News @ M-Media

Blog

  • ၂၀၁၈ နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းအာဏာသိမ်းအစိုးရ ပြော

    ၂၀၁၈ နှစ်တွင် ရွေးကောက်ပွဲကျင်းပပေးမည်ဟု ထိုင်းအာဏာသိမ်းအစိုးရ ပြော

    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media

    ထိုင်းအာဏာသိမ်းအစိုးရခေါင်းဆောင် ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာ

     

    – ၂၀၁၄ ခုနှစ် အာဏာသိမ်းယူခဲ့ပြီးနောက် အခြေခံဥပဒေပြင်ဆင်ရေးနှင့် လုံခြုံရေးကိစ္စများကို စိုးရိမ်ကြောင်း အကြောင်းအမျိုးမျိုးပြ၍ ရွေးကောက်ပွဲကျင်းပရန် အချိန်ဆွဲထားသည့် ထိုင်းစစ်အစိုးရက ၂၀၁၈ ခုနှစ် နိုဝင်ဘာတွင် အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမည်ဟု ကတိပေးပြောကြားခဲ့သည်။

    နိုင်ငံတော် ငြိမ်ဝပ်ပိပြားရေးကောင်စီအကြီးအကဲ ၀န်ကြီးချုပ် ပရာယွတ် ချန်အိုချာက ဘန်ကောက်မြို့ရှိ အစိုးရအိမ်တော်၌ ယမန်နေ့က သတင်းထောက်များအား ထိုကဲ့သို့ ပြောကြားခဲ့ခြင်းဖြစ်ပြီး ရက်အတိအကျကို ၂၀၁၈ ခုနှစ် ဇွန်လတွင် ထုတ်ပြန်မည်ဟု ဆိုသည်။

    ယခုနှစ်အတွင်း ရွေးကောက်ပွဲကျင်းပပေးမည်ဟု အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့် ကတိနောက်ပိုင်း တစ်နှစ်အကြာမှ အဆိုပါဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

    ထိုင်းနိုင်ငံ၏ နောက်ဆုံး အထွေထွေရွေးကောက်ပွဲကို ၂၀၁၁ ခုနှစ်တွင် ကျင်းပခဲ့ခြင်းဖြစ်သည်။

    အဓိကမဟာမိတ်များဖြစ်သော ဥရောပသမဂ္ဂနှင့် အမေရိကန်ပြည်ထောင်စုတို့က ရွေးကောက်ပွဲကျင်းပပေးရန်နှင့် အာဏာသိမ်းပြီးနောက် ပြုလုပ်ခဲ့သည့် လွတ်လပ်ခွင့် ကန့်သတ်မှုများကို ဖယ်ရှားပေးရန် ဖိအားပေးခဲ့သည်။

    အာဏာသိမ်းအစိုးရမှာ စစ်တပ်ကို လုပ်ပိုင်ခွင့်အများအပြား ပေးထားပြီး၊ ရွေးကောက်ခံ ကိုယ်စားလှယ်များ၏ လုပ်ပိုင်ခွင့်ကို ကန့်သတ်ထားမည့် ဖွဲ့စည်းပုံအခြေဥပဒေအသစ်ကို ပြီးခဲ့သည့်နှစ်က အတည်ပြုခဲ့သည်။

    Ref: Aljazeera

  • ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် သံဃမဟာနာယက အဖွဲ့နှင့်ပါ တွေ့ဆုံမည်

    ပုပ်ရဟန်းမင်းကြီး၏ မြန်မာနိုင်ငံခရီးစဉ်တွင် သံဃမဟာနာယက အဖွဲ့နှင့်ပါ တွေ့ဆုံမည်

    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media

    – ပုပ်ရဟန်းမင်းကြီး ဖရန်စစ် နိုဝင်ဘာနှောင်းပိုင်းမှာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ်တို့ကို လာရောက်မယ့် အစီအစဉ် အသေးစိတ်ကို မနေ့က ထုတ်ပြန်လိုက်ပါတယ်။

    နိုဝင်ဘာ ၂၆ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အထိ ကြာမြင့်မယ့် ပုပ်ရဟန်းမင်းကြီးရဲ့ ဒီခရီးစဉ်ဟာ မြန်မာနိုင်ငံအတွက် ကက်သလစ်ခရစ်ယာန်ခေါင်းဆောင်တစ်ဦး ပထမဆုံးလာရောက်မှု ဖြစ်မှာပါ။

    ဖရန်စစ်ဟာ နိုဝင်ဘာ ၂၇ ရက်နေ့မှာ မြန်မာနိုင်ငံကို ရောက်လာမှာဖြစ်ပြီး လူထုနဲ့ တွေ့ဆုံမှာပါ။ နောက်တစ်နေ့မှာတော့ နေပြည်တော်ကို သွားရောက်ကာ သမ္မတ ဦးထင်ကျော်၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်တို့နဲ့ သီးခြားစီတွေ့ဆုံကာ မြန်မာ့နိုင်ငံရေးအကြောင်းတွေကို ဆွေးနွေးကြမှာပါ။

    ဗာတီကန်တာဝန်ရှိသူတစ်ဦးက ပုပ်ရဟန်းမင်းကြီးဟာ စစ်တပ်အကြီးအကဲတွေ၊ သံတမန်တွေနဲ့ တွေ့ဆုံဖို့ရှိနေတယ်လို့ ပြောကြားခဲ့ပါတယ်။

    နိုဝင်ဘာ ၂၉ ရက်နေ့မှာ ဖရန်စစ်ဟာ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က တာဝန်ရှိတဲ့ ဘုန်းတော်ကြီးတွေနဲ့ တွေ့ဆုံမှာဖြစ်ပါတယ်။

    မြန်မာနိုင်ငံရဲ့ လူဦးရေ ၅၁.၄ သန်းမှာ ရိုမန်ကက်သလစ်ဘာသာဝင် ၇ သိန်းလောက် ရှိတယ်လို့ ကာဒီနယ် ချားလ်စ်မောင်ဘိုက ပြောကြားထားပါတယ်။

    ပုပ်ရဟန်းမင်းကြီးဟာ မြန်မာနိုင်ငံကနေတစ်ဆင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံကို သွားရောက်ကာ ပြည်သူလူထု၊ အစိုးရခေါင်းဆောင်တွေနဲ့ တွေ့ဆုံဖို့ ရှိနေပါတယ်။

    Ref: Reuters

  • ရခိုင်ကိစ္စအတွက် မြန်မာစစ်တပ်အပေါ် အီးယူက တစ်ဆင့်ချင်း ပိတ်ဆို့ရန် ရှိနေ

    ရခိုင်ကိစ္စအတွက် မြန်မာစစ်တပ်အပေါ် အီးယူက တစ်ဆင့်ချင်း ပိတ်ဆို့ရန် ရှိနေ

    အောက်တိုဘာ ၁၁၊ ၂၀၁၇
    M-Media

    ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်

     

    – ရခိုင်ပြည်နယ်က ပြဿနာတွေကြောင့် မြန်မာစစ်တပ်အပေါ် ပိတ်ဆို့မှုတွေ တိုးမြှင့်ပြုလုပ်ရေး ပထမအဆင့်အနေနဲ့ ဥရောပသမဂ္ဂဟာ ထိပ်တန်း မြန်မာဗိုလ်ချုပ်တွေနဲ့ အဆက်အသွယ်ဖြတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။

    ဥရောပ ၂၈ နိုင်ငံရဲ့ နိုင်ငံခြားရေးဝန်ကြီးတွေ အောက်တိုဘာ ၁၆ ရက်နေ့မှာ ပြုလုပ်မယ့် ဆွေးနွေးပွဲမှာ ပါဝင်မယ့် အကြောင်းအရာမူကြမ်းကို Reuters သတင်းဌာနက ရရှိခဲ့ပြီး အဲဒီအထဲမှာ ‘မြန်မာစစ်တပ်ရဲ့ ကာကွယ်ရေးဦးစီးချုပ်နဲ့ အခြား အကြီးတန်းအရာရှိတွေကို ဖိတ်ခေါ်မှုကို ရပ်ဆိုင်းမယ်’ လို့ ဖော်ပြထားပါတယ်။

    ‘ပြည်တွင်းမှာ ဖိနှိပ်ဖို့ အသုံးပြုနိုင်တယ်’ ဆိုတဲ့ အကြောင်းအရင်းနဲ့ မြန်မာစစ်တပ်အပေါ် လက်နက်ခဲယမ်းတွေ ရောင်းချတင်ပို့မှု အီးယူက ပိတ်ပင်ထားတာကို ထောက်ခံတယ်လို့လည်း မူကြမ်းမှာ အတည်ပြုထားပါတယ်။

    ဒီမူကြမ်းမှာပါဝင်တဲ့ အကြောင်းအရာတွေအပြင် လတ်တလော မြန်မာနိုင်ငံအတွင်းက ကောင်းမွန်တဲ့ ပြောင်းလဲတိုးတက်မှုတွေနဲ့ပတ်သက်ပြီး တုန့်ပြန်သွားဖို့အတွက် ဥရောပသမဂ္ဂအဖွဲ့ဝင်တွေက ဆွေးနွေးဖို့ ရှိနေပါတယ်။

    ရခိုင်ပြည်နယ်က မတည်ငြိမ်မှုတွေကြောင့် ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးသွားရတဲ့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံရေးအတွက် မြန်မာနိုင်ငံကို တိုက်တွန်းထားပြီး ဘင်္ဂလားဒေ့ရှ်ရဲ့ ဆောင်ရွက်မှုတွေအတွက်တော့ ချီးကျူးခဲ့ပါတယ်။

    သြဂုတ်လ ၂၅ ရက်နေ့မှာ ရိုဟင်ဂျာလက်နက်ကိုင်တွေက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းတွေကို တိုက်ခိုက်ပြီးတဲ့နောက်ပိုင်း မြန်မာစစ်တပ်က ပြုလုပ်တဲ့ စစ်ဆင်ရေးတွေအတွင်းမှာ စစ်သားတွေနဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေဟာ ရိုဟင်ဂျာအရပ်သားတွေကို သတ်ဖြတ်တာ၊ နေအိမ်တွေကိုမီးရှို့ကာ မနေနိုင်အော
    င်လုပ်တာတွေ ရှိတယ်လို့ လူ့အခွင့်အရေးအဖွဲ့တွေနဲ့ ထွက်ပြေးလွတ်မြောက်သွားသူတွေက ပြောကြားထားပါတယ်။

    မြန်မာအစိုးရနဲ့ စစ်တပ်ကတော့ ဒီသတင်းတွေကို ငြင်းဆိုထားပါတယ်။

    အီးယူရဲ့ အခုမူကြမ်းမှာ ရခိုင်ပြည်နယ်ပြဿနာဟာ ‘အလွန့်အလွန် ဆိုးရွားတဲ့ကိစ္စ’ ဖြစ်ပြီး၊ ကချင်ပြည်နယ်နဲ့ ရှမ်းပြည်နယ်တွေက အခြေအနေတွေကလည်း အလွန်စိုးရိမ်စရာကောင်းတယ်လို့လည်း ဖော်ပြထားပါတယ်။

    ရခိုင်ပြည်နယ်ကိစ္စမှာ ပါဝင်တဲ့ အဖွဲ့တွေအနေနဲ့ အကြမ်းဖက်မှုတွေကို ရပ်တန့်ဖို့၊ စစ်တပ်အနေနဲ့ သူတို့ရဲ့ စစ်ဆင်ရေးကို ရပ်တန့်ကာ အရပ်သားအားလုံးကို ကာကွယ်ပေးဖို့၊ ထိခိုက်ခံစားရတဲ့ ဒေသတွေမှာ လူသားချင်း စာနာထောက်ထားမှုဆိုင်ရာ အကူအညီတွေ ၀င်ခွင့်ပြုဖို့ မူကြမ်းမှာ တိုက်တွန်းထားပါတယ်။

    NLD အစိုးရအဖွဲ့ခေါင်းဆောင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အနေနနဲ့ စစ်တပ်အပေါ်မှာ သြဇာမရှိဘူးဆိုတာကို အီးယူခေါင်းဆောင်တွေကလက်ခံထားပြီး၊ အခုလုပ်ရပ်ဟာ စစ်ခေါင်းဆောင်တွေအပေါ် ဖိအားပေးဖို့ အနောက်နိုင်ငံတွေရဲ့ ကြိုးပမ်းမှုတစ်ခု ဖြစ်ပါတယ်။

    ရခိုင်ကိစ္စကြောင့် ယူကေဟာ ပြီးခဲ့တဲ့လအတွင်းမှာ မြန်မာစစ်တပ် အရာရှိတစ်ချို့ကို သင်တန်းပေးနေမှု ရပ်ဆိုင်းခဲ့ပါတယ်။

    Ref: Reuters

  • ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

    ဘာသာပေါင်းစုံ ဆုတောင်းပွဲ (ရုပ်သံ)

    ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် နှင့် နိုင်ငံသူ နိုင်ငံသားအားလုံး ငြိမ်းချမ်းသာယာဝပြောစေရန် ရည်ရွယ်သည့် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို စက်တင်ဘာ ၁၀ ရက်နေ့က ရန်ကုန်မြို့ အောင်ဆန်း အားကစားကွင်းမှာ ကျင်းပပြုလုပ်ခဲ့ပါတယ်။

    ဗုဒ္ဓဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

     

    အစ္စလာမ်ဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

    ဟိန္ဒူဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

    မဟာယန ဗုဒ္ဓဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

    ခရစ်ယာန်ဘာသာမှ ဆုတောင်းမေတ္တာ ပို့သမှု

  • တက္ကသိုလ် ဝင်တန်းအောင်တဲ့ မွတ်စလင်မ် လူငယ်တွေအတွက် ဂုဏ်ပြုပွဲ ပုသိမ်မှာ ပြုလုပ်

    တက္ကသိုလ် ဝင်တန်းအောင်တဲ့ မွတ်စလင်မ် လူငယ်တွေအတွက် ဂုဏ်ပြုပွဲ ပုသိမ်မှာ ပြုလုပ်

    အောက်တိုဘာ ၁၀၊ ၂၀၁၇
    M-Media
    မိုးစက်

    ပုသိမ်။ ။ ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင် မြန်မာမွတ်စလင်ကျောင်းသား၊ ကျောင်းသူများကို ဂုဏ်ပြုတဲ့ အစီအစဉ်တစ်ခုကို ပုသိမ်မြိုမှာ အောက်တိုဘာလ (၈) ရက်နေ့က ပြုလုပ်ခဲ့ကြပါတယ်။

    “ကျွန်မတို့ ထူးချွန်တဲ့ကျောင်းသားတွေကို ဂုဏ်ပြုပေးချင်တာရယ်၊ ကျွန်မတို့ရဲ့ အဖွဲ့အစည်း အသိုင်းအဝိုင်းကို ပညာရေးနဲ့ တိုးတက်စေချင်တာရယ်၊ နောက်တက်လာမယ့် ကလေးတွေကို ဒီလိုပွဲတွေကနေ message တစ်ခုခု ရသွားစေချင်တာရယ် ဒီရည်ရွယ်ချက်တွေနဲ့ ဒီလို ဂုဏ်ပြုပွဲလေးကို ပြုလုပ်ပေးရတာ ဖြစ်ပါတယ်” လို့ ဂုဏ်ပြုပွဲကျင်းပပြုလုပ်ပေးတဲ့ ကော်မတီမှ အဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ မသီတာသန်းက ဆိုပါတယ်။

    အဆိုပါ ဂုဏ်ပြု ချီးမြှင့်ပွဲကို ယခုတစ်ကြိမ်တွင် ဒုတိယအကြိမ်မြောက် ကျင်းပတာဖြစ်ပြီး ပုသိမ်မြို့ အစ္စလာမ်သာသာနာရေးရာ ကောင်စီနှင့် ပုသိမ်မြို့မှ စီးပွားရေး လုပ်ငန်းရှင်များက ပူးပေါင်းပြီး ဂုဏ်ပြုခဲ့ကြတာလည်း ဖြစ်ပါတယ်။

    ၂၀၁၆-၂၀၁၇ တက္ကသိုလ်ဝင်တန်းအောင် မြန်မာမွတ်စလင်ကျောင်းသား၊ ကျောင်းသူ (၄၀) ကို ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပြီး တက္ကသိုလ်ဝင်တန်းကို ရိုးရိုးအောင်မြင်သူများကို ဆုတံဆိပ်နဲ့ ငွေကျပ်နှစ်သောင်း၊ ဂုဏ်ထူးဖြင့် အောင်မြင်သူများကို ဆုတံဆိပ်နှင့် ငွေကျပ်နှစ်သောင်းအပြင် ဂုဏ်ထူး တစ်ဘာသာကို ငွေ တစ်သောင်းကျပ်ဖြင့် ဂုဏ်ပြုခဲ့ကြပါတယ်။