News @ M-Media
Blog
  • ဆီးရီးယားအစိုးရတပ်ဖွဲ့များ ကာ့ဒ်ဖက်နေ၍ တူရကီကို တိုက်ခိုက်မည်
    ဆီးရီးယားအစိုးရတပ်ဖွဲ့များ ကာ့ဒ်ဖက်နေ၍ တူရကီကို တိုက်ခိုက်မည်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    – နိုင်ငံအနောက်မြောက်ပိုင်း နယ်စပ်ရှိ အက်ဖ်ရင်မြို့ကို ကျူးကျော်ဝင်ရောက်တိုက်ခိုက်သည့် တူရကီတပ်ဖွဲ့များအား ပြန်လည်မောင်းထုတ်ရေးအတွက် ဆီးရီးယားအစိုးရတပ်များ ၀င်ရောက်ရန် သဘောတူညီချက်တစ်ခုရရှိခဲ့ပြီဟု ကာ့တပ်ဖွဲ့ YPG က ပြောကြားလိုက်သည်။
    YPG မှ ပြောရေးဆိုခွင့်ရှိသူ နူရီ မဟ်မူးဒ်က ဆီးရီးယားပြည်ထောင်စုကို ထိန်းသိမ်းရန်အတွက် ဆီးရီးယားအစိုးရတပ်များကို ခေါ်ထားသည်ဟု ယနေ့တွင် ပြောဆိုခဲ့ပြီး တူရကီနှင့် ဆီးရီးယားတပ်များ ထိပ်တိုက်တွေ့ဆုံမည့် အခြေအနေ ဖြစ်သည်။
    တူရကီတပ်ဖွဲ့များနှင့် တူရကီက ကျောထောက်နောက်ခံပြုထားသည့် FSA လက်နက်ကိုင်အဖွဲမှာ ပြီးခဲ့သည့်လမှစတင်ကာ အက်ဖရင်မြို့သို့ ၀င်ရောက်၍ အမေရိကန်ကျောထောက်နောက်ခံပြု YPG တပ်ဖွဲ့များကို တိုက်ခိုက်ခဲ့သည်။
    အက်ဖရင်မြို့အား ထိန်းချုပ်ထားသော YPG ကို တူရကီက အကြမ်းဖက်အဖွဲ့အစည်းအဖြစ် သတ်မှတ်ထားသည်။
    မဟ်မူးဒ်က လက်ရှိတွင် ဆီးရီးယားတပ်ဖွဲ့များ မရောက်သေးသော်လည်း ၂ ရက်အတွင်း ရောက်လာမည်ဟု မျှော်လင့်ထားကြောင်း ထည့်သွင်း ပြောဆိုခဲ့သည်။
    ထိုကိစ္စနှင့်ပတ်သက်၍ တူရကီဖက်က မည်သည့်တုန့်ပြန်မှုမှ မလုပ်သေးချေ။
    Ref: Aljazeera
  • ၀ီဂါမွတ်စလင်အများစုရှိရာ ဒေသတွင် ဆင်းရဲမှုတိုက်ဖျက်ရေးစီမံကိန်း တရုတ်စတင်
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    – နိုင်ငံအနောက်မြောက်ပိုင်း ၀ီဂါမွတ်စလင်တွေ အများစုနေထိုင်ရာ ရှင်ကျန်းပြည်နယ်က ဒေသအချို့မှာ ဆင်းရဲမွဲတေမှုပပျောက်ရေး စီမံကိန်းကို တရုတ်အစိုးရက စတင်လိုက်ပါတယ်။
    ၃ နှစ်တာကြာမြင့်မယ့် ဒီစီမံကိန်းမှာ ရှင်ကျန်းပြည်နယ် ခရိုင် ၂၂ ခုနှစ်က လူပေါင်း ၄ သိန်းလောက် အကျုံးဝင်မှာဖြစ်တယ်လို့ Xhinhua သတင်းဌာနက မနေ့မှာ ဖော်ပြခဲ့ပါတယ်။
    ရှင်ကျန်းပြည်နယ်မှာ ၀ီဂါမွတ်စလင် ၁၀ သန်းလောက် နေထိုင်ပြီး ဗဟိုအစိုးရရဲ့ ရိုးရာယဉ်ကျေးမှုနဲ့ ဘာသာရေးဖိနှိပ်မှုတွေကို နေ့စဉ်နဲ့အမျှ ခံစားနေရတယ်လို့ ပြောပါတယ်။ တရုတ်အစိုးရကတော့ ဒီပြောကြားချက်တွေကို ငြင်းဆိုထားပါတယ်။
    ရှန်ကျန်းမှာလုပ်မယ့် ဆင်းရဲမွဲတေမှု ပပျောက်ရေး စီမံကိန်းမှာ အစိုးရက ငွေဘယ်လောက်သုံးစွဲမလဲဆိုတာကိုတော့ Xhinhua သတင်းဌာနက ဖော်ပြခြင်း မရှိပါဘူး။ ပြီးခဲ့တဲ့နှစ်မှာ ဆင်းရဲမွဲတေမှု ပပျောက်ရေးအတွက် တရုတ်အစိုးရဟာ ကန်ဒေါ်လာ သန်း ၉၆၀ အသုံးပြုခဲ့ပြီး အဲဒီအထဲက ၈၀ ရာခိုင်နှုန်းကို ရှန်ကျန်းပြည်နယ်က အဆင်းရဲဆုံး ဒေသတွေဖြစ်တဲ့ ဟာရှီ၊ ဟိုတန်၊ ကီဇီလီဆူ၊ အာ့ခယ်ဆူဒေသတွေအတွက် ခွဲပေးခဲ့ပါတယ်။
    ၂၀၂၀ ခုနှစ် နောက်ဆုံးသတ်မှတ်ထားတဲ့ အဲဒီ ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး စီမံကိန်းကို အကောင်အထည်ဖော်ဖို့အတွက် ဒေသ ၁၉၂ ခုကို အစိုးရတာဝန်ရှိသူတွေ စေလွှတ်မှာ ဖြစ်ပါတယ်။
    ဒါဟာ တရုတ်ကွန်မြူနစ်ပါတီက လုပ်ဆောင်နေတဲ့ နိုင်ငံအတွင်း ဆင်းရဲမွဲတေမှု တိုက်ဖျက်ရေး တစ်စိတ်တစ်ပိုင်းဖြစ်ပြီး ၂၀၂၀ ခုနှစ်မှာ နိုင်ငံသားတိုင်းရဲ့ ၀င်ငွေဟာ အနိမ့်ဆုံးဖြစ်တဲ့ တစ်နှစ် ဒေါ်လာ ၃၆၀ ထက် ကျော်လွန်ဖို့ ရည်မှန်းထားတာပါ။
    တရုတ်နိုင်ငံရဲ့ တစ်ဦးချင်း ဂျီဒီပီဟာ ကန်ဒေါ်လာ ၈၁၃၂ ရှိတယ်လို့ ကမ္ဘာဘဏ်ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပြီး ၂၀၁၇ ခုနှစ်အတွင်း ကျေးလက်ဒေသက လူပေါင်း ၁၃ သန်းနီးပါးကို ဆင်းရဲတွင်းကနေ ထုတ်နိုင်ခဲ့ပါတယ်။
    Ref: Aljazeera
  • အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုမှာ အမေရိကန်နှင့် အပေါင်းအပါများကြောင့်ဟု အီရန်ပြော
    အရှေ့အလယ်ပိုင်း မတည်ငြိမ်မှုမှာ အမေရိကန်နှင့် အပေါင်းအပါများကြောင့်ဟု အီရန်ပြော
    ဖေဖော်ဝါရီ ၁၉၊ ၂၀၁၈
    M-Media
    – အရှေ့အလယ်ပိုင်းကို မတည်ငြိမ်အောင်လုပ်နေတယ်ဆိုတဲ့ ဆော်ဒီနဲ့ အစ္စရေးတို့ရဲ့ စွပ်စွဲချက်တွေကို အီရန်က ပယ်ချလိုက်ပြီး ‘အမေရိကန်နဲ့ အပေါင်းအပါတွေက’ သူတို့ရဲ့ ‘မဟာဗျူဟာအမှားတွေ’၊ ‘ဘက်ရွေးမှားမှုတွေ’ ကို ဖုံးကွယ်ဖို့ ကြိုးစားနေတာသာဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။
    မနေ့က ဂျာမနီနိုင်ငံ မြူးနစ်မြို့မှာလုပ်တဲ့ လုံခြုံရေးဆိုင်ရာ ညီလာခံမှာ အရှေ့အလယ်ပိုင်း ဒေသအတွင်း တင်းမာမှုတွေ မြင့်တက်လာမှုအတွက် အစ္စရေးနဲ့ ဆော်ဒီတို့က အီရန်ကို ပြစ်တင်ပြောဆိုခဲ့ကြတာပါ။
    အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ဟာ ကမ္ဘာကြီးအတွက် အကြီးမားဆုံး ခြိမ်းခြောက်မှုလို့ ပြောကြားခဲ့ပြီး၊ ဆော်ဒီနိုင်ငံခြားရေးဝန်ကြီး အဒဲလ် အလ် ဂျူဘိုင်းရ်က အီရန်အစိုးရဟာ အခြေခံကျကျ ပြောင်းလဲမှုတွေ လုပ်ဖို့ လိုအပ်တယ်လို့ ပြောကြားခဲ့ပါတယ်။
    အီရန်နိုင်ငံခြားရေးဝန်ကြီး မိုဟာမက် ဂျာဗဒ် ဇာရစ်ဖ်က သူ့နိုင်ငံရဲ့ အရှေ့အလယ်ပိုင်းပေါ်လစီနဲ့ပတ်သက်လို့ ဝေဖန်ပြောဆိုမှုဟာ လွန်လွန်းတယ်လို့ မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပြီး ဒေသတွင်း မတည်မငြိမ်ဖြစ်အောင် လုပ်နေတယ်ဆိုတဲ့ စွပ်စွဲချက်တွေကိုလည်း ငြင်းဆိုခဲ့ပါတယ်။
    “အမေရိကန်နဲ့ ဒေသတွင်းက သူ့ရဲ့အပေါင်းအပါနိုင်ငံတွေဟာ ဘက်ရွေးမှားခဲ့တဲ့ နောက်ဆက်တွဲ ဆိုးကျိုးတွေကို ခံစားနေရတာပါ။ ဒါပေမယ့် ဒီကိစ္စနဲ့ အခြားအဖြစ်အပျက်တွေကို အသုံးပြုပြီး အီရန်ရဲ့ နိုင်ငံခြားရေးပေါ်လစီအပေါ် ကြောက်ရွံ့စိုးရိမ်လာအောင်၊ လက်တွေ့အခြေအနေတွေကို မှေးမှိန်သွားအောင် လုပ်နေတာပါ”
    ၁၉၈၀ ပြည့်နှစ်တွေမှာ အမေရိကန်ကိုယ်တိုင် ထောက်ခံအားပေးတဲ့ အီရတ်ခေါင်းဆောင် ဆက်ဒမ်ဟူစိန်ကို ဖြုတ်ချဖို့ဆိုပြီး ၂၀၀၃ ခုနှစ်မှာ အီရတ်ကို ကျူးကျော်တိုက်ခိုက်မှု၊ အမေရိကန်မဟာမိတ် အစ္စရေးက ပါလက်စတိုင်းပိုင်နက်တွေကို ကျူးကျော်သိမ်းပိုက်မှု၊ ဆော်ဒီက ယီမင်ကို ဗုံးကြဲမှု စတာတွေကို ဇာရစ်ဖ်က ထောက်ပြခဲ့ပါတယ်။
    အီရန်က ဆီးရီးယားကနေ သူတို့လေပိုင်နက်ထဲကို ဒရုန်းလွှတ်တယ်ဆိုပြီး စွပ်စွဲကာ ဆီးရီးယားနိုင်ငံအတွင်းက အီရန်စခန်းတွေကို အစ္စရေးက ဖေဖော်ဝါရီ ၁၀ ရက်နေ့မှာ လေကြောင်းကနေတိုက်ခိုက်မှု အကြီးအကျယ်ပြုလုပ်ခဲ့ပြီး ဒါဟာ ပြီးခဲ့တဲ့နှစ်တွေအတွင်း အစ္စရေးနဲ့ အီရန်တို့အကြား အပြင်းထန်ဆုံး ထိပ်တိုက်တွေ့ဆုံမှု ဖြစ်ပါတယ်။
    အစ္စရေးက အီရန်ဟာ ဆီးရီးယားပိုက်နက်ကိုသုံးပြီး လက်ဘနွန်က ဟစ်ဇ်ဘိုလာအဖွဲ့ကို လက်နက်ထောက်ပံ့တာ၊ အစ္စရေးကို တိုက်ခိုက်ခိုင်းတာတွေ လုပ်မယ်ဆိုတဲ့ စိုးရိမ်မှုတွေ ရှိနေပါတယ်။
    မနေ့က မြူးနစ်ညီလာခံမှာ အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုက အီရန်ကို နာဇီဂျာမနီနဲ့ နှိုင်းယှဉ်ပြောဆိုသွား
    ပြီး၊ အီရန်နိုင်ငံခြားရေးဝန်ကြီး ဇာရစ်ဖ်က နေတန်ယာဟုရဲ့ ပြောဆိုချက်တွေဟာ ‘ကလေးတွေ စတန့်ထွင်ြေ
    ပာသလိုမျိုး’ ဖြစ်ပြီး တုန့်ပြန်ဖို့တောင် မထိုက်တန်ဘူးလို့ ပြောကြားခဲ့ပါတယ်။
    Ref : Aljazeera
  • နိုင်ငံတကာ ကျောင်းသားလူငယ် ပြိုင်ကားပြိုင်ပွဲတွင် ပါကစ္စတန် ကျောင်းသူအဖွဲ့ ၀င်ပြိုင်မည်
    နိုင်ငံတကာ ကျောင်းသားလူငယ် ပြိုင်ကားပြိုင်ပွဲတွင် ပါကစ္စတန် ကျောင်းသူအဖွဲ့ ၀င်ပြိုင်မည်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – ကျောင်းသားအဆင့် နိုင်ငံတကာ ပြိုင်ကား တီထွင်မောင်းနှင်မှုပြိုင်ပွဲ International Formula Student မှာ ၀င်ရောက်ယှဉ်ပြိုင်ဖို့အတွက် ပါကစ္စတန်ကျောင်းသူအဖွဲ့တစ်ခုဟာ ပြိုင်ကားတစ်စီးကို တီထွင်ထုတ်လုပ်နေပါတယ်။
    အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ သူတို့အဖွဲ့ဟာ ပါကစ္စတန် အမျိုးသား သိပ္ပံနဲ့ နည်းပညာတက္ကသိုလ်ကဖြစ်ပြီး စီးပွားရေးကနေ လျှပ်စစ်အင်ဂျင်နီယာအထိ မေဂျာအစုံ ပါဝင်ပါတယ်။
    International Formula Student ကားပြိုင်ပွဲကို အခုနှစ် ဇူလိုင်လ ယူကေက Silverstone ရဲ့ ကားပြိုင်ကွင်းမှာ ကျင်းပမှာပါ။
    ကျောင်းသူလေးတွေဟာ သူတို့ရဲ့ အဖွဲ့အမည်ကို Team Auj လို့ အမည်ပေးထားပြီး ‘တက်နိုင်ဖျားရောက်’ လို့ အဓိပ္ပါယ်ရပါတယ်။
    ပြိုင်ပွဲအတွက် စာရင်းပေးခဲ့ပြီးတဲ့နောက် ပြိုင်ပွဲမှာ အနိုင်ရအောင် အစွမ်းကုန်ကြိုးစားနေပြီး ပါကစ္စတန်အမျိုးသမီးတွေရဲ့ လုပ်နိုင်စွမ်းကို ကမ္ဘာသိအောင် ချပြချင်တယ်လို့လည်း သူတို့က ပြောပါတယ်။
    အဖွဲ့ရဲ့ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ၀ါရ်ဒါ ဂျမားလ်က သူတို့အဖွဲ့ဟာ ဒီပြိုင်ပွဲမှာ ပါကစ္စတန်နိုင်ငံကို ကိုယ်စားပြုယှဉ်ပြိုင်မယ့် ပထမဆုံး အမျိုးသမီးအဖွဲ့ဖြစ်ကြောင်း၊ သူတို့အဖွဲ့ ထုတ်လုပ်ထားတဲ့ ကားကို မောင်းနှင်မယ့် သူကလည်း အဖွဲ့ဝင်အမျိုးသမီးတစ်ဦး ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
    အမျိုးသားတွေသာလွှမ်းမိုးတဲ့ ပြိုင်ကားနယ်ပယ်မှာ ပါကစ္စတန် အမျိုးသမီးတွေ ပိုမိုပါဝင်လာရေး သူတို့အဖွဲ့က တွန်းအားပေးနိုင်မယ်လို့ မျှော်လင့်မှုတွေလည်း ရှိနေပါတယ်။
    Ref: Alarabiya, The Express Tribune
  • အမျိုးသမီးများ စီးပွားရေးလုပ်ရန် အိမ်ထောင်ဦးစီး၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီပယ်ဖျက်
    အမျိုးသမီးများ စီးပွားရေးလုပ်ရန် အိမ်ထောင်ဦးစီး၏ ခွင့်ပြုချက်ယူရသည့်စနစ်ကို ဆော်ဒီပယ်ဖျက်
    ဖေဖော်ဝါရီ ၁၈၊ ၂၀၁၈
    M-Media
    – ခင်ပွန်း ဒါမှမဟုတ် ဆွေမျိုးသားချင်းတွေထဲက အမျိုးသား တစ်ဦးဦးရဲ့ ခွင့်ပြုချက်ရမှ အမျိုးသမီးတွေ စီးပွားရေးလုပ်ရတဲ့ ကန့်သတ်ကို ပယ်ဖျက်ကြောင်း ဆော်ဒီအစိုးရက ကြာသာပတေးနေ့မှာ ကြေငြာလိုက်ပါတယ်။
    “အမျိုးသမီးတွေအနေနဲ့ အခုအချိန်ကစလို့ အိမ်ထောင်ဦးစီးရဲ့ ခွင့်ပြုချက် တင်ပြစရာမလိုဘဲ စီးပွားရေးကို ကိုယ်တိုင်လုပ်ခွင့်၊ စီးပွားရေးအတွက် အစိုးရဆီက အကူအညီရယူခွင့်တွေ ရရှိမှာ ဖြစ်ပါတယ်” လို့ ဆော်ဒီ စီးပွားကူးသန်းနှင့် ရင်းနှီးမြှုပ်နှံမှု ၀န်ကြီးဌာနက ၀ဘ်ဆိုက်မှာ ဖော်ပြထားပါတယ်။
    အရင်က ဆော်ဒီ အမျိုးသမီးတွေဟာ အစိုးရနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ၊ ခရီးသွားလာမှု၊ ကျောင်းတက်မှု၊ စီးပွားရေးလုပ်ငန်းတွေမှာ ခင်ပွန်း၊ ဒါမှမဟုတ် ဖခင်၊ အစ်ကို၊ မောင် စတဲ့ အိမ်ထောင်ဦးစီးရဲ့ခွင့်ပြုချက်ကို အစိုးရထံ တင်ပြရတာ ဖြစ်ပါတယ်။
    ရေနံအပေါ် အလွန်အမင်း မှီခိုနေရမှုကို လျှော့ချဖို့အတွက် ဆော်ဒီဟာ ပြုပြင်ပြောင်းလဲရေး စီမံကိန်းတစ်ခုကို ချမှတ်ထားပြီး အခုနောက်ပိုင်းမှာ တိုင်းပြည်ရဲ့ ပုဂ္ဂလိကကဏ္ဍကို ဖွံ့ဖြိုးအောင် ဆောင်ရွက်လာပါတယ်။
    ပြုပြင်ပြောင်းလဲမှုတွေထဲမှာ အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရေး လုပ်ငန်းစဉ်တွေလည်း ပါဝင်ပြီး ပြီးခဲ့တဲ့ လအနည်းငယ်စလို့ တစ်စ၊ တစ အကောင်အထည် ဖော်လာခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ် စက်တင်ဘာမှာ ဆော်ဒီဘုရင် ဆလ်မန်ဟာ အမျိုးသမီးတွေ ကားမမောင်းရဆိုတဲ့ ဆယ်စုနှစ်ချီ ကြာမြင့်ခဲ့တဲ့ ကန့်သတ်ချက်ကို ပယ်ဖျက်ပေးလိုက်ပြီး၊ အစိုးရလုပ်ငန်းတွေမှာ အမျိုးသမီးဝန်ထမ်းတွေ ပါဝင်ဆောင်ရွက်ဖို့လည်း လမ်းဖွင့်ပေးခဲ့ပါတယ်။
    အသက် ၃၂ နှစ်အရွယ်ရှိပြီး သြဇာကြီးတဲ့ အိမ်ရှေ့မင်းသား မိုဟာမက် ဘင် ဆလ်မန်က ဆော်ဒီကို အလယ်အလယ်ကျပြီး၊ ပွင့်လင်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုအဖြစ် ဆောင်ရွက်သွားမယ်လို့ အောက်တိုဘာလမှာ ပြောကြားခဲ့ပါတယ်။
    Ref: Alarabiya