စီစဉ်ရိုက်ကူးသူ မြန်မာမွတ်စလင်မ် လူငယ်တဦး
M-Media သို့ ဆက်သွယ်၍ ပေးပို့လာခြင်းဖြစ်ပါသည်။
Blog
-

လက်ရှိဖြစ်ပွားနေသော အကြမ်းဖက်မှုများ၊ ကောလဟလများ အပေါ် မြန်မာမွတ်စလင်မ် လူငယ်များ၏ သဘောထားအမြင်
-

ဗုဒ္ဓဘုရားရှင်သာရှိလျင် ဒုက္ခရောက်နေသည့် ရိုဟင်ဂျာများကို ကူညီလိမ့်မည်ဟု ဒလိုင်းလားမားပြော
စက်တင်ဘာ ၁၁၊ ၂၀၁၇
M-Media– ဗုဒ္ဓမြတ်စွာဘုရားသာ သက်တော်ထင်ရှားရှိမယ်ဆိုရင် ရခိုင်ပြည်နယ် မတည်ငြိမ်မှုတွေကြောင့် အိုးအိမ်စွန့်ခွာထွက်ပြေးနေရတဲ့ ရိုဟင်ဂျာတွေကို ကူညီဖေးမပေးမှာ ဖြစ်တယ်လို့ တိဘက်က နာမည်ကျော် ဘုန်းတော်ကြီး ဒလိုင်းလားမားက ပြောကြားလိုက်ပါတယ်။
သြဂုတ်လနှောင်းပိုင်းက ရခိုင်ပြည်နယ်မြောက်ပိုင်းမှာရှိတဲ့ ရဲကင်းစခန်းတွေကို ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့ ARSA က တိုက်ခိုက်ခဲ့ပြီးတဲ့နောက် တစ်ကျော့ပြန်ဖြစ်ပေါ်လာတဲ့ မတည်ငြိမ်မှုကြောင့် လူပါင်း ၄၀၀ ကျော်လောက် သေဆုံးခဲ့ပြီး အများစုက အကြမ်းဖက်သမားတွေဖြစ်တယ်လို့ အစိုးရက ထုတ်ပြန်ထားပါတယ်။
နယ်မြေမတည်ငြိမ်မှုကြောင့် ဒေသခံပြည်သူတွေဟာ အိုးအိမ်စွန့်ခွာ ထွက်ပြေးခဲ့ရပြီး ရခိုင်တိုင်းရင်းသားတွေကိုတော့ အစိုးရက ကယ်ဆယ်စောင့်ရှောက်ထားပါတယ်။
ရိုဟင်ဂျာ အရပ်သားတွေဟာ နယ်စပ်ဖြတ်ကျော်ကာ ဘင်္ဂလားဒေ့ရှ်ဖက်ကို ထွက်ပြေးခဲ့ရပြီး အခုအချိန်အထိ ၃ သိန်းလောက် ရောက်ရှိနေတယ်လို့ ကုလက ပြောကြားထားပါတယ်။ အဲဒီ ဒုက္ခသည်တွေအတွက် အကူအညီတွေပေးအပ်ဖို့လည်း ကုလက နိုင်ငံတကာကို တိုက်တွန်းထားပါတယ်။
ဒီကိစ္စနဲ့ပတ်သက်ပြီး သောကြာနေ့က ဂျာနယ်လစ်တွေရဲ့ မေးမြန်းမှုမှာ ဘုန်းတော်ကြီး ဒလိုင်းလားမားက “မွတ်စလင်တွေကို အရှက်ရစေတဲ့သူတွေအနေနဲ့ ဗုဒ္ဓမြတ်စွာကို သတိရသင့်ပါတယ်။ ဘုရားရှင် ကိုယ်တော်မြတ်ကြီးသာ သက်တော်ထင်ရှား ရှိမယ်ဆိုရင် ဒုက္ခရောက်နေတဲ့ ဒီမွတ်စလင်တွေကို မုချ ကူညီဖေးမမှာပါ။ ဘုန်းကြီး ဒီလိုပဲ ခံစားရပါတယ်။ အရမ်းလည်း ၀မ်းနည်းမိပါတယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။
Ref: Telegraph
-

ဟိန္ဒူနတ်ဘုရားကို စော်ကားသည့် ကြော်ငြာအတွက် အိန္ဒိယက သြဇီကို ကန့်ကွက်
စက်တင်ဘာ ၁၁၊ ၂၀၁၇
M-Media– ဟိန္ဒူနတ်ဘုရားတစ်ပါးဖြစ်သည့် Ganesha သိုးသားစားနေသည်ကို ဖော်ကျူးထားသော ကြော်ငြာတစ်ခုကြောင့် အိန္ဒိယက သြစတေးလျကို သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ကြောင်း ပြောကြားခဲ့သည်ဟု သိရသည်။
သြစတေးလျ အသားလုပ်ငန်းတစ်ခုမှ ရိုက်ကူးထုတ်လွှင့်သော အဆိုပါကြော်ငြာတွင် ဘာသာပေါင်းစုံမှ နတ်ဘုရားများ တစ်ဝိုင်းတည်းထိုင်၍ အသားစာနေပုံကို ဖော်ကျူးထားခြင်းဖြစ်ပြီး၊ နတ်ဘုရား Ganesha မှာ မည်သည့်အခါမှ အသားစားခြင်း မရှိခဲ့သောကြောင့် ဟိန္ဒူဘာသာဝင်များမှာ ထိုကြော်ငြာအတွက် ဒေါသထွက်ခဲ့ကြသည်။
ကန်ဘာရာရှိ အိန္ဒိယကော်မရှင်ရုံးက ၎င်းတို့အနေဖြင့် သြစတေးလျအစိုးရ၏ ဌာန ၃ ခုကို သံတမန်နည်းလမ်းဖြင့် ဆန့်ကျင်ကန့်ကွက်ထားကြောင်း၊ လူအများ၏ ‘ဘာသာရေးယုံကြည်ချက်ကို စော်ကားနာကျင်စေသည့်’ အတွက်ကြောင့် အဆိုပါကြော်ငြာကို ဖယ်ရှားပေးရန် သြစတေးလျ မွေးမြူရေးဌာန (MLA) ကို တိုက်တွန်းထားကြောင်း ကြေငြာချက် ထုတ်ပြန်ခဲ့သည်။
“လူ့အဖွဲ့အစည်း တော်တော်များများကလည်း ဒီကြော်ငြာကို ဆန့်ကျင်ကန့်ကွက်ကြောင်း သြဈေးလျအစိုးရနဲ့ MLA ကို အသိပေးထားပါတယ်” ဟု အဆိုပါ ကြေငြာချက်တွင် ဖော်ပြထားသည်။
သြစတေးလျ ကြော်ငြာအရည်အသွေးဆိုင်ရာ ဗျူရိုက အဆိုပါကြော်ငြာမှာ ဘာသာအယူဝါဒ အများအပြားမှ တိုင်ကြားမှုပေါင်း ၃၀ ကျော် ရရှိထားသည်ဟု ပြောကြားခဲ့သည်။
သြစတေးလျ ဟိန္ဒူကောင်စီက သိုးသားရောင်းချမှုအတွက် နတ်ဘုရား Ganesha ပုံကို အသုံးပြုထားသော အဆိုပါကြေငြာမှာ ‘ရိုင်းစိုင်းပြီး ဆိုးရွားသည့် လုပ်ရပ်’ ဖြစ်ကြောင်း ပြောကြားခဲ့သည်။
ထိုကြော်ငြာကို ဖယ်ရှားပေးရေးအတွက် အွန်လိုင်းတောင်းဆိုလွှာတစ်ခုလည်း ပေါ်ထွက်နေပြီး လက်မှတ်ထိုးသူ ၄၄၀၀ ကျော် ရှိနေပြီဖြစ်သည်။
Ref: BBC
-

သြစတေးလျ နိုင်ငံရေးသမိုင်းတွင် မွတ်စလင်အမျိုးသမီးတစ်ဦး မှတ်တမ်းသစ် ရေးထိုး
စက်တင်ဘာ ၉၊ ၂၀၁၇
M-Media
လက်ဘနွန်နွယ်ဖွား နာဒီယာဆာလေဟ် – သြစတေးလျက လူနေအထူထပ်ဆုံး မြို့တစ်ခုရဲ့ မြို့တော်ကောင်စီအဖွဲ့ ရွေးချယ်ပွဲမှာ မွတ်စလင် ၄ ဦး ရွေးတောက်တင်မြှောက်ခံရပြီး မွတ်စလင်အမျိုးသမီးတစ်ဦးဟာ ပုဝါဆောင်းတဲ့ ပထမဆုံး သြဇီ မြို့တော်ကောင်စီဝင်အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။
မြို့တော်ဆစ်ဒနီက ကန်တာဘူရီ ဘန့်စ်တောင်းမြို့ဖြစ်ပြီး သြဇီနိုင်ငံရေးသမိုင်းမှာ မှတ်တမ်းသစ် ရေးထိုးခဲ့သူကတော့ လက်ဘနွန်နွယ်ဖွား နာဒီယာဆာလေဟ်ဆိုတဲ့ အမျိုးသမီး ဖြစ်ပါတယ်။
သူဟာ Riverwood Community Center ရဲ့ စီအီးအိုအဖြစ် ၁၈ နှစ်ကြာ တာဝန်ထမ်းဆောင်ခဲ့ပြီး မြို့တော်ကောင်စီ ရွေးကောက်ပွဲမှာ ၀င်ရောက်ယှဉ်ပြိုင် အနိုင်ရခဲ့တာပါ။
ခင်ပွန်းဖြစ်သူ ခီဒါရ် ဆာလေဟ်ကလည်း ဘန့်စ်တောင်းမြို့ရဲ့ ဒုတိယ မြို့တော်ဝန်အဖြစ် ၃ ကြိမ်ဆက် ၁၃ နှစ်ကြာ တာဝန်ထမ်းဆာင်ခဲ့သူဖြစ်ပါတယ်။ မြို့အတွင်းမှာ အာရပ်နွယ်ဖွား ၁၅၀၀၀၀ လောက်ရှိပြီး အများစုဟာ လက်ဘနွန်က ဖြစ်ပါတယ်။
ခီဒါရ်ဟာ ဘန့်စ်တောင်း မြို့တော်ကောင်စီဝင်အဖြစ် အရွေးခံရတဲ့ ပထမဆုံး အာရပ်လူမျိုး အစ္စလာမ်ဘာသာဝင်ဖြစ်ပါတယ်။
နာဒီယာဆာလေဟ်ဟာ အဖွဲ့ဝင် ၁၅ ဦးပါအ၀င်တဲ့ မြို့တော်ကောင်စီမှာ အခြား မွတ်စလင် ၃ ဦးနဲ့အတူ အရွေးခံခဲ့ရတာပါ။
ကျန်တဲ့ ၃ ဦးမှာ မိုဟာမက် ဟူဒါနဲ့ မိုဟာမက် ဇာမန်တို့ဟာ ဘင်္ဂလားဒေ့ရှ်နွယ်ဖွားတွေ ဖြစ်ပါတယ်။ စတုတ္ထတစ်ဦးက လက်ဘနွန်နွယ်ဖွား ဘီလာလ် အလ် ဟာယက် ဖြစ်ပါတယ်။
ခီဒါရ်က ဇနီးဖြစ်သူ အခုလို ရွေးကောက်တင်မြှောက်ခံရတာဟာ အရေးပါတဲ့ အောင်မြင်မှုဖြစ်ကြောင်း၊ နိုင်ငံရေး သြဇာရှိသူတွေ၊ ပါတီတွေနဲ့ယှဉ်ပြိုင်ခဲ့ရတာဖြစ်ပြီး၊ အစ္စလာမ်ကို ဆန့်ကျင်တိုက်ခိုက်သူတွေ၊ လူမျိုးရေးခွဲခြားသူတွေရဲ့ နှောက်ယှက်မှုတွေကိုလည်း ခံခဲ့ရကြောင်း ပြောကြားခဲ့ပါတယ်။
Ref: Alarabiya



