News @ M-Media
Blog
  • မလေးရှားတွင် IS နှင့် ဆက်သွယ်သူများအား ဖမ်းဆီးမှု သိသိသာသာမြင့်တက်
    မလေးရှားတွင် IS နှင့် ဆက်သွယ်သူများအား ဖမ်းဆီးမှု သိသိသာသာမြင့်တက်
    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media
    – ယခုနှစ်အတွင်း မလေးရှားနိုင်ငံ၌ IS အဖွဲ့နှင့် အဆက်အသွယ်ရှိသူများအား ဖမ်းဆီးမှု အရေအတွက်မှာ ၂၀၁၃ ခုနှစ်ကထက် အဆ ၂၀ များပြားလာပြီး စစ်သွေးကြွများကို နှိမ်နှင်းရန်အတွက် ထောက်လမ်းရေးကွန်ရက်ကို တိုးမြှင့်ခြင်း၊ အွန်လိုင်း ဆက်သွယ်ရေးစောင့်ကြည့်ခြင်းတို့ ပြုလုပ်လာရသည်ဟု သိရသည်။
    ၂၀၁၃ ခုနှစ်က IS နှင့်ဆက်နွယ်သည့် စစ်သွေးကြွ ၄ ဦးကိုသာ ဖမ်းမိခဲ့သော်လည်း ၂၀၁၄ ခုနှစ်တွင် ၅၉ ယောက်၊ ၂၀၁၆ တွင် ၁၀၉ ယောက်ထိ ဖမ်းမိခဲ့ကြောင်း ရဲတပ်ဖွဲ့၏ အကြမ်းဖက်တိုက်ဖျက်ရေးဌာနမှ အကြီးအကဲ အယွဘ်ခန်း မိုင်ဒင်း ပစ်ချေးက ပြောကြားခဲ့သည်။
    “ဒီနှစ်အတွင်း အခုအချိန်အထိ သံသယရှိသူ ၈၂ ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ကုန်ပိုင်းမှာ ဒီထက်ပိုများမယ်လို့ ကျွန်တော် အသေအချာပြောရဲပါတယ်” ဟုက ပစ်ချေးက ဆိုသည်။
    ၂၀၁၃ ခုနှစ်ကစပြီး အကြမ်းဖက်သမားဟု သံသယရှိသူ အယောက် ၃၄၀ ကို မလေးရှားက ထိန်းသိမ်းထားသည်။
    ကုရ်အာန်မှ ကျမ်းချက်များကို မူလသဘောတရားမှ သွေဖည်စွာ ဘာသာပြန်ဆိုသည့် ဆလဖီဂျီဟတ်အယူဝါဒ ပြန့်နှံ့လာခြင်းက လူများအား အစွန်းရောက်ဝါဒကို ပိုမို တွန်းပို့ပေးနေသည်ဟုလည်း ပစ်ချေးက ပြောကြားခဲ့သည်။
    IS အဖွဲ့နှင့် ပူးပေါင်းလာသူများမှာ နယ်ပယ်အမျိုးမျိုးမှဖြစ်ပြီး ပီအိခ်ျဒီလက်မှတ်ကိုင်ဆောင်ထားသူများမှ စစ်တပ်အရာရှိဟောင်းအထိ ပါဝင်နေသည်။
    IS အဖွဲ့သို့ ပူးပေါင်းလာသူများ တဖြည်းဖြည်းများပြားလာကြောင်း စာရင်းဇယားများက ညွှန်ပြနေသော်လည်း
    မလေးရှားနိုင်ငံသည် အကြမ်းဖက်လှုပ်ရှားမှုများကို ဟန့်တားခြင်း၊ စစ်သွေးကြွများ ဖမ်းဆီးခြင်းတို့ကို အောင်အောင်မြင်မြင်လုပ်ဆောင်နိုင်သည့် နိုင်ငံတစ်ခုအဖြစ် မှတ်တမ်းဝင်ထားသည်။
    Ref: CNA
  • တရုတ်၏ သြဇာကို တန်ပြန်ရန် အမေရိကန်က အိန္ဒိယနှင့် ဆက်ဆံရေးမြှင့်မည်
    တရုတ်၏ သြဇာကို တန်ပြန်ရန် အမေရိကန်က အိန္ဒိယနှင့် ဆက်ဆံရေးမြှင့်မည်
    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media
    အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ်တီလာဆန်
    – အာရှတွင် တရုတ်၏ သြဇာလွှမ်းမိုးမှု မြင့်တက်လာသည့်အချိန်တွင် အိန္ဒိယနှင့် ပူးပေါင်းဆောင်ရွက်ရေး တိုးမြှင့်ရန် ဆန္ဒရှိနေသည်ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ရက်စ် တီလာဆန်က ပြောကြားခဲ့သည်။
    တီလာဆန်မှာ လာမည့်တစ်ပတ်တွင် အိန္ဒိယသို့ သွားရောက်ရန် ရှိနေပြီး ဗုဒ္ဓဟူးနေ့က Center for Strategic and International Studies တွင် ပြောကြားသော မိန့်ခွန်း၌ ယခုမှတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
    အိန္ဒိယမှာ မဟာဗျူဟာမြောက် ဆက်ဆံရေးတွင် အမေရိကန်၏ မိတ်ဖက်ဖြစ်ပြီး၊ မိမိတို့မှာ ဒီမိုကရေစီလူ့အဖွဲ့အစည်းမဟုတ်သော တရုတ်နိုင်ငံနှင့် ထိုကဲ့သို့ ဆက်ဆံရေးမျိုး မည်သည့်အခါမှ ရှိမည်မဟုတ်ကြောင်း ပြောကြားခဲ့သည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်မှာ နိုဝင်ဘာတွင် အာရှနိုင်ငံများသို့ သွားရောက်ရန် ရှိနေသည်။
    တီလာဆန်က အမေရိကန်ပြည်ထောင်စုမှာ တရုတ်နှင့် အပြုသဘောဆောင်သော ဆက်ဆံရေးမျိုး တည်ဆောက်သွားမည်ဖြစ်သော်လည်း အမေရိကန်နှင့် မဟာမိတ်နိုင်ငံများ၊ အိမ်နီးချင်းနိုင်ငံများ၏ အချုပ်အခြာအာဏာကို ထိပါးနှောက်ယှက်သည့် အပြုအမှုများကို လက်ခံမည်မဟုတ်ဟု သတိပေးပြောကြားခဲ့သည်။
    အမေရိကန်နှင့် အိန္ဒိယမှာ ကမ္ဘာ့မိတ်ဖက်နိုင်ငံများ ဖြစ်လာခဲ့ပြီး မိမိတို့မှာ ဒီမိုကရေစီအရ နီးစပ်မှုရှိရုံသာမက အနာဂတ် မျှော်မှန်းချက်များတွင်လည်း တူညီသည်ဟု တီလာဆန်က ဆိုသည်။
    Ref; BBC
  • ၀န်ကြီးချုပ်ဟောင်းမိသားစုကို ခြစားမှုဖြင့် ပါကစ္စတန် တရားစွဲ
    အောက်တိုဘာ ၂၀၊ ၂၀၁၇
    M-Media
    – Panama Papers တွင် ဖော်ပြထားသည့် လာဘ်ပေးလာဘ်ယူမှုများတွင် ပါဝင်ပက်သက်နေသည့်အတွက် ၀န်ကြီးချုပ်ဟောင်း န၀ဇ် ရှရစ်ဖ်ကို ပါကစ္စတန် ခြစားမှုတိုက်ဖျက်ရေး အဖွဲ့က ယမန်နေ့တွင် အကျင့်ပျက်ခြစားမှုဖြင့် တရားစွဲဆိုခဲ့သည်ဟု သိရသည်။
    လန်ဒန်ရှိ အဆောက်အဦးများ ပိုင်ဆိုင်ထားမှုနှင့် ဆက်နွယ်၍ ရှရစ်ဖ်နှင့် ၎င်း၏ သမီးဖြစ်သူတို့အား တရားစွဲဆိုခဲ့ခြင်းဖြစ်ပြီး ၀န်ကြီးချုပ်ဟောင်းမှာ နှစ်ရှည်ထောင်ဒဏ် ချမှတ်ခံရဖွယ် ရှိနေသည်။
    ရှရစ်ဖ်နှင့် ၎င်း၏ သမီး မရ်ယမ်၊ သားမက် မိုဟာမက် ဆက်ဖ်ဒါးရ်တို့ပါ ယမန်နေ့တွင် တရားစွဲဆို ခံခဲ့ရခြင်းဖြစ်ပြီး ၎င်းတို့ကမူ အပြစ်မရှိဟု လျှောက်လှဲခဲ့သည်။ ရုံးတော်သို့ မရ်ယမ်နှင့် ဆက်ဖ်ဒါရ်တို့နှစ်ဦးက ကိုယ်တိုင်တက်ရောက်ခဲ့ပြီး ရှရစ်ဖ်က ဗြိတိန်တွင် ကင်ဆာကုသမှုခံယူနေသည့် ဇနီးသည်အား ပြုစုနေရသဖြင့် ကိုယ်စားလှယ်တစ်ဦးကို စေလွှတ်ခဲ့သည်။
    မရ်ယမ်က စွပ်စွဲချက်များမှာ အခြေအမြစ်မရှိဟု ငြင်းဆိုခဲ့ပြီး ဖခင်ဖြစ်သူမှာ ပါကစ္စတန်သို့ပြန်လာ၍ ထိုကိစ္စကို သိတ္တိရှိရှိ ရင်ဆိုင်သွားမည်ဟု တရားရုံးတွင် ပြောကြားခဲ့သည်။
    ရရှစ်ဖ်မှာ အာမခံရထားပြီးဖြစ်သောကြောင့် ပါကစ္စတန်သို့ ပြန်လာလျှင် ဖမ်းဆီးခံရမည်မဟုတ်ပေ။
    Ref : Aljazeera
  • ဘာရိန်းက အမေရိကန်မှ F16 တိုက်လေယာဉ် ၁၆ စီး ၀ယ်ယူ
    ဘာရိန်းက အမေရိကန်မှ F16 တိုက်လေယာဉ် ၁၆ စီး ၀ယ်ယူ
    အောက်တိုဘာ ၁၉၊ ၂၀၇
    M-Media
    ဘာရိန်းခေါင်းဆောင်နှင့်အတူ တွေ့ရသည့် ထရမ့်
    – အဆင့်မြှင့်တင်ထားသော F-16 တိုက်လေယာဉ် ၁၆ စီး နှင့် အခြားစစ်လက်နက်များ ၀ယ်ယူရန် အမေရိကန်လေကြောင်းအာကာသနှင့် စစ်လက်နက်ကုမ္ပဏီ Lockheed Martin နှင့် ကန်ဒေါ်လာ ၃.၈ ဘီလီယံတန်ဖိုးရှိ သဘောတူစာချုပ်တစ်ခုကို ဘာရိန်းက ချုပ်ဆိုခဲ့သည်ဟု သိရသည်။
    တနင်္လာနေ့က ပါရှန်းပင်လယ်ကွေ့ ရှိုက်ခ်ဒုမ် စစ်ဘက်ဆိုင်ရာပြပွဲတွင် အဆိုပါသဘောတူညီချက်နှင့် ပတ်သက်၍ ဘာရိန်းကာကွယ်ရေးဌာနက ကြေငြာခဲ့ခြင်းဖြစ်သည်။
    ဘာရိန်းက တိုက်လေယာဉ်များ ၀ယ်ယူရန် ကမ်းလှမ်းမှုကို မိမိတို့က လက်ခံထားသည်ဟု အမေရိကန်အစိုးရက မတ်လတွင် အောက်လွှတ်တော်ကို အကြောင်းကြားခဲ့သည်။
    အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်က ဘာရိန်းအပါအ၀င် အချို့နိုင်ငံများနှင့် လက်နက်ရောင်းဝယ်မှုအပေါ် ကန့်သတ်ချက်များ ဖြေလျှော့ပေးလိုက်ပြီးနောက် ဘာရိန်းမှာ အမေရိကန်နှင့် ထိုကဲ့သို့ ဘီလီယံပေါင်းများစွာတန်သည့် လက်နက်အရောင်းအ၀ယ်စာချုပ် ချုပ်ဆိုခဲ့ခြင်း ဖြစ်သည်။ ဘာရိန်းမှာ အမေရိကန်၏ အမှတ် ၅ေ
    ရတပ် အခြေစိုက်ရာ နိုင်ငံလည်းဖြစ်သည်။
    ကန်ဒေါ်လလာ ၃.၈ ဘီလီယံ တန်ဖိုးရှိ ယခု သဘောတူညီချက်အရ အဆင့်မြှင့်တင်ထားသော F-16 ဂျက်လေယာဉ် ၁၉ စီးအပြင်၊ စက်သေနတ်များတပ်ဆင်ထားသော ၃၅ မီတာအရှည်ရှိ ကင်းလှည့်မော်တော်ဘုတ်များ၊ တင့်ကားဖျက်ဒုံးကျည် ၂၂၁ ခုတို့လည်း ပါဝင်သည်။
    Ref : Press TV
  • အမေရိကန်က နျူစာချုပ်ကို လက်မခံလျှင် မိမိတို့လည်း စာချုပ်မှထွက်မည်ဟု အီရန်ပြော
    အမေရိကန်က နျူစာချုပ်ကို လက်မခံလျှင် မိမိတို့လည်း စာချုပ်မှထွက်မည်ဟု အီရန်ပြော
    အောက်တိုဘာ ၁၉၊ ၂၀၁၇
    M-Media
    အီရန်အဓိပတ အယာတိုလာ ခါမေနီ
    – ကမ္ဘာ့အင်အားကြီး ၆ နိုင်ငံနှင့် ချုပ်ဆိုထားသည့် နျူသဘောတူညီချက်တွင် ပါဝင်သူတစ်ဦးဦးက လက်မခံပါက ထိုသဘောတူညီချက်မှ ထွက်မည်ဟု အီရန်အဓိပတိ အာယာတိုလာ ဆိုင်ယဒ် အလီခါမေနီက သတိပေးလိုက်သည်။
    ဗုဒ္ဓဟူးနေ့က တီဟီရန်မြို့၌ အီရန် ထိပ်တန်းပညာရှုင်အဖွဲ့နှင် တွေ့ဆုံရာတွင် ခါမေနီက ထိုကဲ့သို့ ပြောဆိုလိုက်ခြင်းဖြစ်ပြီ အီရန်က သဘောတူစာချုပ်အတိုင်း လိုက်နာသည်ကို လက်မခံသော အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ပြစ်တင်ရှုတ်ချခဲ့သည့် ဥရောပနိုင်ငံများ၏ ရပ်တည်ချက်ကို ကြိုဆိုကြောင်း ထည့်သွင်း ပြောဆို
    ခဲ့သည်။
    “ထရမ့်အနေနဲ့ JCPOA (နျူသဘောတူစာချုပ်) ကို ပျက်စီးရာပျက်စီးကြောင်း မလုပ်သင့်ဘူးလို့ ဥရောပသမဂ္ဂက ဒီထက်ပိုပြီး ပြောသင့်ပါတယ်၊ ဘာလို့လဲဆိုတော့ JCPOA ဟာ သူတို့အကျိုးစီးပွားအတွက်ပါပဲ၊ တစ်ခြား ပါဝင်သူတွေက JCPOA ကို မဖျက်သ၍ ကျွန်တော်တို့ဘက်ကလည်း ဖျက်ဖို့ မရှိပါဘူး”
    အီရန်မှာ အဆိုပါစာချုပ်အတိုင်း လိုက်နာဆောင်ရွက်နေသည်ဟု နိုင်ငံတကာ နျူစွမ်းအင်အေဂျင်စီ (IAEA) က ထပ်တလဲလဲ ပြောကြားထားသော်လည်း ထရမ့်က အီရန်မှာ စာချုပ်၏ရည်ရွယ်ချက်ကို မလိုက်နာဟု ပြီးခဲ့သည့်တစ်ပတ်တွင် စွပ်စွဲခဲ့သည်။
    ခါမေနီက နျူစာချုပ်နှင့် ပတ်သက်၍ ၀ါရှင်တန်၏ ခြိမ်းခြောက်မှုအပေါ် ဥရောပသမဂ္ဂအနေဖြင့် လက်တွေ့ကျကျဆောင်ရွက်သင့်ကြောင်း၊ အီရန်နိုင်ငံ၏ ဒေသတွင်း အခန်းကဏ္ဍနှင့် တိုင်းပြည်ကာကွယ်ရေးအစီအစဉ်အား အမေရိကန်၏ ကန့်ကွက်မှုတွင် ဥရောပအနေဖြင့် မပါဝင်ဟု ငြင်းဆိုသင့်ကြောင်း ပြောကြားခဲ့သည်။
    Ref : Press TV