News @ M-Media

Blog

  • မသန်စွမ်းသူ ၁ သန်းခွဲကို လာမည့်နှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ကြေးပေးမည်

    မသန်စွမ်းသူ ၁ သန်းခွဲကို လာမည့်နှစ်မှစ၍ ဘင်္ဂလားဒေ့ရှ်က ထောက်ပံ့ကြေးပေးမည်

    ဖေဖော်ဝါရီ ၁၊ ၂၀၁၈
    M-Media

    – ၂၀၁၃ ခုနှစ်တွင် ကောက်ယူထားသည့် စာရင်း၌ ပါဝင်သော မသန်စွမ်းသူများကို လာမည့်နှစ်မှစ၍ ထောက်ပံ့ကြေးပေးသွားမည်ဟု ဘင်္ဂလားဒေ့ရှ်အစိုးရက ကြေငြာလိုက်သည်။

    လက်ရှိတွင် ဘင်္ဂလားဒေ့ရှ်၌ မသန်စွမ်းသူ ၈၁၅၀၀ မှာ အစိုးရထံမှ ထောက်ပံ့ကြေးများ ရရှိနေသည်။

    “မသန်စွမ်းသူများ သာယာဝပြောရေး အက်ဥပဒေ၊ ၂၀၁၃ ခုနှစ် မသန်စွမ်းသူများအား ကာကွယ်ရေးနဲ့ ဖွံ့ဖြိုးရေးအက်ဥပဒေတို့ကို အတည်ပြုပြီးတဲ့နောက် အစိုးရဟာ နိုင်ငံအတွင်းမှာနေထိုင်တဲ့ မသန်စွမ်းသူ ၁.၅၁ သန်း လောက်ကို ဖော်ထုတ်နိုင်ခဲ့ပါတယ်။ သူတို့တွေအားလုံးကို နောက်နှစ်ကနေစပြီး ထောက်ပံ့ကြေးပေးဖို့အတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်” ဟု ဘင်္ဂလားဒေ့ရှ် လူမှုဖူလှုံရေးဝန်ကြီး ဇီလာရဟ်မန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    ဒါကာတွင် ပြုလုပ်ခဲ့သည့် မသန်စွမ်းသူ ကလေးငယ်များအား စွမ်းအားမြှင့်တင်ပေးရေးဆိုင်ရာ စီမံကိန် ဖော်ဆောင်မှု အခမ်းအနားတွင် ဇီလာရဟ်မန်က ထိုကဲ့သို့ ပြောဆိုခဲ့ခြင်းဖြစ်သည်။

    ကလေးငယ်များ၏ မသန်စွမ်းမှုများကို စောလျင်စွာ သိရှိနိုင်ရန်နှင့် သက်ဆိုင်ရာ တာဝန်ရှိသူများအား စွမ်းဆောင်ရည် မြှင့်တင်ပေးရေး ရည်ရွယ်သည့် အဆိုပါ စီမံကိန်းကို ယူနီဆက်ဖ်နှင့် Shuchona ဖောင်ဒေးရှင်းတို့က ပူးပေါင်းဆောင်ရွက်ခြင်းဖြစ်သည်။

    ဘင်္ဂလားဒေ့ရှ် ကျန်းမာရေးဝန်ကြီးဌာနမှ ထိပ်တန်းတာဝန်ရှိသူ အဘ်ဒူလ် ကလမ် အဇဒ်က မသန်စွမ်းသူများအား အထူးဝန်ဆောင်မှုများ ပေးနိုင်ရန်အတွက် အဖွဲ့တစ်ခုကို လေ့ကျင်ပျိုးထောင်ပေးနေသည်ဟု ပြောကြားခဲ့သည်။

    ဘင်္ဂလာဒေ့ရှ် လူဦးရေ၏ ၁၀ ရာခိုင်နှုန်းဖြစ်သော ၁၆ သန်းမှာ မသန်စွမ်းသူများဖြစ်သည်ဟု စာရင်းများအရ သိရသည်။

    Ref: Alarabiya

  • Microsof Word ကို ကျောက်သင်ပုန်းနဲ့သင်တဲ့ ဂါနာကျောင်းဆရာကို မိုက်ခရိုဆော့ဖ်က ကွန်ပျူတာပို့ပေးမည်

    Microsof Word ကို ကျောက်သင်ပုန်းနဲ့သင်တဲ့ ဂါနာကျောင်းဆရာကို မိုက်ခရိုဆော့ဖ်က ကွန်ပျူတာပို့ပေးမည်

    မတ် ၁၊ ၂၀၁၈
    M-Media

    – တပည့်တွေကို ကျောက်သင်ပုန်းနဲ့ ကွန်ပျူတာသင်တဲ့ ဂါနာက ကျောင်းဆရာတစ်ယောက်ရဲ့အကြောင်း အွန်လိုင်းမှာ ဟိုးလေးတစ်ကျော်ကျော် ဖြစ်ခဲ့ပြီးတဲ့နောက် မိုက်ခရိုဆော့ဖ်က ကွန်ပျူတာတစ်စုံ ပေးပို့သွား မယ်လို့ ပြောကြားလိုက်ပါတယ်။

    နိုင်ငံရဲ့ ဒုတိယမြို့တော် ကူမာဆီက ရစ်ချက် အပီယာ အကိုတိုဆိုတဲ့ ကျောင်းဆရာဟာ ကျောင်းမှာ ကွန်ပျူတာမရှိတဲ့အတွက် Microsot Word ပရိုဂရမ်ကို ကျောက်သင်ပုံးနဲ့ သင်ကြားနေတဲ့ ပုံတွေကို Facebook စာမျက်မှာ လွှင့်တင်ခဲ့ပြီး “ဂါနာကကျောင်းမှာ နည်းပညာကို သင်ကြားရတာ အလွန်ရယ်စရာကောင်းပါတယ်” ဆိုတဲ့ မှတ်ချက်ကိုလည်း ရေးသားခဲ့ပါတယ်။

    သူ့ရဲ့ အဲဒီဓာတ်ပုံတွေကို ထောင်သောင်းချီ ပြန်လည်မျှဝေခဲ့ကြပြီးတဲ့နောက် မိုက်ခရိုဆော့ဖ်က ကွန်ပျူတာအသစ်တစ်စုံ ပေးပို့သွားမယ်လို့ ကြေငြာခဲ့တာပါ။

    “ကျောင်းသူကျောင်းသားတွေကို ကျွန်တော်ချစ်တယ်။ သူတို့ နားလည်စေမယ့် ပုံစံမျိုးနဲ့ ကျွန်တော် သင်ကြားရတာ ဖြစ်ပါတယ်” လို့လည်း သူက ထည့်သွင်း ရေးသားခဲ့ပါတယ်။

    မစ္စတာ အကိုတိုဟာ Betenase M/A Junior အထက်တန်ကျောင်းမှာ နည်းပညာသင်ကြားသူပါ။ အဲဒီကျောင်းမှာ ၂၀၁၁ ခုနှစ်ကတည်းကစလို့ ကွန်ပျူတာမရှိတော့ပေမယ့် ကျောင်းသားတွေဟာ အတန်းတက်ဖို့ဆိုရင် ICT စာမေးပွဲကို အောင်ဖို့လိုတာကြောင့် အကိုတိုက ကျောက်သင်ပုန်းအသုံးပြုကာ ကွန်ပျူတာကို သင်ကြားတာ ဖြစ်ပါတယ်။

    ဖေဖော်ဝါရီလ အလယ်ပိုင်းလောက်ကတည်းက လွှင့်တင်ထားတဲ့ ဒီပုံတွေကို တွေ့ရှိခဲ့ပြီးနောက် လူတော်တော်များများက သူ့ရဲ့ ကြိုးပမ်းအားထုတ်မှုအတွက် ချီးကျူးခဲ့ကြပါတယ်။

    “ကျောက်သင်ပုန်းမှာ ဒီလိုဆွဲပြီးသင်ရတာဟာ ကျွန်တော့်ဘ၀မှာ ပထမဆုံး မဟုတ်ပါဘူး။ စာသင်ခန်းတဲ့ရောက်တဲ့ ဒီလိုမျိုးပဲ ကျွန်တော် သင်ရတာပါ။ Facebook မှာ ပုံတင်ရတာကို ကြိုက်တဲ့အတွက်ကြောင့် ဒီလိုပဲ တင်လိုက်တာပါ။ လူတွေက သတိထားလိမ့်မယ်လို့ ကျွန်တော် တကယ်မသိခဲ့ပါဘူး” လို့ သူက Quartz Africa
    ကို ပြောကြားခဲ့ပါတယ်။

    စွန့်ဦးတီထွင်လုပ်ငန်းရှင်တစ်ယောက်ဖြစ်တဲ့ ရေဘက်ကာ အီနွန်ချောင်က ဒီပုံတွေကို Microsoft Africa ထံ တစ်ဆင့်မျှဝေခဲ့ပြီး အကိုတိုဟာ သူတို့ရဲ့ ထုတ်ကုန်တွေကို တကယ်အသုံးမပြုနိုင်ဘဲနဲ့ သင်ကြားနေရတယ်ဆိုတာ ပြောပြခဲ့ပါတယ်။

    အဲဒီနောက်မှာ မိုက်ခရိုဆော့ဖ်က အကိုတိုထံ ကွန်ပျူတာတစ်စုံနဲ့ သင်ထောက်ကူပစ္စည်းတွေ ပေးပို့သွားမယ်လို့ အင်္ဂါနေ့မှာ ကြေငြာခဲ့ပါတယ်။

    Ref: BBC

  • ရာထူးမှ စောစောဆင်းပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

    ရာထူးမှ စောစောဆင်းပေးမည်ဟု ဖိလစ်ပိုင်သမ္မတ ပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈
    M-Media

    – အာဏာရှင်တစ်ယောက်ဖြစ်ရန် ဆောင်ရွက်နေသည်ဆိုသော ပြောကြားမှုများကို ဖိလစ်ပိုင်သမ္မတ ရော်ဒရီဂို ဒူတာတေးက ယနေ့တွင် ငြင်းဆိုခဲ့ပြီး ရာထူးမှ စောစီးစွာ အနားယူသွားမည်ဟု ပြောကြားလိုက်သည်။

    ဒူတာတေးမှာ နိုင်ငံအား အမေရိကန်ကဲ့သို့ ဖက်ဒရယ်နိုင်ငံဖြစ်လာရေး ဖွဲ့စည်းပုံရေးဆွဲရန်အတွက် အငြိမ်းစားတရားသူကြီးချုပ် ဦးဆောင်သည့် ကျွမ်းကျင်သူ ၁၉ ဦးပါဝင်သော အဖွဲ့တစ်ခုကို လွန်ခဲ့သည့် တစ်လက ဖွဲ့စည်း ခဲ့သည်။

    ဝေဖန်သူများက ထိုဆောင်ရွက်မှုမှာ ၆ နှစ် သမ္မတသက်တမ်းကုန်ဆုံးမည့် ၂၀၂၂ ခုနှစ်နောက်ပိုင်းတွင် ရာထူးဆက်ယူရေးအတွက် ဖွဲ့စည်းပုံအပြောင်းအလဲ လုပ်ရန် ဆောင်ရွက်ခြင်းဖြစ်သည်ဟု ယုံကြည်နေကြသည်။

    သို့သော်လည်း ထိုအချက်ကို ဒူတာတေးက ငြင်းဆိုခဲ့ပြီး ၎င်း၏ ဆန္ဒမှာ ဖက်ဒရယ်နိုင်ငံဖြစ်လာရေးဖြစ်သည်ဟု ဆိုသည်။

    “၂၀၂၂ ခုနှစ်အထိ ကျွန်တာ် မစောင့်ပါဘူး။ ၂၀၂၀ မှာ ရာထူးကဆင်းမှာပါ။ ကျွန်တော် အိုနေပြီ။ တစ်ခြား ရည်မှန်းချက်လည်း ကျွန်တော့်မှာ မရှိပါဘူး။ အနားယူချင်နေပါပြီ” ဟု ဒူတာတေးက ယနေ့ပြောကြားသည့်မိန့်ခွန်းတွင် ပြောဆိုခဲ့သည်။

    အောက်လွှတ်တော်မှ ဒူတာတေး၏ မဟာမိတ်များမှာ ပြီးခဲ့သည့်လက လာမည့်နှစ်တွင် ပြုလုပ်မည့် ကြားဖြတ်ရွေးကောက်ပွဲအား ဖျက်သိမ်းရေး၊ ရွေးကောက်တင်မြှောက်ခံထားရသည့် တာဝန်ရှိသူများ၏ သက်တမ်းကို တိုးမြှင့်ရေးတို့အတွက် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြင်ဆင်ရေး တိုင်းပြုပြည်ပြုလွှတ်တော် ခေါ်ယူရန် မဲခွဲဆုံးဖြတ်ခဲ့ကြသည်။

    လူထုတော်လှန်ရေးကြောင့် အာဏာရှင် ဖာဒီနန် မားကို့စ် ပြုတ်ကျသွားခဲ့ပြီးနောက် ၁၉၈၇ ခုနှစ်တွင် လက်ရှိအသုံးပြုနေသည့် ဖိလစ်ပိုင် ဖွဲ့စည်းပုံ အခြေခံဥပဒေကို ရေးဆွဲခဲ့သည်။

    အရပ်ဖက်နှင့် ဘာသာရေးအဖွဲ့အစည်းများက တိုင်းပြည်တွင် မားကို့စ်ကဲ့သို့ အာဏာရှင်မျိုး ထပ်ပေါ်လာရန် ဖန်တီးနေသည်ဟု ပြောကြားမှုများကြောင့် ယခင်က အခြေခံဥပဒေအား ပြင်ဆင်ရန်အတွက် ကြိုးပမ်းမှုများမှာ မအောင်မြင်ခဲ့ပေ။

    ဒူတာတေးမှာ အာဏာရှင် မားကို့စ်အား အားကျသည်ဟု ယခင်က ပြောဆိုမှုများ ရှိခဲ့ပြီး ၎င်းအား လူကြိုက်များနေမှု၊ လွှတ်တော်တွင် ၎င်း၏ မဟာမိတ်များက အလွန်အမင် အသာရနေမှုကြောင့် ဖွဲ့စည်းပုံအား ပြင်ဆင်ကာ အာဏာရှင်အဖြစ် ရပ်တည်လာမည်ဆိုသည့် စိုးရိမ်မှုများလည်း ရှိနေသည်။

    Ref: CNA

  • ပိတ်ပင်ထားသည့် လက်နက်များကို မြောက်ကိုရီးယားက မြန်မာနှင့် ဆီးရီးယားသို့ တင်ပို့ဟု ကုလပြော

    ပိတ်ပင်ထားသည့် လက်နက်များကို မြောက်ကိုရီးယားက မြန်မာနှင့် ဆီးရီးယားသို့ တင်ပို့ဟု ကုလပြော

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈
    M-Media

    – မြောက်ကိုရီးယားက ကုလရဲ့ ပိတ်ဆို့မှုကို ဆန့်ကျင်ပြီး တိုက်ချင်းပစ်ဒုံးကျည်နဲ့ ဓာတုလက်နက် ထုတ်လုပ်ရာမှာ အသုံးပြုတဲ့ ပစ္စည်းတွေကို ဆီးရီးယားနိုင်ငံကို ပို့ဆောင်ကာ၊ ပိတ်ပင်ထားတဲ့ တိုက်ချင်းပစ်ဒုံးကျည်စနစ်တွေ မြန်မာနိုင်ငံကို ပို့ဆောင်ခဲ့တယ်လို့ ကုလက ကျွမ်းကျင်သူတွေက ပြောကြားလိုက်ပါတယ်။

    မြောက်ကိုရီးယားအပေါ် ပြုလုပ်ထားတဲ့ ပိတ်ဆို့မှုတွေကို စောင့်ကြည့်နေတဲ့အဖွဲ့က ၂၀၁၂ ခုနှစ်ကနေ ၂၀၁၇ ခုနှစ်အတွင်း မြောက်ကိုရီးယားက ဆီးရီးယားကို တားမြစ်ထားတဲ့ ဒုံးကျည်တွေ၊ သာမန် လက်နက်တွေ၊ နှစ်မျိုးသုံး ကုန်ပစ္စည်းတွေကို အကြိမ် ၄၀ ကျော်လောက် တိတ်တဆိတ် ပို့ဆောင်ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာနိုင်ငံကလည်း တိုက်ချင်းပစ်ဒုံးကျည်စနစ်တွေ၊ မြေပြင်ကဝေဟင်ပြစ်ဒုံးကျည်တွေ၊ ဒုံးပစ်လောင်ချာ အမျိုးမျိုးနဲ့ သာမန်လက်နက်တွေကို မြောက်ကိုရီးယားထံကနေ ရရှိခဲ့တဲ့ အထောက်အထားတွေ တွေ့ရတယ်လို့ဒီအဖွဲ့က ပြောပါတယ်။

    ကုလ ကျွမ်းကျင်သူတွေရဲ့ အစီရင်ခံစာကို ကိုးကားပြီး AP သတင်းဌာနရဲ့ ဖေဖော်ဝါရီ ၂ ရက်နေ့ သတင်းဖော်ပြချက်မှာ မြောက်ကိုရီးယားဟာ ဆီးရီးယား၊ မြန်မာတို့နဲ့ တားမြစ်ထားတဲ့ ဒုံးကျည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်မှုတွ ရှိခဲ့ပြီး၊ ပြီးခဲ့တဲ့နှစ် ၉ လအတွင်းမှာ ကန်ဒေါ်လာ သန်း ၂၀၀ နီးပါး တန်ဖိုးရှိတဲ့ ပစ္စည်းတွေကို တရားမ၀င် တင်ပို့ခဲ့တယ်လို့ ဆိုပါတယ်။

    မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးပစ္စည်းစက်ရုံဟာ ကမ္ဘာတစ်ဝှမ်း လက်နက်ဝယ်ယူရေး ကွန်ယက်တစ်ခုကို ချိတ်ဆက်ထားနိုင်ပြီး မြောက်ကိုရီးယားနဲ့ ပတ်သက်နေတဲ့ ဒုံးကျည်စနစ်အတွက် နိုင်ငံခြားရင်းမြစ်တွေကနေ ပစ္စည်းတွေ ရယူနေတယ်လို့ ကုလက စောင့်ကြည့်အဖွဲ့ရဲ့ အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။

    မြန်မာစစ်တပ်က ၂၀၁၂ ခုနှစ်မှာ နျူလက်နက်နဲ့ ဆက်စပ်တဲ့ တားမြစ်ပစ္စည်းတွေကို လွှဲပြောင်းရယူဖို့ ကြိုးပမ်းရာမှာ စိုးမင်းထိုက်ဆိုတဲ့ ကုမ္ပဏီလည်း ပါဝင်ခဲ့တယ်လို့ ကုလက အရင်တုန်းကလည်း ပြောကြားခဲ့ဖူးပါတယ်။

    မြန်မာအစိုးရက သူတို့ဟာ မြောက်ကိုရီးယားနဲ့ သာမန် သံတမန်ဆက်ဆံရေးသာရှိနေပြီး စစ်ဖက်ဆက်ဆံရးမရှိတော့ဘူးလို့ ပြီးခဲ့တဲ့နှစ်မှာ ပြောကြားခဲ့ပြီး ကုလ စောင့်ကြည့်အဖွဲ့ရဲ့ သတင်းအချက်အလက်တောင်းဆိုမှုကိစ္စအတွက် စုံစမ်းမှုတွေ ပြုလုပ်နေတယ်လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref: Wahington Times

  • လကမ္ဘာပေါ်တွင် 4G ကွန်ယက် တည်ဆောက်မည်

    လကမ္ဘာပေါ်တွင် 4G ကွန်ယက် တည်ဆောက်မည်

    ဖေဖော်ဝါရီ ၂၈၊ ၂၀၁၈
    M-Media

    – ၂၀၁၉ ခုနှစ်အရောက်မှာ လကမ္ဘာပေါ် ဖုန်းဆက်သွယ်ရေးကွန်ယက် ဖြန့်ကျက်နိုင်ဖို့ ဆောင်ရွက်သွားမယ်လို့ ကမ္ဘာ့ ထိပ်တန်း ကုမ္ပဏီတွေက မနေ့မှာ ပြောကြားလိုက်ပါတယ်။

    လကမ္ဘာပေါ် လူရောက်ပြီး နှစ်ပေါင်း ၅၀ ကြာရင် ဆက်သွယ်ရေးကွန်ယက် တည်ဆောက်သွားမယ်ဆိုတဲ့ နာဆာရဲ့ စီမံကိန်းအရ Vodafone၊ Nokia၊ Audi နဲ့ SpaceX တို့ ပူးပေါင်းပြီး လပေါ်မှာ 4G ကွန်ယက် တည်ဆောက်သွားမှာ ဖြစ်ပါတယ်။

    ဒါဟာ အနာဂတ် အာကာသခရီးစဉ်တွေမှာ လပေါ်သွားယာဉ်တွေအကြား ဆက်သွယ်နိုင်ဖို့အတွက် ရည်ရွယ်တည်ဆောက်တာဖြစ်ပါတယ်။ ဒီကွန်ယက် တည်ဆောက်ပြီးသွားရင် လပေါ်က အာကာသယာဉ်မှူးတွေ၊ အာကာသယာဉ်တွေ ဆက်သွယ်ပြောဆိုရာမှာ ပိုမိုလွယ်ကူမှာဖြစ်ပြီး၊ signal တွေကို လပေါ်ကနေ ကမ္ဘာကို ပို့ကာ၊ ကမ္ဘာနေတစ်ဆင့် လပေါ်ကို ပြန်ပို့ရတာမျိုး ရှိတော့မှာ မဟုတ်ပါဘူး။

    4G ကွန်ယက်ကို Nokia နဲ့ Vodafone တို့က ပူးပေါင်းဖန်တီးမှာဖြစ်ပြီး၊ Audi က ကွန်ယက်ချိတ်ဆက်နိုင်မယ့် လပေါ်သွားယာဉ်တွေကို ဖန်တီးထုတ်လုပ်နေပါတယ်။ ဒီစီမံကိန်းတစ်ခုလုံးကို PTScientists ကုမ္ပဏီက ဦးစီးတာဖြစ်ပြီး ဒီကွန်ယက်ကို လာမယ့်နှစ်မှာ SpaceX က သူတို့ရဲ့ Falcon9 ဒုံးပျံတွေနဲ့ လပေါ်ကိုပို့မှာ ဖြစ်ပါတယ်။

    “နေအဖွဲ့အစည်းကို အဆက်မပြတ် လေ့လာစူးစမ်းနိုင်ဖို့အတွက် ဒါဟာ အရေးပါတဲ့ ပထမခြေလှမ်းပါ။ ကမ္ဘာဆိုတဲ့ ပုခက်ကလေးထဲက လူသားတွေ ထွက်နိုင်ဖို့ ကျွန်တော်တို့ဟာ ကမ္ဘာဂြိုဟ်ကြီးရဲ့အပြင်ဘက်မှာ အခြေခံအဆောက်အဦးတွေ ဆောက်လုပ်ဖို့ လိုအပ်ပါတယ်” လို့ PTScientists စီအီးအို ရောဘတ် ဘိုမီက ပြောကြားခဲ့ပါ
    တယ်။

    Aljazeera