်ကြီးစိုးရင် ကျုံးတူးမယ်၊ ဗမာကြီးစိုးရင် ဘုရားတည်မယ်’ ဆိုတဲ့ ဒေသစကားပုံတစ်ခုက ဖော်ကျူးနေပါတယ်။

    ရှမ်းစော်ဘွားတွေ ဆောက်လုပ်ခဲ့တဲ့ ဟော်နန်းတွေထဲမှာ အကြီးကျယ်ဆုံးဖြစ်တဲ့ ‘ကျိုင်းတုံဟော်နန်း’ ကို ၁၉၉၁ ခုနှစ်မှာ ဖြိုချဖျက်ဆီးခဲ့တဲ့ အတိတ်ဆိုးတစ်ခုလည်း ရှိနေပါတယ်။ ဖြိုချထားတဲ့ အဆောက်အဦး အပိုင်းစတွေကိုစစ်တပ်အနီးက လမ်းတွေပေါ်မှာ ဖြန့်ခင်းထားတဲ့ပြီး ရှမ်းအရေး တက်ကြွလှုပ်ရှားသူတွေက ဒီလုပ်ရပ်ဟာ ‘ယဉ်ကျေးမှု ဖျက်ဆီးခြင်း’ ဖြစ်တယ်လို့ ကင်ပွန်းတပ်ခဲ့ပါတယ်။

    အရင်က ဗမာမဟုတ်တဲ့ ဘာသာစကားတွေ သင်ကြားမှု ပိတ်ပင်ထားတာကို စစ်တပ်ကျောထောက်နောက်ခံပြုထားတဲ့ ဦးသိန်းစိန်အစိုးရလက်ထက်မှာ ဖြေလျော့ပေးခဲ့ပေမယ့် အစိုးရကျောင်းချိန် ပြင်ပမှာသာ သင်ကြားခွင့်ပြုခဲ့ပြီး ဒီပေါ်လစီက အခုအချိန်အထိ ဆက်ရှိနေဆဲပါ။ ကရင်ဖွံ့ဖြိုးရေးကွန်ယက်က အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ Saw True Blood က သူနေထိုင်ရာ ကရင်ပြည်နယ် တောင်ငူမြို့က ကလေးငယ်တွေဟာ ကျောင်းချိန်ပြင်ပ အတန်းတွေကို မတက်ကြဘဲ ကျောင်းမှာ ပင်ပန်းလာတာ၊ ကျောင်းဘာသာရပ်တွေအတွက် ကျူရှင်သွားရတာနဲ့ ဆော့ကစားချင်တာတွေကြောင့် ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကရင်ကလေးငယ် တော်တော်များများဟာ ကရင်စကားကို ပြောတတ်ကြပေမယ့် မရေးတတ်၊ မဖတ်တတ်ကြဘူးလို့လည်း သူက ဆိုပါတယ်။

    “ကျွန်တော့် တူတွေတူမတွေ၊ မြေးတွေ ကစားကြတဲ့အခါ ဗမာလိုပြောရင် ကျွန်တော်က ကရင်လိုပြောခိုင်းပြီး ‘ နင်တို့ ကရင်လား၊ ဗမာလား’ လို့ ငေါက်ပါတယ်”

    အာဏာပိုင်တွေက ကရင်တွေအနေနဲ့ သူတို့ရဲ့ ယဉ်ကျေးမှု အမှတ်သညာကို ထိန်းသိမ်းချင်တယ်ဆိုရင် ကိုယ့်ဟာကိုယ် ထိန်းသိမ်းလို့ ပြောမယ့် တစ်ချိန်တည်းမှာ ဟန့်တားမှုတွေ လုပ်တယ်လို့ ကရင် ရပ်မိရပ်ဖတစ်ဦးက ပြောပါတယ်။ ဒေသအခြေစိုက် တပ်ရင်မှူးက ‘ခင်ဗျားတို့ လူမျိုးကို မေ့လိုက်၊ ခင်ဗျားတို့ နယ်မြေကိုမေ့လိုက်။ ပြည်ထောင်စုလိုပဲ စဉ်းစား’ လို့ ဒေသခံတွေကို လက်ချာပေးတယ်လို့လည်း သူက ဆိုပါတယ်။

    “ဒါက ဗမာဇာတ်သွင်းတာပဲဗျ” လို့ Saw True Blood က ပြောပါတယ်။

    ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်းမှာ ဗဟိုအစိုးရဟာ နိုင်ငံတစ်ဝှမ်းက နေရာတွေရဲ့အမည်တွေကို ဗမာအမည်တွေ မှည့်ခေါ်ခဲ့ပြီး ဒေသခံတွေ မမှတ်မိအောင် မကြာမကြာ လုပ်ပစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့နှစ် မွန်ပြည်နယ် သံလွင်မြစ်ပေါ်က တံတားတစ်ခု အမည်ပေးမှုနဲ့ပတ်သက်ပြီး မွန်လူမျိုးတွေဟာ ဆန္ဒပြခဲ့ကြပါတယ်။ အဲဒီတံတားကို လွတ်လပ်ရေးကြိုးပမ်းခဲ့သူ ဗမာသူရဲကောင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဖခင် ဗိုလ်ချုပ်အောင်ဆန်းအမည် မှည့်ခေါ်ခဲ့တာပါ။

    မွန်လူမျိုးရေး တက်ကြွလှုပ်ရှားသူတွေက ဒီအမည်ဟာ သူတို့ပြည်နယ်နဲ့ ဘာမှ မသက်ဆိုင်ဘူးလို့ ပြောကြားခဲ့ပြီး အစ်ကိုက ညီအပေါ် ဗိုလ်ကျတာမျိုး ဖြစ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    “ဒီလို အမည်ပြောင်းလဲမှုက လူတွေရဲ့ စိတ်ထဲမှာ တော်တော်လေး နာကျည်းစရာ ဖြစ်သွားတယ်။ ဗမာတွေက မွန်ပြည်နယ်ကို ကျူးကျော်သိမ်းပိုက်လိုက်သလို ခံစားသွားရတာ” လို့ လွှတ်တော်အမတ် မွန်လူမျိုး ဦးမင်းစိုးလင်းက ပြီးခဲ့တဲ့နှစ်အတွင်းမှာ သြစတေးလျ သုတေသနပညာရှင် စီစီလီ မီဒါးလ်ကို ပြောကြားခဲ့ပါတယ်။

    ကရင်အမျိုးသားအစည်းအရုံး KNU အမည်နဲ့ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်ကို ၂၀၁၂ ခုနှစ်အထိ ဆင်နွှဲခဲ့တဲ့ ကရင်အပါအ၀င် တိုင်းရင်းသားလက်နက်ကိုင်အုပ်စုတွေနဲ့ အပစ်ရပ်ရေး သဘောတူညီချက်တွေ ပြီးခဲ့တဲ့နှစ်အနည်းငယ်အတွင်း ရရှိခဲ့ပါတယ်။ လက်နက်စွန့်စရာမလိုတဲ့ ဒီသဘောတူညီချက်ကို လက်မှတ်ရေးထိုးခဲ့ပေမယ့် ကရင်ခေါင်းဆောင်တွေကိုယ်တိုင်က ဒီငြိမ်းချမ်းရေးစာချုပ်အပေါ် ယုံကြည်မှုသိပ်မရှိဘူးလို့ ပြောကြားခဲ့ပြီး ပြီးခဲ့တဲ့ သီတင်းပတ်အနည်းငယ်မှာ တိုက်ပွဲတွေ ပြန်ဖြစ်ခဲ့ပါတယ်။

    မြန်မာနိုင်ငံက တိုင်းရင်းသားလူနည်းစုတွေ တန်းတူ အသံထုတ်ခွင့်ရမယ့် တစ်ခုတည်းသောနည်းလမ်းဟာ စစ်မှန်တဲ့ ဖက်ဒရယ်စနစ်အောက် သူတို့ရဲ့အခွင့်အရေးကို အပြည့်အ၀ အာမခံပေးထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကနေတစ်ဆင့်သာ ဖြစ်တယ်လို့ တောင်ငူမြို့အပြင်ဘက် တောင်ကုန်းတွေပေါ်မှာ KNU အကြီးတန်း ခေါင်းဆောင်တွေက သဘောတူခဲ့ကြပါတယ်။

    “ကျွန်တော်တို့ရဲ့ ဘိုးဘေးတွေ၊ အဖေတွေဟာ ကျွန်တော်တို့ရဲ့ ယဉ်ကျေးမှုနဲ့ အမှတ်သညာကို ကာကွယ်ဖို့အတွက် စစ်ရေးနည်းလမ်းတွေကို အသုံးပြုခဲ့တယ်။ အခုအချိန်မှာ ကျွန်တော်တို့ဟာ ဒီအာမခံချက်တွေ ရဖို့အတွက် နိုင်ငံရေးနည်းလမ်းနဲ့ တိုက်ပွဲဝင်ရပါမယ်” လို့ KNU ဗဟိုကော်မတီက အဖွဲ့ဝင်တစ်ဦးဖြစ်သူ ဖဒို အဲဝါက ပြောကြားခဲ့ပါတယ်။

    စစ်တပ်နဲ့ သူတို့ရဲ့အပေါင်းအပါ ခရိုနီတွေက တိုင်းရင်းသားဒေသတွေက သစ်တောတွေ၊ တွင်းထွက်သတ္တုတွေနဲ့ ရေအားလျှပ်စစ်တွေကို အမြတ်ထုတ်ကာ အခုအချိန်အထိ မွှေနှောက်ရယူနေပေမယ့် ဒုတိယကမ္ဘာစစ်မတိုင်ခင်က မြန်မာနိုင်ငံရဲ့ အပြင်ပိုင်းဒေသတွေဟာ တန်ဖိုးမရှိဘူးလို့ မှတ်ယူခံရတာကြောင့် လစ်လျူရှုခံခဲ့ရတယ်လို့ Thef Art of Not Being Governed စာအုပ်ကိုရေးတဲ့ ဂျိမ်းစ် စီ စကော့က ပြောပါတယ်။ တိုင်းရင်းသားဒေသတွေမှာ အခွင့်အလမ်းတွေ နည်းပါးတာကြောင့် ဌာနေလူမျိုးစုတွေဟာ အခွင့်အရေးပိုရှိမယ့် အခြားနေရာတွေကို အုပ်စုလိုက် ပြောင်းရွှေ့ရတာမျိုး ဖြစ်စေပြီး အဲဒီလို ထွက်သွားတဲ့နေရာတွေကို ဗမာတွေက ၀င်ရောက်နေထိုင်နေကြတယ်လို့လည်း သူက ဆိုပါတယ်။

    “ဒါဟာ ဗမာဇာတ်သွင်းတာ မဟုတ်ဘူးလားလို့မေးရင် လုံးဝဟုတ်တယ်လို့ ပြောရမှာပါ။ ဒါပေမယ့် စနစ်တကျနဲ့ စီစဉ်ပြီး လုပ်တယ်ဆိုတာမျိုးကတော့ သံသယဖြစ်စရာပါ။ ၀န်ကြီးဌာနေတွေက အနီးကပ် ပူးပေါင်းစီစဉ်တာမျိုးဆိုရင် ကျွန်တော်အံ့အားသင့်မိမှာပါ။ ဒါမျိုးကတော့ မဖြစ်နိုင်ပါဘူး”

    တိုင်းရင်းသားခေါင်းဆောင်တွေကတော့ ဒီအချက်ကို သဘောမတူပါဘူး။ ကချင် နိုင်ငံရေးလေ့လာသူ နော်စတယ်လာက “တိုင်းပြည်ကို ဗမာဇာတ်သွင်းဖို့အတွက် ဗဟိုအစိုးရဌာနတွေဟာ အစီအစဉ်စွဲပြီး၊ စနစ်တကျ၊ တစ်ဆင့်ပြီးတစ်ဆင့်” လုပ်နေတာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    ကရင် လူ့အဖွဲ့အစည်းခေါင်းဆောင်ဖြစ်တဲ့ Saw True Blood က လက်နက်ကိုင်ပြီး ခုခံရမယ့် အနေအထားမျိုးမဟုတ်ရင် သူတို့မြေတွေအားလုံး ဗမာတွေ သိမ်းပိုက်မှုကို မရပ်တန့်နိုင်သလောက်ပဲလို့ ပြောကြားခဲ့ပါတယ်။

    “ဗမာတွေက အင်အားလည်းကြီးတယ်၊ အစိုးရအကူအညီလည်းရတယ်၊ ပိုက်ဆံလည်းရှိတယ်၊ ပညာလည်း တတ်တယ်။ ဒါ့ကြောင့် လိုချင်တာမှန်သမျှ ရနိုင်ပါတယ်”

    Ref: Fox News

    (Fox News သတင်းဌာနတွင် ဖော်ပြထားသည့် Myanmar forces Burman culture on minorities, erases identity ဆောင်းပါးကို လေးမောင်က ဆီလျော်အောင် ဘာသာပြန်ဆိုသည်။ ဆောင်းပါးပါ အကြောင်းအရာ များမှာ ဆောင်းပါးရှင်၏ ဖော်ပြချက်သာ ဖြစ်ပြီး M-Media ၏ အာဘော်မဟုတ်ပါ)

  • အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်

    အာဆီယံအဖွဲ့ဝင်ဖြစ်ရေး သြစတေးလျကို အင်ဒို ဖိတ်ခေါ်

    မတ် ၁၆၊ ၂၀၁၈
    M-Media

    – သြစတေးလျကို အာဆီယံအဖွဲ့ဝင် နိုင်ငံတစ်နိုင်ငံ ဖြစ်စေချင်ပြီး ဒေသတွင်း ကာကွယ်ရေး၊ ကုန်သွယ်ရေးနဲ့ လုံခြုံရေးဆိုင်ရာ ကိစ္စတွေမှာ ပိုမိုကျယ်ပြန့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေချင်တယ်လို့ အင်ဒိုနီးရှာသမ္မတ ဂျိုကို ၀ီဒိုဒိုက ပြောကြားလိုက်ပါတယ်။

    “ဒီကိစ္စဟာ အကြံကောင်းတစ်ခုပဲဗျ။ ဘာ့ကြောင်လဲဆိုတော့ ကျွန်တော်တို့ဒေသအတွက် ပိုမိုကောင်းမွန်ပြီး၊ စီးပွားအရ၊ နိုင်ငံရေးအရ တည်ငြိမ်တာမျိုးတွေ ဖြစ်လာမှာပါ။ သေချာပါတယ်။ ပိုကောင်းလာမှာပါ” လို့ သြစတေးလျကို အာဆီယံအဖွဲ့ဝင်ဖြစ်ရေး ကိစ္စနဲ့ပတ်သက်ပြီး ၀ီဒိုဒိုက Sydney Morning Herald ကို ပြောကြားခဲ့ပါတယ်။

    ဆစ်ဒနီမှာပြုလုပ်မယ့် အရှေ့တောင်အာရှ အထူး ထိပ်သီးအစည်းဝေးကို တက်ရောက်ဖို့အတွက် ၀ီဒိုဒိုအပါအ၀င် အာဆီယံခေါင်းဆောင်တွေဟာ သြစတေးလျကို ရောက်နေကြတာပါ။

    ၁၉၇၄ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ အာဆီယံနိုင်ငံများအဖွဲ့နဲ့ သြစတးလျေတို့ဟာ ညှိနှိုင်းဆွေးနွေးမှု မိတ်ဖက်တွေဖြစ်ပြီး သြစတေးလျပါဝင်တဲ့ ၂ နှစ်တစ်ကြိမ် ထိပ်သီးအစည်းအဝေးကို ၂၀၁၆ ခုနှစ်က ဗီယန်ကျင်းမြို့မှာ စတင် ပြုလုပ်ခဲ့ပါတယ်။

    ပြီးခဲ့လမှာ ‘သြစတေးလျ မဟာဗျူဟာ ပေါ်လစီ အင်စတီကျု’ (Australian Strategic Policy Institute) က သြဇီအနေနဲ့ ၂၀၂၄ ခုနှစ်မှာ အာဆီယံအဖွဲ့ဝင်နိုင်ငံ ဖြစ်လာဖို့ ရည်မှန်းထားတယ်လို့ ပြောကြားခဲ့ပါတယ်။ အဲဒီနှစ်ဟာ အာဆီယံနဲ့ သြစတေးလျတို့ မိတ်ဖက်ဆက်ဆံရေး နှစ်ပေါင်း ၅၀ ပြည့်တဲ့နှစ်လည်း ဖြစ်ပါတယ်။

    “အာရှမှာ ပထ၀ီ-စီးပွားရေး၊ ပထ၀ီ-မဟာဗျဟာအရ ဖိအားတွေ ရှိလာတဲ့တွက်ကြောင့် အလယ်အလတ်ပါဝါရှိတဲ့ အာဆီယံဟာ သြစတေးလျနဲ့ နယူးဇီလန်တို့လို အလယ်အလတ် အင်အားရှိတဲ့နိုင်ငံတွေကို လိုအပ်လာပါတယ်။ ဒီ ဆစ်ဒနီထိပ်သီးအစည်းအဝေးဟာ အာဆီယံမှာ သြစတေးလျပါဝင်ဖို့ ရှည်ကြာမယ့်ဆွေးနွေးမှု အစလည်း ဖြစ်ပါတယ်” လို့ ပေါ်လစီ အင်စတီကျုက ပြောကြားခဲ့ပါတယ်။

    သြစတေးလျဝန်ကြီးချုပ် မဲလ်ကွန် တန်ဘူးလ်က ၀ီဒိုဒိုရဲ့ မှတ်ချက်တွေဟာ နွေးထွေးတဲ့ စကားမျိုးဖြစ်တယ်လို့ ဆိုပေမယ့် အာဆီယံကိစ္စဟာ၊ အာဆီယံကိစ္စသာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “အာဆီယံရဲ့ ကိုယ့်နည်းကိုယ့်ဟန်နဲ့ သွားနေတဲ့နည်းလမ်းကို ကျွန်တော်တို့ တော်တော်လေးစားပါတယ်။ ကျွန်တော်တို့ဟာ အာဆီယံနဲ့ ဆွေးနွေးညှိနှိုင်းဖက်တွေဖြစ်ပြီး အာဆီယံရဲ့ စုစည်းမှု၊ အရေးပါမှု၊ ဒေသတွင်းမှာ အခြေခံကျကျ၊ အတွင်းကျကျ အရေးပါမှုတွေအတွက်လည်း ကျွန်တ်ာတို့ လေးစားပါတယ်”

    တန်ဘူးလ်နဲ့ ပူးတွဲသတင်းစာရှင်းလင်းပွဲလုပ်ခဲ့တဲ့ စင်ကာပူဝန်ကြီးချုပ် လီရှန်လွန်းကလည်း အာဆီယံနဲ့ သြစတေးလျတို့ရဲ့ ဆက်ဆံရေးကို ပိုမိုနက်ရှိုင်းစေချင်တယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Jakarta Coconut