News @ M-Media

Blog

  • FA ဖလားဗိုလ်စွဲမယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်ပေးပါ

    FA ဖလားဗိုလ်စွဲမယ်ဆိုတာ ရာနှုန်းပြည့် ယုံကြည်ပေးပါ

    ရေကုန်ရေခန်း ရာနှုန်းပြည့် ပေးဆပ်သွားမှာပါ။ ပရိတ်သတ်တွေ ယုံကြည်ပေးဖို့ လိုပါတယ်။ ကျွန်တော်တို့ ဘာလဲဆိုတာ မန်စီးတီးကိုရော၊ ပရိတ်သတ်တွေကိုပါ ချပြသွားပါမယ်။ ပရိတ်သတ်တွေရဲ့ ခံစားချက်ကို ကျွန်တော် နားလည်တယ်။ သူတို့ကို ဒုတိယဖလားပေးဖို့ ကျွန်တော် လုပ်နိုင်တာအားလုံး လုပ်သွားမှာ ဖြစ်ပါတယ်။ အသင်းသားတွေရော၊ ၀န်ထမ်းတွေရော အစွမ်းကုန် ပေးဆပ်သွားမှာပါ။ ကျွန်တော်တို့ လုပ်နိုင်တယ်ဆိုတာ အရင်ကလည်း သက်သေပြခဲ့ပြီးသားပါ။ လွယ်တော့မလွယ်ဘူး။ မန်စီးတီးက ကြီးကျယ်တဲ့အသင်းပါ။ ကျွန်တော်တို့ကလည်း အချဥ်မှ မဟုတ်တာဗျာ။ 

    အဲရစ် တန်ဟဂ် (မန်ယူနည်းပြ) 

    မန်ယူဟာ FA ဖလား ဗိုလ်လုပွဲမှာ မန်စီးတီးအသင်းနဲ့ ကစားရမှာ ဖြစ်ပါတယ်။ 

  • ကမ္ဘာတစ်၀ှမ်းမှ အစ္စလာမ်ဘာသာ၀င်တို့၏ ၀ါကျွတ်အီးဒ်နေ့ မြင်ကွင်းများ

    ကမ္ဘာတစ်၀ှမ်းမှ အစ္စလာမ်ဘာသာ၀င်တို့၏ ၀ါကျွတ်အီးဒ်နေ့ မြင်ကွင်းများ

    ဧပြီ ၂၃၊ ၂၀၂၃
    M-Media

    -ကမ္ဘာတစ်၀ှမ်းက အစ္စလာမ်ဘာသာ၀င်တွေဟာ တစ်လတာ ဥပုသ်သီလ ဆောက်တည်ခဲ့ကြပြီးတဲ့နောက် ဧပြီလ ၂၁ ရက်နဲ့ ၂၂ ရက်နေ့တွေမှာ အီဒွလ်ဖိသီရ် ၀ါကျွတ်အီးဒ်ပွဲတော်ကို ဆင်နွှဲခဲ့ကြပါတယ်။

  • အစွန်းရောက်များလက်ချက်ကြောင့် အိန္ဒိယရှိ ရှေးဟောင်း စာကြည့်တိုက်တစ်ခု ပျက်ဆီး

    အစွန်းရောက်များလက်ချက်ကြောင့် အိန္ဒိယရှိ ရှေးဟောင်း စာကြည့်တိုက်တစ်ခု ပျက်ဆီး

    ဧပြီ ၂၃၊ ၂၀၂၃

    M-Media 


    -အိန္ဒိယနိုင်ငံအရှေ့ပိုင်း ဘီရ်ဟာမြို့မှာ ဟိန္ဒူအစွန်းရောက်တွေက မွတ်စလင်လူ့အဖွဲ့အစည်းကို ပစ်မှတ်ထား တိုက်ခိုက်မှုအတွင်း နှစ် ၁၀၀ ကျော် သက်တမ်းရှိတဲ့ စာကြည့်တိုက်တစ်ခု မီးရှို့ ဖျက်ဆီးခံလိုက်ရပါတယ်။ 

    မတ်လနှောင်းပိုင်းက ကျင်းပတဲ့ Ram Navami ဟိန္ဒူဘာသာရေးပွဲတော်အတွင်း စီတန်းလှည့်လည်တဲ့ ဟိန္ဒူလူအုပ်က မွတ်စလင်တွေကို ၀င်ရောက်တိုက်ခိုက်မှု အိန္ဒိယ နိုင်ငံတစ်၀ှမ်းမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    ဘီဟာရ်ပြည်နယ် ဘီဟာရ်ရှရစ်ဖ်မြို့မှာလည်း အလားတူတိုက်ခိုက်မှု ဖြစ်ပွားခဲ့ပြီး နာမည်ကျော် အစ္စလာမ်ဘာသာရေးကျောင်း ‘မဒ်ရာဆာ အဇီဇီယာ’ တစ်ခုလုံး မတ်လ ၃၁ ရက်နေ့က မီးရှို့ ဖျက်ဆီးခံလိုက်ရပါတယ်။ 

    ဒီမဒ်ရာဆာက စာကြည့်တိုက်ဟာ နှစ်ပေါင်း ၁၁၃ နှစ် သက်တမ်းရှိပြီဖြစ်ပြီး ရှေးဟောင်း လက်ရေးမှုတွေ၊ ရှားပါး ဘာသာရေးကျမ်းစာတွေ၊ တန်ဖိုးမဖြတ်နိုင်တဲ့ ရှေးဟောင်း စာပန်းချီတွေ အပါအ၀င် စာအုပ်စာပေပေါင်း ၄၅၀၀ ကျော် ထိန်းသိမ်းထားပါတယ်။ 

    မီးရှို့ခံရမှုကြောင့် စာအုပ်စာတမ်းအားလုံး ပျက်ဆီးခဲ့ပါတယ်။ 

    ဒီအဖြစ်အပျက်အတွက် လူတစ်ချို့ကို ဖမ်းဆီးထားတယ်လို့ ဘီဟာရ် ရဲတပ်ဖွဲ့က ထုတ်ပြန်ပါတယ်။ ဘီဟာရ်ရှရစ်ဖ်က တိုက်ခိုက်မှုအတွင်း မွတ်စလင်တွေရဲ့ နေအိမ်တွေ၊ ဆိုင်တွေ၊ ကား၊ ဆိုင်ကယ်တွေ အများအပြား မီးရှို့ဖျက်ဆီးခံခဲ့ရပြီး သေဆုံး ဒဏ်ရာရမှုတွေလည်း ရှိခဲ့ပါတယ်။ 

    မဒ်ရာဆာ အဇီဇီယာမှာ ပညာသင်ယူနေတဲ့ ကျောင်းသားပေါင်း ၅၀၀ လောက်ရှိပြီး ရမ်ဇာန်ဥပုသ်ကာလ ကျောင်းပိတ်ထားတာကြောင့် ကျောင်းသားတွေဟာ အသက်ဘေးကနေ လွတ်မြောက်ခဲ့တာပါ။ 

    “အဆောက်အဦး၊ အသုံးအဆောင် ပျက်ဆီးသွားတာက ပြန်ပြင်လို့၊ ပြန်၀ယ်လိုက်လို့ရတယ်။ စာပေနဲ့ ယဥ်ကျေးမှုအမွေအနှစ်တွေ ဖျက်ဆီးခံလိုက်ရတာကတော့ ဘာနဲ့မှ အစားထိုးလို့ မရတော့ပါဘူး” လို့ မဒ်ရာဆာ ဂေါပကအဖွဲ့က တာ၀န်ရှိသူ ဆယဒ် ဆိုက်ဖူဒင် ဖီရ်ဒေါက်ဆီက ပြောပါတယ်။

    မဒ်ရာဆာ အဇီဇီယာကို မွတ်စလင်အမျိုးသမီး ဘီဘီ ဆိုဂ်ဟာရာက ၁၈၉၆ ခုနှစ်မှာ ကမကထပြု တည်ထောင်ခဲ့ပြီး ကွယ်လွန်သွားတဲ့ ခင်ပွန်း အဘ်ဒူလ် အဇစ်ကို အစွဲပြုကာ ကျောင်းနာမည်ပေးခဲ့တာပါ။

    ၂၀၁၇ ခုနှစ်တုန်းကလည်း ဒီမဒ်ရာဆာကို အစွန်းရောက်တွေက တိုက်ခိုက်ဖျက်ဆီးဖို့ ကြိုးစားခဲ့တာကြောင့် ရဲတပ်ဖွဲ့က တစ်နှစ်တိတိ လုံခြုံရေး ယူပေးခဲ့ရပါတယ်။ 

    Ref: BBC

  • အီရန်ပိုက်နက်အတွင်း ကန်ရေငုပ်သင်္ဘော၀င်လာသည့် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    အီရန်ပိုက်နက်အတွင်း ကန်ရေငုပ်သင်္ဘော၀င်လာသည့် နောက်ဆက်တွဲ ဘာတွေဖြစ်မလဲ

    ဧပြီ ၂၃၊ ၂၀၂၃

    M-Media


    -အီရန်ရေပိုင်နက်ထဲ၀င်လာတဲ့  အမေရိကန်ရေငုပ်သင်္ဘောကို အီရန်ရေတပ်က သတိပေး ပြန်လှည့်ခိုင်းခဲ့တဲ့ အဖြစ်အပျက်တစ်ခု ပြီးခဲ့တဲ့ရက်ပိုင်းအတွင်းမှာ ဖြစ်ပွားခဲ့ပါတယ်။ 

    ဒီကိစ္စကို အီရန်ရေတပ်က ထုတ်ပြန်တာပါ။ ဟော်မုဇ်ရေလက်ကြားကို ဖြတ်ကာ ပိုင်နက်ချိုးဖောက်၀င်ရောက်လာတာလို့ အီရန်ရေတပ် တပ်မှူး ရှာဟ်ရမ် အီရာနီက ရုပ်သံကနေတစ်ဆင့် ပြောကြားခဲ့ပါတယ်။ 

    တိတ်တဆိတ်ဖြတ်ကျော်နိုင်ဖို့ အမေရိကန်ရေငုပ်သင်္ဘောက အစွမ်းကုန်ကြိုးစားခဲ့ပြီး အီရန်ရဲ့ Fateh ရေငုပ်သင်္ဘောက အချိန်မီသိရှိခဲ့တယ်လို့ ဆိုပါတယ်။ 

    အီရန်ဟာ အမေရိကန် ရေငုပ်သင်္ဘောကို ရေပါ်တက်ခိုင်းခဲ့ပြီး လမ်းကြောင်းပြောင်းစေခဲ့ပါတယ်။ ပိုင်နက်ချိုးဖောက်တဲ့ ဒီအဖြစ်အပျက်ကို နိုင်ငံတကာအဖွဲ့အစည်းတွေထံ တင်ပြသွားမယ်လို့လည်း တပ်မှူး အီရာနီက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    ဘာရိန်းအခြေစိုက် အမှတ် ၅ ရေတပ်ကို အားဖြည့်ပေးဖို့အတွက် Florida ရေငုပ်သင်္ဘောကို အရှေ့အလယ်ပိုင်းမှာ ချထားတယ်လို့ အမေရိကန်က အခုလအစောပိုင်းမှာ ထုတ်ပြန်ခဲ့ပြီး အီရန်က ဖမ်းမိတဲ့ ရေငုပ်သင်္ဘောဟာ ဒီသင်္ဘောလားဆိုတာ တိတိကျကျ မသိရပါဘူး။ 

    Florida ဟာ နျူစွမ်းအင်သုံးဖြစ်ပြီး ပဲ့ထိန်းဒုံးကျည်တွေ တပ်ဆင်ထားပါတယ်။ 

    ဧပြီလအတွင်းကလည်း ပင်လယ်ကွေ့ အပြင်ဘက်မှာ အမေရိကန် ထောက်လှမ်းရေး လေယာဥ်တစ်စင်းကို အီရန်က ထောက်လှမ်း တွေ့ရှိခဲ့ပါတယ်။ 

    Ref: Aljazeera 

  • ကမ္ဘာ့အပြင်ဘက်မှ အီးဒ် နှုတ်ခွန်းဆက်စကား

    ကမ္ဘာ့အပြင်ဘက်မှ အီးဒ် နှုတ်ခွန်းဆက်စကား

    အလ္လာဟ်အရှင်မြတ်ထံတော်ပါးမှ ငြိမ်းချမ်းသာယာမှု အဖြာဖြာ ကျရောက်ပါစေ။ ပျော်ရွှင်စရာ အီးဒ်နေ့ အခါသမယမှာ ကောင်းချီးမင်္ဂလာအဖြာဖြာ ကျရောက်ပါစေကြောင်း ကျွန်တော် ဆူလ်တန် အလ်-နီယာဒီက နိုင်ငံတကာ အာကာသစခန်းကနေ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်။

    ဆူလ်တန် အလ်-နီယာဒီ (ယူအေအီး အာကာသယာဥ်မှူး)

    နီယာဒီဟာ အာကာသထဲမှာ အချိန်အကြာဆုံးနေထိုင်တဲ့ ပထမဆုံး အာရပ်လူမျိုး၊ အာကာသလမ်းလျှောက်မှု အကြာဆုံး လုပ်တဲ့ ပထမဆုံး အာရပ်လူမျိုးအဖြစ် မှတ်တမ်း၀င်သူ ဖြစ်ပါတယ်။