News @ M-Media
Blog
  • ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ရိုဟင်ဂျာဒုက္ခသည်များကို ကြိုဆိုလက်ခံသည့်အတွက် ဘင်္ဂလားဒေ့ရှ်ကို ပုပ်ရဟန်းမင်းကြီး ကျေးဇူးတင်
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – မြန်မာနိုင်ငံကနေ ထွက်ပြေးလာရတဲ့ ရိုဟင်ဂျာတွေကို ကြိုဆိုလက်ခံထားတဲ့အတွက် ကျေးဇူးတင်တယ်လို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က ဘင်္ဂလားဒေ့ရှ်ဝန်ကြီးချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပြောကြားလိုက်ပါတယ်။
    ပုပ်ရဟန်းမင်းကြီးဟာ လွန်ခဲ့တဲ့ ၂ လအရင်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်ခဲ့ပြီး မြန်မာနိုင်ငံမှာ ရိုဟင်ဂျာဆိုတဲ့ အမည်နာမကို သုံစွဲတာမျိုး၊ သူတို့အပေါ်မှာ စစ်တပ်က ကြမ်းကြမ်းတမ်းတမ်း ပြုမူတာတွေကို လူသိရှင်ကြား ဝေဖန်ရှုတ်ချတာမျိုး မလုပ်ခဲ့ပါဘူး။
    ဒါပေမယ့် ဘင်္ဂလာဒေ့ရှ်ကို သွားရောက်တဲ့အခါမှာ ပုပ်ရဟန်းမင်းကြီးဟာ ရိုဟင်ဂျာဒုက္ခသည်တစ်ချို့နဲ့ တွေ့ဆုံကာ အားပေးနှစ်သိမ့်ခဲ့ပါတယ်။
    မနေ့က ဘင်္ဂလားဒေ့ရှ်ဝန်ကြီချုပ် ရှိခ်ဟာဆီနာနဲ့ တွေ့ဆုံစဉ်မှာ ပုပ်ရဟန်းမင်းကြီးက ရိုဟင်ဂျာတွေရဲ့ ဆိုးရွားလှတဲ့ ထိခိုက်ခံစားရမှုတွေအတွက် မျှတပြီး၊ တည်တံ့တဲ့ အဖြေတစ်ခုရမယ်လို့ မျှော်လင့်ကြောင်း ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    Ref : VOA
  • သမ္မတနှင့် ပေါင်းစားသည့် ခရိုနီကို တောင်ကိုရီးယားက ထောင် နှစ် ၂၀ ချ
    သမ္မတနှင့် ပေါင်းစားသည့် ခရိုနီကို တောင်ကိုရီးယားက ထောင် နှစ် ၂၀ ချ
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – တောင်ကိုရီးယားသမ္မတဟောင်း ပတ်ဂျုံဟေး၏ ရင်းနှီးသော မိတ်ဆွေတစ်ဦးကို ခြစားမှုဖြင့် ဆိုးလ်တရားရုံးက ထောင်ဒဏ် နှစ် ၂၀ ချမှတ်လိုက်သည်ဟု သိရသည်။
    အသက် ၆၁ နှစ်အရွယ် ချိုဆွန်ဆီလ်ဖြစ်ပြီး သမ္မတနှင့် ရင်းနှီးမှုကို အသုံးချကာ ကိုယ်ကျိုးအတွက် တိုင်းပြည်ရေးရာများကို ၀င်ရောက်စွက်ဖက်ခဲ့သည်ဟု ခရိုင်တရားရုံးက ယနေ့တွင် ဆုံးဖြတ်ခဲ့သည်။
    ပက်ဂျုံဟေးနှင့်ပေါင်းကာ ချိုဆွန်ဆီလ်မှာ ဆမ်ဆောင်းအပါအ၀င် ထိပ်တန်း ကုမ္ပဏီများ၊ စီးပွားရေးလုပ်ငန်းများမှ လာဘ်ငွေ အများအပြားကို ရယူခဲ့ခြင်းဖြစ်ပြီး ထိုကိစ္စကြောင့်ပင် ပတ်ဂျုံဟေးကို တောင်ကိုရီးယားလွှတ်တော်က သမ္မတရာထူးမှ ဖယ်ရှားခဲ့သည်။
    ၂၀၁၆ ခုနှစ် နိုဝင်ဘာလတွင် ဖမ်းဆီးခံရသည့် ချိုမှာ ဒဏ်ငွေ အမေရိကန်ဒေါ်လာ ၁၆.၆ သန်းလည်း ပေးဆောင်ခဲ့ရသည်။
    ဆမ်းဆောင်းအကြီးအကဲ လီဂျယ်ယွန်မှာလည်း ပက်ဂျုံဟေးကို ကန်ဒေါ်လာ ၈.၂ သန်း လာဘ်ထိုးမှုဖြင့် နှစ်ရှည်ထောင်ဒဏ် ကျခဲ့သော်လည်း ယခုလအစောပိုင်းတွင် အယူခံတရားရုံးက ထောင်ဒဏ်ကို ရုပ်သိမ်းကာ ပြန်လွှတ်ပေးခဲ့သည်။ ၎င်းအပေါ် ပြုလုပ်ထားသည့် စွဲဆိုချက်များကိုလည်း ဖယ်ရှားပေးခဲ့သည်။
    Ref: Aljazeera
  • ယူအေအီး၏ အာကာသယာဉ်မှူးသင်တန်း အမျိုးသမီးများအပါအ၀င် လူ ၃၀၀၀ ကျော် လျှောက်ထား
    ယူအေအီး၏ အာကာသယာဉ်မှူးသင်တန်း အမျိုးသမီးများအပါအ၀င် လူ ၃၀၀၀ ကျော် လျှောက်ထား
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံက ပထမဆုံး အာကာသယာဉ်မှူး စီမံကိန်းကို စတင်လိုက်ပြီး လျှောက်ထားသူ ၃၀၀၀ ကျော်လောက်ရှိတယ်လို့ သိရပါတယ်။
    မိုဟာမက် ဘင် ရာရှစ် အာကာသစင်တာက စီစဉ်တဲ့ ဒီစီမံကိန်းမှာ လျှောက်ထားသူတွေရဲ့ ၄ ပုံ ၁ ပုံဟာ အမျိုးသမီးတွေ ဖြစ်ပါတယ်။
    စီမံကိန်းမန်နေဂျာ စလင်း ဟူမိုက် အလ်-မာရီက ယူအေအီးလို နိုင်ငံသေးသေးလေးမှာ ဒီအရေအတွက်ဟာ တော်တော်များတဲ့ ပမာဏဖြစ်တယ်လို့ တနင်္ဂနွေနေ့က ဒူဘိုင်းမှာကျင်းပတဲ့ ကမ္ဘာ့အစိုးရများ ထိပ်သီးညီလာခံမှာ ပြောကြားခဲ့ပါတယ်။
    “ဒါဟာ အမျိုးသမီးတွေကို စွမ်းအားမြှင့်တင်ပေးရေး အစိုးရရဲ့ ပေါ်လစီတွေ အလုပ်ဖြစ်တယ်ဆိုတာကို ပြသနေတာပါ” လို့ စလင်းက ဆိုပါတယ်။
    ဘင်ရာရှစ် အာကာသစင်တာဟာ အာကာသယာဉ်မှူးတွေကို လေ့ကျင့်ပေးဖို့အတွက် နာဆာအပါအ၀င် ရုရှား၊ ဥရောပတို့က အာကာသစင်တာတွေနဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေပါတယ်။
    လျှောက်ထားသူ ၃၀၀၀ ကျော်ကနေ ဒီနှစ်နှောင်းပိုင်းမှာ ၄ ဦး ရွေးထုတ်မှာဖြစ်ပြီး သူတို့တွေဟာ နိုင်ငံတကာ အာကာသစခန်းကို သွားရောက် လေ့ကျင့်ရမှာပါ။
    ယူအေအီးဟာ ပထမဆုံး ကမ္ဘာဂြိုဟ်စူးစမ်းရေးဂြိုဟ်တု KhalifaSat ကို ဆောက်လုပ်နေပြီး ၂၀၁၈ ခုနှစ် နှစ်ကုန်ပိုင်းမှာ ဂျပန်ကနေတစ်ဆင့် အာကာသထဲကို လွှတ်တင်မှာ ဖြစ်ပါတယ်။
    Ref: Alarabiya
  • IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ မသေသေး
    IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် ဘဂ္ဂဒါဒီ မသေသေး
    ဖေဖော်ဝါရီ ၁၃၊ ၂၀၁၈
    M-Media
    – IS အကြမ်းဖက်အဖွဲ့ခေါင်းဆောင် အဘူ ဘာကာ အလ်-ဘဂ္ဂဒါဒီဟာ ဆီးရီးယားမှာ အသက်ရှင်လျက် ရှိနေသေးပေမယ့် ဆိုးဆိုးဝါးဝါး ဒဏ်ရာရရှိထားပြီး ဆေးကုသမှု ခံယူနေရတယ်လို့ သိရပါတယ်။
    “IS အကြမ်းဖက်အဖွဲ့အတွင်းက သတင်းရင်းမြစ်တွေအရ အဂ္ဂဒါဒီဟာ အသက်ရှင်လျက် ရှိနေသေးပြီး၊ အပေါင်းအပါတွေရဲ့ အကူအညီနဲ့ ပုန်းနေတယ်ဆိုတဲ့ ခိုင်မာတဲ့ သတင်းအအချက်အလက်တွေ ကျွန်တော်တို့ ရရှိထားပါတယ်” လို့ အီရတ် ထောက်လှမ်းရေးနဲ့ အကြမ်းဖက်တိုက်ဖျက်ရေးအကြီးအကဲ အဘူ အလီ အလ်-
    ဘက်စ်ရီက မနေ့မှာ al-Sabah သတင်းစာကို ပြောကြားခဲ့ပါတယ်။
    လေကြောင်းက တိုက်ခိုက်မှုအတွင်း ဘဂ္ဂဒါဒီဟာ ခြေထောက်မှာ ဒဏ်ရာရသွားခဲ့ပြီး ဆီးရီးယားနိုင်ငံ ဒီအက်ဇ်ဇိုရ်အနောက်ပိုင်း ဂျာဇီရာ သဲကန္တာရအတွင်းမှာ လက်ရှိ ပုန်းအောင်းနေတယ်လို့ သူက ဆိုပါတယ်။
    ဘဂ္ဂဒါဒီဟာ ကမ္ဘာ့ အလိုအရှိဆုံးသူ တစ်ယောက်ဖြစ်ပြီး အမေရိကန်က သူ့ရဲ့ခေါင်းကို ကန်ဒေါ်လာ ၂၅ သန်း ဆုငွေထုတ်ထားပါတယ်။
    အလ်-ဘက်စ်ရီက ‘ဒဏ်ရာအနာတရ၊ ဆီးချိုရောဂါ၊ ခန္တာကိုယ်နဲ့ ခြေထောက်က အရိုးတွေ ကျိုးကြေမှုကြောင့် ဘဂ္ဂဒါဒီဟာ အကူအညီမပါဘဲ လမ်းမလျှောက်နိုင်ဘူး’ လို့ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း IS အကြမ်းဖက်အဖွဲ့ဟာ သိသိသာသာ အရေးနိမ့်လာခဲ့ပေမယ့် ဆီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းက နေရာတစ်ချို့ကိုတော့ ထိန်းချုပ်ထားနိုင်ဆဲ ဖြစ်ပါတယ်။
    IS အကြမ်းဖက်အဖွဲ့ဟာ အီရတ်နဲ့ ဆီးရီးယားနိုင်ငံက ဒေသတောတော်များများကို သိမ်းယူပြီးတဲ့နောက် ၂၀၁၄ ခုနှစ်မှာ ဘဂ္ဂဒါဒီက ခါလီဖိတ်နိုင်ငံ ထူထောင်ကြေင်း ကြေငြာခဲ့ဖူးပါတယ်။
    ရုရှားက ဆီးရီးယားနိုင်ငံမှာ သူတို့ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဘဂ္ဂဒါဒီ ဒဏ်ရာရရှိကာ သေသွားနို
    င်လောက်တယ်လို့ ပြီးခဲ့တဲ့နှစ်နှောင်းပိုင်းမှာ ကြေငြာခဲ့ပါတယ်။
    ဘဂ္ဂဒါဒီ ဒဏ်ရာရသွားတာဟာ ဘယ်သူ့လက်ချက်လဲဆိုတာကိုတော့ အီရတ်ထောက်လှမ်းရေးအကြီးအကဲ အလ်-ဘက်စ်ရီက ထုတ်ဖော်ပြောဆိုခဲ့ခြင်း မရှိပါဘူး။
    Ref: Aljazeera
  • ၂၀၁၇ ခုနှစ်အတွင်း ဂျာမနီ၌ ဂျူးဆန့်ကျင်ရေးရာဇ၀တ်မှု တစ်ရက်ကို ပျမ်းမျှ ၄ ခုအထိ ဖြစ်ခဲ့
    ၂၀၁၇ ခုနှစ်အတွင်း ဂျာမနီ၌ ဂျူးဆန့်ကျင်ရေးရာဇ၀တ်မှု တစ်ရက်ကို ပျမ်းမျှ ၄ ခုအထိ ဖြစ်ခဲ့
    ဖေဖော်ဝါရိ ၁၂၊ ၂၀၁၈
    M-Media
    ဘာလင်ရှိ ဆန္ဒပြမှုတစ်ခုတွင် တွေ့ရသည့် ဂျူးတစ်ဦး
    – ဂျာမနီမှာ ဂျူးဆန့်ကျင်ရေး ရာဇ၀တ်မှုဟာ ၂၀၁၇ ခုနှစ်အတွင်း တစ်နေ့ကို ၄ ခုလောက် ဖြစ်ခဲ့တယ်လို့ အစိုးရရဲ့ ကနဦး အချက်အလက်တွေကို ကိုးကားပြီး Tagesspiegel သတင်းစာက ဖော်ပြခဲ့ကာ နောက်ဆုံး ထုတ်ပြန်တဲ့အချိန်မှာ အရေအတွက်ဟာ ဒီထက်ပိုမြင့်နိုင်တယ်လို့ ဆိုပါတယ်။
    ပြီးခဲ့တဲ့နှစ်အတွင်း ဂျူးတွေကို ပစ်မှတ်ထားတဲ့ တိုက်ခိုက်မှုဟာ ၁၄၅၃ မှု ဖြစ်ခဲ့တယ်လို့ ဂျာမနီရဲတပ်ဖွဲ့က စာရင်းပြုစုထားပြီး အကြမ်းဖက်မှု ၃၂ ခု၊ အဆောက်အဦးဖျက်ဆီးမှု ၁၆၀ ခု၊ လှုံ့ဆော်မှု ၈၉၈ ခု ရှိတယ်လို့ ဆိုပါတယ်။
    အဲဒီအမှုတွေထဲမှာ လက်ယာစွန်းရောက်တွေရဲ့ လှုံ့ဆော်မှုက ၁၃၇၇ မှုအထိ ရှိနေပြီး စုစုပါင်း ဖြစ်ရပ်တွေရဲ့ ၉၅ ရာခိုင်နှုန်း ဖြစ်ပါတယ်။ ၃၃ မှုကတော့ နိုင်ငံရပ်ခြားကတစ်ဆင့် ၀င်ရောက်လာတဲ့ ဂျူးဆန့်ကျင်ရေးဝါဒီတွေကြောင့် ဖြစ်ပြီး အစ္စလာမ့်မစ်တွေတော့ ဒီအထဲမှာ မပါဘူးလို့ ဂျာမန်အာဏာပိုင်တွေက ဆိုပါတယ်။
    လတ်တလော Tagesspiegel သတင်းစာက ရရှိထားတဲ့ အချက်အလက်ဟာ နောက်ဆုံး အချက်အလက်တွေ မဟုတ်သေးတာကြောင့် တကယ်တမ်းအရေအတွက်ဟာ ဒီထက်ပိုများဖို့ ရှိနေပါတယ်။
    လွှတ်တော်အမတ် ပီထရာ ပေါင်က ဒီအချက်အလက်တွေကြောင့် သူမအနေနဲ့ အလွန်အမင်း စိုးရိမ်မိကြောင်းရဲစခန်းကို မတိုင်တဲ့ကိစ္စတွေဟာလည်း တော်တော်များများ ရှိနိုင်ကြောင်း ပြောကြားခဲ့ပါတယ်။
    ဂျူးဆန့်ကျင်ရးကိစ္စကို ပိုမို တင်းတင်းကြပ်ကြပ်ကိုင်တွယ်ဖို့ ပြီးခဲ့တဲ့လမှာ ဂျာမနီလွှတ်တော်က ဥပဒေတစ်ခုကို အတည်ပြုခဲ့နောက်ပိုင်း ဒီအချက်အလက်တွေ ထွက်လာတာ ဖြစ်ပါတယ်။
    ဂျူးဆန့်ကျင်ရေး သဘောထားနဲ့ ရာဇ၀တ်မှုတွေကို ကိုင်တွယ်ဖို့အတွက် ဂျာမနီဟာ ကော်မရှင်နာတစ်ဦး သီးသန့်ခန့်ထားခဲ့ပြီး ပြောင်းရွှေ့အခြေချသူတွေအနေနဲ့ ဂျူးဆန့်ကျင်ရေးသဘောထားမျိုး ထုတ်ဖော်ပြောဆိုရင် ပြည်နှင်မယ်လို့ ဥပေဒမူကြမ်းမှာ ဖော်ပြထားပါတယ်။
    ဂျာမနီက လူနည်းစုဂျူးတွေကလည်း သူတို့ကို ပစ်မှတ်ထားတိုက်ခိုက်မှုတွေ တိုးမြှင့်လာတဲ့အတွက် ဆန္ဒပြမှုတွေ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ပြုလုပ်ခဲ့ပါတယ်။
    Ref : RT