News @ M-Media

Blog

  • ပြည်ပလုပ်သားများအား အကာအကွယ်ပေးမည့် ဥပဒေသစ်တစ်ခု ကာတာ ပြဌာန်း

    ပြည်ပလုပ်သားများအား အကာအကွယ်ပေးမည့် ဥပဒေသစ်တစ်ခု ကာတာ ပြဌာန်း

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    ကာတာရှိ နိုင်ငံခြားအလုပ်သမားများ

    – နိုင်ငံအတွင်းရှိ ပြည်ပလုပ်သားအင်အား ၂ သန်းအား ထောက်ပံ့နိုင်မည့် ရန်ပုံငွေထူထောင်ရေးအတွက် ကာတာမှာ ဥပဒေမူကြမ်းအသစ်တစ်ခုကို ဗုဒ္ဓဟူးနေ့တွင် အတည်ပြု ပြဌာန်းလိုက်သည်။

    ‘အလုပ်သမားများ ဖူလှုံရေးနှင့် အာမခံရန်ပုံငွေ’ ဟု အမည်ပေးထားသည့် အဆိုပါရန်ပုံငွေသည် သတ်မှတ်ချိန်ထက် အလုပ်ပိုလုပ်ရသည့် လုပ်သားများကို လုပ်အားခ ရှင်းပေးရန်ဖြစ်ပြီး၊ အစိုးရအဖွဲ့၏ ကြီးကြပ်မှုအောက်တွင် လွတ်လပ်စွာ လည်ပတ်မည်ဟု ကာတာအလုပ်သမားရေးရာဝန်ကြီး Issa al-Nuaimi က ပြောကြားခဲ့သည်။

    အတည်ပြုခဲ့သည့် အခြားဥပဒေများတွင် ပြည်ပလုပ်သားများ နေထိုင်စားသောက်စရိတ်နှင့် ကာမိသော အနည်းဆုံးလုပ်ခ ရရှိရေးလည်း ပါဝင်သည်။

    ကာတာနိုင်ငံမှာ နိုင်ငံခြားအလုပ်သမားအင်အားအတွက် ပြည်ပတိုင်းပြည်များနှင့် အပြန်အလှန်သဘောတူညီချက် ၃၆ ခု လက်မှတ်ရေးထိုးထားပြီး ရည်ရွယ်ချက်မှာ အလုပ်သမားများ တရားဥပဒေအရ အကာအကွယ်ရရှိရေး ဖြစ်သည်။

    ၂၀၂၂ ကမ္ဘာ့ဖလားဘောလုံးပွဲကျင်းပရန် အခြေခံအဆောက်အဦးများ တည်ဆောက်နေရသည့်အချိန်တွင် အိန္ဒိယ၊ နီပေါနှင့် ဘင်္ဂလားဒေ့ရှ်တို့မှ နိုင်ငံခြားအလုပ်သမားများအပေါ် အစိုးရက အကာအကွယ်မပေးသည့် ကိစ္စနှင့်ပတ်သက်၍ ကာတာမှာ ဝေဖန်စောင့်ကြည့်မှုများကို ခံနေရသည်။

    Ref : Aljazeera

  • ရိုဟင်ဂျာဒုက္ခသည်များကိစ္စ ဂျော်ဒန်မိဖုရား၏အမြင် (မြန်မာဘာသာပြန်)

    ရိုဟင်ဂျာဒုက္ခသည်များကိစ္စ ဂျော်ဒန်မိဖုရား၏အမြင် (မြန်မာဘာသာပြန်)

    အောက်တိုဘာ ၂၇၊ ၂၀၁၇
    M-Media

    – ဂျော်ဒန်မိဖုရား ရာနီယာဟာ အခုတစ်ပတ်အတွင်းမှာ ကော့ဇ်ဘဇားက ကူတူပါလောင် ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ပြီး အခြအနေတွေကို လေ့လာကာ ဒုက္ခသည်တွေကို အားပေးခဲ့ပါတယ်။

  • ယူအေအီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် ဗလီ ၉၃၀ ကျော် ပါဝင်

    ယူအေအီး၏ ပတ်ဝန်းကျင်ထိန်းသိမ်းရေးလုပ်ငန်းတွင် ဗလီ ၉၃၀ ကျော် ပါဝင်

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ယူအေအီးရှိ ဗလီဝတ်ကျောင်းတော်တစ်လုံး

    – နိုင်ငံရဲ့ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းစောင့်ရှောက်ရေး လှုပ်ရှားမှုတစ်စိတ်တစ်ပိုင်းအဖြစ် အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံ ရက်စ် အလ် ခိုင်မာပြည်နယ်က ဗလီဝတ်ကျောင်းတော်ပေါင်း ၉၃၀ မှာ သစ်ပင်ပေါင်း ၅ သောင်း စိုက်ပျိုးသွားမယ်လို့ သိရပါတယ်။

    ယူအေအီး သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေး အာဏာပိုင်အဖွဲ့ (EPDA) က ကြီးမှူးကာ ဒီသစ်ပင်စိုက်လှုပ်ရှားမှုကို ဆောင်ရွက်မှာဖြစ်ပါတယ်။

    EPDA က နိုင်ငံတစ်ဝှမ်း စာသင်ကျောင်းတွေ၊ စက်မှုလုပ်ငန်းတွေနဲ့ အများပြည်သူနဲ့ သက်ဆိုင်တဲ့နေရာတွေမှာ အရိပ်ရအပင်ပေါင်း ၁.၁ သန်း စိုက်ပျိုးရေး လှုပ်ရှားမှုကို လွန်ခဲ့တဲ့ ၂ နှစ်က စတင်ခဲ့တာပါ။

    ဗလီဝတ်ကျောင်းတော်တွေမှာ သစ်ပင်စိုက်မယ့်လှုပ်ရှားမှုကို ယူအေအီး အစ္စလာမ့်ရေးရာနဲ့ လူသားရင်းမြစ် အာဏာပိုင်အဖွဲ့ (IAEA) က ပူးပေါင်းဆောင်ရွက်ပြီး ဗလီဝတ်ကျောင်းတော်တစ်ဝိုက် သီးပင်၊ စားပင်၊ အရိပ်ရအပင်တွေကို စိုက်ပျိုးသွားမှာ ဖြစ်ပါတယ်။

    IAEA ဟာ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေး အထူးအဖွဲ့ကို ဖွဲ့စည်းထားပြီး အပင်တွေစိုက်တာ၊ သဘာဝပတ်ဝန်းကျင်ကို စောင့်ရှောက်တာတွေ လုပ်ဆောင်နေပါတယ်။

    အဖွဲ့ရဲ့ မန်နေဂျာ အလီ အလ် ခန်ဘူလီက “ဒီလှုပ်ရှားမှုဟာ IAEA အနေနဲ့ အစိုးရဌာနအားလုံး၊ အသင်းအဖွဲ့အားလုံးနဲ့ မဟာဗျူဟာအရ ပူးပေါင်းဆောင်ရွက်ရေးနဲ့ ဗလီဝတ်ကျောင်းတော်တွေကို စောင့်ရှောက်ရေး စီမံကိန်းရဲ့ အစိတ်အပိုင်းတစ်ခု ဖြစ်ပါတယ်” လို့ ပြောကြားခဲ့ပါတယ်။

    ပတ်ဝန်းကျင်ထိန်းသိမ်းရေးဆောင်ရွက်ရာမှာ ယူအေအီးဟာ ထင်ရှားပြီး နိုင်ငံတစ်ဝှမ်း ထင်ရှားတဲ့နေရာတွေ၊ တောင်တွေ၊ ချိုင့်ဝှမ်းတွေမှာ စိမ်းစိုအောင် ကြိုးပမ်းဆောင်ရွက်နေပါတယ်။

    Ref: Khaleej Times

  • အင်ဒိုနီးရှားတွင် မီးပန်းစက်ရုံပေါက်ကွဲပြီး လူ ၄၀ ကျော် သေဆုံး

    အင်ဒိုနီးရှားတွင် မီးပန်းစက်ရုံပေါက်ကွဲပြီး လူ ၄၀ ကျော် သေဆုံး

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    – အင်ဒိုနီးရှားနိုင်ငံတွင် မီးရှူးမီးပန်းစက်ရုံတစ်ခု မီးလောင်ပေါက်ကွဲမှုကြောင့် အနည်းဆုံး ၄၆ ဦး သေဆုံးပြီး အများအပြား ဒဏ်ရာရရှိခဲ့သည်ဟု သိရသည်။

    မြို့တော် ဂျကတာအပြင်ဘက် စက်မှုဇုန်ရှိ စက်ရုံတွင် ယနေ့မနက်ပိုင်းက ပေါက်ကွဲခဲ့ခြင်းဖြစ်ပြီး သေဆုံးသူများမှာ မည်သူမည်ဝါမှန်း မသိတော့သည်အထိ မီးလောင်ကျွမ်းခဲ့သည်ဟု ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

    မီးလောင်မှုကြောင့် စက်ရုံလည်း ပြိုကျခဲ့ပြီး အနီးအနားရှိ ကားများပါ မီးကူးခဲ့သည်။ မီးလောင်မှုအကြောင်းအရင်းကို ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေသည်။

    စက်ရုံဝန်ထမ်းတစ်ယောက်ကမူ မီးပန်းများ ထုတ်လုပ်နေစဉ်အတွင်း ပေါက်ကွဲမှု ဖြစ်ပွားခြင်းဖြစ်သည်ဟု ပြောကြားခဲ့သည်။

    “ဘယ်လိုဖြစ်သွားလဲတော့ ကျွန်တော်လည်း မသိပါဘူး။ ကျွန်တော်က စက်ရုံအပြင်မှာ အလုပ်လုပ်နေတယ်တယ်။ ပေါက်ကွဲမှုအချို့ ဖြစ်ခဲ့ပြီး ကား ၄ စီးနဲ့ ဆိုင်ကယ် အားလုံး ပေါက်ကွဲပျက်ဆီးသွားပါတယ်” ဟု မီးလောင်ဒဏ်ရာများ ရရှိခဲ့သည့် အဒီက ပြောကြားခဲ့သည်။

    အဆိုပါစက်ရုံ လုပ်ကိုင်နေသည်မှာ သီတင်းပတ် ၆ ပတ်သာ ရှိသေးပြီး သေဆုံးသူများ၏ မိသားစုများက ကုမ္ပဏီအား အရေးယူရန် အာဏာပိုင်များကို တောင်းဆိုခဲ့သည်။

    Ref: CNA

  • ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခမှာ မကြံစဖူးကြီးမားသည်ဟု နိုင်ငံကာ ကြက်ခြေနီအကြီးအကဲပြော

    ရိုဟင်ဂျာများ၏ ဒုက္ခသုက္ခမှာ မကြံစဖူးကြီးမားသည်ဟု နိုင်ငံကာ ကြက်ခြေနီအကြီးအကဲပြော

    အောက်တိုဘာ ၂၆၊ ၂၀၁၇
    M-Media

    ဘင်္ဂလားဒေ့ရှ်ဖက်သို့ ထွက်ပြေးရသည့် ရိုဟင်ဂျာကလေးငယ်တစ်ဦး

    – ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေ ခံစားနေရတဲ့ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ ပြဿနာဟာ မကြုံစဖူး ဖြစ်လာနေပြီး ကမ္ဘာကြီးအနေနဲ့ ထိထိရောက်ရောက် မတုန့်ပြန်နိုင်ဘူးလို့ နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ အကြီးအကဲ အလ်ဟဂ်ျ အက်ဆီက ပြောကြားလိုက်ပါတယ်။

    အက်ဆီဟာ ဘင်္ဂလားဒေ့ရှ်နယ်စပ် ကော့ဇ်ဘဇားက ရိုဟင်ဂျာဒုက္ခသည်စခန်းကို သွားရောက်ကြည့်ရှုပြီးတဲ့နောက် ဒီလိုပြောကြားလိုက်တာဖြစ်ပြီး ဒီပြဿနာကို နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းမှာဖြစ်တယ်လို့လည်း ဆိုပါတယ်။ သက်ဆိုင်ရာခေါင်းဆောင်တွေအနေနဲ့ ခြွင်းချက်မရှိ ဒီအခြေအနေကို တုန့်ပြန်ဖို့လည်း သူက တို
    က်တွန်းခဲ့ပါတယ်။

    ရခိုင်ပြည်နယ်မှာ အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေအတွက် အကူအညီပေးနေတဲ့ ကုလအပါအ၀င် နိုင်ငံတကာအဖွဲ့အစည်း တော်တော်များများကို မြန်မာအစိုးရက ၀င်ရောက်ခွင့်မပေးပါဘူး။

    နိုင်ငံတကာ ကြက်ခြေနီနဲ့ လခြမ်းနီအဖွဲ့ IFRC ဟာ လတ်တလောမတည်ငြိမ်မှုတွေ အစပြုခဲ့တဲ့ သြဂုတ်လ ၂၅ရက်နေ့ နောက်ပိုင်းမှာ ရခိုင်ပြည်နယ်အတွင်းက အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီထောက်ပံ့ခွင့် ရရှိခဲ့ပါတယ်။

    မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံတို့က အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူတွေကို ကူညီဖို့အတွက် ရန်ပုံငွေ ကန်ဒေါ်လာ ၃၃ သန်း လိုအပ်တယ်လို့ IFRC က ပြောကြားထားပါတယ်။

    “ကျွန်တော်တို့ ရင်ဆိုင်နေရတဲ့ ပြဿနာဟာ ပမာဏအရသာမကဘဲ လူတွေရဲ့ ဘက်ပေါင်းစုံ ထိခိုက်ခံစားရမှု အတိမ်အနက်မှာပါ တော်တော်လေးမကြုံစဖူး အနေအထားပါ။ ကြက်ခြေနီအဖွဲ့အနေနဲ့ အခြားအဖွဲ့တွေထက်ပိုပြီး ၀င်ရောက်ခွင့်ရပေမယ့် အခြေအနေတစ်ခုလုံးကို ကြက်ခြေနီအဖွဲ့ ပုခုံးပေါ်ပဲ တင်ထားလို့ မရပါဘူး။ ကျွန်တော်တို့ ဆောင်ရွက်နေရတာတွေအတွက် ဂုဏ်ယူပေမယ့် ပြဿနာကို အတိုင်းအတာအရရော၊ ပမာဏအရပါ ကာမိစေတာ မဟုတ်ပါဘူး” လို့ အက်ဆီက ပြောကြားခဲ့ပါတယ်။

    သြဂုတ်လနှောင်းပိုင်းကစပြီး ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားခဲ့ရတဲ့ ရိုဟင်ဂျာအရေအတွက်ဟာ ၆ သိန်းနီးပါးလောက်ရှိတယ်လို့ ကုလက ပြောကြားထားပါတယ်။

    IFRC အကြီးအကဲကတော့ ဒုက္ခရောက်နေတဲ့ ကလေးငယ်တွေ ဒီလောက်များတာမျိုး အရင်က မမြင်ဖူးကြောင်း၊ ကလေးငယ်တွေ မတွေ့ကြုံသင့်တဲ့ကိစ္စမျိုးတွေကို သူတိုလေးတွေ ကြုံတွေ့နေရကြောင်း၊ ကလေးငယ်တွေဟာ သူတို့ရဲ့ ကလေးဘ၀ကို ဆုံးရှုံးနေကြောင်း၊ ဘင်္ဂလားဒေ့ရှ်ကိုရောက်ဖို့အတွက် ရက်ပေါင်းများစွာ လမ်းလျှောက်ခဲ့ရတယ်ဆိုတဲ့သတင်းတွေကို ကြားရတဲ့အတွက် တုန်လှုပ်ဝမ်းနည်းမိကြောင်း အက်ဆီက ထည့်သွင်း ပြောဆိုခဲ့ပါတယ်။

    Ref: The Guardian