News @ M-Media

Blog

  • လီဗာပူးအသင်း၏ အောင်ပွဲခံသံကို နားထောင်ခိုင်းပြီး မန်ယူအသင်းသားများကို နည်းပြက အပြစ်ပေး

    မတ် ၇၊ ၂၀၂၃

    M-Media 


    -မနေ့က ကစားခဲ့တဲ့ ပရီးမီးယားလိဂ် လီဗာပူးလ်ကို ၇ ဂိုးပြတ်နဲ့ အရှက်တကွဲ ရှုံးနိမ့်ပြီးမှာ မန်ယူနည်းပြ အဲရစ် တန်ဟဂ်ဟာ အသင်းသားတွေကို ထူးထူးခြားခြား ပြစ်ဒဏ်တစ်ခု ပေးခဲ့ပါတယ်။ 

    ပွဲကစားပြီး နောက်နေ့မှာ အသင်းကို အနားပေးတာ၊ ဒါမှမဟုတ် နောက်ကျမှ လေ့ကျင်ကွင်းခေါ်တာမျိုး တန်ဟဂ်က ပုံမှန် လုပ်လေ့ရှိပေမယ့်၊ လီဗာပူးလ်ကိုရှုံးပြီး နောက်နေ့မှာတော့ လေ့ကျင့်ကွင်းကို မနက်ကတည်းက လာခိုင်းခဲ့ပါတယ်။

    အသင်းသားအားလုံး စုံတဲ့အခါမှာ လီဗာပူးအသင်း အ၀တ်လဲခန်းမှာ အောင်ပွဲခံတဲ့အသံကို ပြီးတဲ့အထိ နားထောင်ခိုင်းကာ အပြစ်ပေးခဲ့ပါတယ်။  

    ဒီလိုရှုံးနိမ့်ပြီးတဲ့နောက် ကံကောင်းလို့သာ အိမ်ပြန်လာနိုင်တာဖြစ်ကြောင်း ပြောခဲ့ပြီး နောက်ထပ် ဒီလိုအရှုံးမျိုး ကြုံတွေ့ရင် အသင်းက ယူ ၂၁ ကစားသမားတွေနဲ့အတူ လေ့ကျင့်ခန်း ဆင်းခိုင်းမယ်လို့လည်း တန်ဟဂ်က သတိပေးခဲ့ပါတယ်။

    အရှက်တကွဲဖြစ်မှုကို ခံနိုင်ရည်ရှိဖို့အတွက် အသင်းသားတွေ အသင်း စိတ်ရောဂါဆရာ၀န်နဲ့ ဆွေးနွေးကုစားတဲ့အစီအစဥ်ကို ပိုမိုလုပ်ဆောင်သွားဖို့ တန်ဟဂ်က စီစဥ်နေပါတယ်။ 

    ပြီးခဲ့တဲ့ သြဂုတ်လ ဘရန့်ဖို့အသင်းကို ၄ ဂိုးပြတ်နဲ့ ရှုံးနိမ့်တဲ့ အချိန်တုန်းကလည်း တန်ဟဂ်ဟာ နောက်နေ့မှာ အသင်းသားတွေကို ၁၄ ကီလိုမီတာအကွာအ၀ေးကို ပြေးခိုင်းပါတယ်။ 

    ဒါဟာ ပွဲအတွင်း ဘရန့်ဖို့တစ်သင်းလုံး ပြေးခဲ့တဲ့ အကွာအ၀ေး ဖြစ်ပါတယ်။

    Ref: Goal 

  • ကြိုးဆွဲချသည့်ပုံစံ သရုပ်ဆောင်ရင်း အမျိုးသမီးတစ်ဦး သေဆုံး

    ကြိုးဆွဲချသည့်ပုံစံ သရုပ်ဆောင်ရင်း အမျိုးသမီးတစ်ဦး သေဆုံး

    မတ် ၇၊ ၂၀၂၃ 

    M-Media 


    -အင်ဒိုနီးရှားနိုင်ငံမှာ အသက် ၂၁ နှစ်အရွယ် အမျိုးသမီးတစ်ဦးဟာ ကြိုးဆွဲချသေတဲ့ပုံစံ သရုပ်ဆောင်ရင်း မတော်တဆ ကြိုးဆွဲချမိပြီး သေဆုံးသွားပါတယ်။ 

    မတ်လအစောပိုင်းက အနောက်ဂျာဗားကျွန်းရဲ့ ရွာငယ်လေးတစ်ရွာမှာ ဖြစ်ပွားခဲ့တာပါ။ 

    အဲဒီအမျိုးသမီးဟာ သူငယ်ချင်းတစ်ယောက်ကို ဗီဒီယိုကောခေါ်ရင်း သူဟာ ကြိုးဆွဲချဖို့ ကြိုးစားတဲ့ပုံစံ ဗီဒီယိုတစ်ခု ဖန်တီးဖို့ ရှိတယ်လို့ ပြောကြားကာ လုပ်လည်း လုပ်ပြခဲ့ပါတယ်။ 

    အ၀တ်စကို တံခါးမှာချည်ပြီး ကြိုးဆွဲချတဲ့ပုံစံ လုပ်နေတဲ့အချိန် သူရပ်နေတဲ့ထိုင်ခုံ လဲသွားပြီးလည်ပင်းကို ကြိုးနဲ့ချည်မိကာ သေဆုံးသွားခဲ့တယ်လို့ ရဲတပ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။ 

    ဒီမတော်တဆမှုကို မြင်တွေ့လိုက်ရတဲ့ သူမရဲ့သူငယ်ချင်းဟာ အိမ်ကို အပြေးအလွှား သွားရောက်ခဲ့ပေမယ့် အချိန်မမီတော့ပါဘူး။ 

    အလောင်းကို ခွဲစိပ်စစ်ဆေးရာမှာလည်း လည်ပင်းအစ် သေဆုံးတဲ့ အခြေအနအပြင် အခြား ထိခိုက်ဒဏ်ရာမျိုး မတွေ့ရဘူးလို့ ရဲတပ်ဖွဲ့က ဆိုပါတယ်။ 

    Ref: New Straits Times 

  • ထိုင်၀မ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်တော့မှာလား

    ထိုင်၀မ်ကို တရုတ်က ကျူးကျော်တိုက်ခိုက်တော့မှာလား

    မတ် ၆၊ ၂၀၂၃

    M-Media 


    -အခုနှစ်အတွင်း တရုတ်ဟာ မိမိတို့ကို ကျူးကျော်တိုက်ခိုက်လာနိုင်ချေ ရှိနေတယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးက ပြောကြားလိုက်ပါတယ်။ 

    ပြီးခဲ့တဲ့ နှစ်အနည်းငယ်ကစလို့ ထိုင်၀မ်ကျွန်းတစ်၀ိုက်မှာ တရုတ်က စစ်ရေးလှုပ်ရှားမှုတွေ အရှိန်မြှင့်လာခဲ့ပြီး၊ ထိုင်၀မ်ရဲ့ ပင်လယ်ဘက်က လေကြောင်းကာကွယ်ရေး သတ်မှန်ဇုန်ကိုလည်း တရုတ်စစ်လေယာဥ်တွေ နေ့စဥ်နီးပါး ကျူးကျော်၀င်ရောက်နေကြတာပါ။ 

    ပြီးခဲ့တဲ့နှစ်တုန်းကလည်း တရုတ်ထောက်လှမ်းရေးဒရုန်းတစ်စီးကို ထိုင်၀မ်က ပစ်ချခဲ့ပါတယ်။ 

    မနေ့က လွှတ်တော်အမတ်တွေရဲ့ မေးမြန်းမှုအတွင်း ကာကွယ်ရေး၀န်ကြီး Chiu Kuo-cheng တရုတ်စစ်တပ်ဟာ ထိုင်၀မ်လေပိုင်နက်နဲ့ ရေပိုင်နက်ကို အကြောင်းရှာ ၀င်ရောက်နိုင်ချေရှိပြီး၊ နယ်မြေကိုလည်း ရုတ်တရက်၀င်သိမ်းနိုင်ချေရှိတယ်လို့ ဖြေကြားခဲ့ပါတယ်။ 

    “ကျွန်တော် ဒီနှစ်မှာ ဒီလိုစကားမျိုးပြောတာဟာ၊ သူတို့ ဒီလို ပြင်ဆင်နေတယ်ဆိုတာကို သတိပေးတာဖြစ်ပါတယ်။ နောက်ပိုင်းကျရင် သူတို့ အင်အား သုံးကိုသုံးမှာပါ”

    တရုတ်က ၀င်ရောက်ကျူးကျော်ရင် ခုံခံကာကွယ်သွားမှာဖြစ်သလို၊ တန်ပြန်ထိုးစစ်ကိုလည်း အသုံးပြုသွားမယ်လို့ ထိုင်၀မ် ကာကွယ်ရေး၀န်ကြီးက ထည့်သွင်းပြောဆိုခဲ့ပါတယ်။ 

    တရုတ်နိုင်ငံခြားရေး၀န်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူက အချုပ်အခြာအာဏာကို ပြတ်ပြတ်သားသား ကာကွယ်သွားမယ်လို့ ထိုင်၀မ်ရဲ့မှတ်ချက်ကို တုန့်ပြန်ပြောကြားခဲ့ပါတယ်။ 

    Ref: Reuters 

  • ဘုန်းကြီးများ၏ လိင်စော်ကားမှုကို ပုန်ရဟန်းမင်းဟောင်းက ကာကွယ်ပေးခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိ

    ဘုန်းကြီးများ၏ လိင်စော်ကားမှုကို ပုန်ရဟန်းမင်းဟောင်းက ကာကွယ်ပေးခဲ့သည်ဟု စုံစမ်းစစ်ဆေးမှုတွင် တွေ့ရှိ

    မတ် ၆၊ ၂၀၂၃

    M-Media 

    -ပိုလန် ခရစ်ယာန်ကက်သလစ်အသင်းတော်က ဘုန်းတော်ကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်တာကို ပုပ်ရဟန်းမင်းဟောင်း ဂျွန်ပေါလ် ၂ က သိရှိခဲ့ပေမယ့် အရေးမယူဘဲ ဖုံးကွယ်ပေးခဲ့တယ်လို့ စုံစမ်းစစ်ဆေးမှုမှာ တွေ့ခဲ့ရပါတယ်။

    ရဟန်းမင်း ဂျွန်ပေါလ်ဟာ ပိုလန်လူမျိုးဖြစ်ပြီး ရဟန်းမင်းကြီးအဖြစ် ရွေးချယ်မခံရမီ ပိုလန်က အဖြစ်အပျက်တွေကို သိရှိခဲ့တာလို့ TVN ရုပ်သံက စုံစမ်းဖော်ထုတ်သူ မီခါလ် ဂူတိုစကီးက ပြောပါတယ်။ 

    ပိုလန်နိုင်ငံတောင်ပိုင်း ကရာကိုမြို့မှာ ကာဒီနယ်အဖြစ် တာ၀န်ထမ်းဆောင်နေချိန် သူ့လက်အောက်က ဘုန်းကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုလုပ်တာကို သိရှိခဲ့တာပါ။

    ဒါပေမယ့် အရေးယူတာမျိုးမလုပ်ဘဲ သြစတြီးယားလို ၀ေးလံခေါင်ဖျားတဲ့ သာသနာနယ်တွေကို ရွှေ့ပြောင်းတာ၊ ကျူးလွန်ခံရသူတွေကို နှစ်သိမ့်ပြီး သတင်းမပေါက်အောင် လုပ်တာမျိုးတွေသာ ရှိခဲ့ပါတယ်။  

    ဂျွန်ပေါ ၂ ဟာ ၁၉၇၈ ခုနှစ်ကနေ ၂၀၀၅ နှစ် ကွယ်လွန်ချိန်အထိ ပုပ်ရဟန်းမင်းကြီးတာ၀န်ကို ထမ်းဆောင်ခဲ့တာ ဖြစ်ပါတယ်။ 

    လိင်ပိုင်းဆိုင်ရာ စော်ကားတဲ့ ဘုန်းကြီးတွေကို ထိပ်တန်းသာသာနာပိုင်နေရာတွေမှာ ခန့်အပ်ဖို့ ထောက်ခံချက်ရေးပေးတာမျိုးတွေအထိ ဂျွန်ပေါက လုပ်ဆောင်ခဲ့တာကို တွေ့ရကြောင်း ဂူတိုစကီးက ပြောပါတယ်။ 

    ဂူတိုစကီးဟာ သူ့ရဲ့ စုံစမ်းစစ်ဆေးမှုမှာ ဆိုဗီယက်ခေတ် ပိုလန်ရဲတပ်ဖွဲ့ရဲ့ လျှို့၀ှက် စာရွက်စာတမ်းတွေ၊ ပိုလန် ကက်သလစ်အသင်းတော်က ရှားပါးစာရွက်စာတမ်းတွေကို လေ့လာဆန်းစစ်ခဲ့တာပါ။ 

    ကရာကိုမြို့ ကက်သလစ်အသင်းတော်က ဒီကိစ္စနဲ့ပတ်သက်တဲ့ စာရွက်စာတမ်းတွေကို ဂူတိုစကီးထံ ပေးအပ်ခြင်းမရှိပါဘူး။ 

    ဘုန်းကြီးတွေ ကလေးငယ်တွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှုနဲ့ပတ်သက်တဲ့ ကိစ္စတွေအတွက် တရားရေးဌာနက စုံစမ်းစစ်ဆေးမှုတွေမှာ ပိုလန်ကက်သလစ်အသင်းတော်က ပူးပေါင်းဆောင်ရွက်ခြင်းမရှိဘဲ စာရွက်စာတမ်းတွေကိုလည်း ရှေ့နေ၊ တရားသူကြီးတွေထံ ပေးအပ်ခြင်း မရှိပါဘူး။ 

    ပြီးခဲ့တဲ့ ၂ နှစ်အတွင်း အမေရိကနဲ့ ဥရောပနိုင်ငံတစ်ချို့မှာ ကက်သလစ်ဘုန်းကြီးတွေက ကလေးတွေအပေါ် လိင်ပိုင်းဆိုင်ရာ စော်ကားမှု ပြုလုပ်တဲ့ ကိစ္စတွေ အများအပြား ပေါ်ထွက်ခဲ့ပြီး အသင်းတော် ဗဟိုချက်ဖြစ်တဲ့ ဗာတီကန်က ထိပ်တန်း ဘုန်းကြီးတွေကို အရေးယူတာမျိုးတွေ ရှိခဲ့ပါတယ်။ 

    Ref: Daily Mail 

    https://www.dailymail.co.uk/news/article-11825195/Pope-John-Paul-II-covered-child-abuse-cardinal-Poland.html
  • အာကာသသမိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုက စံချိန်သစ်တစ်ခု ထပ်တင်

    အာကာသသမိုင်းတွင် အာရပ်စော်ဘွားများ ပြည်ထောင်စုက စံချိန်သစ်တစ်ခု ထပ်တင်

    မတ် ၄၊ ၂၀၂၃

    M-Media 


    -ပြီးခဲ့တဲ့တစ်ပတ် ကြသာပတေးနေ့က အမေရိကန် အာကာသကုမ္ပဏီ Space X ရဲ့ နိုင်ငံတကာ အာကာသစခန်းဆီ အာကာသာ ယာဥ်မှူး လေးဦး စေလွှတ်ခဲ့ရာမှာ အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) က ယာဥ်မှူးတစ်ဦးလည်း ပါ၀င်သွားပါတယ်။ 

    သူကတော့ ဆူလ်တန် အလ်-နီယာဒီဖြစ်ပြီး အာကာသကို သွားရောက်တဲ့ ဒုတိယမြောက် ယူအေအီးနိုင်ငံသားအဖြစ် မှတ်တမ်း၀င်ပါတယ်။

    ဒီခရီးစဥ်အတွင်း နိုင်ငံတကာအာကာသစခန်းမှာ လအတော်ကြာ နေမှာကြောင့် အလ်-နီယာဒီဟာ အာကာသမှာ အချိန်အကြာဆုံး နေထိုင်မယ့် ပထမဆုံး အာရပ်အာကာသယာဥ်မှူးအဖြစ်လည်း သမိုင်းသစ်ရေးထိုးနိုင်မှာ ဖြစ်ပါတယ်။ 

    ကနေဒီအာကာသစခန်းက ဒုံးပျံလွှတ်တင်မှုကို ယူအေအီးတစ်နိုင်ငံလုံးက စောင့်ကြည့်ခဲ့ကြပါတယ်။ 

    အာကာသကိုရောက်တဲ့ ပထမဆုံး ယူအေအီး အာကာသယာဥ်မှူးဟာ ဟက်ဇာ အလ် မန်ဆူရီဖြစ်ပြီး ၂၀၁၉ ခုနှစ်က ဆိုယုဇ် အာကာယာဥ်နဲ့ လိုက်ပါကာ နိုင်ငံတကာ အာကာသစခန်းမှာ ၈ ရက်ကြာ နေထိုင်ခဲ့ပါတယ်။ 

    Ref: AFP