News @ M-Media

Blog

  • ဆော်ဒီ၏ ပထမဆုံး အမျိုးသမီးလက်ဝှေ့သမား နိုင်ငံတကာအဆင့်တွင် အောင်ပွဲရ

    ဆော်ဒီ၏ ပထမဆုံး အမျိုးသမီးလက်ဝှေ့သမား နိုင်ငံတကာအဆင့်တွင် အောင်ပွဲရ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈
    M-Media

    – ဆော်ဒီအာရေဗျရဲ့ ပထမဆုံး အမျိုသမီး လက်ဝှေ့သမား ဒိုနာ မိုဟာမက် အလ်-ဂမ်ဒီဟာ နိုင်ငံတကာပြိုင်ပွဲတစ်ခုမှာ အနိုင်ရခဲ့တယ်လို့ သိရပါတယ်။

    ဂျော်ဒန်နိုင်ငံ ဘာလ်ကာပြည်နယ်မှာ မနေ့ကပြီးစီးခဲ့တဲ့ International Boxing Championship ပြိုင်ပွဲမှာ အနိုင်ရခဲ့တာဖြစ်ပြီး အာရပ်ကမ္ဘာနဲ့ နိုင်ငံတကာအဆင့်မှာ ၀င်ရောက်ယှဉ်ပြိုင်တဲ့ တစ်ဦးတည်းသော ဆော်ဒီ အမျိုးသမီးလည်း ဖြစ်ပါတယ်။

    အခုပြိုင်ပွဲမှာ နော်ဝေ၊ ဂျာမနီ၊ ပါလက်စတိုင်း၊ အီဂျစ်၊ အီရတ်၊ ယူအေအီး၊ ကူဝိတ်နဲ့ ဂျော်ဒန်တို့အပါအ၀င် ကမ္ဘတစ်ဝှမ်းက လက်ဝှေ့သမားတွေ ၀င်ရောက်ယှဉ်ပြိုင်ခဲ့တာပါ။

    အလ်-ဂမ်ဒီဟာ ပြီးခဲ့တဲ့နှစ် ဂျော်ဒန်မှာ ကျင်းပခဲ့တဲ့ အာရပ်လက်ဝှေ့ချန်ပီယံမှာလည်း ၀င်ရောက်ယှဉ်ပြိုင်ခဲ့ဖူးပါတယ်။

    ပြီးခဲ့တဲ့နှစ် အောက်တိုဘာလက အလ်အာရေဗျနဲ့ အင်တာဗျူးမှာ သူက အထက်တန်းကျောင်း ပြီးကတည်းက လက်ဝှေ့လောကကို စတင်ဝင်ရောက်လာတာဖြစ်ပြီး ခါးပတ်အနက်နဲ့ ဆုတံဆိပ် ၄ ခု ရရှိခဲ့ကြောင်း ပြောကြားခဲ့ပါတယ်။

    Ref: Alarabiya

  • ဆီးရီးယားတွင် ကာ့ဒ်တပ်ဖွဲ့များ၏ တုန့်ပြန်မှုကြောင့် တစ်ရက်အတွင်း တူရကီစစ်သား ၈ ဦး သေဆုံး

    ဆီးရီးယားတွင် ကာ့ဒ်တပ်ဖွဲ့များ၏ တုန့်ပြန်မှုကြောင့် တစ်ရက်အတွင်း တူရကီစစ်သား ၈ ဦး သေဆုံး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈

    M-Media

    – ဆီးရီးယားနိုင်ငံမြောက်ပိုင်းတွင် ကာ့ဒ်တပ်ဖွဲ့ဝင်များ၏ တိုက်ခိုက်မှုကြောင့် ယမန်နေ့တွင် အနည်းဆုံး တူရကီစစ်သား ၈ ဦး သေဆုံးခဲ့ပြီး တူကီတပ်ဖွဲ့အတွက် လတ်တလောတိုက်ပွဲများတွင် အထိနာဆုံး ဖြစ်ရပ်လည်းဖြစ်သည်။

    IS အကြမ်းဖက်အဖွဲ့ကို တိုက်ထုတ်ခဲ့သည့် ကာ့ဒ်တပ်ဖွဲ့ကို အကြမ်းဖက်အဖြစ် သမုတ်ကာ ပြီးခဲ့သည့် နှစ်ပတ်မှစ၍ တူရကီမှာ ဆီးရီးယားရှိ အက်ဖရင်မြို့သို့ ၀င်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး နယ်စပ်တစ်လျှောက် စစ်ကင်းမဲ့ဇုန်အဖြစ် ဖန်တီးရန် ရည်ရွယ်ခြင်းဖြစ်သည်။

    ယမန်နေ့တွင် ရှိခ် ဟာရုဇ်ဒေသ၌ တူရကီတင့်ကားတစ်စင်းအား ကာ့ဒ်တပ်ဖွဲ့က တိုက်ခိုက်မှုအတွင်း တူရကီစစ်သား ၅ ဦး သေဆုံးခဲ့ပြီး၊ အက်ဖရင်မြို့ အခြားနေရာများတွင် တိုက်ခိုက်မှုများကြောင့် နောက်ထပ် ၃ ဦး သေဆုံးခဲ့သည်။

    ထိုတိုက်ခိုက်မှုအတွက် လက်တုန့်ပြန်သွားမည်ဟု တူရကီ ၀န်ကြီးချုပ်က Twitter စာမျက်နှာတွင် ရေးသားခဲ့သည်။

    ရှိခ် ဟာရုဇ်တွင် တိုက်ခိုက်ခံရပြီးနောက်ပိုင်း မိမိတို့အနေဖြင့် ကာ့ဒ်တပ်ဖွဲ့ဝင်များ၏ နေရာများ၊ လက်နက်ဂိုထောင်များအား လေကြောင်းမှ တိုက်ခိုက်ခဲ့သည်ဟု တူရကီစစ်တပ်က ပြောကြားခဲ့သည်။ တူရကီက ဆီးရီးယားသို့ ၀င်ရောက်တိုက်ခိုက်မှုနောက်ပိုင်းတွင် ကာ့ဒ်တပ်ဖွဲ့က တူရကီနိုင်ငံတောင်ပိုင်းသို့ ဒုံးကျည်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့သည်။

    Ref : Aljazeera

  • မိဘများ၏ စိုးရိမ်မှုကြောင့် ဖိလစ်ပိုင်တွင် ကလေးများ ကာကွယ်ဆေးထိုးမှု သိသိသာသာ လျော့ကျ

    မိဘများ၏ စိုးရိမ်မှုကြောင့် ဖိလစ်ပိုင်တွင် ကလေးများ ကာကွယ်ဆေးထိုးမှု သိသိသာသာ လျော့ကျ

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈

    M-Media

    – ဖိလစ်ပိုင်နိုင်ငံမှာ မိဘတွေရဲ့ အစိုးရိမ်လွန်မှုကြောင့် ကလေးငယ်တွေ ကာကွယ်ဆေးထိုးနှံမှုဟာ သိသိသာသာလျော့ကျသွားတယ်လို့ ကျန်းမာရးအာဏာပိုင်တွေက သတိပေးလိုက်ပါတယ်။

    ပြင်သစ် ဆေးကုမ္ပဏီ Sanofi က ထုတ်လုပ်တဲ့ ငှက်ဖျားကာကွယ်ဆေး Dengvaxia ကို ၂၀၁၆-၂၀၁၇ ခုနှစ်အတွင်း ထိုးနှံခဲ့တဲ့ ကလေးငယ် ၈ သိန်းကျော်မှာ ၁၄ ဦး သေဆုံးခဲ့ပြီးတဲ့နောက် မိဘတွေဟာ ပိုလီယိုနဲ့ ကျောက်ရောဂါတွေလို ကာကွယ်ဆေးတွေကိုထိုးနှံဖို့ ငြင်းဆန်လာတာဖြစ်တယ်လို့ ဖိလစ်ပိုင် ကျန်းမာရေးဌာန တာဝန်ရှိသူ အန်းရစ် ဒိုမင်ဂိုက ပြောကြားခဲ့ပါတယ်။

    Sanofi နဲ့ ဒေသတွင်း တာဝန်ရှိသူတွေက အဲဒီ ကလေးငယ် ၁၄ ဦး သေဆုံးမှုဟာ ကာကွယ်ဆေးနဲ့ ပတ်သက်မှု မရှိဘူးလို့ ပြောထားပါတယ်။

    ဒါပေမယ့် အရင်က ငှက်ဖျားရောဂါမရှိတဲ့သူတွေဟာ ဆေးထိုးအပြီးမှာ အခြေအနေ ပိုဆိုးသွားတယ်လို့ ပြီးခဲ့တဲ့နှစ်အတွင်းမှာ ကုမ္ပဏီက သတိပေးချက် ထုတ်ပြန်ခဲ့ပါတယ်။

    ကမ္ဘာတစ်ဝှမ်းမှာ လူ သန်း ၄၀၀ လောက်ဟာ နှစ်စဉ် ငှက်ဖျားရောဂါ ကူးစက်ဖြစ်ပွားပြီး Dengvaxia က ကမ္ဘာ့ ပထမဆုံး ငှက်ဖျားကာကွယ်ဆေးဖြစ်ပါတယ်။ မစ္စတာဒိုမင်ဂိုက ကြိုတင်ကာကွယ်လို့ရတဲ့ ရောဂါတွေနဲ့ပတ်သက်ပြီး ကာကွယ်ဆေးထိုးနှံမှုဟာ ပြီးခဲ့တဲ့နှစ်တွေမှာ ၆၀ ရာခိုင်နှုန်းလောက်အထိ လျော့ကျခဲ့တယ်လို့ ဆိုပြီး နိုင်ငံတစ်ဝှမ်းပစ်မှတ် ၈၅ ရာခိုင်နှုန်းအောက် သိသိသာသာကျဆင်းသွားတာဖြစ်ပါတယ်။

    အခုလို မိဘတွေရဲ့ စိုးရိမ်မှုကြောင့် သန်း ၁၀၀ လောက်ရှိတဲ့ ဖိလစ်ပိုင်မှာ ငှက်ဖျားရောဂါကူးစက်မှု မြင့်တက်လာနိုင်တယ်ဆိုတဲ့ စိုးရိမ်မှုတွေရှိကြောင်း သူက ထည့်သွင်းပြောဆိုခဲ့ပါတယ်။

    Ref : BBC

  • သောကြာနေ့ဝတ်ပြုမှုကို ဘာသာမတူသူများ လေ့လာနိုင်အောင် ကနေဒါမွတ်စလင်များ စီစဉ်ပေး

    သောကြာနေ့ဝတ်ပြုမှုကို ဘာသာမတူသူများ လေ့လာနိုင်အောင် ကနေဒါမွတ်စလင်များ စီစဉ်ပေး

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈

    M-Media

    – အစ္စလာမ်သာသနာအပေါ် အထင်အမြင်လွဲမှားမှုတွေကို လျှော့ချဖို့အတွက် ကနေဒါနိုင်ငံ ဟာလီဖက်စ်မြို့က အွမ္မာဟ် ဗလီဝတ်ကျောင်းတော်ဟာ အသိပညာပေး လှုပ်ရှားမှုတစ်ခုကို အခုတ်တစ်ပတ် သောကြာနေ့မှာ ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

    ရာနဲ့ချီတဲ့ ပြည်သူတွေဟာ ဗလီဝတ်ကျောင်းတော်ကိုလာရောက်ကာ မွတ်စလင်တွေရဲ့ သောကြာနေ့ ၀တ်ပြုဆုတောင်းမှုကို လေ့လာခဲ့ကြပြီး အစ္စလာမ်နဲ့ပတ်သက်တဲ့ မရှင်းလင်းတဲ့အကြောင်းအရာတွေကို မေးမြန်းခဲ့ကြပါတယ်။

    အွမ္မာဟ် ဗလီဝတ်ကျောင်းတော်ရဲ့ ဒီလှုပ်ရှားမှုဟာ ဖေဖော်ဝါရီ ပထမသီတင်းပတ်အတွင်း ကျရောက်တဲ့ ကမ္ဘာ့ ဘာသာပေါင်းစုံညီညွတ်ရေးလှုပ်ရှားမှု တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။

    ရှေ့ဆောင်အီမာမ် အဘ်ဒဲလာ ယူဆရီက ပြည်သူတွေရဲ့ တုန့်ပြန်မှုဟာ အံ့သြစရာကောင်းခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်တော်တို့ တစ်ယောက်အကြောင်း တစ်ယောက် မရေလည်ကြဘူးလို့ ထင်ပါတယ်။ ဒါ့ကြောင့် တစ်ယောက်နဲ့တစ်ယောက် နားလည်မှုကို တိုးမြှင့်ဖို့ အရမ်းအရေးကြီးပါတယ်”

    သူငယ်ချင်းတစ်ယောက်ရဲ့ ဖိတ်ကြားမှုနဲ့ ဗလီဝတ်ကျောင်းတော်ကို ရောက်ရှိလာတဲ့ ဒိုင်ယာနာ ဘန်းစ်က သူ့အနေနဲ့ ခရစ်ယာန်ဘုရားကျောင်း၊ ဂျူးဘုရားကျောင်းတွေကို ရောက်ဖူးပေမယ့် ဗလီဝတ်ကျောင်းတော်ကိုတော့ ပထမဆုံးအကြိမ် ရောက်ဖူးတာဖြစ်တယ်လို့ ဆိုပါတယ်။

    “ဘုရားကျောင်းကိုသွားရင်တောင် ဒီလောက်များတဲ့ ၀တ်ပြုသူတွေကို တွေ့ရမှာ မဟုတ်ပါဘူး”

    အွမ္မာဟ် ဗလီဝတ်ကျောင်းတော်နားမှာ နေထိုင်တဲ့ မာ့ဂ်ျကီလေးကလည်း ပထမဆုံး ဗလီဝတ်ကျောင်းတော်ကို ရောက်ဖူးတာဖြစ်ပါတယ်။

    “အရမ်းကို စိတ်ဝင်စားစရာကောင်းပါတယ်။ ကျွန်မဆို သူတို့လှုပ်ရှားမှုတွေကို တစ်ချိန်လုံး လိုက်ကြည့်နေတာပါ”

    အစ္စလာမ်ဘာသာဝင်တစ်ယောက်ဖြစ်တဲ့ ဖဒ်ဝါ အ၀ဒ်က ဒီလှုပ်ရှားမှုဟာ သူမရဲ့ ဘ၀တစ်စိတ်တစ်တစ်ပိုင်းအကြောင်း သူငယ်ချင်းတွေနဲ့ မျှဝေခွင့်ရခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ကျွန်မတို့ ဘာသာတရားအကြောင်း သူတို့ ပျော်ရွှင်စွာ လေ့လာသင်ယူကြတယ်။ ကျွန်မတို့ ဘာတွေလုပ်လဲ၊ ဘာတွေပြောလဲဆိုတာကို သူတို့ ကြည့်ရှုခွင့်ရတယ်။ ဒါဟာ ကောင်းမွန်တဲ့ ကိစ္စတစ်ခုပါ” တက်ရောက်လာသူတွေကို ဗလီဝတ်ကျောင်းတော်က နေ့လည်စာနဲ့ တည့်ခင်းဧည့်ခံခဲ့ပါတယ်။

    Ref : CBC

  • ကုလ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်အခြေအနေကို လာကြည့်မည်

    ကုလ လုံခြုံရေးကောင်စီက ရခိုင်ပြည်နယ်အခြေအနေကို လာကြည့်မည်

    ဖေဖော်ဝါရီ ၄၊ ၂၀၁၈Add New
    M-Media

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာပြဿနာနဲ့ပတ်သက်လို့ ကုလလုံခြုံရေးကောင်စီက ကိုယ်စားလှယ်တွေဟာ မတ်လ ဒါမှမဟုတ် ဧပြီလလောက်မှာ မြန်မာနိုင်ငံကို လာရောက်ပြီး ကွင်းဆင်းလေ့လာဖို့ ရှိတယ်လို့ ကုလ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    လုံခြုံရေးကောင်စီက တာဝန်ရှိသူတွေဟာ မြန်မာနိုင်ငံကို အခုလအတွင်း လာရောက်ဖို့ စီစဉ်ထားပေမယ့် မြန်မာအစိုးရက အချိန်မတန်သေးတဲ့အတွက် မလာဖို့ ပြောကြားခဲ့တာပါ။

    ဖေဖော်ဝါရီလအတွက် လုံခြုံရေးကောင်စီ ဥက္ကဌအဖြစ် တာဝန်ထမ်းဆောင်နေတဲ့ ကူဝိတ်သံအမတ် မန်ဆူရ် အလ်-အိုတိုင်ဘီက မြန်မာအာဏာပိုင်တွေဟာ လာရောက်မှု ဆန့်ကျင်တာမျိုးမဟုတ်ဘဲ မတ်လ ဒါမှမဟုတ် ဧပြီလလောက်မှာ ဖြစ်လာနိုင်တယ်လို့ မနေ့က ကုလရုံးချုပ် သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။

    “အခုအချိန်ဟာ လာဖို့ အချိန်ကောင်းမဟုတ်ဘူးလို့ သူတို့ ယူဆတာပါ”

    စစ်တပ်ရဲ့ နယ်မြေရှင်းလင်းရေးလုပ်ငန်းအတွင်း ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတဲ့ သိန်းနဲ့ချီတဲ့ ရိုဟင်ဂျာတွေ နေရပ်ပြန်လာနိုင်ရေး လုံခြုံရေးကောင်စီက တောင်းဆိုထားပါတယ်။

    ကုလဆိုင်ရာ မြန်မာသံအမတ်က နိုင်ငံအတွင်းရှိနေတဲ့ နိုင်ငံတကာသံတမန်တွေ ရခိုင်ပြည်နယ် သွားရောက်နိုင်အောင် ကြိုးစားစီစဉ်ပေးနေပြီး လက်ရှိ ရခိုင်ပြည်နယ်မှာ တင်းမာမှုတွေ မြင့်တက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    Ref: Dhaka Tribune