News @ M-Media

Blog

  • အင်ဒိုနီးရှားက နိုင်ငံ၏မြို့တော်ကို ရွှေ့ပြောင်းမည်

    အင်ဒိုနီးရှားက နိုင်ငံ၏မြို့တော်ကို ရွှေ့ပြောင်းမည်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – နိုင်ငံ၏ မြို့တော်အား ဂျကာတာမှ အခြားနေရာသို့ ပြောင်းရွှေ့ရန် အစိုးရ၏ လေ့လာမှုများမှာ ပြီးဆုံးတော့မည်ဟု အင်ဒိုနီးရှား အမျိုးသား ဖွံ့ဖြိုးတိုးတက်ရေးနှင့် စီမံကိန်း ၀န်ကြီး ဘမ်ဘန် ဘရိုဂျို နီဂိုရိုက ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အင်ဒိုနီးရှားမှာ မြို့တော်ကို ဂျကာတာမြို့ တည်ရှိသည့် ဂျာဗားကျွန်းအပြင်ဘက်တွင် ထားရှိရန် စီစဉ်နေသည်ဟု ယခင်က ကြေငြာဖူးပြီး ဘမ်ဘန်က နေရာအချက်အခြာကျမှု၊ ဘဏ္ဍာရေးလုပ်ငန်းစဉ်များ လွယ်ကူမှုနှင့် အခြား အကြောင်းအရင်းများဖြင့် မြို့တော်သစ်ကို ဆုံးဖြတ်သွားမည်ဟု ဆိုသည်။

    လက်ရှိတွင် အဆိုပါ အစီအစဉ်ကို ဒီဇင်ဘာအကုန်၌ သမ္မတ ၀ီဒိုဒိုထံ တင်သွင်းရန် စီစဉ်ထားသည်။

    ဘောနီယိုကျွန်းရှိ ဗဟိုကလီမန်တန်၊ အရှေ့ကလီမန်တန်နှင့် တောင်ကလီမန်တန် ပြည်နယ်တို့တွင် ယာဉ်အသွားအလာအခြေအနေကို လေ့လာမှုများ ပြုလုပ်ရန် ယာဉ်ထိန်းရဲတပ်ဖွဲ့အား အစိုးရက တာဝန်ပေးပြီးနောက် မြို့တော်သစ်မှာ ထိုပြည်နယ်များရှိ မြို့တစ်ခုခုဖြစ်မည်ဟု သတင်းများ ထွက်ပေါ်နေသည်။

    ဘမ်ဘန်ကမူ လျာထားသည့် မြို့များစာရင်းကို သမ္မတထံ တင်သွင်းပြီးမှ လူထုအား ချပြမည်ဟု ပြောကြားခဲ့သည်။

    Ref : CNA

  • ရခိုင်ရောက် Reuters သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

    ရခိုင်ရောက် Reuters သတင်းထောက်နှစ်ဦး ဖမ်းဆီးခံရ

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    ၀လုံး (၀ဲ) နှင့် ကျော်စိုးဦး (ယာ) (photo credit – frontiermyanmar)

    – Reuters သတင်းဌာနက မြန်မာနိုင်ငံသား သတင်းထောက်နှစ်ဦးဟာ ဒီကနေ့မှာ ဖမ်းဆီးခြင်းခံလိုက်ရပြီး ဒီသတင်းကိုလည်း မြန်မာအစိုးရက အတည်ပြုပြောကြားလိုက်ပါတယ်။

    “သူတို့ဖမ်းခံရတယ်ဆိုတာ မှန်ပါတယ်။ ခင်ဗျားတို့ သတင်းထောက်တွေပဲမဟုတ်ဘူး။ ဒီကိစ္စမှာ ပါဝင်တဲ့ ရဲတွေကိုလည်း ဖမ်းထားတယ်။ အဲဒီရဲတွေနဲ့ သတင်းထောက်တွေကို အရေးယူသွားမှာပါ” လို့ အစိုးရပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက Reuters ကို ပြောကြားခဲ့ပါတယ်။

    ဖမ်းဆီးခံရသူတွေဟာ သတင်းထောက် ၀လုံးနဲ့ ကျော်စိုးဦးဆိုသူတို့ဖြစ်ပြီး မောင်တောမြို့နယ် ရဲတပ်ဖွဲ့ရဲ့ အစီရင်ခံစာမိတ္တူကို လက်ဝယ်တွေ့ရှိတာကြောင့် နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေနဲ့  ဖမ်းဆီးခံရတာဖြစ်တယ်လို့ BBC သတင်းဌာနက ဖော်ပြခဲ့ပါတယ်။

    ဦးဇော်ဌေးကတော့ ဘာ့ကြောင့် အဖမ်းခံရလဲ၊ ပြစ်ဒဏ် ဘယ်လောက် ချမှတ်ခံရနိုင်လဲဆိုတာတွေကို ထည့်သွင်းပြောကြားခဲ့ခြင်း မရှိပါဘူး။

    Reuters သတင်းဌာနရဲ့ ကမ္ဘာလုံးဆိုင်ရာ ဆက်သွယ်ရေးအကြီးအကဲ အဘ်ဘီက ဖမ်းဆီးခံရတဲ့ကိစ္စနဲ့ လက်ရှိအနေအထားတွေ အတိအကျသိရအောင် ဆောင်ရွက်နေတယ်လို့ ပြောကြားခဲ့ပါတယ်။

    ၀လုံးဟာ ၂၀၁၆ ခုနှစ် ဇွန်လက စတင်ကာ Reuters မှာ တာဝန်ထမ်းဆောင်ခဲ့တဖြစ်ပြီး ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စအပါအ၀င် သတင်းအတော်များများကို လိုက်ခဲ့ဖူးသူပါ။ ကျော်စိုးဦးကတော့ စက်တင်ဘာလကမှ Reuters နဲ့ ဆက်သွယ်ခဲ့တာဖြစ်ပါတယ်။

    Ref: Reuters,BBC

  • ဂျေရုစလင်ကိစ္စ အမေရိကန်၏ဆုံးဖြတ်ချက်ကို OIC ကန့်ကွက်

    ဂျေရုစလင်ကိစ္စ အမေရိကန်၏ဆုံးဖြတ်ချက်ကို OIC ကန့်ကွက်

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    ပါလက်စတိုင်းသမ္မတ အဘတ်စ်နှင့် တူရကီသမ္မတ အာဒိုဂန်

    – ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် ကြေငြာလိုက်တဲ့ အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို အစ္စလာမ့်မစ်နိုင်ငံများ ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ OIC က ပယ်ချလိုက်ပြီး အဖွဲ့ဝင်နိုင်ငံတွေအားလုံး စည်းစည်းလုံးလုံးနဲ့ တုန့်ပြန်သွားဖို့ တိုက်တွန်းခဲ့ပါတယ်။

    “အမေရိကန်ရဲ့ ဆုံးဖြတ်ချက်ကို လက်မခံသလို ရှုတ်လည်းရှုတ်ချပါတယ်။ ဒါဟာ နိုင်ငံတကာဥပဒေကို ချိုးဖောက်မှုဖြစ်ပြီး ကမ္ဘာတစ်ဝှမ်းက မွတ်စလင်တွေ စိတ်နှလုံးထိခိုက်အောင် ရန်စတာပါ။ ဒါဟာ ဒေသတွင်းနဲ့ ကမ္ဘာကြီးမှာ မတည်ငြိမ်တဲ့ အခြေအနေတစ်ခုကို ဖြစ်ပေါ်စေမှာ ဖြစ်ပါတယ်” လို့ OIC ရဲ့ အထွေထွေအတွင်
းရေးမှူး ယူစွဖ် အလ်-အိုသိုင်မင်က ဒီကနေ့ပြုလုပ်တဲ့ OIC ထိပ်သီးညီလာခံမှာ ပြောကြားခဲ့ပါတယ်။

    ပါလက်စတိုင်းသမ္မတ မဟ်မူးဒ်အဘတ်စ်ကလည်း အမေရိကန်ဟာ ‘အစ္စရေးကို ဘက်လိုက်ခဲ့ပြီး’ အနာဂတ် အစ္စရေး-ပါလက်စတိုင်း ဆွေးနွေးပွဲမှာ ယုံကြည်လို့ မရတော့ဘူးဆိုတာကို ပြသလိုက်တာဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    “ငြိမ်းချမ်းရေးလုပ်ငန်းစဉ်မှာ အမေရိကန်ရဲ့ ဘယ်လိုအခန်းကဏ္ဍကိုမှ ကျွန်တော်တို့ လက်မခံတော့ပါဘူး။ အစ္စရေးဖက်ကို လုံးဝ ဘက်လိုက်တယ်ဆိုတာ သူတို့ ပြသလိုက်တာပါ။ ဂျေရုစလင်ဟာ အမြဲတမ်း ပါလက်စတိုင်းရဲ့မြို့တော် ဖြစ်နေမှာ ဖြစ်ပါတယ်”

    ဒီဇင်ဘာ ၆ ရက်နေ့မှာ ထရမ့်က ဂျေရုစလင်ကို အစ္စရေးမြို့တော်အဖြစ် အသိအမှတ်ပြုကြောင်း ကြေငြာပြီးနောက်ပိုင်း ကမ္ဘာ့ခေါင်းဆောင်တွေက အဲဒီလုပ်ရပ်ကို ရှုတ်ချခဲ့ပြီး ပါလက်စတိုင်းပိုင်နက်တွေအပါအ၀င် ကမ္ဘာတစ်ဝှမ်းမှာလည်း ဆန္ဒပြမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။

    Ref: Aljazeera

     

  • သမ္မတထရမ့် လိင်စော်ကားခဲ့သည်ဆိုသော စွဲချက်များကို စစ်ဆေးရန် ဒီမိုကရက်အမတ်များ တောင်းဆို

    သမ္မတထရမ့် လိင်စော်ကားခဲ့သည်ဆိုသော စွဲချက်များကို စစ်ဆေးရန် ဒီမိုကရက်အမတ်များ တောင်းဆို

    ဒီဇင်ဘာ ၁၃၊ ၂၀၁၇
    M-Media

    – အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ သမ္မတမဖြစ်ခင် လိင်ပိုင်းဆိုင်ရာ စော်ကားမှုများ ပြုလုပ်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များကို စုံစမ်းစစ်ဆေးရန်အတွက် ဒီမိုကရက်တစ်အမတ် ၁၀၀ ကျော်က အောက်လွှတ်တော် ကြီးကြပ်ရေး ကော်မတီကို တိုက်တွန်းလိုက်သည်ဟု သိရသည်။

    ဖလော်ရီဒါမှ လွှတ်တော်အမတ်တစ်ဦးဖြစ်ပြီး ဒီမိုကရက်တစ်ပါတီ အမျိုးသမီး လုပ်ငန်းဆိုင်ရာအဖွဲ့ (DWWG) ၏ ဥက္ကဌလည်းဖြစ်သူ လိုအစ် ဖရန်ကန်က သမ္မတအပေါ် စွဲဆိုချက်မျာအတွက် ‘အမှန်တရားကို ဖော်ထုတ်ရန် အချိန်တန်ပြီ’ ဟု ပြောကြားခဲ့သည်။

    ထရမ့်မှာ အလိုမတူဘဲ နမ်းခြင်း၊ တင်ပါးအား ကိုင်တွယ်ပွတ်သတ်ခြင်းတို့ အပါအ၀င် လိုင်ပိုင်းဆိုင်ရာ စော်ကားမှုများ ရှိခဲ့သည်ဟု အနည်းဆုံး အမျိုးသမီး ၁၇ ဦးက စွပ်စွဲထားသည်ဟု DWWG က ထုတ်ပြန်သည့် တိုက်တွန်းစာတွင် ဖော်ပြထားသည်။

    ယမန်နေ့က ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် ဖရန်ကန်က အောက်လွှတ်တော် ကြီးကြပ်ရေးနှင့် ပြုပြင်ပြောင်းလဲရေးကော်မတီက ထိုစွပ်စွဲချက်များအား စုံစမ်းစစ်ဆေးရန်အတွက် လက်မှတ်ရေးထိုးသူ အမတ် ၁၀၀ ကျော်ရှိကြောင်း၊ အရေအတွက်မှာ ဆက်လက်၍ မြင့်တက်လာဖွယ် ရှိနေကြောင်း ပြောကြားခဲ့သည်။

    ထရမ့်ကမူ ထိုစွပ်စွဲချက်များအား ငြင်းဆိုခဲ့ပြီး ဒီမိုကရက်များမှာ ၎င်းနှင့် သိကျွမ်းခြင်း၊ တွေ့ဆုံခဲ့ခြင်း မရှိသူများ၏ စွပ်စွဲချက်များ၊ လုပ်ကြံမှုများဖြင့် ၎င်းအား တိုက်ခိုက်နေသည်ဟု ယမန်နေ့တွင် Twitter စာမျက်နှာ၌ ရေးသားခဲ့သည်။

    Ref: Aljazeera

  • အရှေ့တောင်အာရှကို အိမ်အကူလုပ်သား ပြန်ပို့ရန် မြန်မာစီစဉ်နေ

    အရှေ့တောင်အာရှကို အိမ်အကူလုပ်သား ပြန်ပို့ရန် မြန်မာစီစဉ်နေ

    ဒီဇင်ဘာ ၁၂၊ ၂၀၁၇
    M-Media

    စင်ကာပူနိုင်ငံမှ မြင်ကွင်းတစ်ခု

    – မြန်မာအမျိုးသမီးတွေ အရှေ့တောင်အာရှ နိုင်ငံတွေမှာ အိမ်အကူအဖြစ် တရားဝင် အလုပ်လုပ်နိုင်ရေး သဘောတူညီချက်ရဖို့အတွက် ဆောင်ရွက်နေတယ်လို့ အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဦးစီးဌာနရဲ့ တာဝန်ရှိသူတစ်ဦးက ပြောကြားလိုက်ပါတယ်။

    ဈေးသက်သာတဲ့ အိမ်အကူလုပ်သားတွေ လိုအပ်နေတဲ့ ဟောင်ကောင်၊ စင်ကာပူနဲ့ ထိုင်းနိုင်ငံတွေကို ပို့ဆောင်နိုင်ဖို့ မြန်မာနိုင်ငံက ပစ်မှတ်ထား ဆောင်ရွက်နေတာပါ။

    “ဒီနိုင်ငံတွေနဲ့ နားလည်မှုစာချွန်လွှာတွေ လက်မှတ်ရေးထိုးရေးအတွက် ကျွန်တော်တို့ ကြိုးစားနေပါတယ်။ စင်ကာပူ၊ မလေးရှား၊ ထိုင်း၊ ဟောင်ကောင်၊ ထိုင်ဝမ်တို့နဲ့ ဒီကိစ္စ ပြောဆိုဆွေးနွေးနေတာ ကြာမြင့်ပြီဖြစ်ပေမယ့် ဒီတစ်ခါမှာတော့ ပိုပြီးတော့ ပြည့်စုံမှာပါ” လို့ ၀န်ကြီးဌာနက စက်ရုံနှင့် အထွေထွေအလုပ်သမားဥပဒေ
    ကြီးကြပ်ရေးဌာနက ညွှန်ကြားရေးမှူး ဦးဝင်းရှိန်က ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ၅၃.၆ သန်းသော ပြည်သူတွေရဲ့ ၅ ရာခိုင်နှုန်းကျော်ကျော်ဟာ စင်ကာပူ၊ မလေးရှား၊ ထိုင်းနဲ့ အရှေ့အလယ်ပိုင်းနိုင်ငံတွေမှာ အလုပ်လုပ်ကိုင်နေရတယ်လို့ အစိုးရရဲ့ စာရင်းဇယားအရ သိရပြီး အများစုက ငါးဖမ်းလုပ်ငန်း၊ စိုက်ပျိုးရေးနဲ့ အမျိုးသမီးတွေက အိမ်အကူလုပ်ငန်းတွေမှာ ဖြစ်ပါတယ်။

    ရွှေ့ပြောင်းလုပ်သားတွေကို ကာကွယ်ပေးရေး၊ သူတို့ရဲ့အခွင့်အရေးကို မြှင့်တင်ပေးရေး သဘောတူညီချက်တစ်ခုကို အာဆီယံနိုင်ငံတွေက နိုဝင်ဘာ ၁၄ ရက်နေ့မှာ လက်မှတ်ရေးထိုးခဲ့ပြီး ရွှေ့ပြောင်းလုပ်သားတွေကို နိုင်ငံသားတွေအတိုင်း အကာအကွယ်ပေးဖို့ အဲဒီသဘောတူညီချက်မှာ အာမခံထားပါတယ်။

    ဦးဝင်းရှိန်ကတော့ မြန်မာအလုပ်သမားတွေဟာ ဥပဒေကပေးထားတဲ့ အခွင့်အရေးအတိုင်း အကာအကွယ်ရဖို့လိုတယ်လို့ ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံဟာ ၂၀၁၃ ခုနှစ်မှာ စင်ကာပူ၊ ၂၀၁၄ ခုနှစ်မှာ ဟောင်ကောင်တို့ကို အိမ်အကူလုပ်သားတွေ စတင်စေလွှတ်ခဲ့ပေမယ့် ပြဿနာတွေ၊ အခွင့်အရေးချိုးဖောက်မှုတွေကြောင့် ၂၀၁၄ ခုနှစ် စက်တင်ဘာမှာ ဒီအစီအစဉ်ကို ရပ်တန့်ခဲ့ရပါတယ်။

    Ref: VOA