Blog
-
အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)
ဖေဖော်ဝါရီ ၉၊ ၂၀၁၈M-Mediaဒီ မှတ်တမ်းရုပ်ရှင် အပိုင်း ၂ မှာ ….– ပါလက်စတိုင်းတို့၏ ဗြိတိသျှတော်လှန်ရေး– တော်လှန်ရေးခါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး ဂရီဂိုရီဟဂျာ အကြောင်း– ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို နိုင်ငံခြားရောက်သွားအောင် ဗြိတိသျှရဲ့ စီမံမှု– တော်လှန်ရေးကို ဗြိတိသျှက ပြင်းပြင်းထန်ထန်ဖြိုခွဲမှု– ပါလက်စတိုင်း တော်လှန်ရေးမျိုးဆက်ကို ဗြိတိသျှက ဖြတ်ပစ်ခြင်း– အကြမ်းဖက်ဝါဒ၏ ခေါင်းကိုင်ဖခင် ဇိုင်ယွန်ဝါဒအကြောင်း– ဂျူးအကြမ်းဖက်များ၏ တိုက်ခိုက်မှုများ– ဂျူးများက အစ္စလာမ့်မစ်အဖွဲ့ ဖွဲ့ပေးကာ ပါလက်စတိုင်းအများအကြား သပ်လျှိုမှု– အာရပ်များ၏ ဖော်ရွေမှုကို ဂျူးများ အမြတ်ထုတ်ခြင်း– အမေရိကန်နဲ့ပေါင်းပြီး ဗြိတိသျှကို ဂျူးများ ကျေးစွပ်မှု– ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂျူးအကြမ်းဖက်ခေါင်းဆောင်– ဗြိတိသျှ၏ မျက်နှာလွှဲခဲပစ်လုပ်မှု… စတာတွေကို ရှုစားရမှာ ဖြစ်ပါတယ်။Source – Aljazeera -
ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော
ဖေဖော်ဝါရီ ၈၊ ၂၀၁၈
M-Media– ဆီးရီးယားနိုင်ငံ အက်ဖရင်မြို့တွင် ယခုပြုလုပ်နေသော ထိုးစစ် ပြီးဆုံးပါက အစ်ဒလစ်မြို့အထိ ၀င်ရောက်တိုက်ခိုက်သွားမည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။
“ဆီးရီးယားက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမတွေ သူတို့မြေကို ပြန်လာစေချင်ပါတယ်။ အက်ဖ်ရင်မှာ ဒီကိစ္စပြီးသွားရင် အစ်ဒလစ်ဘ်မှာလည်း ကျွန်တော်တို့ ဒီလိုမျိုးလုပ်သွားပါမယ်”
တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲကာ ဇန်န၀ါရီ ၂၀ ရက်နေ့မှ စတင်၍ အက်ဖရင်မြို့ကို ၀င်တိုက်နေခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်ရောက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ကို ယခင်ကတည်းက ပြောကြားထားဖူးသည်။
စစ်ဆင်ရေးစတင်သည့်အချိန်မှ ပြီးခဲ့သည့် တစ်ပတ်အထိ တိုက်ခိုက်ရေးသမား ၈၉၉ ဦးကို လက်နက်ဖြုတ်သိမ်းခဲ့ပြီး ထိုအထဲတွင် YPG၊ PKK၊ IS အဖွဲ့ဝင်များ ပါဝင်သည်ဟု တူရကီစစ်တပ်က သတင်းထုတ်ပြန်ထားသည်။
ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ရာတွင် အဓိကကျခဲ့သည့် အဖွဲ့ဖြစ်ပြီး တူရကီက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် ထိုအဖွဲ့များ တည်ရှိနေခြင်းကို မလိုလားပေ။
Ref: RT
-
ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ
ဖေဖော်ဝါရီ ၈၊ ၂၀၁၈
M-Media– သုံးလို့မရတဲ့ ချက်လက်မှတ်နဲ့ ကားနံပါတ်ပြားဝယ်တဲ့ အမျိုးသားတစ်ဦးကို ယူအေအီး တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။
၂၀၁၆ ခုနှစ်က အထူး ကားနံပါတ်ပြားတွေကို လေလံတင်ရောင်းချချိန်မှာ စီပွားရေးသမားတစ်ယောက်ဟာ နံပါတ် ၁ နံပါတ်ပြားကို ယူအေအီး ဒီရ်ဟမ် ၃၁ သန်း (ကန်ဒေါ်လာ ၈.၄ သန်း)နဲ့ ၀ယ်ယူခဲ့တာပါ။
ဒီအတွက် ချက်လက်မှတ် ရေးပေးခဲ့ပေမယ့် တာဝန်ရှိသူတွေက သွားထုတ်ချိန် ဘဏ်ထဲမှာ ငွေအလုံလောက်မရှိတာတွေကို တွေ့ခဲ့ရပါတယ်။
ဒါ့ကြောင့် ဒီအမျိုးသားကို လိမ်လည်မှုနဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပြီး အယူခံဝင်ခဲ့ပေမယ့် အဘူဒါဘီ တရားရုံးက အယူခံကို ပယ်ချခဲ့ပါတယ်။
ဒီအမျိုးသားကလည်း သူ့အနေနဲ့ နောက်ပိုင်းမှာ နံပါတ်ပြားကို ဈေးတင်ပြီး ပြန်ရောင်းဖို့အတွက် ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။
အဘူဒါဘီက ကားနံပါတ်ပြားတစ်ခုကို ၂၀၀၈ ခုနှစ်မှာ စီးပွားရေးသမားတစ်ယောက်က ဒီရ်ဟမ် ၅၂.၂ သန်းနဲ့ ၀ယ်ယူခဲ့ပြီး ယူအေအီးမှာ ကားနံပါတ်ပြားတစ်ခုအတွက် စံချိန်တင်ဈေး ဖြစ်ပါတယ်။
ပြီးခဲ့တဲ့လတုန်းက ဒူဘိုင်းအခြေစိုက် အိန္ဒိယ စီးပွားရေးသမားတစ်ဦးဟာ ဒူဘိုင်း နံပါတ်ပြားတစ်ခုကို ဒီရ်ဟမ် ၃၃ သန်း (ကန်ဒေါ်လာ ၈.၉၈ သန်း) နဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။
Ref: alarabiya
-
အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး မြန်မာကို အင်ဒိုနီးရှား ကူညီမည်
ဖေဖော်ဝါရီ ၈၊ ၂၀၁၈
M-Media– မြန်မာနိုင်ငံမှာ ပေါ်ပေါက်လာနိုင်တဲ့ အကြမ်းဖက်ဝါဒကို ကျော်လွှားရေး မိမိတို့နိုင်ငံက ကူညီပေးသွားမယ်လို့ အင်ဒိုနီးရှား လုံခြုံရေး၊ ဥပဒေနဲ့ နိုင်ငံရေးဆိုင်ရာ ညှိနှိုင်းရေးမှူး ၀ီရန်တိုက ပြောကြားလိုက်ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကနေ နေရပ်ပြန်လာမယ့် ရိုဟင်ဂျာတွေနဲ့အတူ IS နဲ့ ဆက်နွယ်တဲ့ စစ်သွေးကြွတွေ ၀င်ရောက်လာမယ့်အန္တရာယ်ကို စိုးရိမ်ကြောင်း မြန်မာဖက်က ပြောကြားခဲ့တယ်လို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ၀ီရန်တိုက Antara သတင်းဌာနကို ပြောခဲ့တာပါ။
“အကြမ်းဖက်သမားတွေ ဒေသတွင်းမှာ ခြေကုပ်အသစ် ဖန်တီးတာမျိုးကို တားဆီးဖို့အတွက် ကျွန်တော်တို့ရဲ့ အတွေ့အကြုံတွေ အသိပညာတွေကို မျှဝေပြီး ကူညီသွားချင်ပါတယ်”
ဖိလစ်ပိုင်မှာ နယ်မြေဆုံးရှုံးပြီး အင်အားနည်းလာတဲ့ IS အကြမ်းဖက်အဖွဲ့ဟာ ခြေကုပ်အသစ်အဖြစ် ဒေသတွင်းနေရာတွေကို မျက်စိကျလာနိုင်တယ်လို့လည်း ၀ီရန်တိုက ဆိုပါတယ်။
စစ်သွေးကြွတွေရဲ့ ခြိမ်းခြောက်မှုတွေကို ကာကွယ်ရေး တင်ကြိုဆောင်ရွက်ချက်တွေကို လုပ်ဖို့ ဒီလိုဖြစ်နိုင်ခြေက မြန်မာအစိုးရကို တွန်းအားပေးနေတာ ဖြစ်ပါတယ်။
ဒါ့ကြောင့် အစွန်းရောက်ဝါဒနဲ့ အကြမ်းဖက်ဝါဒတိုက်ဖျက်ရေး အခြားနိုင်ငံတွေနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေလုပ်နေတဲ့ အင်ဒိုနီးရှားထံကနေ အတွေ့အကြုံတွေကို မြန်မာက ဖလှယ်ချင်နေတယ်လို့ ၀ီရန်တိုရဲ့ပြောကြားမှုကို ကိုးကားပြီး Antara က ဖော်ပြပါတယ်။
“တစ်နိုင်ငံတည်းက အကြမ်းဖက်ဝါဒကို ကျော်လွှားဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။ အကြမ်းဖက်ဝါဒဟာ နယ်စည်းသတ်မှတ်ချက်တွေ၊ စည်းစောင့်တာတွေ မရှိတာကြောင့် နိုင်ငံတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်” လို့ ၀ီရန်တိုက ပြောကြားခဲ့ပါတယ်။
ဖြစ်လာနိုင်တဲ့ အကြမ်းဖက်ဝါဒကို ကျော်လွှားရေး နည်းလမ်းတွေကို ဆွေးနွေးဖို့အတွက် မြန်မာ စစ်တပ်က ကိုယ်စားလှယ်အဖွဲ့တစ်ခုဟာ ဒီလအတွင်း အင်ဒိုနီးရှားကို သွားရောက်ဖို့ရှိတယ်လို့လည်း ၀ီရန်တိုက ဆိုပါတယ်။
Ref: CNA
-
ဆီးရီးယားအစိုးရနှင့် ရုရှားတို့ တိုက်ခိုက်မှု တိုးလုပ်ခြင်းကြေင့် သေဆုံးသူ မြင့်တက်လာ
ဖေဖော်ဝါရီ ၈၊ ၂၀၁၈
M-Media– ဒမတ်စကတ်အနီး ဂူတာမြို့နှင့် အီဒလစ်ဘ်ပြည်နယ်တို့တွင် ဆီးရီးယားအစိုးရတပ်နှင့် ရုရှား တပ်ဖွဲ့များက လေကြောင်းမှ တိုက်ခိုက်မှုများ တိုးမြှင့်ပြုလုပ်နေသောကြောင့် သေဆုံးသူ အရေအတွက်မှာ အနည်းဆုံး ၁၈၀ ရှိလာခဲ့ပြီဟု သိရသည်။
သူပုန်များ ထိန်းချုပ်ထားသည့် အရှေ့ဂူတာတွင်ယမန်နေ့က တိုက်ခိုက်မှုအတွင်း အနည်းဆုံး အရပ်သား ၃၄ ဦး သေဆုံးခဲ့ပြီး၊ မကြာခင်က ဓာတ်တုလက်နက်ဖြင့် တိုက်ခိုက်ခဲ့သည်ဟု သတင်းထွက်ခဲ့သော အီဒလစ်ဘ်တွင် ၄ ဦး သေဆုံးခဲ့သည်။
ထိုဒေသများကို ဆီးရီးယားအစိုးရတပ်က ဒီဇင်ဘာအလယ်မှစ၍ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့ပြီး ရုရှားတိုက်လေယာဉ်တစ်စင်း ပစ်ချခံလိုက်ရပြီးနောက် ပြီးခဲ့သည့် ၄ ရက်တွင် တိုက်ခိုက်မှုမှာ ပိုမိုပြင်းထန်လာခဲ့သည်။
အရှေ့ဂူတာတွင် ထိခိုက်ဒဏ်ရာရသူမှာ အနည်းဆုံး ၈၀၀ အထိ ရှိလာပြီး အဆောက်အဦးများ ပြိုကျပျက်ဆီးမှုအတွင်း ပိတ်မိနေသူများလည်း ရှိနေသည်။
ယူကေအခြေစိုက် ဆီးရီးယား လူ့အခွင့်အရေး စောင့်ကြည့်အဖွဲ့ SOHR က တနင်္လာနေ့နှင့် အင်္ဂါနေ့များတွင် ဂူတာမြို့၌ အနည်းဆုံး လူ ၁၀၀ ကျော် သေဆုံးခဲ့ပြီး ဆီးရီးယားတွင် အကြီးမားဆုံး အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုကြီးဖြစ်သည်ဟု ပြောကြားခဲ့သည်။
အမေရိကန်ဦးဆောင်သည့် အဖွဲ့နှင့် ၎င်းတို့၏ မဟာမိတ် သူပုန်များက ဆီးရီးယားနိုင်ငံ အရှေ့ပိုင်းတွင် တိုက်ခိုက်မှုများကြောင့် အစိုးရလိုလားသည့် တိုက်ခိုက်ရေးသမား ၁၀၀ ကျော် သေဆုံးခဲ့သည်ဟု ဆိုသည်။
Ref: Aljazeera