News @ M-Media

Blog

  • ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

    ဂူဂျာရတ်မှ သားသတ်သမားဟု အိန္ဒိယ၀န်ကြီးချုပ်ကို ပါကစ္စတန် ခေါ်၀ေါ်

    ဒီဇင်ဘာ ၁၇၊ ၂၀၂၂

    M-Media 


    -ကုလဆိုင်ရာ ပါကစ္စတန်သံအမတ် ဘီလာ၀ါ ဘူတို ဇာဒါရီက အိန္ဒိယ၀န်ကြီးချုပ် နရန်ဒရာ မိုဒီကို ‘ဂူဂျာရတ်က သားသတ်သမား’ လို့ ၀ေဖန်ပြောဆိုလိုက်ပါတယ်။ 

    မိုဒီ ဂူဂျာရတ်ပြည်နယ်ရဲ့ ၀န်ကြီးချုပ်ဖြစ်စဥ်က လူရာချီသေဆုံးတဲ့ ဟိန္ဒူ-မွတ်စလင် အဓိကရုဏ်းဖြစ်အောင် ဖန်တီးခဲ့မှုကို ရည်ညွှန်းပြီး ဇာဒါရီက အခုလို ခေါ်၀ေါ်ခဲ့တာပါ။ 

    ကုလဆိုင်ရာ အိန္ဒိယသံအမတ် ဆူဘရာမန်ယမ် ဂျိုင်ရှန်ကာက ပါကစ္စတန်ဟာ အကြမ်းဖက်၀ါဒ မြစ်ဖျားခံရာနိုင်ငံဖြစ်တယ်ဆိုတဲ့ ပြောကြားမှုကို ပါကစ္စတန်ဖက်က တုန့်ပြန်တာလည်း ဖြစ်ပါတယ်။ 

    ကုလလုံခြုံရေးကောင်စီရဲ့ အကြမ်းဖက်၀ါဒဆိုင်ရာ အစည်းအ၀ေးအပြီးမှာ အခုလို အပြန်အလှန် ၀ေဖန်မှု ဖြစ်ပွားခဲ့တာ ဖြစ်ပါတယ်။ 

    ဇာဒါရီက အိန္ဒိယ အာဏာရ ဟိန္ဒူအမျိုးသားရေးပါတီ BJP ရဲ့ မိခင်အဖွဲ့အစည်း RSS ဟာ ဟစ်တလာရဲ့ SS အဖွဲ့ကို နမူနာယူပြီး ဖွဲ့စည်းထားတဲ့ အစွန်းရောက်အဖွဲ့အစည်းဖြစ်တယ်လို့လည်း သတင်းထောက်တွေကို ပြောကြားခဲ့ပါတယ်။

    အိန္ဒိယနဲ့ ပါကစ္စတန်တို့ဟာ ၁၉၄၇ ခုနှစ် လွတ်လပ်ရေးရပြီးနောက်ပိုင်း ကက်ရှ်မီးယားဒေသ ပိုင်ဆိုင်မှုကိစ္စအတွက် စစ်ပွဲ ၃ ကြိမ် ဖြစ်ပွားခဲ့ပါတယ်။ 

    Ref: Aljazeera

  • ကမ္ဘာ့ဖလား ဆုကြေးငွေအားလုံး ချိုတဲ့သူများကိုလှူလိုက်တဲ့ ဟာကင်မ် ဇီယက်ချ်

    ကမ္ဘာ့ဖလား ဆုကြေးငွေအားလုံး ချိုတဲ့သူများကိုလှူလိုက်တဲ့ ဟာကင်မ် ဇီယက်ချ်


    ဒီဇင်ဘာ ၁၆၊ ၂၀၂၂

    M-Media


    -မော်ရိုကိုတိုက်စစ်မှုး ဟာကင်မ် ဇီယက်ချ်ဟာ ကမ္ဘာ့ဖလားပြိုင်ပွဲကနေ ရရှိတဲ့ ဆုကြေးငွေအားလုံးကို ချို့တဲ့သူတွေထံ လှူဒါန်းခဲ့တယ်လို့ သိရပါတယ်။ 

    ကာတာကမ္ဘာ့ဖလားမှာ မော်ရိုကိုအသင်းဟာ ခြေစွမ်းပြပြီး သမိုင်းသစ် ရေးထိုးနိုင်ခဲ့တာပါ။ 

    အုပ်စုအဆင့်မှာ ဘယ်သူမှ မထင်မှတ်ထားတဲ့ စွမ်းဆောင်မှုနဲ့ ရှုံးထွက်ကို တက်ရောက်ခဲ့ပြီး ၁၆ သင်းအဆင့်မှာ စပိန်၊ ကွာတားဖိုင်နယ်မှာ ပေါ်တူဂီတို့ကို အနိုင်ယူကာ ပထမဆုံး ဆီမီးဖိုင်နယ်ရောက်တဲ့ အာဖရိကအသင်းအဖြစ် မှတ်တမ်း၀င်ပါတယ်။  

    ဆီမီးဖိုင်နယ်မှာတော့ ပြင်သစ်ကို ရှုံးနိမ့်ကာ ခရိုအေးရှားနဲ့ ဒီကနေ့မှာ တတိယနေရာလုပွဲ ကစားရမှာပါ။

    ဇီယက်ချ်ဟာ ပြိုင်ပွဲကနေ အနည်းဆုံး ဆုကြေးငွေ ပေါင် ၂၆၂၀၀၀ လောက်ရရှိခဲ့ပါတယ်။

    ၂၀၁၅ ခုနှစ် မော်ရိုကိုလက်ရွေးစင်အသင်းမှာ စတင်ကစားကတည်းက ဇီယက်ချ်ဟာ နိုင်ငံအသင်းက ရရှိတဲ့ ဆုကြေးငွေအားလုံးကို ချို့တဲ့သူတွေ၊ ပရဟိတအဖွဲ့အစည်းတွေ၊ အားကစားအသင်းအဖွဲ့တွေကို လှူဒါန်းလေ့ရှိပါတယ်။ 

    ဇီယက်ချ်ဟာ အသက် ၂၉ နှစ်အရွယ် ရှိနေပြီး လက်ရှိ ချယ်ဆီးအသင်းမှာ ကစားနေပါတယ်။ 

    Ref: The Sun

  • ကမ္ဘာကြီးတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး မလောက်တော့

    ကမ္ဘာကြီးတွင် ကာလ၀မ်းရောဂါ ကာကွယ်ဆေး မလောက်တော့

    ဒီဇင်ဘာ ၁၆၊ ၂၀၂၂

    M-Media 


    -ကမ္ဘာတစ်၀ှမ်း ကာလ၀မ်းရောဂါဖြစ်ပွားမှုနှုန်း မြင့်တက်လာတဲ့အချိန် ကာကွယ်ဆေး ပြတ်တောက်မယ့်အနေအထား ရှိနေတယ်လို့ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ WHO က သတိပေးလိုက်ပါတယ်။

    ၀မ်းရောဂါ အကြီးအကျယ်ဖြစ်ပွားနေတဲ့နိုင်ငံပေါင်း ၃၀ လောက်အထိ ရှိလာပြီး သေဆုံးမှုလည်း မြင့်တက်လာပါတယ်။ အခုနှစ် ဖြစ်ပွားမှုနှုန်းဟာ အရင်နှစ်ကထက် သုံးပုံတစ်ပုံလောက် မြင့်တက်လာတာပါ။ 

    WHO ရဲ့ ကာလ၀မ်းရောဂါတိုက်ဖျက်ရေးအဖွဲ့ အကြီးအကဲ ဒေါက်တာ ဖိလစ် ဘာဘိုဇာက ကာကွယ်ဆေးလာတောင်းတဲ့ပမာဏ မြင့်တက်လာတယ်လို့ ပြောပါတယ်။

    “ကာကွယ်ဆေးတွေ မရှိတော့ပါဘူး။ လာတောင်းတဲ့နိုင်ငံတွေ များလာတယ်။ အရမ်းစိုးရိမ်စရာ ကောင်းပါတယ်” 

    WHO က ထိန်းချုပ်စီမံတဲ့ ကာကွယ်ဆေးထောက်ပံ့ရေးအဖွဲ့မှာ ပုံမှန်အားဖြင့် ကာလာ၀မ်းရောဂါ ကာကွယ်ဆေး တစ်နှစ်ကို အရေးပေါ် ၃၆ သန်းလောက် ရှိတာပါ။ 

    တောင်းဆိုမှုတွေများလာတာကြောင့် အရေအတွက် လျော့နည်းလာတဲ့အတွက် ပုံမှန် ကာကွယ်ဆေးထိုးမှုကို ၂ ကြိမ်ထိုးနေရာကနေ တစ်ကြိမ်သာထိုးဖို့ WHO က အောက်တိုဘာလမှာ တစ်ကမ္ဘာလုံးကို ညွှန်ကြားခဲ့ပါတယ်။ 

    Ref: Reuters

  • ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ်သွားပါပြီ

    ကမ္ဘာ့ဖလား အိပ်မက် အဆုံးသတ်သွားပါပြီ

    ကမ္ဘာ့ဖလားကို ၀င်ကစားတဲ့ ၁၆ နှစ်တာကာလမှာ ကျွန်တော်ဟာ ကစားသမားကောင်းတွေနဲ့ တွဲကစားခွင့်ရခဲ့ပြီး၊ သန်းပေါင်းများစွာသော ပေါ်တူဂီပရိတ်သတ်တွေရဲ့ အားပေးမှုကိုလည်း ရရှိခဲ့ပါတယ်။ ကျွန်တော့်ဖက်က အစွမ်းကုန် ပေးဆပ်ခဲ့တယ်။ ကွင်းထဲမှာ ရေကုန်ရေခန်းကစားတယ်။ ရှိုထားတယ်ဆိုတာမရှိဘူး။ ကမ္ဘာ့ဖလားအိပ်မက်ကိုလည်း ဘယ်တော့မှ မစွန့်လွှတ်ခဲ့ပါဘူး။ ဒီအိပ်မက်ဟာ အခုတော့ အဆုံးသတ်သွားပါပြီ။

    (ခရစ္စတီယာနို ရော်နယ်ဒို – ပေါ်တူဂီတိုက်စစ်မှူး) 

  • မလေးရှား နာမည်ကျော်အပန်းဖြေစခန်းအနီး မြေပြိုမှုကြောင့် လူ ၂၀ နီးပါး သေဆုံး

    မလေးရှား နာမည်ကျော်အပန်းဖြေစခန်းအနီး မြေပြိုမှုကြောင့် လူ ၂၀ နီးပါး သေဆုံး

    ဒီဇင်ဘာ ၁၆၊ ၂၀၂၂

    M-Media 


    – မလေးရှားက နာမည်ကျော် Genting Highlands တောင်ပေါ်အပန်းဖြေစခန်းအနီး ဒီကနေ့မနက်ပိုင်း မြေပြိုမှုကြောင့် အနည်းဆုံး ၁၈ ဦး သေဆုံးပြီး ပျောက်ဆုံးနေသူတွေလည်း ရှိနေပါတယ်။ 

    မြေပြိုတဲ့နေရာဟာ Genting Highland နဲ့ ၄ ကီလိုမီတာ၀ေးတဲ့ Father’s Organic Farm အပန်းဖြေစခန်းပါ။ မနက်အစောပိုင်းမှာ ဖြစ်ပွားတာကြောင့် တဲထိုးပြီး စခန်းချအပန်းဖြေကြတဲ့ မိသားစုတစ်ချို့ မြေပိတဲ့အထဲမှာ ပါ၀င်သွားပါတယ်။

    သောကြောန့ နေ့လည်ပိုင်းအထိ သေဆုံး ၁၈ ဦး ရှိလာပြီး အနည်းဆုံး ကလေးငယ် ၃ ဦး ပါ၀င်ပါတယ်။ မလေးရှားမီးသတ်၊ လခြမ်းနီနဲ့ အကူအညီပေးရေးအဖွဲ့တွေက ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေပြီး ပျောက်ဆုံနေသူတွေလည်း ရှိနေပါတယ်။

    ဒေသအစိုးရက မြေပြိုမှုဖြစ်တဲ့နေရာတစ်၀ိုက် တောင်ပေါ်  အပန်းဖြေစခန်းတွေဟာ ဘေးအန္တရာယ်ကင်းရေး စည်းမျဥ်းတွေနဲ့ ညီညွတ်မှုမရှိဘူးလို့ ပြောကြားထားပါတယ်။ 

    Ref: CNA