News @ M-Media
Blog
  • ထိုင်းနိုင်ငံမှ အာဆီယံအတွင်းရေးမှူးဟောင်း ရုတ်တရက် ကွယ်လွန်
    ထိုင်းနိုင်ငံမှ အာဆီယံအတွင်းရေးမှူးဟောင်း ရုတ်တရက် ကွယ်လွန်
    ဒီဇင်ဘာ ၁၊ ၂၀၁၇
    M-Media
    – ထိုင်းနိုင်ငံခြားရေးဝန်ကြီးဟောင်းဖြစ်ပြီး အာဆီယံ အထွေထွေအတွင်းရေးမှူးအဖြစ်လည်း တာဝန်ထမ်းဆောင်ခဲ့သူ ဒေါက်တာ ဆူရင် ပစ်ဆူဝမ်မှာ အသက် ၆၈ နှစ်အရွယ် ယမန်နေ့တွင် နှလုံးရောဂါဖြင့် ကွယ်လွန်သွားခဲ့သည်ဟု သိရသည်။
    ဘန်ကောက်တွင် ပြုလုပ်ခဲ့သည့် ‘၂၀၁၇ ခုနှစ် ထိုင်းဟာလာ ညီလာခံ’ တွင် မိန့်ခွန်းပြောရန် ပြင်ဆင်နေသည့်အချိန်တွင် ရုတ်တရက်လဲကျသွားခဲ့ပြီး ဆေးရုံသို့ ပို့ဆောင်ခဲ့သော်လည်း သတိပြန်မလည်လာတော့ပေ။
    ၁၉၄၉ ခုနှစ် အောက်တိုဘာ ၂၈ ရက်နေ့တွင် မွေးဖွားခဲ့သည့် ဆူရင် ပစ်ဆူဝမ်မှာ ကယ်လီဖိုးနီးယားရှိ ကလားမောင့် ကောလိပ်မှ ၁၉၇၂ ခုနှစ်တွင် နိုင်ငံရေးသိပ္ပံဘာသာရပ်ဖြင့် ဘွဲ့ရခဲ့ပြီး၊ ဟားဗတ်တက္ကသိုလ်မှ မဟာဘွဲ့နှင့် ဒေါက်တာဘွဲ့များ ရရှိခဲ့သည်။
    ၁၉၈၆ ခုနှစ်တွင် ဒီမိုကရက်ပါတီ အမတ်အဖြစ် နိုင်ငံရေးလောကထဲသို့ ၀င်ရောက်ကာ ၂၀၀၅ ခုနှစ်အထိ ၎င်း၏ ဇာတိမြို့တွက် ဆက်တိုက် အရွေးခံခဲ့ရသည်။
    ၁၉၉၂ ခုနှစ်မှ ၁၉၉၅ ခုနှစ်အထိ ထိုင်းနိုင်ငံ၏ ဒုတိယ နိုင်ငံခြားရေးဝန်ကြီး ဖြစ်ခဲ့ပြီး၊ ၁၉၉၇ ခုနှစ်မှ ၂၀၀၁ ခုနှစ်အထိ နိုင်ငံခြားရေးဝန်ကြီးအဖြစ် တာဝန်ယူခဲ့သည်။ ထို့ပြင် အာဆီယံ အထွေထွေအတွင်းရေးမှူးအဖြစ် ပထမဆုံး ဆောင်ရွက်ခွင့်ရသည့် ထိုင်းလူမျိုးတစ်ဦးလည်းဖြစ်ကာ ၂၀၀၈ ခုနှစ်မှ ၂၀၁၃ ခုနှစ်အထိ တာဝန်ထ
    မ်းဆောင်ခဲ့သည်။
    လက်ရှိတွင် ဘန်ကောက်အုပ်ချုပ်ရေးမှူးအဖြစ် ၀င်ရောက်ယှဉ်ပြိုင်ရန် ပြင်ဆင်နေစဉ် ကွယ်လွန်သွားခဲ့ခြင်းဖြစ်သည်။
    ဆူရင် ပစ်ဆူဝမ်၏ ရုပ်ကလပ်ကို ယနေ့ သောကြာ ၀တ်ပြုဆုတောင်းမှုအပြီးတွင် အစ္စလာမ်ဘာသာရေးထုံးဓလေ့အတိုင်း မြေမြှုပ်သဂြိုဟ်မည်ဖြစ်သည်။
    Ref: Bangkokpost
  • ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်မင်းကြီး တိုက်တွန်း
    ရိုဟင်ဂျာဒုက္ခသည်အရေး ကူညီဖြေရှင်းပေးဖို့ နိုင်ငံတကာကို ပုပ်ရဟန်မင်းကြီး တိုက်တွန်း
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ရခိုင်ပြည်နယ်က ဘင်္ဂလားဒေ့ရှ်ကို ထွက်ပြေးလာရတဲ့ ဒုက္ခသည် ပြဿနာကို ဖြေရှင်းဖို့အတွက် နိုင်ငံတကာအသိုင်းအ၀ိုင်းက ‘ထိရောက်တဲ့ ဆောင်ရွက်မှုတွေ’ ပြုလုပ်ဖို့ ပုပ်ရဟန်းမင်းကြီး ဖရန်စစ်က တိုက်တွန်း ပြောကြားလိုက်ပါတယ်။
    မြန်မာနိုင်ငံကနေ ဘင်္ဂလားဒေ့ရှ်နိုင်ငံကို ဒီနေ့မှာ ရောက်ရှိလာတဲ့ ပုပ်ရဟန်းမင်းကြီးဟာ ဘင်္ဂလာဒေ့ရှ်သမ္မတ အဘ်ဒူလ်ဟာမစ်၊ အစိုးရတာဝန်ရှိသူတွေနဲ့ ကမ္ဘာတစ်ဝှမ်းက သံတမန်တွေကို ပြောကြားတဲ့ မိန့်ခွန်းမှာ အခုလို့ ပြောဆိုလိုက်တာပါ။
    ရခိုင်ပြည်နယ်က ဒုက္ခသည်အများအပြားကို လက်ခံထားတဲ့ ဘင်္ဂလားဒေ့ရှ်ရဲ့ ရက်ရောမှု၊ စွန့်လွှတ်အနစ်နာခံမှုတွေအတွက် ချီးကျူးတယ်လို့ ပုပ်ရဟန်းမင်းကြီးက ထည့်သွင်းပြောဆိုခဲ့ပြီး အာရှရဲ့ အကြီးမားဆုံး ဒုက္ခသည်ပြဿနာကို ဖြေရှင်းရာမှာ နိုင်ငံတကာအစိုးရတွေအနေနဲ့ ဘင်္ဂလားဒေ့ရှ်ကို ၀ိုင်းဝန်းကူညီရမယ်လို့လည်း ဆိုပါတယ်။
    ပုပ်ရဟန်မင်းကြီးဟာ မိန့်ခွန်းထဲမှာ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို အသုံးမပြုခဲ့ဘဲ ‘ရခိုင်ပြည်နယ်က ဒုက္ခသည်များ’ လို့ပဲ ရည်ညွှန်းခဲ့ပါတယ်။
    “အမျိုးသမီးတွေနဲ့ ကလေးတွေ အများစုအပါအ၀င် ဒုက္ခသည်စခန်းတွေမှာ ပြွတ်သိပ်ကြပ်ညပ်နေပြီး အတောမသတ်နိုင်တဲ့ ဒုက္ခတွေ ခံစားနေရတဲ့၊ ဘ၀အာမခံချက်မရှိတဲ့ ကျွန်တော်တို့ ညီအစ်ကို၊ မောင်နှမတွေရဲ့ ဆိုးဆိုးရွားရွားအခြေအနေကို ဘယ်သူကမှ လစ်လျူရှုထားလို့ မရပါဘူး” လို့ ပုပ်ရဟန်းမင်းကြီးက မိန့်ခွန်းမှာ ထည့်သွင်းပြောဆိုခဲ့ပါတယ်။
    မြန်မာနိုင်ငံကို လာရောက်စဉ်အတွင်း ရိုဟင်ဂျာတွေရဲ့ ဒုက္ခသုက္ခတွေအကြောင်း ထည့်သွင်းပြောဆိုခြင်း မရှိတဲ့အတွက် ပုပ်ရဟန်းမင်းကြီးအပေါ် တက်ကြွလှုပ်ရှားသူတစ်ချို့က ဝေဖန်မှုတွေ ရှိခဲ့ပါတယ်။
    မြန်မာနိုင်ငံက ခရစ်ယာန်ကက်သလစ်အသင်းတော် တာဝန်ရှိသူတွေက ပုပ်ရဟန်းမင်းကြီးအနေနဲ့ ရိုဟင်ဂျာဆိုတဲ့ စကားလုံးကို သုံးလိုက်ရင် နိုင်ငံအတွင်းက ခရစ်ယာန်တွေအပေါ် လူများစု ဗုဒ္ဓဘာသာဝင်တွေက အမြင်မကြည် ဖြစ်လာနိုင်တဲ့အတွက် ဒီအသုံးအနှုန်းကို မသုံးဖို့ မေတ္တာရပ်ခံခဲ့ပါတယ်။
    ဗာတီကန်ကတော့ ပုပ်ရဟန်းမင်းကြီးဟာ မကြာသေးခင်ကမှ သံတမန်ဆက်ဆံရေး ရှိထားတဲ့ မြန်မာနိုင်ငံနဲ့ ပေါင်းကူးတံတားထိုးချင်တဲ့အတွက် ဆင်ခြင်ရခြင်းဖြစ်တယ်လို့ ကာကွယ်ပြောကြားခဲ့ပါတယ်။
    Ref: Independent
  • မြန်မာကို လက်နက်ရောင်းခြင်းမရှိဟု အစ္စရေး တရားဝင်ထုတ်ပြော
    မြန်မာကို လက်နက်ရောင်းခြင်းမရှိဟု အစ္စရေး တရားဝင်ထုတ်ပြော
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်နှင့် အစ္စရေးစစ်တပ်မှ တာဝန်ရှိသူတစ်ဦး တယ်လ်အဗီးတွင် တွေ့ဆုံမှု
    – မြန်မာနိုင်ငံကို အရင်က လက်နက်တွေ ရောင်းခဲ့ပေမယ့် ပြီးခဲ့တဲ့ လတော်တော်ကြာကတည်းက ဒီလိုရောင်းချမှုတွေ မရှိတော့ဘူးလို့ အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနက ဒီနေ့မှာ ပြောကြားလိုက်ပါတယ်။
    အစ္စရေးနိုင်ငံဆိုင်ရာ မြန်မာသံအမတ် ဦးမောင်မောင်လင်းက မြန်မာနိုင်ငံကို အခုအချိန်အထိ အစ္စရေးက လက်နက်တွေ ရောင်းနေတုန်းပဲလို့ ဒီနေ့မနက် အစ္စရေးစစ်တပ် ရေဒီယိုနဲ့ အင်တာဗျူးမှာ ပြောကြားခဲ့ပြီးနောက်ပိုင်း နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ ဒီထုတ်ပြန်ချက် ပေါ်ထွက်လာတာဖြစ်ပါတယ်။
    အစ္စရေးနိုင်ငံခြားရေးဝန်ကြီးဌာနဟာ ဦးမောင်မောင်လင်းကို ဆင့်ခေါ်ခဲ့ပြီး သူ့ရဲ့မှတ်ချက်အတွက် ဖြေရှင်းချက် တောင်းခဲ့ပါတယ်။
    စစ်အာဏာရှင်တွေလက်ထက်က မြန်မာနိုင်ငံကို လက်နက်ရောင်းတဲ့ နိုင်ငံအနည်းငယ်မှာ အစ္စရေးလည်း ပါဝင်ခဲ့တာပါ။
    ရခိုင်ပြည်နယ်မှာ ရိုဟင်ဂျာတွေအပေါ် မြန်မာစစ်တပ်က ဆိုးဆိုးဝါးဝါး ကျူးလွန်မှုတွေ ရှိတယ်ဆိုတဲ့ သတင်းတွေ ထွက်ပေါ်ခဲ့ပြီးနောက်ပိုင်း မြန်မာစစ်တပ်ကို လက်နက်မရောင်းဖို့အတွက် အစ္စရေးအစိုးရအပေါ် ပြည်တွင်း၊ ပြည်ပက ဖိအားတွေ များပြားလာခဲ့တာ ဖြစ်ပါတယ်။
    ဒီနေ့ နိုင်ငံခြားရေးဝန်ကြီးဌာနက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ လက်နက်မရောင်းဘူးလို့သာ ရည်ညွှန်းခဲ့ပြီး အခြားသော လုံခြုံရေးဆိုင်ရာကိစ္စတွေမှာ ကူညီပေးမှု ရှိ၊ မရှိကို ထည့်သွင်းဖော်ပြထားခြင်း မရှိပါဘူး။
    အစ္စရေးဟာ သူတို့ရဲ့ လက်နက်ရောင်းချမှုကိစ္စနဲ့ပတ်သက်လို့ ဒီလို လူသိရှင်ကြား ပြောကြားတာမျိုး လုပ်လေ့မရှိဘဲ အခုထုတ်ပြန်မှုဟာ ထူးခြားတဲ့အခြေအနေတစ်ခုလည်း ဖြစ်ပါတယ်။
    Ref: Times of Israel
  • ပြည်သူ့ဘဏ္ဍာ မတရားယူထားသူများ ၃ လအတွင်းပြန်ပေးရန် ဇင်ဘာဘွေသမ္မတသစ် အမိန့်ထုတ် 
    ပြည်သူ့ဘဏ္ဍာ မတရားယူထားသူများ ၃ လအတွင်းပြန်ပေးရန် ဇင်ဘာဘွေသမ္မတသစ် အမိန့်ထုတ် 
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ပြည်သူ့ဘဏ္ဍာတွေကို မတရားယူထားပြီး နိုင်ငံရပ်ခြားမှာ ကွယ်ဝှက်သိမ်းဆည်းထားတဲ့ လူပုဂ္ဂိုလ်တွေ၊ ကုမ္ပဏီတွေအနေနဲ့ ၃ လအတွင်း ပြန်လည်အပ်နှံမယ်ဆိုရင် အရေးယူမှုမလုပ်ဘဲ လွတ်ငြိမ်းချမ်းသာခွင့်ပေးမယ်လို့ ဇင်ဘာဘွေသမ္မတသစ် အီမာဆန် မနန်ဂါဂွါက မနေ့မှာ ကြေငြာလိုက်ပါတယ်။
    “ဒီလို မတော်မတရား လုပ်ထားတာတွေဟာ ဇင်ဘာဘွေပြည်သူတွေအပေါ်မှာ စီးပွားရေး ရာဇ၀တ်မှုကို ကျူးလွန်တာဖြစ်ပါတယ်” လို့ သူက ပြောကြားခဲ့ပြီး ဖေဖော်ဝါရီမှာ ကုန်ဆုံးမယ့် လွတ်ငြိမ်းချမ်းသာခွင့်အတွင်း အဲဒီ ပြည်သူ့ဘဏ္ဍာတွေ မအပ်ဘူးဆိုရင် အစိုးရက တရားစွဲဆိုသွားမယ်လို့လည်း သတိပေးခဲ့ပါတယ်။
    ပြီးခဲ့တဲ့တစ်ပတ် အာဏာစရကတည်းက မန်ဂါဂွါဟာ ခြစားမှုတိုက်ဖျက်ရေး လုပ်ဆောင်သွားမယ်လို့ ကတိပြု ခဲ့တာပါ။
    “ကျွန်တော်တို့တိုင်းပြည်က ငွေကြေးနဲ့ ပိုင်ဆိုင်မှု တော်တော်များများကို တစ်ချို့သော လူပုဂ္ဂိုလ်တွေနဲ့ စီးပွားရေးလုပ်ငန်းတွေဟာ နိုင်ငံရပ်ခြားမှာ တရားမ၀င် သွားထားထားပါတယ်။ ဥပဒေရဲ့ လက်တံကြောင့် နာကျင် အရှက်ရတာမျိုး မဖြစ်ခင် အဲဒီလူတွေအနေနဲ့ နိုင်ငံခြားမှာ တရားမ၀င်သွားထားတဲ့ ငွေတွေ၊ ပိုင်ဆိုင်မှုတွေကိုြ
    ပန်ပေးဖို့ ဒီလွတ်ငြိမ်းချမ်းသာခွင့်ကာလကို အသုံးချပါလို့ တိုက်တွန်းပါတယ်” လို့လည်း မန်ဂါဂွါက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။
    နှစ်ပေါင်းများစွာ အာဏာရှင်စနစ်ကြောင့် ဇင်ဘာဘွေနိုင်ငံဟာ ခြစားမှုအမြစ်တွယ်ကာ ချွတ်ခြုံကျခဲ့ပြီး ငွေကြေးဖောင်းပွမှုလည်း အဆမတန် မြင့်တက်လာတာကြောင့် ၂၀၀၉ ခုနှစ်မှာ ကိုယ်ပိုင်ငွေကြေးကို စွန့်လွှတ်ကာ အမေရိကန်ဒေါ်လာ အသုံးပြုရတဲ့အနေအထားအထိ ရောက်ခဲ့ပါတယ်။
    သမ္မသစ်ဟာ Operation Restore Legacy ဆိုခဲ့ ခြစားမှုတိုက်ဖျက်ရေး လုပ်ငန်းတစ်ခုကိုလည်း ဆောင်ရွက်နေပြီး ဘဏ္ဍာရေးဝန်ကြီးဟောင်း အစ်ဂနာတီယာက် ချွမ်ဘိုကို ခြစားမှုစွဲချက်တွေနဲ့ တရားစွဲဆိုထားပါတယ်။
    ဒီလို လုပ်လိုက်တာကြောင့် ပြည့်သူ့ဘဏ္ဍာတွေကို မတရားယူထားသူတွေဟာ နိုင်ငံခြားဘဏ်အကောင့်တွေမှာ ငွေတွေကို လွှဲထားလိုက်ပြီး ကန်ဒေါ်လာ ၂ ဘီလီယံဖိုးလောက်ရှိတယ်လို့ ဇင်ဘာဘွေဗဟိုဘဏ်က ပြောကြားခဲ့ပါတယ်။
    မနန်ဂါဂွါရဲ့ အခုကြေငြာမှုဟာ ဆိုးဆိုးရွားရွားဖြစ်နေတဲ့ စီးပွားရေးကို ကယ်တင်ရေး တစ်စိတ်တစ်ပိုင်းလည်း ဖြစ်ပါတယ်။
    Ref: BBC
  • အမုန်းဗီဒီယိုကိစ္စ ၎င်းအားဝေဖန်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့် ပြန်လည်တုန့်ပြန်
    အမုန်းဗီဒီယိုကိစ္စ ၎င်းအားဝေဖန်သည့် ဗြိတိန်ဝန်ကြီးချုပ်ကို ထရမ့် ပြန်လည်တုန့်ပြန်
    နိုဝင်ဘာ ၃၀၊ ၂၀၁၇
    M-Media
    – ဗြိတိန်က လက်ယာစွန်းရောက်တစ်ဦးရဲ့ မွတ်စလင်မုန်းတီးရေး ဗီဒီယိုတွေကို အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ထပ်ဆင့်မျှဝေမှုနဲ့ပတ်သက်ပြီး ဗြိတိန်ဝန်ကြီးချုပ်နဲ့ ဒေါ်နယ်ထရမ့်တို့အကြား အပြန်အလှန် ဝေဖန်ပြစ်တင်မှုတွေ ပြုလုပ်ခဲ့ပါတယ်။
    ယူကေအစိုးရက အစွန်းရောက်အဖွဲ့အဖြစ် သတ်မှတ်ထားတဲ့ Britain Firsts အဖွဲ့ ဒုတိယခေါင်းဆောင် ဂျေဒါ ဖရဆန်ရဲ့ Twitter စာမျက်နှာမှာ တင်ထားတဲ့ ဗီဒီယို ၃ ခုကို ထရမ့်က ယမန်နေ့မှာ ထပ်ဆင့် မျှဝေလိုကတာဖြစ်ပြီး ဒီလုပ်ရပ်ဟာ မှားယွင်းတဲ့လုပ်ရပ်ဖြစ်တယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ထရီဇာမေက ဝေဖန်ခဲ့တာပါ။
    ထရမ့်က သူ့ကိုဝေဖန်နေမယ့်အစား ဗြိတိန်က အကြမ်းဖက်ဝါဒကို အာရုံစိုက်ပါလို့ Twitter စာမျက်နှာကနေတစ်ဆင့် ပြန်လည်တုန့်ပြန်ခဲ့ပါတယ်။
    “ထရီဇာမေခင်ဗျား- ကျွန်တော့်အပေါ်မှာ အာရုံမစိုက်ပါနဲ့။ ယူကေမှာ ဖြစ်နေတဲ့ အဖျက်သဘောဆောင်တဲ့ အစွန်းရောက်အစ္စလာမ့်မစ် အကြမ်းဖက်ဝါဒကို အရုံစိုက်ပါ။ ကျုပ်တို့က အေးဆေးပါပဲ” လို့ မနေ့က နှောင်းပိုင်းမှာ ထရမ့်က ရေးသားခဲ့ပါတယ်။
    အစွန်းရောက်ဝါဒဖြန်မှုတွေနဲ့ တရားရင်ဆိုင်နေရတဲ့ ဖရန်ဆန်ရဲ့ ဗီဒီယိုကို ထရမ့်က ပြန်လည်မျှဝေမှုနဲ့ပတ်သက်ပြီး ထရီဇာမေရဲ့ရုံးက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ Britain First အဖွဲ့ဟာ ‘အမုန်းစကားတွေ၊ လိမ်လည်သတင်းတွေနဲ့ လူ့အဖွဲ့အစည်းတွေအတွင်း သွေးကွဲအောင်၊ တင်းမာမှုတွေ မြင့်တက်လာအောင်’ လုပ်
    ဆောင်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။
    ထရမ့်ရဲ့ ဒီလိုလုပ်ဆောင်မှုကို ဗြိတိန်က နိုင်ငံရေးသမားတွေနဲ့ လူ့အခွင့်အရေးအဖွဲ့တွေကလည်း ဝေဖန်ရှုတ်ချခဲ့ပါတယ်။
    Ref: Aljazeera