News @ M-Media

Blog

  • ဗဟိုအာဖရိကရှိ ဗလီကို ခရစ်ယာန်လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်၊ လူ ၂၀ ကျော် သေဆုံး

    ဗဟိုအာဖရိကရှိ ဗလီကို ခရစ်ယာန်လက်နက်ကိုင်အဖွဲ့က စီးနင်းတိုက်ခိုက်၊ လူ ၂၀ ကျော် သေဆုံး

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    တိုက်ခိုက်မှုကို အဝေးမှ မြင်ရစဉ်

    – ဗဟိုအာဖရိကနိုင်ငံရှိ ဗလီဝတ်ကျောင်းတော်တစ်လုံးကို ခရစ်ယာန် လက်နက်ကိုင်အဖွဲ့တစ်ခုက ယမန်နေ့တွင် ၀င်ရောက်တိုက်ခိုက်ခဲ့ပြီး ၀တ်ပြုသူ ၂၀ ကျော် သေဆုံးခဲ့သည်ဟု သိရသည်။

    နိုင်ငံအရှေ့မြောက်ပိုင်း ဂျင်မ်ဘီ ဗလီဝတ်ကျောင်းတော်၌ သောကြာနေ့ ၀တ်ပြုဆုတောင်းနေစဉ်အတွင်း အန်တီဘလာကာ လက်နက်ကိုင်အဖွဲ့က ၀င်ရောက် စီးနင်းတိုက်ခိုက်ခဲ့ကာ ဒဏ်ရာရရှိသူလည်း အများအပြားရှိခဲ့သည်။

    မွတ်စလင်လူ့အဖွဲ့အစည်းခေါင်းဆောင် အိုစမန် မဟာမတ်က မိမိတို့ နိုင်ငံသားအချင်းချင်း ဘာသာရေးမုန်းတီးမှုဖြစ်အောင် လုပ်ဆာင်နေသည့်အတွက် စိတ်မကောင်းဖြစ်ရသည်ဟု ပြောကြားခဲ့သည်။

    “ကျွန်တော်တို့ သတိဝိရိယကို ၂ ဆတိုးဖို့ လိုပါတယ်။ ကျွန်တော်တို့ဟာ တစ်ယောက်နဲ့တစ်ယောက် သတ်ဖြတ်နေကြတယ်။ ဒီစစ်ပွဲမှာ ဘယ်သူကမှ မနိုင်သလို၊ ဘယ်သူကမှလည်း ရှုံးမှာ မဟုတ်ပါဘူး။ ဂျင်မ်ဘီဗလီမှာ ဖြစ်ပွားခဲ့တာက တကယ့်ကို တုန်လှုပ်စရာပါပဲ”

    ဗဟိုအာဖရိကနိုင်ငံအတွင်း ၂၀၁၃ ခုနှစ်မှစ၍ လူမျိုးရေး၊ ဘာသာရေးပဋိပက္ခများ ဖြစ်ပွားနေခြင်းကြောင့် လူထောင်ချီ သေဆုံးခဲ့ပြီး အိုးအိမ်စွန့်ခွာ ထွက်ပြေးရသူများမှာလည်း ထောင်သောင်းချီရှိခဲ့ကာ အိမ်နီးချင်း ကင်မရွန်းနှင့် ချဒ်နိုင်ငံတို့တွင် ခိုလှုံနေရသည်။

    လူ့အခွင့်အရေးအဖွဲ့ Amnesty International ၏ အစီရင်ခံစာတွင် ဗဟိုအာဖရိကပဋိပက္ခအတွင်း လူပေါင်း ၅၀၀၀ ကျော် သေဆုံးခဲ့ပြီး အများစုမှာ အရပ်သားများဖြစ်သည်ဟု ဖော်ပြခဲ့သည်။

    မွတ်စလင်သူပုန်အဖွဲ့ ဆီလီကာက ၂၀၀၃ ခုနှစ်တွင် စစ်အာဏာသိမ်းခဲ့သည့် သမ္မတ ဖရန်ကိုအစ် ဘိုဇီဇီကို ဖြုတ်ချခဲ့သော ၂၀၁၃ ခုနှစ်မှစ၍ ဆီလီကာနှင့် ခရစ်ယာန် အန်တီ-ဘာလာကာအဖွဲ့အကြား တိုက်ခိုက်မှုများ ဖြစ်ပွားခဲ့ပြီး ဘာသာရေးလူမျိုးရေး ပဋိပက္ခအဖြစ် အသွင်ပြောင်းသွားခဲ့သည်။

    Ref: aa.com

  • ရခိုင်ပြဿနာကြောင့် မြန်မာအပေါ် ချေးငွေကို ကမ္ဘာ့ဘဏ်က အကန့်အသတ်မရှိ ရွှေ့ဆိုင်း

    ရခိုင်ပြဿနာကြောင့် မြန်မာအပေါ် ချေးငွေကို ကမ္ဘာ့ဘဏ်က အကန့်အသတ်မရှိ ရွှေ့ဆိုင်း

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – ရိုဟင်ဂျာတွေအပေါ်မှာ အကြမ်းဖက်တာ၊ ဖျက်ဆီးတာ၊ အဓမ္မ မောင်းထုတ်တာတွေကို တုန့်ပြန်တဲ့အနေနဲ့ မြန်မာနိုင်ငံကို ထုတ်ချေးဖို့ စီစဉ်ထားတဲ့ နှစ်ရှည်ချေးငွေ ကန်ဒေါ်လာ သန်း ၂၀၀ ကို ဆိုင်းငံ့မယ်လို့ ဗုဒ္ဓဟူးနေ့မှာ ကမ္ဘာ့ဘဏ်က ကြေငြာလိုက်ပါတယ်။

    အဲဒီ သန်း ၂၀၀ ဟာ မြန်မာနိုင်ငံ ဒီမိုကရေစီ အသွင်ကူးပြောင်းရေးကို အားပေးတဲ့ အစိတ်အပိုင်းတစ်ခုဖြစ်ပြီး သြဂုတ်လမှာ သဘောတူညီခဲ့ကာ မြန်မာနိုင်ငံနဲ့ ကမ္ဘာ့ဘဏ်တို့ရဲ့ ပထမဆုံး တိုက်ရိုက် ဆက်နွယ်ပတ်သက်မှု ဖြစ်ပါတယ်။

    ဗုဒ္ဓဟူးနေ့ကထုတ်ပြန်တဲ့ ကြေငြာချက်မှာ ကမ္ဘာ့ဘဏ်က သူတို့အနေနဲ့ မြန်မာနိုင်ငံကို ကူညီထောက်ပံ့မှုတွေဆက်လုပ်နေပြီး ပညာရေး၊ ကျန်းမာရေး၊ လျှပ်စစ်မီးရရှိရေး၊ ကျေးလက်လမ်းပေါက်ရေး အထူးသဖြင့် ရခိုင်ပြည်နယ်အတွင်း လူမျိုးစုံ၊ ဘာသာစုံ သဟဇာတဖြစ်ရေး ကိစ္စတွေမှာ ပါဝင်ဆောင်ရွက်ပေးခဲ့တယ်လို့ ဖော်ြ
    ပထားပါတယ်။

    ထုတ်ချေးဖို့ သဘောတူတားတဲ့ ကန်ဒေါ်လာ သန်း ၂၀၀ ဟာ ဘဏ္ဍာရေးနဲ့ ပြည်သူလူထုဆိုင်ရာ စီမံခန့်ခွဲရေး ကိစ္စတွေအတွက်ဖြစ်ပြီး ရွှေ့ဆိုင်းမှုဟာ အချိန်သတ်မှတ်ချက်မရှိပါဘူး။

    “မကြာခင်က အတည်ပြုထားတဲ့ ဖွံ့ဖြိုးရေးပေါ်လစီချေးငွေဆိုင်ရာ အစီအစဉ်ကို ကျွန်တော်တို့ ပြန်သုံးသပ်ခဲ့ပြီး ဒီချေးငွေ အမှန်တကယ် ထုတ်ပေးဖို့အတွက် ပိုပြီးတိုးတက်တဲ့အခြေအနေမျိုး လိုအပ်တယ်လို့ ဆုံးဖြတ်ခဲ့ပါတယ်” လို့ ကြေငြာချက်က ဆိုပါတယ်။

    ဒါပေမယ့် ဘယ်လိုတိုးတက်မှုမျိုး ရှိရမယ်၊ အစိုးရအနေနဲ့ ဒီချေးငွေရဖို့ ဘယ်လို လုပ်ဆောင်ပေးရမယ် ဆိုတာတွေကိုတော့ ဖော်ပြထားခြင်း မရှိပါဘူး။

    ရခိုင်ပြည်နယ်က ရိုဟင်ဂျာတွေအပေါ် ဖိနှိပ်ချုပ်ချယ်မှုအတွက် မြန်မာအစိုးကို ဖိအားပေးဖို့ ကမ္ဘာ့ဘဏ်အနေနဲ့ မြန်မာနိုင်ငံအပေါ် ပိတ်ဆို့တာမျိုး လုပ်သင့်တယ်လို့ ပြီးခဲ့တဲ့ သီတင်းပတ်တွေမှာ ကမ္ဘာတစ်ဝှမ်း ဝေဖန်မှုတွေ တော်တ်ာများများ ဖြစ်ခဲ့ပါတယ်။

    ပြီးခဲ့တဲ့တစ်လလောက်က ကမ္ဘာ့ဘဏ်ဟာ ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေအတွက် ကြေငြာချက်တစ်စောင် ထုတ်ပြန်ခဲ့ဖူးပြီး ‘မြန်မာနိုင်ငံအတွင်း နေထိုင်နေသူအားလုံးကို ကာကွယ်ပေးရေး မြန်မာအာဏာပိုင်တွေကို တိုက်တွန်းကြောင်း၊ ရခိုင်ပြည်နယ်က ပြဿနာအတွက် လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ တုန့်ပြန်မှုတွေကို လုပ်ပေးရမယ့်သူတွေ အားလုံးက လုပ်ပေးဖို့ တိုက်တွန်းကြောင်း’ ဖော်ပြထားပါတယ်။

    Ref: devex.com

  • ယခုနှစ်အတွင်း မလေးရှားက နိုင်ငံခြား တိုက်ခိုက်ရေးသမား ၄၅ ဦးကို ဖမ်းဆီးထား

    ယခုနှစ်အတွင်း မလေးရှားက နိုင်ငံခြား တိုက်ခိုက်ရေးသမား ၄၅ ဦးကို ဖမ်းဆီးထား

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – ယခုနှစ်အတွင်း လက်ရှိအချိန်အထိ နိုင်ငံခြား တိုက်ခိုက်ရေးသမား စုစုပေါင်း ၄၅ ယောက်ကို ဖမ်းဆီးထိန်းသိမ်းခဲ့သည်ဟု မလေးရှားရဲတပ်ဖွဲ့ စုံစမ်းစစ်ဆေးရေးအကြီးအကဲ မိုဟာမက် ဖူဇီ ဟာရွန်က ယမန်နေ့တွင် ပြောကြားခဲ့သည်။

    အများစုမှာ IS အကြမ်းဖက်အဖွဲ့နှင့် ပတ်သက်နေပြီး အီရတ်နိုင်ငံ IS အဖွဲ့ခွဲတွင် တပ်မှူးအဆင့်ရှိသူ အီရတ်နိုင်ငံသား ၃ ဦးနှင့် အင်ဒိုနီးရှား၊ ဖိလစ်ပိုင်၊ ယီမင်နိုင်ငံသားများလည်း ပါဝင်သည်ဟု ဆိုသည်။

    မေလေးရှား အကြမ်းဖက်တိုက်ဖျက်ရေးဌာနက အရှေ့အလယ်ပိုင်းတွင် နယ်မြေများ လက်လွှတ်နေရသည့် IS အဖွဲ့မှာ အခြားနိုင်ငံများသို့ ထိုးဖောက်ဝင်ရောက်ရန် အဖွဲ့ဝင်များအား အမိန့်ပေး ညွှန်ကြားထားသည့် သတင်းများ ရရှိထားသည်ဟုလည်း ဆိုသည်။

    လက်ရှိအချိန်အထိ ၂၀၁၂ ခုနှစ် လုံခြုံရေးဆိုင်ရာပြစ်မှုများ အက်ဥပဒေအရ စစ်သွေးကြွ ၁၃ ဦးကို မလေးရှားက တရားစွဲဆိုထားပြီး၊ နောက်ထပ် ၁၂ ဦးကို ၎င်းတို့၏ သက်ဆိုင်ရာနိုင်ငံများသို့ ဥပဒေကြောင်းအရ အပြစ်ပေးနိုင်ရန် ပြန်လည် လွှဲပြောင်းပေးခဲ့ပြီးဖြစ်သည်ဟု သိရသည်။
    `
    သံသယရှိသူ ၁၂ ဦးကိုမူ အကြမ်းဖက်လုပ်ရပ်များ တားဆီးရေး အက်ဥပဒေ စုံစမ်းစစ်ဆေးနေပြီး တစ်ဦးကို ထိန်းသိမ်းထားတာ ၇ ဦးကို လွှတ်ပေးခဲ့သည်။

    Ref : CNA

  • ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    ဂျပန်ပင်လယ်တွင် ကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မည်

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – အမေရိကန်နှင့် တောင်ကိုးရီးယားတို့ ပူးတွဲ၍ လာမည့်ရက်သတ္တပတ်တွင် အကြီးစားစစ်ရေးလေ့ကျင့်မှုတစ်ခု ပြုလုပ်မည်ဖြစ်ကြောင်း အမေရိကန်ရေတပ်က ယမန်နေ့တွင် ပြောကြားခဲ့ပြီး မြောက်ကိုးရီးယားကို ဆန့်ကျင့်သည့်အနေဖြင့် နောက်ဆုံးပေါ်ထွက်လာသည့် အင်အားပြမှု ဖြစ်သည်။

    ကုလသမဂ္ဂ၏ အမျိုးမျိုးသော အရေးယူပိတ်ဆို့မှုများကြားမှ မြောက်ကိုးရီးယားသည် အင်အားပြင်း ဒုံးကျည်များ ပစ်လွှတ်စမ်းသပ်ခြင်း၊ ၆ ကြိမ်မြောက် နျူကလီယားစမ်းသပ်ခြင်းတို့ ပြုလုပ်ခဲ့ပြီးနောက် မြောက်ကိုးရီးယား၏ လက်နက်အစီအစဉ်များအပေါ် တင်းမာမှုများ မြင့်တက်လာခဲ့သည်။

    ထို့ကြောင့် အမေရိကန်မှာ မြောက်ကိုးရီးယား၏ အနီးကပ်ဆုံး နိုင်ငံများဖြစ်သည့် ဂျပန်၊ တောင်ကိုးရီးယားတို့နှင့် စစ်ရေးလေ့ကျင့်မှုများ အရှိန်မြှင့် ပြုလုပ်လာခဲ့သည်။

    အမေရိကန် အမှတ် ၇ ရေယာဉ်စုမှ ထုတ်ပြန်သော ကြေငြာချက်တွင် လာမည့်တစ်ပတ် တောင်ကိုးရီးယား ရေတပ်နှင့် ပူးတွဲစစ်ရေးလေ့ကျင့်မှုတွင် USS Ronald Regan လေယာဉ်တင်သင်္ဘော၊ ဖျက်သင်္ဘော ၂ စီးတို့ ပါဝင်မည်ဟု ဖော်ပြထားသည်။

    အောက်တိုဘာ ၁၆ ရက်မှ ၂၆ အတွင်း ဂျပန်ပင်လယ်နှင့် ပင်လယ်ဝါတို့တွင် ပြုလုပ်မည့် အဆိုပါစစ်ရေးလေ့ကျင့်မှုသည် “အပြန်အလှန် ဆက်သွယ်ရေး၊ အချင်းချင်းပူးပေါင်းဆောင်ရွက်ရေးတို့ကို တိုးမြှင့်ရန်” ဖြစ်သည်ဟု ကြေငြာချက်က ဆိုသည်။

    မည်သည့်စစ်ရေးလေ့ကျင့်မှုကိုမှ ထပ်မံမပြုလုပ်ရန် သတိပေးထားသော မြောက်ကိုးရီးယားကို အဆိုပါ လေ့ကျင်မှုကြောင့် ဒေါသ ထွက်စေမည်ဖြစ်သည်။

    Ref: CNA

  • ဒေသတွင်း လွယ်ကူစွာသွားလာနိုင်ရေး အာဆီယံနိုင်ငံများ သဘောတူညီချက် ရရှိ

    ဒေသတွင်း လွယ်ကူစွာသွားလာနိုင်ရေး အာဆီယံနိုင်ငံများ သဘောတူညီချက် ရရှိ

    အောက်တိုဘာ ၁၄၊ ၂၀၁၇
    M-Media

    – ယမန်နေ့က ပြုလုပ်ခဲ့သည့် ၂၃ ကြိမ်မြောက် အာဆီယံ ပို့ဆောင်ရေးဝန်ကြီးများ အစည်းအဝေးတွင် အာဆီယံနိုင်ငံများအကြား ခရီးသွားလာမှု အားကောင်းစေရေး အစီအမံများ ဆောင်ရွက်ရန် အဖွဲ့ဝင်နိုင်ငံများက လက်မှတ်ရေးထိုးခဲ့ကြသည်ဟု သိရသည်။

    အကောင်အထည်ဖော်မည့် စီမံကိန်းများတွင် ဒေသတွင်း လေကြောင်းလိုင်းများ လွတ်လပ်စွာ ၀န်ဆောင်မှုပေးနိုင်ရေး၊ လေကြောင်းခရီးစဉ်များ လုံခြုံရေးနှင့် အဆင်ပြေချောမွေ့စေရေး၊ နယ်စပ်ဖြတ်ကျော်မှုများ အဟန့်အတားမရှိ လုပ်ဆောင်နိုင်ရေး စသည့်အချက်များ ပါဝင်ကြောင်း စင်ကာပူ သယ်ယူပို့ဆောင်ရေး ၀န်ကြီးဌာ
    န၏ သတင်းထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

    အာဆီယံတစ်နိုင်ငံမှ တစ်နိုင်ငံသို့ ဘတ်စ်ကားများ၊ ခရီးသွားလမ်းညွှန်များ လွယ်ကူစွာ သွားလာနိုင်ရေး အတွက်လည်း ပို့ဆောင်ရေးဝန်ကြီးများက သဘောတူ လက်မှတ်ရေးထိုးခဲ့သည်။

    ခရီးသည်များအား ကုန်လမ်းသွားယာဉ်များဖြင့် နယ်စပ်ဖြတ်ကျော်နိုင်စေရေး အာဆီယံ သဘောတူညီချက် မူဘောင်အရ အဖွဲ့ဝင်နိုင်ငံတစ်နိုင်ငံစီမှာ ခရီးသွားယာဉ်များကဲ့သို့ အချိန်အတိအကျဖြင့် ပြေးဆွဲသော ကားများမဟုတ်သည့် ဘတ်စ်ကား ၅၀၀ စီ ခွဲတမ်းဖြင့် အဖွဲ့ဝင်နိုင်ငံများအတွင်း တိုက်ရိုက် ၀င်ထွက်သွားလာခွင့် သို့မဟုတ်၊ တစ်ဆင့်ခံ ၀င်ထွက်သွားလာခွင့်ကို ရရှိမည်ဖြစ်သည်။

    လေကြောင်းခရီးများတွင် နှောင့်နှေးကြန့်ကြာမှုများ လျှော့ချရေး၊ ပျံသန်းမှုစရိတ်လျှော့ချရေးနှင့် လေကြောင်းစီမံခန့်ခွဲမှု အားကောင်းစေရေးတို့အတွက် ၀န်ကြီးများမှာ အာဆီယံ လေကြောင်းသွားလာမှု စီမံခန့်ခွဲရေးအစီအစဉ်တစ်ခုကိုလည်း ရေးဆွဲသတ်မှတ်ခဲ့ကြသည်။

    ထို့ပြင် ဒေသတွင်း လေကြောင်းလိုင်းများ လွတ်လပ်စွာ ၀န်ဆောင်မှုပေးနိုင်ရေးအတွက် သဘောတူညီချက် ၂ ကို ၎င်းတို့က လက်မှတ်ရေးထိုးခဲ့ကြသည်။

    Ref : CNA