News @ M-Media

Blog

  • မူးယစ်မှောင်ခိုကိစ္စတွင် ပါဝင်သည်ဆိုသော သတင်းကို ဒူတာတေးသား ငြင်းဆို

    မူးယစ်မှောင်ခိုကိစ္စတွင် ပါဝင်သည်ဆိုသော သတင်းကို ဒူတာတေးသား ငြင်းဆို

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    ဒူတာတေး၏သား ပါအိုလို (ဘယ်)

    – တရုတ်နိုင်ငံမှ မူးယစ်ဆေးဝါး တင်သွင်းမှုတွင် ပါဝင်သည်ဆိုသည့် သတင်းများကို ဖိလစ်ပိုင်သမ္မတ ဒူတာတေး၏ သားက ငြင်းဆိုလိုက်သည်။

    သမ္မတဒူတာတေးမှာ ၎င်း အာဏာရပြီးကတည်းက မူးယစ်ဆေးဝါး တိုက်ဖျက်ရေးလုပ်ငန်းကို ပြင်းပြင်းထန်ထန် လုပ်ဆောင်နေပြီး အတိုက်အခံများက ဒူတာတေး၏သား ပါအိုလိုမှာ မြို့တော် မနီလာသို့ ကန်ဒေါ်လာ ၁၂၅ သန်းတန် မူးယစ်ဆေးဝါးများ တင်ပို့မှုတွင် ကူညီခဲ့သည်ဟု စွပ်စွဲခဲ့သည်။

    “ကောလဟာလကိုအခြေခံတဲ့ စွပ်စွဲချက်တွေကို ကျွန်တော် ဖြေရှင်းမနေပါဘူး။ ကျွန်တော် ဒီမှာ ရှိနေတာက ဖိလစ်ပိုင် ပြည်သူတွေအတွက်နဲ့ ကျွန်တော် တာဝန်ထမ်းဆောင်နေတဲ့ ဒါဗာအိုပြည်သူတွေအတွက် ဖြစ်ပါတယ်” ဟု နိုင်ငံတောင်ပိုင်း ဒါဗာအိုမြို့၏ ဒုတိယ မြို့တော်ဝန်အဖြစ် တာဝန်ထမ်းဆောင်နသည့် ပါအိုလို ဒူတာတေး ယနေ့တွင် လွှတ်တော်၌ ထွက်ဆိုခဲ့သည်။

    ဖုံးကွယ်ထားစရာ မရှိပါက လွှတ်တော်၏ စုံစမ်းစစ်ဆေးမှုကို တက်ရောက်ရန် သားဖြစ်သူအား ပြောကြားခဲ့သည်ဟု ဒူတာတေးက ဆိုသည်။ ထို့ပြင် လွှတ်တော်တွင် မည်သည့်မေးခွန်းကိုမှ မဖြေရန်လည်း ဒူတာတေးက ပါအိုလိုအား မှာကြားခဲ့သည်။

    ဒူတာတေးက မိမိ၏ မိသားစုမှ တစ်ဦးဦး ခြစားမှုကိစ္စတွင် ပါဝင်ကြောင်း သက်သေပြနိုင်ပါက မိမိအနေဖြင့် ရာထူးမှ နှုတ်ထွက်သွားမည်ဟု ထပ်ခါတလဲလဲ ပြောကြားထားသည်။

    Ref: Aljazeera

  • အီဂျစ်၏ ဒေါ်လာ သန်း ၇၀၀ ကျော်တန် ရထားလမ်းအတွက် တရုတ်က ငွေကြေးမတည်မည်

    အီဂျစ်၏ ဒေါ်လာ သန်း ၇၀၀ ကျော်တန် ရထားလမ်းအတွက် တရုတ်က ငွေကြေးမတည်မည်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    အီဂျစ်က တည်ဆောက်နေသည့် မြို့သစ်ပုံစံငယ်

    – အသစ်တည်နေသည့် မြို့နှင့် ဆက်သွယ်မည့် ကန်ဒေါ်လာ ၇၃၉ သန်းတန် ရထားလမ်းအတွက် ငွေကြေး ထောက်ပံ့ရေး နားလည်မှုစာချွန်လွှာတစ်ခုကို အီဂျစ်က တရုတ်နှင့် လက်မှတ်ရေးထိုးခဲ့သည်ဟု သိရသည်။

    အီဂျစ်မှာ မြို့တော်ကိုင်ရို၏ မြောက်ဖက်တွင် စက်မှုဇုန်ပါဝင်မည့် မြို့အသစ်တစ်ခု တည်ဆောက်နေပြီး ကန်ဒေါ်လာ ဘီလီယံ ၃၀၀ ကုန်ကျမည့် အဆိုပါမြို့ ဆောက်လုပ်ရေး အစီအစဉ်ကို အီဂျစ်သမ္မတ အဘ်ဒဲလ် ဖာတာ အလ်-စီစီက ၂၀၁၅ ခုနှစ်တွင် ကြေငြာခဲ့သည်။

    တရုတ်က ငွေကြေးထောက်ပံ့ပေးမည့် ရထားလမ်းမှာ အဆိုပါမြို့နှင့် ဆက်သွယ်မည့် ရထားလမ်းဖြစ်သည်။

    ထို့ပြင် ဂြိုဟ်တုစီမံကိန်းအတွက် ပြန်ဆပ်ရန် မလိုသည့် ကန်ဒေါ်လာ ၄၅ သန်း ရရှိရန်လည်း တရုတ်နှင့် သဘောတူညီမှု ရရှိခဲ့သည်ဟု ရင်းနှီးမြှုပ်နှံမှုဝန်ကြီး ဆာဟာရ် နဆာရ်က ပြောကြားခဲ့သည်။

    အီဂျစ်သမ္မတ အလ်-စီစီမှာ ပြီးခဲ့သည့်တစ်ပတ်က တရုတ်နိုင်ငံ အရှေ့တောင်ပိုင်းတွင် ကျင်းပခဲ့သော BRISC အစည်းအဝေးကို တက်ရောက်ခဲ့သည်။

    တရုတ်နိုင်ငံမှာ BRISC အဖွဲ့ဝင်နိုင်ငံများဖြစ်သည့် ဘရာဇီးလ်၊ ရုရှား၊ အိန္ဒိယနှင့် တောင်အာဖရိကနိုင်ငံများနှင့် တွေ့ဆုံပြီး အဖွဲ့အတွင်း လွတ်လပ်စွာ ကုန်စည်ကူးသန်းရေးနှင့် ကမ္ဘာကြီးတွင် ပွင့်လင်းသည့် စီးပွားရေးကို ဖော်ဆောင်ရေး ဆွေးနွေးလေ့ရှိသည်။

    Ref: Alarabiya

  • မောင်တောမှ လူမရှိသည့် ရွာ မီးလောင်မှု  မေးခွန်းထုတ်မှု မြင့်တက်

    မောင်တောမှ လူမရှိသည့် ရွာ မီးလောင်မှု မေးခွန်းထုတ်မှု မြင့်တက်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    ဂ်ါဒူသာရကျေးရွာ မီးလောင်မှုပုံရိပ်

    – ရခိုင်ပြည်နယ် မြောက်ပိုင်းက လူသူကင်းမဲ့နေတဲ့ ဂေါ်ဒူသာရကျေးရွာမှာ စက်တင်ဘာလ ၇ ရက်နေ့က နေအိမ်တွေဟာ မီးလောင်ကျွမ်းနေပါတယ်။

    ရိုဟင်ဂျာမွတ်စလင်တွေ စွန့်ပစ်ထားခဲ့လို့ လူသူကင်းမဲ့နေတဲ့ အဲဒီရွာမှာ ကြာသာပတေးနေ့ကမှ မီးအသစ်တွေ စတင်လောင်ကျွမ်းနေပြီး၊ ဆုတ်ဖြဲထားတဲ့ ကုရ်အာန်စာရွက်တွေကို မြေကြီးပေါ်မှာ ကြဲပြန့်ပစ်ချထားတာကိုလည်း ဂျာနယ်လစ်တွေက မြင်တွေ့ခဲ့ကြပါတယ်။

    အဲဒီအချက်တွေကြောင့် ရိုဟင်ဂျာတွေ ကိုယ့်အိမ်ကိုယ် ဖျက်ဆီးနေတယ်ဆိုတဲ့ အစိုးရရဲ့ စွပ်စွဲချက်တွေဟာ သတင်းသမားတွေအတွက် သံသယဖြစ်စရာ ဖြစ်လာပါတယ်။

    ရခိုင်ပြည်နယ်မြောက်ပိုင်းက ဂေါ်ဒူသာရ ကျေးရွာကို အစိုးရအစီအစဉ်နဲ့ သွားရောက်ကြတဲ့ သတင်းသမား နှစ်ဒါဇင်လောက်ဟာ ရွာအတွင်း မီးလောင်ကျွမ်းနေတာကို တွေ့မြင်ခဲ့ကြတာပါ။

    ရိုဟင်ဂျာလက်နက်ကိုင် တိုက်ခိုက်ရေးသမားတွေဟာ ဂေါ်ဒူသာရကျေးရွာနဲ့ အခြားသော ကျေးရွာအမြာက်အများက ရဲကင်းစခန်းတွေကို လာရောက်တိုက်ခိုက်ခဲ့ပြီးကတည်းက နှစ်ပတ်အတွင်းမှာ အဲဒီဒေသက ရိုဟင်ဂျာပေါင်း ၁၄၆၀၀၀ လောက်ဟာ အိမ်နီးချင်း ဘင်္ဂလားဒေ့ရှ် ဘက်ကို ထွက်ပြေးသွားကြတယ်လို့ ကုလသမဂ္ဂက ပြောပါတယ်။

    စစ်တပ်က တိုက်ပွဲတွေနဲ့ သူတို့ရဲ့ နယ်မြေရှင်းလင်းမှု စစ်ဆင်ရေးအတွင်းမှာ အနည်းဆုံး လူပေါင်း လေးရာလောက် သေဆုံးသွားခဲ့ပြီး အကြမ်းဖက်သမားက အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။ အကြမ်းဖက်သမားတွေက အဲဒီရွာတွေကို မီးတင်ရှို့ခဲ့ကြတာဖြစ်တယ်လို့ သက်သေပြသနိုင်ခြင်း မရှိပေမဲ့ စစ်တပ်က ပြစ်တင်ပြောကြားခဲ့ပါတယ်။

    ရိုဟင်ဂျာတွေကတော့ သူတို့ကို လာရောက်တိုက်ခိုက်ပြီး သူတို့ရဲ့ နေအိမ်တွေကနေ နှင်ထုတ်ခဲ့တဲ့ ရခိုင်ဗုဒ္ဓဘာသာ လူအုပ်ကြီးနဲ့ မြန်မာစစ်တပ် ပေါင်းပြီး မီးရှို့ခဲ့ကြတယ်လို့ ဆိုပါတယ်။

    ကြာသပတေးနေ့က လှည့်ပတ်ကြည့်ရှုခွင့်ပြုခဲ့တဲ့ ဆိုးဆိုးရွားရွား ဖျက်ဆီးခံ ရွာငါးရွာစလုံးမှာ သတင်းထောက်တွေဟာ ရိုဟင်ဂျာတစ်ယောက်မှ မမြင်တွေ့ခဲ့ရတာကြောင့် အခုလို မီးလောင်မှုတွေဟာ ရိုဟင်ဂျာတွေ လုပ်တယ်ဆိုတဲ့ ဖြစ်နိုင်ချေမျိုး မရှိပါဘူး။

    မီးခိုးငွေ့တွေကြားက ထွက်လာတဲ့ ရခိုင်ရွာသားတစ်ယောက်က ရဲတပ်ဖွဲ့နဲ့ ရခိုင်ဗုဒ္ဓဘာသာဝင်တွေက မီးရှို့ခဲ့ကြတာဖြစ်တယ်လို့ ပြောကြားခဲ့ပြီး နောက်ထပ်မေးခွန်းတွေ ထပ်မံ မမေးမြန်းခင်မှာပဲ အဲဒီ ရွာသားဟာ သတင်းထောက်တွေ ထံကနေ ပြေးထွက်သွားခဲ့ပါတယ်။

    သတင်းထောက်တွေနဲ့ လိုက်လာတဲ့ ရဲတွေကလွဲလို့ ရွာထဲမှာ အခြားရဲတွေကို မမြင်ရပါဘူး။ ဒါပေမယ့် ဓားရှည်တွေကိုင်ဆောင်ထားတဲ့ ရခိုင်လူမျိုး ၁၀ ယောက်လောက်ကိုတော့ တွေ့ခဲ့ရပါတယ်။ သူတို့တွေဟာ မလုံမလဲဖြစ်ပုံပေါ်နေပြီး တစ်ယောက်က သူတို့ဟာ အခုမှ ရောက်လာတာဖြစ်ကြောင်း မီးဘယ်လို စလောင်လဲဆိုတာ မသိကြောင်း ပြောကြားခဲ့ပါတယ်။

    မီးလောင်အဆောက်အဦးတွေထဲမှာ ဘာသာရေးစာသင်ကျောင်းတစ်ခုလည်း ပါဝင်ပြီး ကုရ်အာန်ကျမ်းစာအုပ်က စာရွက်တွေကိုလည်း ဆွဲဆုတ်လွင့်ပစ်ထားပါတယ်။ အနားက ဗလီတစ်လုံးကတော့ မီးမလောင်ပါဘူး။

    ဂျာနယ်လစ်တွေ သွားရောက်လည်ပတ်ခဲ့တဲ့ အလယ်သံကျော်ရွာမှာဆိုရင် လုံးဝ ပြာကျသွားပြီး ကွင်းပြင်ကြီးဖြစ်နေပါပြီ။ ကျွဲနွားတွေနဲ့ ခွေးတွေဟာ မီးခိုးတစ်လူလူကြားမှာ သွားလာနေကြပါတယ်။

    ဒေသတွင်း ရဲတပ်ဖွဲ့ဝင်တစ်ဦးဖြစ်တဲ့ အောင်ကျာ်မိုးက ပြီးခဲ့တဲ့လ အကြမ်းဖက်မှုအတွင်း ဒီရွာမှာ လူ ၁၈ ဦးသေဆုံးခဲ့တယ်လို့ ဆိုပါတယ်။

    “ကျွန်တော်တို့ဘက်မှာ လ၀က အရာရှိတစ်ဦး သေဆုံးခဲ့ပါတယ်။ ရန်သူတွေဘက်က အလောင်း ၁၇ လောင်းတွေ့ပါတယ်” လို့ သူက ပြောပါတယ်။

    မီးရှို့မှုဟာ သြဂုတ်လ ၂၅ ရက်နေ့က ဖြစ်တယ်လို့ သူကဆိုပေမယ့် တစ်ချို့နေရာတွေမှာ ယနေ့(ကြာသာပတေးနေ့) အထိ ဆက်လက်လောင်ကျွမ်းနေဆဲပါ။ ရွာထဲက ဂျာနယ်လစ်တွေ မြင်တွေ့ခဲ့တဲ့ အဆောက်အဦးအားလုံးနီးပါးဟာ မီးလောင်ထားပြီး ထွက်ပြေးသွားတဲ့ ရွာသားတွေ ထားခဲ့တဲ့ ကားတွေ၊ ဆိုင်ကယ်တွေ၊ စက်ဘီးတွေလည်း မီးလောင်ကျွမ်းထားပါတယ်။ ဗလီတစ်လုံးလည်း ဖျက်ဆီးခံထားရပါတယ်။

    မီးခိုးလုံးကြီးတွေကို တော်တော်ဝေးဝေးက မြင်နိုင်ပြီး၊ သေနတ်သံတွေကိုလည်း အဝေးကနေ ကြားနေရပါတယ်။

    “သူတို့ဟာ ကိုယ့်အိမ်ကိုယ်မီးရှို့ပြီး ထွက်ပြေးသွားတာပါ။ ကျွန်တော်တို့စခန်းရဲ့ လုံခြုံရေးကို ဆောင်ရွက်နေရတာကြောင့် ဘယ်သူမီးရှို့သွားလဲဆိုတာ မမြင်လိုက်ပါဘူး။ ဒါပမယ့် အိမ်တွေက မီးလောင်သွားပြီး ရွာထဲမှာ ဘင်္ဂါလီတွေသာ ရှိတာပါ” လို့ အောင်ကျော်မိုးက ပြောပါတယ်။

    Ref: Bangkokpost

    (Bangkokpost မှ New fires in empty Rohingya village raise questions ဆောင်းပါးကို ကောက်နှုတ်ပြန်ဆိုသည်။)

  • ကင်ဆာဆဲလ်ကို ၁၀ စက္ကန့်အတွင်း ဖော်ထုတ်နိုင်မည့် ကိရိယာတစ်ခု ထွက်ရှိ

    ကင်ဆာဆဲလ်ကို ၁၀ စက္ကန့်အတွင်း ဖော်ထုတ်နိုင်မည့် ကိရိယာတစ်ခု ထွက်ရှိ

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    ကင်ဆာဆဲလ်ကို ၁၀ စက္ကန့်အတွင်း ဖော်ထုတ်နိုင်မည့် MasSpec Pen

    – ကင်ဆာ တစ်ရှူးကို ၁၀ စက္ကန့်အတွင်းမှာ ဖော်ထုတ်နိုင်မယ့် ကိရိယာတစ်ခုကို တီထွင်နိုင်ခဲ့ပြီလို့ အမေရိကန်ပြည်ထောင်စု တက္ကဆက်တက္ကသိုလ်က သိပ္ပံပညာရှင်တွေက ပြောကြားလိုက်ပါတယ်။

    MasSpec Pen လို့ အမည်ပေးထားတဲ့ ဘောပင်ပုံစံ အဲဒီကိရိယာဟာ ကင်ဆာအကျိတ်ကို လျင်လျင်မြန်မြန်၊ အန္တရာယ်ကင်းကင်းနဲ့ တိတိကျကျ ဖယ်ရှားဖို့အတွက် အထောက်အကူဖြစ်မှာဖြစ်သလို၊ ကင်ဆာဆဲလ်တွေ ကျန်ခဲ့မှာလည်း စိတ်မပူရတော့ဘူးလို့ ဆိုပါတယ်။

    ကင်ဆာဆဲလ်တွေရဲ့ ဓာတုဓာတ်ပြောင်းလဲမှုတွေကို အခြေခံ ဖော်ထုတ်ပေးမယ့် ဒီကိရိယာဟာ ၉၆ ရာခိုင်နှုန်းလောက် တိကျတယ်လို့ တီထွင်သူတွေက ပြောပါတယ်။

    ကင်ဆာသံသယရှိတဲ့နေရာမှာ ကိရိယာကိုထောက်လိုက်တဲ့အခါ အရည်တစ်စက် ကျလာမှာဖြစ်ပြီး ဆဲလ်နဲ့ဓာတ်ပြုပြီးတဲ့နောက် ဒီအရည်ကို ကိရိယာက ပြန်လည်စုပ်ယူကာ ကင်ဆာ ဆဲလ် ဟုတ်၊ မဟုတ် ဖော်ထုတ်ပေးမှာ ဖြစ်ပါတယ်။

    လက်ရှိအချိန်မှာ ဆရာဝန်တွေအတွက် အဓိက စိန်ခေါ်မှုက ကင်ဆာဆဲလ်နဲ့ သာမန်ဆဲလ်တွေကို ခွဲရခက်တာပါ။ ဒါပေမယ့် MasSpec Pen ကတော့ ဒီအခက်အခဲကို ကျော်လွှားရာမှာ အထာက်အကူ ဖြစ်စေမှာ ဖြစ်ပါတယ်။

    တက္ကသိုလ်ရဲ့ ဓာတုဗေဒဌာနက လက်ထောက် ပရော်ဖက်ဆာ လီဗီယာ အီဘာလင်က ဒီကိရိယာလေးဟာ ဆေးဘက်ဆိုင်ရာ လိုအပ်ချက်ကို ဖြည့်ဆည်းပေးမှာဖြစ်ပြီး ခွဲစိတ်ဆရာဝန်တွေလက်ထဲ မကြာခင် ရောက်ရှိတော့မှာဖြစ်တယ်လို့ ဆိုပါတယ်။

    Ref: BBC

  • နျူဗုံး စမ်းသပ်အောင်မြင်မှုအတွက် မြောက်ကိုရီးယားက အောင်ပွဲခံအခမ်းအနား ပြုလုပ်

    နျူဗုံး စမ်းသပ်အောင်မြင်မှုအတွက် မြောက်ကိုရီးယားက အောင်ပွဲခံအခမ်းအနား ပြုလုပ်

    စက်တင်ဘာ ၇၊ ၂၀၁၇
    M-Media

    မြောက်ကိုရီးယား၏ အောင်ပွဲခံ အခမ်းအနား

    – နိုင်ငံ၏ နောက်ဆုံး ဆောင်ရွက်ခဲ့သည့် နျူကလီးယားလက်နက် စမ်းသပ်မှုတွင် ပါဝင်သော သိပ္ပံပညာရှင်များကို ချီးကျူးဂုဏ်ပြုသည့်အနေဖြင့် မြောက်ကိုရီးယားမှာ ယမန်နေ့တွင် မြို့တော်ပြုံးယမ်၌ အောင်ပွဲခံအခမ်းအနား ကျင်းပပြုလုပ်ခဲ့သည်ဟု သိရသည်။

    သိပ္ပံပညာရှင်များအား တင်ဆောင်ထားသော ကားများ မောင်းနှင်လာစဉ် ပြည်သူများမှာ လမ်းဘေးဝဲယာတွင်ရပ်၍ သြဘာပေးခဲ့ကြပြီး Kim Il-Sung ရင်ပြင်တွင်လည်း သောင်းနဲ့ချီသော ပြည်သူများက စုရုံးခဲ့ကြသည်။ အောင်ပွဲခံအခမ်းအနားတွင် မီးရှူးမီးပန်းများလည်း ပစ်ဖောက်ခဲ့ကြသည်။

    အခမ်းအနားတွင် မိန့်ခွန်းပြောကြားခဲ့သူများက မြောက်ကိုရီးယား စစ်တပ်အနေဖြင့် “အမေရိကန်နှင့် သစ္စာဖောက်များ စစ်ပွဲဖန်တီးလျှင် ဂိုဏ်းစတားပုံစံ အမေရိကန်နယ်ချဲ့များ၏ ကံကြမ္မာကို အညှာတာအမဲ့ဆုံး၊ အပြင်းထန်ဆုံး ကြိုတင်လက်ဦးမှုရယူ တိုက်ခိုက်သွားမည်” ဟု ပြောကြားခဲ့ကြသည်။

    တနင်္ဂနွေနေ့တွင် မြောက်ကိုရီးယားက စမ်းသပ်ခဲ့သည့် နျူဗုံးမှာ ၎င်းတို့ စမ်းသပ်ခဲ့သမျှတွင် အကြီးမားဆုံးဖြစ်သည်။

    မြောက်ကိုရီးယားက ၎င်းတို့မှာ တိုက်ချင်းပစ်ဒုံးကျည်တွင် တပ်ဆင်ပစ်လွှတ်နိုင်သည့် ဟိုက်ဒရိုဂျင်ဗုံးကို အောင်မြင်စွာ စမ်းသပ်နိုင်ခဲ့သည်ဟု ပြောကြားခဲ့သည်။

    ထိုစမ်းသပ်မှုအတွက် နိုင်ငံတကာက ပြင်းပြင်းထန်ထန် ရှုတ်ချခဲ့ကြပြီး တောင်ကိုရီးယားနှင့် အမေရိကန်တို့က နိုင်ငံတောင်ပိုင်းတွင် THAAD ဒုံးခွင်းစနစ်၏ လောင်ချာများကို ယနေ့တွင် တပ်ဖြန့်ချထားခဲ့သည်။

    Ref: AP