News @ M-Media

Blog

  • အီရတ်တွင် IS လက်ချက်ကြောင့် ပျက်ဆီးသွားသည့် သမိုင်းဝင် အလ်-နူရီဗလီကို ယူအေအီး ပြန်ဆောက်ပေးမည်

    အီရတ်တွင် IS လက်ချက်ကြောင့် ပျက်ဆီးသွားသည့် သမိုင်းဝင် အလ်-နူရီဗလီကို ယူအေအီး ပြန်ဆောက်ပေးမည်

    မတ် ၁၂၊ ၂၀၁၈
    M-Media

    IS ၏ ဖောက်ခွဲမှုခံရပြီးနောက် တွေ့ရသည့် အလ်-နူရီဗလီ

    – IS အကြမ်းဖက်သမားများ၏လက်ချက်ကြောင့် အီရတ်နိုင်ငံ မူဆိုးလ်မြို့တွင် ပျက်ဆီးသွားခဲ့သည့် သမိုင်းဝင် အလ်-နူရီ ဗလီကြီးနှင့် မင်နာရတ်မျှော်စင်တို့ကို ပြန်လည်တည်ဆောက်ပေးရန် အာရပ်စော်ဘွားများပြည်ထောင်စု ယူအေအီးနိုင်ငံက ကမ်းလှမ်းထားသည်ဟု အီရတ်ဝန်ကြီးချုပ်ရုံးက ယမန်နေ့တွင် ထုတ်ပြန်ခဲ့သည်။

    အီရတ်ဝန်ကြီးချုပ် ဟိုက်ဒါ အလ်-အာဘာဒီနှင့် စနေနေ့တွေ့ဆုံမှုအတွင်း အီရတ်နိုင်ငံဆိုင်ရာ ယူအေအီးသံအမတ် အဘ်ဒူလာ အီဘရာဟင် အလ်-ရှီဟီက ယခုကဲ့သို့ ကမ်းလှမ်းခဲ့ခြင်းဖြစ်သည်။

    “အီရတ်တစ်နိုင်ငံလုံး လွတ်မြာက်မှုအတွက် ချီးကျူးကြောင်းနဲ့ နှုတ်ခွန်းဆက်သပါကြောင်း ယူအေအီးနိုင်ငံနဲ့ ပြည်သူတွေရဲ့ အမှာစကားကို ယူအေအီးသံအမတ်က ပါးခဲ့ပြီး အီရတ်နိုင်ငံမှာ ရရှိနေတဲ့ တည်ငြိမ်လုံခြုံမှုကိုလည်း ချီးကျူးခဲ့ပါတယ်” ဟု ၀န်ကြီးချုပ်ရုံးမှ ထုတ်ပြန်သော ကြေငြာချက်တွင် ဖော်ပြထားသည်။

    အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးကို ‘နှစ်နိုင်ငံက ညီရင်းအစ်ကိုစိတ်ဓာတ်ကို အခြေခံကာ’ တည်ဆောက်ပေးရန် အဘူဒါဘီ အိမ်ရှေ့မင်းသား ရှိခ် မိုဟာမက် ဘင် ဇေယဒ်က ကမ်းလှမ်းခဲ့ခြင်းဖြစ်ပြီး၊ ထိုလုပ်ငန်းအတွက် ယူအေအီးမှ အထူးကိုယ်စားလှယ်အဖွဲ့လည်း အီရတ်သို့ လာရောက်ရန် ရှိနေသည်။

    ၂၀၁၄ ခုနှစ်မှစ၍ အီရတ်နိုင်ငံရှိ နယ်မြေအများအပြားကို တိုက်ခိုက်သိမ်းပိုက်ခဲ့သည့် IS အကြမ်းဖက်အဖွဲ့မှာ အီရတ်စစ်တပ်၏ ထိုးစစ်အတွင်း မရှုမလှ ရှုံးနိမ့်ခဲ့ပြီးနောက် ၂၀၁၇ ခုနှစ် ဇွန်လ ၂၁ ရက်နေ့တွင် မူဆိုးလ်မြို့ရှိ အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးအား ဖောက်ခွဲဖျက်ဆီးခဲ့သည်။

    အီရတ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ယူအေအီးနှင့် ဆက်ဆံရေးခိုင်မာရန် စိတ်အားထက်သန်ကြောင်း၊ IS အဖွဲ့အား အောင်မြင်ခဲ့ပြီးနောက် လက်ရှိ မိမိတို့နိုင်ငံတွင် အကြမ်းဖက်ဝါဒကို တွန်းလှန်နေရကြောင်း၊ အီရတ်ပြည်သူများမှာ တိုင်းပြည် ပြန်လည်တည်ဆောက်ရေး လုပ်ငန်းများကို လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ယူအေအီး သံအမတ်အား ပြောကြားခဲ့သည်ဟု ၀န်ကြီးချုပ်ရုံး ကြေငြာချက်တွင် ဖော်ပြထားသည်။

    အလ်-နူရီ ဗလီဝတ်ကျောင်းတော်ကြီးကို ၁၁၇၀ ပြည့်နှစ်တွင် မူဆိုးလ်နှင့် အလက်ပိုမြို့များအား အုပ်စိုးသည့် ကာ့ဒ်ဘုရင် နူရ် အလ်-ဒင် မဟ်မူးဒ် ဇန်ဂီက တည်ဆောက်ခဲ့ခြင်းဖြစ်သည်။

    Ref: Xinhua

  • ယူအေအီး-ဆော်ဒီ နိုင်ငံချင်းဆက်ရထားလမ်း ၂၀၂၁ တွင် အသုံးပြုနိုင်မည်

    ယူအေအီး-ဆော်ဒီ နိုင်ငံချင်းဆက်ရထားလမ်း ၂၀၂၁ တွင် အသုံးပြုနိုင်မည်

    မတ် ၁၂၊ ၂၀၁၈
    M-Media

    – ယူအေအီးနှင့် ဆော်ဒီအာရေဗျ နိုင်ငံချင်းဆက် ရထားလမ်းတစ်ခုကို ၂၀၂၁ ခုနှစ် ဒီဇင်ဘာတွင် ဖွင့်လှစ်နိုင်မည်ဟု ယူအေအီး ပို့ဆောင်ရေးဝန်ကြီးဌာနမှ အကြီးတန်းတာဝန်ရှိသူတစ်ဦးက ယနေ့တွင် ပြောကြားလိုက်သည်။

    ပင်လယ်ကွေ့ ၆ နိုင်ငံ နိုင်ငံချင်းဆက် ရထားလမ်းစီမံကိန်း GCC Railway ၏ တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ကုန်များနှင့် လူများပါ သွားလာနိုင်မည်ဖြစ်သည်။

    GCC Railway စီမံကိန်းအတွက် ကန်ေါ်လာ ဘီလီယံ ၂၅၀ ကုန်ကျမည်ဟု ခန့်မှန်းထားပြီး အဖွဲ့ဝင် ၆ နိုင်ငံက ၎င်းတို့နိုင်ငံအတွင်း ရထားလမ်းများ၊ ဘူတာရုံများ၊ ရထားခရီးစဉ်နှင့် သက်ဆိုင်သည့် အဆောက်အဦးများကို ကိုယ်ပိုင်ငွေဖြင့် ဆောင်လုပ်ရသည်။ စတင်ပြေးဆွဲမှုကို ၂၀၂၁ ခုနှစ်တွင် ပြုလုပ်ရန် သတ်မှတ်ထားသည်။

    စီမံကိန်းတွင် ဆော်ဒီနှင့် ယအေအီးတို့က ငွေကြေးအများဆုံးအသုံးပြုပြီး အိုမန်၊ ကာတာ၊ ကူဝိတ်နှင့် ဘာရိန်းတို့က ၎င်းတို့နောက်တွင် အစဉ်လိုက် ရှိနေကြသည်။

    “၂၀၂၁ ခုနှစ် ဒီဇင်ဘာမှာ ကျွန်တော်တို့နဲ့ ဆော်ဒီကို ဆက်သွယ်မယ့် ရထားလမ်းတစ်ခု ရရှိမှာပါ” ဟု ယူအေအီး၏ ကုန်လမ်း၊ ရေလမ်း ပို့ဆောင်ရေး အာဏာပိုင်အဖွဲ့မှ ညွှန်ကြားရေးမှူးချုပ် အဘ်ဒူလာ စလင်း အလ်ကက်သီရိက ပြောကြားခဲ့သည်။

    GCC Railway စီမံကိန်းကို ၂၀၀၉ ခုနှစ် အကြိမ် ၃၀ မြောက် ပင်လယ်ကွေ့နိုင်ငံများ ထိပ်သီးအစည်းအဝေးတွင် အတည်ပြုခဲ့သော်လည်း ရေနံဈေးကျဆင်းမှုနောက်ဆက်တွဲ ဘဏ္ဍာရေးဂယက်၊ အဖွဲ့ဝင်နိုင်ငံများက ဆောင်ရွက်ရန် စိတ်မပါမှုတို့ကြောင့် အလွန်အမင်း ကြာမြင့်ခဲ့ရသည်။

    Ref: Alarabiya

  • ကမ္ဘာတစ်ဝှမ်းမှ အာဏာသက်အရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်များ

    ကမ္ဘာတစ်ဝှမ်းမှ အာဏာသက်အရှည်ဆုံး နိုင်ငံ့ခေါင်းဆောင်များ

    မတ် ၁၂၊ ၂၀၁၈
    M-Media

     

    – လာမယ့်တစ်ပတ်မှာပြုလုပ်မယ့် ရုရှားရဲ့ သမ္မတရွေးကောက်ပွဲမှာ လက်ရှိသမ္မတပူတင်ပဲ ဆက်နိုင်မယ်လို့ မျှော်လင့်နေကြပြီး ဒါဟာ ပူတင်ရဲ့ ရုရှားကိုအုပ်စိုးမှုသက်တမ်း ၂၅ နှစ်နား ကပ်သွားမယ့် အနေအထားလည်း ဖြစ်ပါတယ်။

    တိုင်းပြည်ကို ၂၅ နှစ်ကျော် အုပ်စိုးခဲ့ကြတဲ့ ခေါင်းဆောင်းတွေထဲမှာ တာဂျီကစ္စတန်က အီမိုမာလီ ရက်ခ်မွန်း၊ ကင်မရွန်းက ပေါလ်ဘီယာ၊ အီကွေတိုရီယဲလ်ဂါနာက သီယိုဒိုရို အိုဘီယန် နဂူမာတို့ ပါဝင်ပါတယ်။

    ကမ္ဘာတစ်ဝှမ်း အာဏာသက်တမ်း ရှည်ကြာခဲ့တဲ့ တိုင်းပြည်ခေါင်းဆောင်တွေကို ဖော်ပြလိုက်ပါတယ်။

    အာဏာသက်အရှည်ဆုံး ခေါင်းဆောင်များ

    ၁။ ကျူးဘားတော်လှန်ရေးခေါင်းဆောင် ဖီဒဲလ် ကက်စထရိုဟာ တိုင်းပြည်ကို ၄၉ နှစ်ကြာ အုပ်စိုးခဲ့ပြီး အသက် ၈၀ ကျော်အရွယ် ၂၀၀၈ ခုနှစ်မှာ သူ့ညီ ရာအူးလ်ကက်စထရိုကို အာဏာလွှဲခဲ့ပါတယ်။

    ၂။ ထိုင်ဝမ်ရဲ့ ပထမဆုံးသမ္မတ ချန်ကေရှိတ်က ၁၉၇၅ ခုနှစ်အထိ ထိုင်ဝမ်နဲ့ တရုတ်ပြည်မကြီးကို ၄၇ နှစ်ကြာ အုပ်စိုးခဲ့ပါတယ်။

    ၃။ မြောက်ကိုရီးယားကိုတည်ထောင်သူ ကင်အီဆွန်က ၁၉၉၄ ခုနှစ် ကွယ်လွန်ချိန်အထိ ၄၆ နှစ်တိုင်တိုင် အာဏာကို ဆုပ်ကိုင်ထားခဲ့ပြီး၊ အခုအချိန်အထိ ထာဝရခေါင်းဆောင်အဖြစ် သတ်မှတ်ခြင်းခံထားရပါတယ်။

    ၄။ အလ်ဘေးနီးယားခေါင်းဆောင် အန်ဗာ ဟိုဇ်ဟာ ၁၉၈၅ ခုနှစ် သူကွယ်လွန်ချိန်အထိ အာဏာရှင်အဖြစ် နှစ်ပေါင်း ၄၀ ရပ်တည်ခဲ့ပါတယ်။

    ၅။ နောက်တစ်ယောက်က လစ်ဗျားခေါင်းဆောင် မွမ်မာ ကဒါဖီဖြစ်ပြီး ၂၀၁၁ ခုနှစ် သူပုန်တွေရဲ့ သတ်ဖြတ်မှုကို မခံရမီအထိ ၄၂ နှစ်တာ တိုင်းပြည်ကို အုပ်ချုပ်ခဲ့ပါတယ်။

    ၆။ အာဖရိကက ရေနံကြွယ်ဝတဲ့ ဂါဘွန်နိုင်ငံမှာ အိုမာရ် ဘွန်ဂို အိုဒင်ဘာက တိုင်းပြည်ကို ၄၁ နှစ်တာ ကြီးစိုးခဲ့ကာ ၂၀၀၉ ခုနှစ် ကွယ်လွန်တဲ့အချိန်အထိ ဖြစ်ပါတယ်။

    ၇။ ဇင်ဘာဘွေက ရောဘတ်မူဂါဘီဟာ ၁၉၈၀ ပြည့်နှစ်မှာ အာဏာရယူခဲ့ပြီး ၃၇ နှစ် အုပ်ချုပ်ခဲ့ပြီးတဲ့နောက် ၂ ၀၁၇ ခုနှစ်မှာ ရာထူးကနေ နှုတ်ထွက်ခဲ့ပါတယ်။

    လက်ရှိ အုပ်စိုးနေသည့် သက်တမ်းရင့် အာဏာရှင်များ

    ၁။ အီကွေတိုရီယဲလ်ဂီနီနိုင်ငံက သမ္မတ သီယိုဒိုရို အိုဘီယန် နဂူမာဟာ ၁၉၇၉ ခုနှစ် သူ့ဦးလေးကို ဖြုတ်ချခဲ့ပြီးတဲ့နောက် အာဏာရယူထားတာဟာ အခုဆိုရင် ၃၈ နှစ် ရှိပါပြီ။

    ၂။ ကင်မရွန်းသမ္မတ ပေါလ်ဘီယာရဲ့ အုပ်စိုးမှုဟာ ၃၅ နှစ်ထဲ ရောက်နေပါတယ်။

    ၃။ ကွန်ဂိုသမ္မတ ဒန်းနစ် ဆာစူဟာ တိုင်းပြည်ကို အုပ်စိုးနေတာ ၃၄ နှစ်ရှိပြီး ၅ နှစ်ကြာ အနားယူမှု မပါပါဘူး။

    ၄။ ကမ္ဘောဒီယားဝန်ကြီးချုပ် ဟွန်ဆန်ရဲ့ အုပ်စိုးမှုက ၃၃ ကြာပါပြီ။

    ၅။ ယူဂန်ဒါသမ္မတ ယိုဝီရီ မူဆီဗီနီရဲ့ အာဏာရယူထားမှုက ၃၂ နှစ် ရှိနေပါပြီ။

    ၆။ အီရန်အဓိပတိ အယာတိုလာခါမီရဲ့ အုပ်စိုးမှုသက်တမ်းဟာ ၂၉ နှစ်ရှိပါပြီ။

    ၇။ ဆူဒန်သမ္မတ အိုမာရ် အလ်ဘရှီးရ် အာဏာရှင်ရှင်ဘ၀ဟာ ၂၈ နှစ်ထဲ ၀င်လာပါပြီ။

    ၈။ အီဒရစ် ဒီဘိုင်က ချဒ်နိုင်ငံကို ၂၇ နှစ်တာ ကြီးစိုးထားပါတယ်။

    ၉။ ကာဇက်စတန်သမ္မတ နူရ်ဆူလ်တန် နဇာဘာယက်ဗ်ရဲ့ အုပ်ချုပ်မှုသက်တမ်းကလည်း ၂၈ နှစ် ရှိပါတယ်။

    ၁၀။ တာဂျီကစ္စတန်မှာတော့ ၁၉၉၂ ခုနှစ်က ပြည်တွင်းစစ်မှာ အာဏာရခဲ့တဲ့ သမ္မတ အီမိုမာလီ ရက်ခ်မွန်း အုပ်စိုးနေတာ ၂၅ နှစ် ရှိပါပြီ။

     

    ၁၁။ အီရစ်ထရီသမ္မတ အီဆာအီယက်စ် အက်ဖ်ဝါကီက ၂၄ နှစ်ကြာ တိုင်းပြည်ကို အုပ်စိုးထားပါတယ်။

    Ref : Aljazeera

  • နီပေါတွင် ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျ၊ လူ ၄၀ကျော် သေဆုံး

    နီပေါတွင် ခရီးသည်တင်လေယာဉ်တစ်စီးပျက်ကျ၊ လူ ၄၀ကျော် သေဆုံး

    မတ် ၁၂၊ ၂၀၁၈
    M-Media

    ပျက်ကျပြီးနောက် တွေ့ရသည့် မြင်ကွင်း

    – နီပေါနိုင်ငံမြို့တော် ခတ္တာမန်ဒူတွင် ခရီးသည်တင်လေယာဉ်တစ်စီး ပျက်ကျမှုကြောင့် အနည်းဆုံး ၄၉ ဦး သေဆုံးခဲ့သည်ဟု သိရသည်။

    US-Bangla လေကြောင်းလိုင်းမှ လူ ၇၀ ကျော် တင်ဆောင်လာသည့် Dash 8 Q400 လေယာဉ်ဖြစ်ပြီး ဘင်္ဂလားဒေ့ရှ်မြို့တော် ဒါကာမှ ပျံသန်းကာ ခတ္တာမန်ဒူရှိ Tribhuvan လေဆိပ်၌ ဆင်းသပ်စဉ် ပြေးလမ်းချော်၍ အနီးရှိဘောလုံးကွင်းတွင် တိမ်းမှောက်ခဲ့ခြင်းဖြစ်သည်။ လေယာဉ်မှာ မီးလောင်ပျက်ဆီးခဲ့သည်။

    နီပေါရဲတပ်ဖွဲ့မှ ဒုတိယ စုံစမ်းစစ်ဆေးရေးမှူးချုပ်က ပျက်ကျသည့်နေရာတွင် အနည်းဆုံး လူ ၄၀ သေဆုံးခဲ့ပြီး အခြား ၉ ဦးမှာ ဆေးရုံတွင် သေဆုံးသွားခဲ့သည်ဟု ပြောကြားခဲ့သည်။ အနည်းဆုံး ၂၂ ဦးမှာ ခတ္တာမန်ဒူရှိ ဆေးရုံများတွင် ဆေးကုသမှု ခံယူနေရသည်။

    လေကြောင်းလိုင်းက လေယာဉ်ပေါ်၌ လိုက်ပါသွားသူများမှ ၃၃ ဦးမှာ နီပေါနိုင်ငံသားများဖြစ်ပြီး၊ ဘင်္ဂလားဒေ့ရှ်နိုင်ငံသား အနည်းဆုံး ၃၂ ဦး၊ တရုတ်နှင့် မော်လ်ဒိုက်နိုင်ငံမှ တစ်ဦးစီ ပါဝင်သွားသည်ဟု ထုတ်ပြန်ခဲ့သည်။

    Ref: Aljazeera

  • အလ်-နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၃) (မြန်မာစာတမ်းထိုး)

    အလ်-နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၃) (မြန်မာစာတမ်းထိုး)

    မတ် ၁၂၊ ၂၀၁၈
    M-Media

    ဒီအပိုင်း (၃) မှာ

    – အမေရိကန်၊ ကုလသမဂ္ဂတို့အားနဲ့ ဂျူးများ ပါလက်စတိုင်းဒေသ တစ်ဝက်ကျော်ကို တရားဝင်ရသွားခြင်း
    – ပါလက်စတိုင်းများအတွက် ကုလကသတ်မှတ်ပေးသည့် ဒေသများကို ဂျူးတပ်ဖွဲ့များက ထပ်မံ တိုက်ခိုက်သိမ်

းပိုက်မှု
    – ဂျူးအဖွဲ့များ၏ အရပ်သားများအပေါ် အကြမ်းဖက်တိုက်ခိုက်မှုများ
    – ပါလက်စတိုင်းများအား လူမျိုးစုလိုက် သုတ်သင်ရှင်းလင်းမှု
    – ဗလီ၊ ခရစ်ယာန်ဘုရားကျောင်းများတွင် ဂျူးတပ်ဖွဲ့များက အစုလိုက်အပြုံလိုက် သတ်ဖြတ်မှု
    – အသက်သေသည်အထိ အမိမြေကို ကာကွယ်သွားခဲ့သည့် ပါလက်စတိုင်း ခရစ်ယာန်များ
    – ပါလက်စတိုင်း အမျိုးသမီးတော်လှန်ရေးခေါင်းဆောင်အကြောင်း
    – ပါလက်စတိုင်းတို့၏ ကြွယ်ဝမှုများကို ဂျူးတပ်ဖွဲ့များက လုယက်ခြင်း
    – လူမျိုးစုလိုက် သုတ်သင်မှု အဆင့် ၃ ဆင့်
    – ဒုက္ခသည်ပြဿနာဖြစ်အောင် ဂျူးများဖန်တီးမှု
    – အစ္စရေးနိုင်ငံအဖြစ် ကြေငြာခြင်း
    – အိမ်နီးချင်းအာရပ်နိုင်ငံများက ပါလက်စတိုင်းများအပေါ် သစ္စာဖောက်မှုနှင့် အမြတ်ထုတ်မှု

    စတဲ့ အကြောင်းအရင်းတွေကို ရှုစားရမှာ ဖြစ်ပါတယ်။

    အပိုင်း (၁)

    အပိုင်း  (၂)

    (ဤ မှတ်တမ်းရုပ်ရှင်များကို M-Media မှ ဘာသာပြန်ဆို တင်ဆက်သည်။)

    Source Aljazeera