News @ M-Media

Blog

  • မြောက်ကိုရီးယားက နျူလက်နက်ပိုင်သည်ကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    မြောက်ကိုရီးယားက နျူလက်နက်ပိုင်သည်ကို လက်ခံမည်မဟုတ်ဟု အမေရိကန်ပြော

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – မြောက်ကိုရီးယားနိုင်ငံ နျူလက်နက်ပိုင်ဆိုင်သည်ကို အမေရိကန်က မည်သည့်အခါမှ လက်ခံမည်မဟုတ်ဘဲ၊ ပြုံးယမ်အနေဖြင့် နျူလက်နက်ဖြင့် တိုက်ခိုက်လာပါက စစ်ရေးဖြင့် ပြင်းထန်စွာ တုံ့ပြန်မည်ဟု အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျိမ်းစ်မာတစ်က သတိပေးလိုက်သည်။

    ဆိုးလ်မြို့၌ တောင်ကိုရီးယား ကာကွယ်ရေးဝန်ကြီး ဆောင်ယွန်းမူနှင့် စနေနေ့က ပြုလုပ်သည့် ပူးတွဲသတင်းစာရှင်းလင်းပွဲတွင် ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်သည်။ တောင်ကိုရီးယားသို့ ရောက်ရှိနေသည့် မာတစ်မှာ သောကြာနေ့က ၁၉၅၀-၅၃ ခုနှစ် ကျွန်းဆွယ်စစ်ပွဲမှစတင်၍ ကိုရီးယားကို နှစ်ခြမ်းကွဲစေခဲ့သည့် စ
    စ်ရပ်စဲရေးဇုန်သို့ သွားရောက်ခဲ့သည်။

    “အမှားတော့မလုပ်မိပါစေနဲ့။ အမေရိကန်ပြည်ထောင်စု ဒါမှမဟုတ် ကျွန်တော်တို့ရဲ့ မဟာမိတ်တွေကို ဘယ်လို တိုက်ခိုက်မှုတွေပဲလုပ်လုပ် ပြန်လည် ချေမှုန်းသွားမှာပါ။ ဘယ်နျူကလီးယားလက်နက်ကိုမဆို အသုံးပြုတာနဲ့ စစ်ရေးအရ ပြင်းပြင်းထန်ထန်တုန့်ပြန်မှုနဲ့ ရင်ဆိုင်ရပါလိမ့်မယ်” ဟု မာတစ်က ဆိုသည်။

    ထို့ပြင် မြောက်ကိုရီးယားအား နျူလက်နက်ပိုင်ဆိုင်သည့် နိုင်ငံတစ်နိုင်ငံအဖြစ် အမေရိကန်က မည်သည့်အခြေအနေမျိုးတွင်မှ လက်ခံသွားမည်မဟုတ်ဘဲ တောင်ကိုရီးယားနှင့် အမေရိကန်တို့၏ ပူးပေါင်းကြိုးပမ်းမှုမှာ ခြိမ်းခြောက်မှုများကို တားဆီးရန်နှင့် လိုအပ်ပါက စစ်ရေးနည်းလမ်းများဖြင့် တုန့်ပြန်သွားရန် ဖြစ်သည်ဟုလည်း မာတစ်က ထည့်သွင်းပြောကြားခဲ့သည်။

    မြောက်ကိုရီးယားသတင်းစာ Sinmun က အမေရိကန်နှင့် တောင်ကိုရီးယားတို့မှာ ‘ထိပ်တိုက်တွေ့ဆုံရေး အနေအထားကို ရူးနှမ်းစွာ ဖန်တီးနေကြသည်’ ဟု စနေနေ့တွင် ရေးသားခဲ့သည်။

    Ref : Aljazeera

     

  • စစ်တပ်၏လုပ်ရပ်အား မီဒီယာကိုဖွင့်ချသည့် ကချင်ခရစ်ယာန်ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

    စစ်တပ်၏လုပ်ရပ်အား မီဒီယာကိုဖွင့်ချသည့် ကချင်ခရစ်ယာန်ခေါင်းဆောင်နှစ်ဦး ထောင်ဒဏ်ချမှတ်ခံရ

    အောက်တိုဘာ ၂၉၊ ၂၀၁၇
    M-Media

    – ကချင်ပြည်နယ်မှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတဲ့ ခရစ်ယာန် နှစ်ချင်းအသင်းတော်က အကြီးအကဲနှစ်ဦးကို သူပုန်အဖွဲ့ကူညီမှုနဲ့ သောကြောနေ့မှာ ထောင်ဒဏ်တွေ ချမှတ်လိုက်တယ်လို့ သိရပါတယ်။

    အသက် ၆၇ နှစ်အရွယ် Dumdaw Nawng Lat နဲ့ ၃၅ နှစ်အရွယ် Langjaw Gam Seng တို့ဟာ စစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုအတွင်း ဗုံးကြဲခံလိုက်ရတယ်လို့ဆိုတဲ့ ခရစ်ယာန်ဘုရားကျောင်းကိစ္စကို ဂျာနယ်လစ် တွေဆီ သတင်းပေးခဲ့ပြီးနောက်ပိုင်း ၂၀၁၆ ခုနှစ် ဒီဇင်ဘာလမှာ မြန်မာစစ်တပ်ရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရတာဖြ စ်ပြီး နောက်ပိုင်းမှာ ရဲတပ်ဖွဲ့ကို လွှဲပြောင်းပေးခဲ့ပါတယ်။

    လူ့အခွင့်အရေးအဖွဲ့တွေက ဒီအဖြစ်အပျက်ကို ရှုတ်ချခဲ့ပြီး အစိုးရစစ်တပ်ရဲ့ ကျူးလွန်မှုတွေကို ဖုံးဖိလိုတဲ့ လုပ်ရပ်ဖြစ်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အဲဒီနှစ်ယောက်ဟာ ကချင်လွတ်မြောက်ရေးတပ်အတွက် ‘လူသစ်စုဆောင်းသူတွေ၊ သတင်းပေးသူတွေနဲ့ ၀ါဒဖြန့်သူတွေ’ ဖြစ်တယ်လို့ စစ်တပ်က စွပ်စွဲခဲ့ပြီး သောကြာနေ့မှာတော့ လာရှိုးတရားရုံးက လက်ထောင်သင်း အုပ်ဆရာ Dumdaw Nawng Lat ကို ထောင်ဒဏ် ၄ နှစ်နဲ့ ၃ လ၊ နှစ်ခြင်းအသင်းတော် လူငယ်အဖွဲ့ခေါင်း ဆောင် Langjaw Gam Seng ကို ထောင်ဒဏ် ၂ နှစ်နဲ့ ၃ လ အသီးသီး ချမှတ်ခဲ့တယ်လို့ Fortify Rights အဖွဲ့က ပြောပါတယ်။

    စစ်အစိုးရလက်ထက် ညှင်းပမ်းနှိပ်စက်မှုတွေ၊ ကျူးလွန်မှုတွေကို ဖော်ထုတ်တဲ့ ဂျာနယ်လစ်တွေ၊ တက်ကြွ လှုပ်ရှားသူတွေကို နှိပ်ကွပ်ရေးမှာ ပုံမှန်လိုလို အသုံးပြုခဲ့တဲ့ တရားမ၀င်အဖွဲ့အစည်းများ အက်ဥပဒေနဲ့ သူတို့နှစ်ယောက်ကို ပြစ်ဒဏ်ချမှတ်ခဲ့တာဖြစ်ပါတယ်။

    အစိုးရစစ်တပ်ရဲ့ လေကြောင်းတိုက်ခိုက်မှုတွေအကြောင်း မီဒီယာတွေကို ဖြေကြားခဲ့တဲ့ Dumdaw Nawng Lat ကို ထောင်ချမှုမှာ အသရေဖျက်မှုဆိုတဲ့ စွဲချက်လည်း ပါဝင်ပါတယ်။

    Human Rights Watch အဖွဲ့ကတော့ အထူးသဖြင့် တိုင်းရင်းသားလူနည်းစုအပေါ် ညှမ်းပမ်းနှိပ်စက်မှုတွေရှိ ခဲ့တဲ့ သမိုင်းမကောင်းတဲ့ စစ်တပ်အပေါ် တရားစွဲဆိုနိုင်ရေး အစိုးရအနေနဲ့ အာရုံစိုက်သင့်တယ်လို့ ပြောကြားခဲ့ပါတယ်။

    အခုနှစ်အစောပိုင်းတုန်းကလည်း ရှမ်းပြည်နယ်က တစ်ခြား တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တစ်ခုအကြောင်း ရေးသားခဲ့တဲ့ သတင်းထောက် ၃ ဦးဟာ သူပုန်တွေကို ကူညီမှုနဲ့ တရားစွဲခံခဲ့ရပါတယ်။

    Ref: Coconuts Yangon

  • ထိုမ်ဝမ်သမ္မတအား ၀င်ခွင့်မပြုရန် ကန်ကို တရုတ်တိုက်တွန်း

    ထိုမ်ဝမ်သမ္မတအား ၀င်ခွင့်မပြုရန် ကန်ကို တရုတ်တိုက်တွန်း

    အောက်တိုဘာ ၂၈၊ ၂၀၁၇
    M-Media

    ထိုင်ဝမ်သမ္မတ Tsai Ing-wen

    – ထိုင်ဝမ်သမ္မတအား အမေရိကန်ပိုင်နက်များမှတစ်ဆင့် ခရီးသွားခွင့်မပြုရန် တရုတ်က အမေရိကန်ကို တိုက်တွန်းလိုက်ပြီး သမ္မတ ဒေါ်နယ်ထရမ့် တရုတ်နိုင်ငံသို့ လာရောက်မည့်ခရီးစဉ် စတင်တော့မည့်အချိန်တွင် ယခုတိုက်တွန်းချက် ပေါ်ထွက်လာခြင်းဖြစ်သည်။

    ဒီမိုကရက်တစ်ထိုင်ဝမ်ကို နိုင်ငံတစ်နိုင်ငံအဖြစ် ဆက်ဆံရေး မလုပ်နိုင်သော ၎င်းတို့၏ ပြည်နယ်တစ်ခုအဖြစ် တရုတ်က သတ်မှတ်ထားပြီး ၎င်း၏ ထိန်းချုပ်မှုအောက် ရောက်ရှိရန် စစ်အင်အား အသုံးပြုရန်လိုအပ်ပါက အသုံးပြုသွားမည်ဆိုသည့် မူဝါဒလည်း ရှိနေသည်။

    တရုတ်က ထိုင်ဝမ်ကိစ္စမှာ အမေရိကန်နှင့် ၎င်းတို့အကြား ထိလွယ်ရှလွယ်ပြီး အရေးကြီးသော ပြဿနာအဖြစ် ပုံမှန်လိုလို ပြောကြားလေ့ရှိပြီး၊ ထိုင်ဝမ်သမ္မတများ အမေရိကန်ပိုင်နက်များတွင် တစ်ထောက်နားမှုကို အမြဲတမ်း ကန့်ကွက်လေ့ရှိသည်။

    ထိုင်ဝမ်သမ္မတ Tsai Ing-wen မှာ မဟာမိတ် ပစိဖိတ်ကျွန်းနိုင်ငံ ၃ ခုဖြစ်သော တူဗာလူ၊ ဆော်လမွန်နှင့် မာရှယ်ကျွန်းတို့ကို တစ်ပတ်တာကြာမြင့်မည့် ခရီးစဉ်အဖြစ် ယနေ့တွင် ထွက်ခွာရန်ရှိနေပြီး အမေရိကန်ပိုင်နက်များဖြစ်သော ဟိုနိုလူလူနှင့် ဂူအမ်ကျွန်းများမှတစ်ဆင့် သွားရောက်မည်ဖြစ်သည်။

    ထရမ့်မှာ လာမည့်နှစ်ပတ်အတွင်း တရုတ်နိုင်ငံသို့ လာရောက်ရန်ရှိနေသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာက ထရမ့်မှာ ထိုဝမ်သမ္မတ ရွေးကောက်ပွဲအပြီးတွင် သမ္မတသစ် Tsai Ing-wen ကို ဖုန်းခေါ်ဆိုက ချီးကျူးခဲ့ပြီးနောက် တရုတ်နှင့် အမေရိကန်တို့အကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    တရုတ်ကမူ ထိုကိစ္စအတွက် ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့ပြီး နိုင်ငံခြားရေးဝန်ကြီးဌာနက ပြောရေးဆိုခွင့်ရှိသူက အမေရိကန်အနေဖြင့် တရုတ်တစ်နိုင်ငံတည်းပေါ်လစီကို လိုက်နာရန် တိုက်တွန်းခဲ့သည်။

    Ref : CNA

  • မြောက်ကိုရီးယားအတွက် အမေရိကန်၏ သဘောထားမှာ စစ်ပွဲမဟုတ်ဟု ကာကွယ်ရေးဝန်ကြီး ပြော

    မြောက်ကိုရီးယားအတွက် အမေရိကန်၏ သဘောထားမှာ စစ်ပွဲမဟုတ်ဟု ကာကွယ်ရေးဝန်ကြီး ပြော

    အောက်တိုဘာ ၂၈၊ ၂၀၁၇
    M-Media

    တောင်ကိုရီးယားတွင်တွေ့ရသည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး မာတစ်

    – ပြုံးယမ်နှင့်ပက်သက်၍ ၀ါရှင်တန်၏ ရည်ရွယ်ချက်မှာ စစ်ရေးတင်းမာမှုများ လျှော့ချရန်သာဖြစ်ပြီး စစ်ပွဲဆင်နွှဲရန် မဟုတ်ကြောင်း အမေရိကန် ကာကွယ်ရေးဝန်ကြီး ဂျင် မာတစ်က သောကြာနေ့တွင် ပြောကြားလိုက်ပြီး ကိုရီးယားနှစ်နိုင်ငံကြား ကြီးမားသောတံတိုင်းကြီးအဖြစ်သာ ရပ်တည်သွားမည်ဟု ဆိုသည်။

    အမေရိကန်သမ္မတဒေါ်နယ်ထရမ့်နှင့် မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအမ်တို့အကြား စစ်ရေးခြိမ်းခြောက်မှုများ၊ ပုဂ္ဂိုလ်ရေးစော်ကားမှုများ ဖြစ်ပေါ်ခဲ့ပြီးနောက်ပိုင်း နှစ်နိုင်ငံကြား တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    တောင်ကိုရီးယားသို့ ရောက်ရှိစဉ် နှစ်နိုင်ငံ စစ်ရပ်စဲရေးဇုန်သို့ သွားရောက်ခဲ့သည့် အမေရိကန် ကာကွယ်ရေးဝန်ကြီး မာတစ်က အမေရိကန်အနေဖြင့် သံတမန်ရေးနည်းလမ်းကိုသာ လိုလားသည်ဟု ပြောကြားခဲ့သည်။

    “နိုင်ငံခြားရေးဝန်ကြီး တီလာဆန် ပြောသွားသလိုပါပဲ။ ကျွန်တော်တို့ ရည်ရွယ်ချက်က စစ်ပွဲဆိုတာထက် ကိုရီးယားကျွန်းဆွယ်မှာ နျူကလီးယားလက်နက် ကင်းစင်ရေးသာ ဖြစ်ပါတယ်”

    မိမိနှင့် မြောက်ကိုရီးယားကာကွယ်ရေးဝန်ကြီး စောင်ယွန်မူးတို့မှာ မြောက်ကိုရီးယားနိုင်ငံ၏ တရားလက်လွတ် ပြုမူကျင့်ကြံမှုကို သံတမန်မနည်းလမ်းဖြင့်သာ ဖြေရှင်းရေး အပြန်အလှန်ကတိက၀တ်ထားရှိမှုအကြောင်း ရှင်းရှင်းလင်းလင်းပြောကြားခဲ့သည်ဟု မာတစ်ကဆိုသည်။

    အမေရိကန်အနေဖြင့် စစ်ပွဲကို အလျင်စလို ပြုလုပ်သွားမည်မဟုတ်ဘဲ၊ ငြိမ်းချမ်းရေးကိုရှေ့ရှုသည့် အဖြေတစ်ခု ရှာဖွေနေသည်ဟု မာတစ်က ပြောဆိုခဲ့ပြီး တစ်ရက်အကြာတွင် ယခုမှတ်ချက် ထပ်မံ ပေါ်ထွက်လာခြင်းဖြစ်သည်။

    Ref : CNA

  • လူမည်းတစ်ဦးအား လူမျိုးရေးစော်ကားသည့် လူဖြူနှစ်ဦးကို တောင်အာဖရိကက ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်

    လူမည်းတစ်ဦးအား လူမျိုးရေးစော်ကားသည့် လူဖြူနှစ်ဦးကို တောင်အာဖရိကက ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်

    အောက်တိုဘာ ၂၈၊ ၂၀၁၇
    M-Media

    – လူမည်းတစ်ဦးကို အခေါင်းထဲသို့ထည့်၍ ထိုးကြိတ်ရိုက်နှက်ပြီး မီးရှို့သတ်မည်ဟု ခြိမ်းခြောက်ခဲ့သည့် လူဖြူလယ်သမားနှစ်ဦးကို ပြန်ပေးဆွဲမှု၊ ကိုယ်ထိလက်ရောက်ကျူးလွန်မှု၊ အပြင်းအထန်နာကျင်စေမှုတို့ဖြင့် တောင်အာဖရိကတရားရုံးက ယမန်နေ့တွင် ထောင်ဒဏ် ၁၀ နှစ်ကျော် ချမှတ်လိုက်သည်ဟု သိရသည်။

    Willem Oosthuizen နှင့် Theo Jackson တို့ ဖြစ်ကြပြီး ကြီးလေးပြင်းထန်သောအမိန့်ကို ချမှတ်လိုက်သည့်အတွက် တရားရုံးတစ်ခုလုံး တိတ်ဆိတ်သွားခဲ့ပြီး တရားခံများ၏ မိသားစုဝင်များမှာ ငိုကြွေးခဲ့ကြသည်။

    ၎င်းတို့နှစ်ဦးမှာ ၂၀၁၆ ခုနှစ် သြဂုတ်လက Victor Molthshwa ဆိုသူ လူမည်းတစ်ဦးကို ခြိမ်းခြောက်ရိုက်နှက်ကာ အခေါင်းအတွင်းသို့ ၀င်အိပ်ရန် ဖိအားပေးခဲ့ပြီး ထိုအဖြစ်အပျက်ကို လက်ကိုင်ဖုန်းမှတစ်ဆင့် ရိုက်ကူးထားသည့် ဗီဒီယိုတစ်ခု အွန်လိုင်းတွင် ပျံ့နှံ့လာပြီးနောက် တောင်အာဖရိကပြည်သူများမှာ လှုပ်လှု
    ပ်ရှားရှား ဖြစ်သွားခဲ့သည်။

    လူမည်းတစ်ဦးအား နှိမ့်ချစော်ကားခဲ့သည့် ၎င်းတို့နှစ်ဦး၏ လုပ်ရပ်မှာ တစ်ချိန်က လူဖြူလူမည်းခွဲခြားမှုစနစ် ကြီးကြီးမားမားရှိခဲ့သည့် တောင်အာဖရိကနိုင်ငံကို တုန်လှုပ်စေခဲ့ပြီး ကျူးလွန်ခံရသူဖက်မှ ရည်တည်သည့် ပြည်သူ့လှုပ်ရှားများလည်း ပေါ်ပေါက်လာခဲ့သည်။

    တရားသူကြီး Segopotje Mphahlele က အသက်ရှင်နေသူတစ်ဦးအား အခေါင်းအတွင်းသို့ ထည့်သွင်းသည့် လုပ်ရပ်မှာ စက်ဆုပ်ဖွယ်ရာဖြစ်သည်ဟု ပြောကြားခဲ့သည်။

    Ref : Aljazeera