News @ M-Media

Blog

  • ဆီးရီးယားစစ်ပွဲတွင် အမေရိကန်ပါဝင်မှု တရားမ၀င်ဟု ရုရှားထပ်ပြော

    ဆီးရီးယားစစ်ပွဲတွင် အမေရိကန်ပါဝင်မှု တရားမ၀င်ဟု ရုရှားထပ်ပြော

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – ဆီးရီးယားစစ်ပွဲတွင် အမေရိကန်က ပါဝင်နေမှုမှာ တရားဝင်ခြင်းမရှိဟု ရုရှားက ထပ်မံပြောကြားလိုက်ပြီး သူပုန်များ၏ လက်ချက်ကြာင့် ဆီးရီးယားအစိုးရလိုလားသူ လက်နက်ကိုင်များ သေဆုံးပြီးနောက်ပိုင်း ပေါ်ထွက်လာခြင်းဖြစ်သည်။

    ပြီးခဲ့သည့် ရက်အနည်းငယ်အတွင်း အဆတ်အစိုးရနှင့် ရုရှားတို့မှာ သူပုန်များ ထိန်းချုပ်ထားရာ ဒေသသို့ ထိုးစစ်ဆင်မှုများ တိုးမြှင့်ပြုလုပ်ခဲ့ပြီး အရပ်သား ၂၀၀ ကျော်သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုများအတွက် လက်စားချေသည့်အနေဖြင့် ဒီအက်ဇိုပြည်နယ်ရှိ အစိုးရတပ်ဖွဲ့များအား လေကြောင်းမှ တိုက်ခိုက်မှုများ ပြုလုပ်ခဲ့သည်ဟု အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က ယမန်နေ့တွင် ကြေငြာခဲ့သည်။

    အမေရိကန်က ကျောထောက်နောက်ခံပြုထားသည့် သူပုန်များ၏ တိုက်ခိုက်မှုကြောင့် အာဆတ်အစိုးရကို လိုလားသည့် ပြည်သူ့စစ် ၁၀၀ ကျော် သေဆုံးခဲ့သည်။

    ယမန်နေ့က ပြုလုပ်ခဲ့သည့် ကုလ လုံခြုံရေးကောင်စီ တံခါးပိတ်အစည်းအဝေးတွင် ကုလဆိုင်ရာ ရုရှားသံအမတ်က အမေရိကန်ကို ဆီးရီးယားစစ်ပွဲတွင် ပါဝင်ရန် မည်သူကမှ ဖိတ်ခေါ်ခဲ့ခြင်းမရှိဘဲ အခြေအနေတည်ငြိမ်ရေး ကြိုးပမ်းမှုကို အမေရိကန်က ဖျက်ဆီးနေသည်ဟု ပြောကြားခဲ့သည်။

    ရုရှားကာကွယ်ရေးဝန်ကြီးက အစိုးရလိုလားသော ပြည်သူ့စစ်များမှာ IS အဖွဲ့ကို တိုက်ခိုက်နေခြင်းဖြစ်သည်ဟု ပြောကြားခဲ့ပြီး အမေရိကန်ကမူ ထိုလက်နက်ကိုင်များမှာ ၎င်းတို့ ထောက်ပံ့ထားသည့် သူပုန်အဖွဲ့ SDF ကို တိုက်ခိုက်ခြင်းဖြစ်သည်ဟု ဆိုသည်။

    ၂၀၁၁ ခုနှစ် အာဆတ်အစိုးရအား ဆန့်ကျင်ရေး လူထုအုံကြွမှုမှ စတင်လာခဲ့သည့် ဆိးရီးယားပြည်တွင်းစစ်မှာ ၇ နှစ်ရှိလာပြီဖြစ်ပြီး အမေရိကန်ဦးဆောင်သည့် မဟာမိတ်အဖွဲ့က အစိုးရဆန့်ကျင်ရေး သူပုန်အုပ်စုကို ပံ့ပိုးပေးကာ ရုရှားနှင့် အီရန်တို့က အာဆတ်အစိုးရဖက်မှ တိုက်ခိုက်ပေးနေသည်။

    Ref : RT

  • ကင်ဂျုံအန်၏ညီမ တောင်ကိုရီးယားသို့ သမိုင်းဝင် လာရောက်

    ကင်ဂျုံအန်၏ညီမ တောင်ကိုရီးယားသို့ သမိုင်းဝင် လာရောက်

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media

    – ပြုံချန်းဆောင်းရာသီ အိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို တက်ရောက်ရန်အတွက် မြောက်ကိုရီးယား ခေါင်းဆောင် ကင်ဂျုံအန်၏ ညီမမှာ တောင်ကိုရီးယားသို့ ရောက်ရှိလာခဲ့ပြီး သမိုင်းဝင် လာရောက်မှုလည်း ဖြစ်သည်။

    ကင်ယိုဂျွန်မှာ ယနေ့မနက်ပိုင်းက ကင်ဂျုံအန်၏ ကိုယ်ပိုင်လေယာဉ်ဖြင့် အင်ချီယွန်လေဆိပ်သို့ ရောက်ရှိလာခြင်းဖြစ်ပြီး ၁၉၅၀ ပြည့်နှစ် ကိုရီးယားစစ်ပွဲနောက်ပိုင်း မြောက်ကိုရီးယား အုပ်စိုးသူမိသားစုဝင်တစ်ဦး ပထမဆုံး တောင်ကိုရီးယားသို့ လာရောက်ခြင်းလည်း ဖြစ်သည်။

    ကင်ယိုဂျန်နှင့် မြောက်ကိုရီးယားအစိုးရ၏ ရုပ်ပြအကြီးအကဲ အသက် ၉၀ အရွယ် ကင်ယုံနမ်တို့မှာ မနက်ဖြန်တွင် ဆိုလ်းမြို့ သမ္မတနန်းတော်၌ တောင်ကိုရီးယားသမ္မတနှင့် တွေ့ဆုံရန် ရှိနေသည်။

    မြောက်ကိုရီးယား ကိုယ်စားလှယ်အဖွဲ့တွင် အမျိုသား အားကစား လမ်းညွှန်မှုကော်မတီ ဥက္ကဌ ချိုဟွေနှင့် ကိုရီးယား ပေါင်းစည်းညီညွန်ရေးဆိုင်ရာ ဥက္ကဌ ရီဆွန်ဂွန်တို့ ပါဝင်သည်။

    ယနေ့ပြုလုပ်မည့် ဆောင်းရာသီအိုလံပစ်ပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားတွင် ကိုရီးယားနှစ်နိုင်ငံမှာ ‘ညီညွတ်သော အလံတော်’ အောက်၌ ပူးပေါင်း ချီတက်မည်ဖြစ်သည်။

    Ref: Aljazeera

  • အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)

    အလ်နက္ကဘာ (သို့) ပါလက်စတိုင်းတို့ နိုင်ငံပျောက်ဆုံးမှု – အပိုင်း (၂) (မြန်မာစာတမ်းထိုး)

    ဖေဖော်ဝါရီ ၉၊ ၂၀၁၈
    M-Media
     

    ဒီ မှတ်တမ်းရုပ်ရှင် အပိုင်း ၂ မှာ ….
     
    – ပါလက်စတိုင်းတို့၏ ဗြိတိသျှတော်လှန်ရေး
    – တော်လှန်ရေးခါင်းဆောင် ခရစ်ယာန်ဘုန်းတော်ကြီး ဂရီဂိုရီဟဂျာ အကြောင်း
    – ပါလက်စတိုင်းခေါင်းဆောင်ပိုင်းကို နိုင်ငံခြားရောက်သွားအောင် ဗြိတိသျှရဲ့ စီမံမှု
    – တော်လှန်ရေးကို ဗြိတိသျှက ပြင်းပြင်းထန်ထန်ဖြိုခွဲမှု
    – ပါလက်စတိုင်း တော်လှန်ရေးမျိုးဆက်ကို ဗြိတိသျှက ဖြတ်ပစ်ခြင်း
    – အကြမ်းဖက်ဝါဒ၏ ခေါင်းကိုင်ဖခင် ဇိုင်ယွန်ဝါဒအကြောင်း
    – ဂျူးအကြမ်းဖက်များ၏ တိုက်ခိုက်မှုများ
    – ဂျူးများက အစ္စလာမ့်မစ်အဖွဲ့ ဖွဲ့ပေးကာ ပါလက်စတိုင်းအများအကြား သပ်လျှိုမှု
    – အာရပ်များ၏ ဖော်ရွေမှုကို ဂျူးများ အမြတ်ထုတ်ခြင်း
    – အမေရိကန်နဲ့ပေါင်းပြီး ဗြိတိသျှကို ဂျူးများ ကျေးစွပ်မှု
    – ငြိမ်းချမ်းရေးနိုဘယ်ဆုရခဲ့တဲ့ ဂျူးအကြမ်းဖက်ခေါင်းဆောင်
    – ဗြိတိသျှ၏ မျက်နှာလွှဲခဲပစ်လုပ်မှု
     
    … စတာတွေကို ရှုစားရမှာ ဖြစ်ပါတယ်။
     
    Source – Aljazeera
  • ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော

    ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်တိုက်မည်ဟု တူရကီသမ္မ အာဒိုဂန် ပြော

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – ဆီးရီးယားနိုင်ငံ အက်ဖရင်မြို့တွင် ယခုပြုလုပ်နေသော ထိုးစစ် ပြီးဆုံးပါက အစ်ဒလစ်မြို့အထိ ၀င်ရောက်တိုက်ခိုက်သွားမည်ဟု တူရကီသမ္မတ အာဒိုဂန်က ပြောကြားလိုက်သည်။

    “ဆီးရီးယားက ကျွန်တော်တို့ရဲ့ ညီအစ်ကို၊ မောင်နှမတွေ သူတို့မြေကို ပြန်လာစေချင်ပါတယ်။ အက်ဖ်ရင်မှာ ဒီကိစ္စပြီးသွားရင် အစ်ဒလစ်ဘ်မှာလည်း ကျွန်တော်တို့ ဒီလိုမျိုးလုပ်သွားပါမယ်”

    တူရကီမှာ ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့အား အကြမ်းဖက်အဖွဲ့အဖြစ် စွပ်စွဲကာ ဇန်န၀ါရီ ၂၀ ရက်နေ့မှ စတင်၍ အက်ဖရင်မြို့ကို ၀င်တိုက်နေခြင်းဖြစ်ပြီး ဆီးရီးယားနိုင်ငံ အတွင်းပိုင်းအထိ ၀င်ရောက်တိုက်ခိုက်လိုသည့် ရည်ရွယ်ချက်ကို ယခင်ကတည်းက ပြောကြားထားဖူးသည်။

    စစ်ဆင်ရေးစတင်သည့်အချိန်မှ ပြီးခဲ့သည့် တစ်ပတ်အထိ တိုက်ခိုက်ရေးသမား ၈၉၉ ဦးကို လက်နက်ဖြုတ်သိမ်းခဲ့ပြီး ထိုအထဲတွင် YPG၊ PKK၊ IS အဖွဲ့ဝင်များ ပါဝင်သည်ဟု တူရကီစစ်တပ်က သတင်းထုတ်ပြန်ထားသည်။

    ဆီးရီးယားရှိ ကာ့ဒ်တပ်ဖွဲ့မှာ IS အကြမ်းဖက်အဖွဲ့အား တိုက်ခိုက်ရာတွင် အဓိကကျခဲ့သည့် အဖွဲ့ဖြစ်ပြီး တူရကီက ၎င်း၏ နယ်စပ်တစ်လျှောက်တွင် ထိုအဖွဲ့များ တည်ရှိနေခြင်းကို မလိုလားပေ။

    Ref: RT

  • ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ

    ချက်လက်မှတ်အတုဖြင့် ဒေါ်လာ ၈ သန်းတန် ကားနံပါတ်ပြားဝယ်သူကို ယူအေအီးက ထောင်ချ

    ဖေဖော်ဝါရီ ၈၊ ၂၀၁၈
    M-Media

    – သုံးလို့မရတဲ့ ချက်လက်မှတ်နဲ့ ကားနံပါတ်ပြားဝယ်တဲ့ အမျိုးသားတစ်ဦးကို ယူအေအီး တရားရုံးက ထောင်ဒဏ် ၃ နှစ်ချမှတ်လိုက်ပါတယ်။

    ၂၀၁၆ ခုနှစ်က အထူး ကားနံပါတ်ပြားတွေကို လေလံတင်ရောင်းချချိန်မှာ စီပွားရေးသမားတစ်ယောက်ဟာ နံပါတ် ၁ နံပါတ်ပြားကို ယူအေအီး ဒီရ်ဟမ် ၃၁ သန်း (ကန်ဒေါ်လာ ၈.၄ သန်း)နဲ့ ၀ယ်ယူခဲ့တာပါ။

    ဒီအတွက် ချက်လက်မှတ် ရေးပေးခဲ့ပေမယ့် တာဝန်ရှိသူတွေက သွားထုတ်ချိန် ဘဏ်ထဲမှာ ငွေအလုံလောက်မရှိတာတွေကို တွေ့ခဲ့ရပါတယ်။

    ဒါ့ကြောင့် ဒီအမျိုးသားကို လိမ်လည်မှုနဲ့ ထောင် ၃ နှစ် ချမှတ်ခဲ့ပြီး အယူခံဝင်ခဲ့ပေမယ့် အဘူဒါဘီ တရားရုံးက အယူခံကို ပယ်ချခဲ့ပါတယ်။

    ဒီအမျိုးသားကလည်း သူ့အနေနဲ့ နောက်ပိုင်းမှာ နံပါတ်ပြားကို ဈေးတင်ပြီး ပြန်ရောင်းဖို့အတွက် ဒီလိုလုပ်ခဲ့တာဖြစ်တယ်လို့ ၀န်ခံခဲ့ပါတယ်။

    အဘူဒါဘီက ကားနံပါတ်ပြားတစ်ခုကို ၂၀၀၈ ခုနှစ်မှာ စီးပွားရေးသမားတစ်ယောက်က ဒီရ်ဟမ် ၅၂.၂ သန်းနဲ့ ၀ယ်ယူခဲ့ပြီး ယူအေအီးမှာ ကားနံပါတ်ပြားတစ်ခုအတွက် စံချိန်တင်ဈေး ဖြစ်ပါတယ်။

    ပြီးခဲ့တဲ့လတုန်းက ဒူဘိုင်းအခြေစိုက် အိန္ဒိယ စီးပွားရေးသမားတစ်ဦးဟာ ဒူဘိုင်း နံပါတ်ပြားတစ်ခုကို ဒီရ်ဟမ် ၃၃ သန်း (ကန်ဒေါ်လာ ၈.၉၈ သန်း) နဲ့ ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့ပါတယ်။

    Ref: alarabiya