News @ M-Media

Blog

  • ပျောက်ဆုံးအာဂျင်တီးနားရေငုပ်သင်္ဘောမှ သင်္ဘောသားများ အသက်ရှင်သန်နိုင်မှု မျှော်လင့်ချက်နည်း

    ပျောက်ဆုံးအာဂျင်တီးနားရေငုပ်သင်္ဘောမှ သင်္ဘောသားများ အသက်ရှင်သန်နိုင်မှု မျှော်လင့်ချက်နည်း

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ပျောက်ဆုံးသွားသည့် ARA San Juan ရေငုပ်သင်္ဘော

    – ပြီးခဲ့သည့် ၅ ရက်အရင်က ပျောက်ဆုံးသွားခဲ့သည့် အာဂျင်တီးနားရေတပ်မှ ရေငုပ်သင်္ဘောအား ရှာဖွေမှုမှာ ယနေ့အချိန်အထိ မတွေ့ရှိသေးဘဲ လိုက်ပါသွားသည့် သင်္ဘောသားများမှာလည်း အသက်ရှင်သန်နိုင်ခွင့် အလွန်နည်းပါးသွားပြီ ဖြစ်သည်။

    ရေတပ်သား ၄၄ ဦး ပါဝင်သည့် အဆိုပါ ARA San Juan ရေငုပ်သင်္ဘောမှာ နိုင်ငံတောင်ပိုင်း ၎င်း၏ အခြေစိုက်စခန်း Mar del Plata သို့ ခုတ်မောင်းနေစဉ် အဆက်အသွယ် ပြက်တောက်သွားခဲ့ခြင်းဖြစ်သည်။

    အာဂျင်တီးယားရေတပ်က ရေငုပ်သင်္ဘောမှာ ဗုဒ္ဓဟူးနေ့တွင် လျှပ်စစ်လိုင်း ပြဿနာရှိနေသည်ဟု သတင်းပေးပို့ပြီးနောက်ပိုင်း အဆက်အသွယ်မရတော့ဟု ပြောကြားခဲ့သည်။

    ပြီးခဲ့သည့်ရက်ပိုင်းအတွင်း ဂြိုဟ်တုဖုန်းခေါ်ဆိုမှုတစ်ခုကို လက်ခံရရှိသော်လည်း အဆိုပါဖုန်းမှာ ပျောက်ဆုံးနေသည်ဟု ရေငုပ်သင်္ဘောမှ မဟုတ်ဟု အာဂျင်တီးနားရေတပ်က ထုတ်ပြန်ခဲ့သည်။

    ဂျာမနီနိုင်ငံလုပ် အဆိုပါ ရေငုပ်သင်္ဘော ပျောက်ဆုံးသွားသည့် အတ္တလန်တိတ်သမုဒ္ဒရာတောင်ပိုင်းမှ အသံတစ်ခု ယမန်နေ့တွင် ကြားခဲ့ရပြီး သင်္ဘောထဲတွင် ပိတ်မိနေသည့် သင်္ဘောသားများက ကယ်ဆယ်ရေးအဖွဲ့ကို အချက်ပြသည်ဟု ယူဆဲ့သော်လည်း နောက်ပိုင်းတွင် ထိုသို့မဟုတ်ဟု အာဂျင်တီးနားအာဏာပိုင်များကြေ
    ပာဆိုခဲ့သည်။

    လက်ရှိတွင် ပစိဖိတ်သမုဒ္ဒရာအတွင်း ရှာဖွေရေကယ်ဆယ်ရေးလုပ်ငန်းများကို အာဂျင်တီးနား၊ အမေရိကန်၊ ဗြိတိန်၊ ချီလီနှင့် ဘရာဇီးလ်တို့က ပူးပေါင်းဆောင်ရွက်နေပြီး ဝေဟင်မှလည်း သမုဒ္ဒရာတစ်ခုလုံးအား စကန်ဖတ်မှု ပြုလုပ်လျက်ရှိနေသည်။

    Ref: Reuters

  • ရိုဟင်ဂျာများကို နိုင်ငံသားစီစစ်ရေး မြန်မာအစိုးရကို ကုလ ကူညီမည်

    ရိုဟင်ဂျာများကို နိုင်ငံသားစီစစ်ရေး မြန်မာအစိုးရကို ကုလ ကူညီမည်

    နိုဝင်ဘာ ၂၁၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာဒုက္ခသည်များ

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေကို နိုင်ငံသားစီစစ်ရေးလုပ်ရာမှာ မိမိတို့အနေနဲ့ မြန်မာအစိုးရကို နည်းလမ်းပိုင်းဆိုင်ရာ အကူအညီတွေ ပေးသွားမယ်လို့ ကုလသမဂ္ဂ ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး ဖိလစ်ပို ဂရန်ဒီက ယမန်နေ့မှာ ပြောကြားလိုက်ပါတယ်။

    တိုကျိုမြို့က Japan National Press Club မှာ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ ပြောကြားလိုက်တာဖြစ်ပြီး ရိုဟင်ဂျာပြဿနာဟာ ၁၉၉၀ ပြည့်နှစ်တွေက ဖြစ်ပွားခဲ့တဲ့ ဘောလ်ကန်စစ်ပွဲက လူမျိုးစုလိုက်သုတ်သင်မှု၊ ရ၀မ်ဒါ လူမျိုးတုန်းသတ်ဖြတ်မှုနောက်ပိုင်း အဆိုးဝါးဆုံးဖြစ်တယ်လို့လည်း ဆိုပါတယ်။

    “အကြမ်းဖက်မှုတွေကို လုံးဝ ရပ်တန့်ရမှာဖြစ်ပြီး သူတို့ရဲ့ နိုင်ငံသားပြဿနာကို ဖြေရှင်းပေးရမှာပါ။ အနာဂတ်မှာ နေရပ်ပြန်လည်ပို့ဆောင်ရေးအတွက် ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာနိုင်ငံအကြား ဆွေးနွေးမှုတွေ ပြုလုပ်နေပြီဆိုတာကိုလည်း ကျွန်တော်တို့ သိရှိထားပါတယ်”

    ဘင်္ဂလားဒေ့ရှ်ဖက်က ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်ခေါ်ဖို့အတွက် ပွင့်ပွင့်လင်းလင်း ဆွေးနွေးချင်တယ်ဆိုတဲ့အကြောင်း မြန်မာအစိုးရက ရန်ကုန်မှာရှိတဲ့ UNHCR ရုံးကို ဆက်သွယ်အကြောင်းကြားထားတယ်လို့လည်း ဂရန်ဒီက ထည့်သွင်း ပြောကြားခဲ့ပါတယ်။

    ဒီကိစ္စမှာ အကြံဉာဏ်ပေးဖို့ နှစ်နိုင်ငံစလုံးကို ဂရန်ဒီက ကမ်းလှမ်းထားပြီး မြန်မာအစိုးရဟာ ရိုဟင်ဂျာတွေကို နိုင်ငံသားအဖြစ် စီစဉ်ဖို့ ရည်ရွယ်ချက်ရှိပေမယ့် သူတို့အများစုမှာ အထောက်အထားတွေ မရှိကြောင်း၊ UNHCR အနေနဲ့ ဒီကိစ္စမှာ အတွေ့အကြုံရှိတာကြောင့် မြန်မာအစိုးရကို ကူညီသွားမှာဖြစ်ကြောင်းလည်း ဂရန်ဒီက ဆိုပါတယ်။

    “မြန်မာနိုင်ငံကရောက်လာတဲ့ ရိုဟင်ဂျာတွေကို မှတ်ပုံတင်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ကို ကျွန်တော်တို့ လက်ရှိမှာ ကူညီပေးနေပါတယ်”

    ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ဟာ ရခိုင်ပြည်နယ်မြောက်ပိုင်းက ရဲကင်းစခန်း ၃၀ လောက်ကို သြဂုတ်လနှောင်းပိုင်းမှာ တိုက်ခိုက်ခဲ့ပြီးနောက်ပိုင်း စစ်တပ်ကပြုလုပ်တဲ့ စစ်ဆင်ရေးအတွင်းမှာ ရိုဟင်ဂျာ ၆ သိန်းကျော်လောက် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရတယ်လို့ ကုလက ပြောကြားထားပါတယ်။

    အဲဒီမတိုင်ခင် အရင်တုန်းကလည်း စစ်အာဏာရှင်အစိုးရရဲ့ အဓမ္မမောင်းထုတ်မှုကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ သိန်းချီရှိနေပါတယ်။

    Ref: Nikkei

  • လုံခြုံရေးအကြောင်းပြချက်ဖြင့် ကလေးဝတ် စမတ်နာရီများကို ဂျာမနီပိတ်ပင်

    လုံခြုံရေးအကြောင်းပြချက်ဖြင့် ကလေးဝတ် စမတ်နာရီများကို ဂျာမနီပိတ်ပင်

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – ကလေးငယ်တွေအတွက် ရည်ရွယ်ပြီး ထုတ်လုပ်ထားတဲ့ စမတ်နာရီတွေဟာ တစ်ကိုယ်ရေလုံခြုံရေးကို ထိခိုက်စေတယ်ဆိုပြီး ဂျာမနီဆက်သွယ်ရေးအာဏာပိုင်အဖွဲ့ Federal Network Agency က ပိတ်ပင်လိုက်ပါတယ်။

    ဆင်းမ်ကဒ်ထည့်လို့ရပြီး ဖုန်းခေါ်ဆိုမှု လုပ်ဆောင်ချက်တစ်ချို့ ပါဝင်တဲ့ အဲဒီစမတ်နာရီကို ကလေးငယ်တွေ ဘယ်ရောက်နေလဲဆိုတာ မိဘတွေ သိရှိနိုင်ဖို့ ရည်ရွယ်ထုတ်လုပ်တာဖြစ်ပြီး GPS နည်းပညာနဲ့ ဖုန်းထဲက အက်ပလီကေးရှင်းကိုအသုံးပြုပြီး ကြည့်နိုင်မှာဖြစ်ပါတယ်။

    Federal Network Agency ဟာ အရင်ကလည်း အင်တာနက်ချိတ်ဆက်အသုံးပြုရတဲ့ အရုပ်မ My Friend Cayla ကို လုံခြုံရေးအကြောင်းပြချက်နဲ့ ပိတ်ပင်ခဲ့ဖူးပါတယ်။

    ကျွမ်းကျင်သူတွေက လုံခြုံရေးဆိုင်ရာ တော်တော်လေးအားနည်းတဲ့ ဒီ စမတ်နာရီတွေဟာ တစ်ကိုယ်ရေ လုံခြုံရေးကို ကျိုးပေါက်စေနိုင်ပြီး အန္တရာယ်ရှိကြောင်း၊ Federal Network Agency ရဲ့ ဒီလိုပိတ်ပင်မှုဟာ ဒီနယ်ပယ်မှာ အပြောင်းလဲဖြစ်လာမှာဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

    အေဂျင်စီက ထုတ်ပြန်တဲ့ ကြေငြာချက်မှာ ဒီလို စမတ်နာရီ ထုတ်လုပ်ဖြန့်ဖြူးတဲ့ ကုမ္ပဏီတော်တော်များများကို အရေးယူထားတယ်လို့ ဖော်ပြထားပါတယ်။

    “အက်ပလီကေးရှင်းကနေတစ်ဆင့် မိဘတွေဟာ ဒီလို ကလေးပတ်နာရီတွေကို အသုံးပြုပြီး ကလေးပတ်ဝန်းကျင်က လှုပ်ရှားမှုကို မသိမသာ နားထောင်တာမျိုး လုပ်လာနိုင်ကာ ဒါဟာ တရားမ၀င်တဲ့ ဆက်သွယ်မှုစနစ်တစ်ခုပါ။ သုတသနတွေအရ ဒီနာရီတွေကို ကျောင်းခန်းထဲမှာ ဆရာတွေရဲ့ စာသင်မှုကို နားထောင်ဖို့ အသုံး
    ပြုတယ်ဆိုပြီး တွေ့ခဲ့ရပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    ကျောင်းသားတွေမှာ ဒီလို စမတ်နာရီမျိုး ၀တ်ဆင်ထားလားဆိုတာကို ဂရုစိုက်ဖို့လည်း အေဂျင်စီက စာသင်ကျောင်းတွေကို တိုက်တွန်းထားပါတယ်။

    Ref: BBC

  • ဆော်ဒီ စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင်တစ်ဦး နိုင်ငံတကာ တီထွင်ဖန်တီးမှုဆု ရရှိ

    ဆော်ဒီ စွန့်ဦးအမျိုးသမီးလုပ်ငန်းရှင်တစ်ဦး နိုင်ငံတကာ တီထွင်ဖန်တီးမှုဆု ရရှိ

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    – ဆော်ဒီက စွန့်ဦးလုပ်ငန်းရှင် အမျိုးသမီးတစ်ဦးဟာ နိုင်ငံတကာ ထိပ်တန်း တီထွင်ဖန်တီးမှုဆုကို ဆွတ်ခူးရရှိခဲ့တယ်လို့ သိရပါတယ်။

    ဂါဇဲလ် အလ်ဒိုဆာရီဖြစ်ပြီး စက်ရုံတွေကထွက်တဲ့ စွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်အောင် သန့်စင်ပေးနိုင်မှုအတွက် ဗြိတိန်က လူငယ် စွန့်ဦးတီထွင်သူများအဖွဲ့ Shell LiveWIRE က ပြုလုပ်တဲ့ ‘ကမ္ဘာ့ထိပ်တန်း တီထွင်ဖန်တီးသူ ၁၀’ ဦး ရွေးချယ်ပွဲမှာ ဆုရရှိခဲ့တာ ဖြစ်ပါတယ်။

    သူမဟာ Oriental Promises Trading ကုမ္ပဏီကို တည်ထောင်ထားပြီး အဓိကအားဖြင့် ပိုလီကာဘွန်နိတ် စွန့်ပစ်ပစ္စည်းတွေကို ကုန်ကြမ်းပြန်ရအောင် ဆောင်ရွက်ပေးတာဖြစ်ပါတယ်။

    အလ်ဒိုဆာရီဟာ စက်ရုံစွန့်ပစ်ပစ္စည်းတွေကို ပြန်လည်အသုံးပြုနိုင်ရေးကဏ္ဍမှာ ဆော်ဒီရဲ့ ပထမဆုံး အမျိုးသမီး စွန့်ဦးလုပ်ငန်းရှင်ဖြစ်ပြီး Shell LiveWIRE ရဲ့ ပြိုင်ပွဲမှာ အရှေ့အလယ်ပိုင်းနဲ့ မြောက်အာဖရိဒေသအတွက် တစ်ဦးတည်းသော ဆုရရှိသူ ဖြစ်ပါတယ်။

    Ref: Alarabiya

  • ရိုဟင်ဂျာကိစ္စဆွေးနွေးမှု အားတက်စရာကောင်းသည်ဟု ဥရောပအကြီးအကဲပြော

    ရိုဟင်ဂျာကိစ္စဆွေးနွေးမှု အားတက်စရာကောင်းသည်ဟု ဥရောပအကြီးအကဲပြော

    နိုဝင်ဘာ ၂၀၊ ၂၀၁၇
    M-Media

    နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်နှင့် အီးယူ နိုင်ငံခြားရေးဝန်ကြီး

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာကိစ္စကို ဒေါ်အောင်ဆန်းစုကြည်နဲ့ ဆွေးနွေးမှုဟာ ‘အင်မတန် အားတက်ဖွယ်ကောင်းတယ်’ လို့ ဥရောသမဂ္ဂရဲ့ နိုင်ငံခြားရေးဝန်ကြီး ဖက်ဒရီကာ မိုဂ်ဟီရီနီက ပြောကြားလိုက်ပါတယ်။

    တနင်္ဂနွေနေ့က ဘင်္ဂလားဒေ့ရှ်ဖက်မှာရှိတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို သွားရောက်ကြည့်ရှုခဲ့ပြီးတဲ့နောက် နိုင်ငံခြားရေးဝန်ကြီးဟာ မြန်မာနိုင်ငံကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီကနေ့မှာ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးခဲ့တာဖြစ်ပါတယ်။

    “ဆွေးနွေးမှုဟာ တော်တော်လေး အားတက်စရာကောင်းပါတယ်။ အမှန်တကယ် ထိထိရောက်ရောက် ဖြစ်လာမယ်လို့ ကျွန်မယုံကြည်တဲ့ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်က ဖြစ်နိုင်ချေတွေအတွက် ကျွန်မ အလွန်ကို အားတက်မိပါတယ်” လို့ မိုဂ်ဟီရီနီက နေပြည်တော်က တွေ့ဆုံမှုအပြီးမှာ သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    မြန်မာနိုင်ငံက ထွက်ပြေးသွားရတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို ပြန်လည်လက်ခံရေး ဆောင်ရွက်မှုတွေကိုလည်း ကြိုဆိုတယ်လို့ သူမက ဆိုပါတယ်။

    ဘင်္ဂလားဒေ့ရှ်က ရိုဟင်ဂျာဒုက္ခသည်တွေ ရခိုင်ပြည်နယ်ကို ပြန်လာနိုင်ရေး ဘင်္ဂလားဒေ့ရှ်နဲ့ မြန်မာတို့အကြား ခိုင်မာတဲ့ သဘောတူညီချက်မျိုး မရသေးဘဲ၊ လူ့အခွင့်အရေးအဖွဲ့တွေက ရိုဟင်ဂျာတွေဟာ အကြမ်းဖက်မှုတွေ၊ ကြောက်ရွံ့မှုတွေ၊ ငတ်မွတ်ခါင်းပါးမှုတွေကြောင့် ဆက်လက်ထွက်ပြေးနေရတဲ့အတွက် ဒုက္ခသည်တွေ နေရပ်ပြန်လာရေးဟာ မြန်မြန်ဆန်ဆန် ဖြစ်လာမှာမဟုတ်သေးဘူးလို့ ထောက်ပြကြပါတယ်။

    ဥရောပသမဂ္ဂ နိုင်ငံခြားရေးဝန်ကြီးဟာ နေပြည်တော်မှာပြုလုပ်မယ့် အာရှနှင့် ဥရောပ နိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို တက်ရောက်မှာ ဖြစ်ပါတယ်။

    Ref: AFP