News @ M-Media

Blog

  • ဘင်္ဂါလီနိုဘယ်ဆုရှင်ကို အိန္ဒိယတက္ကသိုလ်က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်

    ဘင်္ဂါလီနိုဘယ်ဆုရှင်ကို အိန္ဒိယတက္ကသိုလ်က ဂုဏ်ထူးဆောင်ဒေါက်တာဘွဲ့ ချီးမြှင့်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    younus

    – ဘင်္ဂလားဒေ့ရှ်မှ လူ့အဖွဲ့အစည်းအခြေပြု  ပြုပြင်ပြောင်းလဲရေးသမား နိုဘယ်ဆုရှင် မိုဟာမက် ယူနွတ်စ်ကို အိန္ဒိယတက္ကသိုလ်တစ်ခုက ဂုဏ်ထူးဆောင် သိပ္ပံဒေါက်တာဘွဲ့ ချီးမြှင့်ခဲ့သည်ဟု သိရသည်။

    ပန်ဂျဘ်ပြည်နယ်ရှိ Chandigarh တက္ကသိုလ်ဖြစ်ပြီး ဇန်နန၀ါရီ ၈ ရက်နေ့က ပြုလုပ်ခဲ့သည် တက္ကသိုလ်၏ ညီလာခံသို့ ဖိတ်ကြားကာ ယခုကဲ့သို့ ဂုဏ်ထူးဆောင်ဘွဲ့ ချီးမြှင့်ခဲ့ခြင်းဖြစ်သည်။ ညီလာခံတွင် ပါမောက္ခ ယူနွတ်စ်မှာ မိန့်ခွန်းလည်း ပြောကြားခဲ့သည်။

    တက္ကသိုလ်သို့ ရောက်ရှိလာသည့် မိုဟာမက် ယူနွတ်စ်ကို တာဝန်ရှိသူများက ပန်ဂျဘ်ရိုးရာဖြင့် ကြိုဆိုခဲ့ပြီး၊ တက္ကသိုလ် ပရ၀ုဏ်တစ်ခုလုံးတွင်လည်း ယူနွတ်စ်၏ပုံကို ပန်းများဖြင့် ပုံဖော်ထားသည်။

    Chandigarh တက္ကသိုလ်၏ ဒုတိယ ပါမောက္ခချုပ်က မိမိတို့တက္ကသိုလ်တွင် ‘လူမှုစီးပွားရေးဆိုင်ရာ ယူနွတ်စ်စင်တာ’ ကို တည်ထောင်ကာ ဘင်္ဂလာဒေ့ရှ်မှာ ယူနွတ်စ်စင်တာနှင့် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း လူမှုစီးပွားရေးရာ သင်တန်များ ပေးခြင်းအပြင် အိန္ဒိယနိုင်ငံတစ်ဝှမ်း၌ ‘နိုင်ငံလုံးဆိုင်ရာ လူမှုစီးပွားရေးဖိုရမ်’ ကို အဆိုပါ စင်တာမှ ကမကထပြုကာ နှစ်စဉ် ကျင်းပပေးသွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

    အတိုးမဲ့ ချေငွေးလုပ်ငန်းဖြင့် ဘင်္ဂလားဒေ့ရှ်မှ မိသားစုများစွာကို ဆင်းရဲတွင်းမှ လွတ်မြောက်စေခဲ့သည့် ယူနွတ်စ်မှာ ပြီးခဲ့သည့်တစ်ပတ်ကလည်း အိန္ဒိယ၀န်ကြီးချုပ်မှ ချီးမြှင့်သည့် ရွှေတံဆိပ်ဆုကို လက်ခံရယူခဲ့သည်။

    Ref: Sockial Businesspedia

  • မောင်းသူမဲ့ ထရပ်ကားများကို စင်ကာပူတွင် စမ်းသပ်ပြေးဆွဲမည်

    မောင်းသူမဲ့ ထရပ်ကားများကို စင်ကာပူတွင် စမ်းသပ်ပြေးဆွဲမည်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    diverless
    စင်ကာပူတွင် စမ်းသပ်မည့် မောင်းသူမဲ့ ထရပ်ကားစနစ် အခြေပြပုံ

    – မောင်းသူမဲ့ကားများနှင့် ဘတ်စ်ကား အမျိုးမျိုးကို စမ်းသပ်မှုပြုလုပ်ပြီးနောက် မိမိတို့အနေဖြင့် မောင်းသူမဲ့ ထရပ်ကားများကို စမ်းသပ်ရန် ရှိနေသည်ဟု စင်ကာပူ ပို့ဆောင်ရေးဝန်ကြီးဌာန (MOT) နှင့် PSA Corporation တို့က ကြေငြာလိုက်သည်။

    ဆိပ်ကမ်းတစ်ခုမှ တစ်ခုမှ တစ်ခုသို့ ကွန်တိန်နာများကို ပို့ဆောင်ရာတွင် အသုံးပြုမည့် ထရပ်ကားများနေရာတွင် စမ်းသပ်မည်ဖြစ်ပြီး အဆိုပါ မောင်သူမဲ့စနစ်ကို ဖော်ဆောင်ရန်အတွက် ကားကုမ္ပဏီနှစ်ခုဖြစ်သော Scania၊ Toyota Tusho တို့နှင့် ယနေ့တွင် သဘောတူစာချုပ် ချုပ်ဆိုခဲ့သည်။ ထိုစနစ်အရ ယာဉ်မောင်းတစ်ဦး မောင်းနှင်သော ထရပ်ကားတစ်စီးမှာ မောင်းသူမဲ့ ထရပ်ကားများကို ဦးဆောင်ကာ မောင်းနှင်ခြင်းဖြစ်သည်။

    MOT နှင့် PSA တို့မှ ပူးပေါင်းထုတ်ပြန်သည့် ကြေငြာချက်တွင် ထိုစနစ်က မိမိတို့၏ လူ့စွမ်းအားအရင်းအမြစ် ပြတ်လတ်မှုအတွက် အကူအညီဖြစ်စေမည်ဟု ဖော်ပြထားသည်။

    “ဒီစနစ်က ထရပ်ကားဒရိုင်ဘာတွေကို ယာဉ်အုပ်စု ဦးဆောင်သူတွေ၊ မန်နေဂျာတွေအဖြစ် ကျွမ်းကျင်မှုပိုမြင့်တဲ့ အခန်းကဏ္ဍကနေ ပါဝင်စေနိုင်မှာပါ” ဟု ပို့ဆောင်ရေးဌာနမှ အမြဲတမ်းအတွင်းဝန်ဖြစ်သူ မစ္စတာ ပန် ကင် ကီအွန်က ပြောကြားခဲ့သည်။

    အဆိုပါ စမ်းသပ်မှုကို ၂၀၁၇ ခုနှစ် ဇန်န၀ါရီလမှ ၂၀၁၉ ခုနှစ် ဒီဇင်ဘာလအထိ ၃ နှစ်အတွင်း အဆင့် ၂ ဆင့်ဖြင့် ဆောင်ရွက်မည်ဖြစ်သည်။

    ပထမအဆင့်တွင် Scania နှင့် Toyota Tusho ကုမ္ပဏီတို့က ဆွီဒင်နှင့် ဂျပန်တို့ရှိ ၎င်းတို့၏ စက်ရုံများတွင် ဒီဇိုင်းများ၊ စနစ်များအတွက် သုတေသန ပြုလုပ်သွားမည်ဖြစ်ပြီး၊ MOT နှင့် PSA တို့ကမူ ပထမအဆင့်မှ ရရှိသော ရလဒ်များအပေါ် မူတူ၍ ဒုတိယအဆင့်အတွက် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်သည်။

    စမ်းသပ်မှုအတွက် လမ်းကြောင်းကို ၁၀ ကီလိုမီတာ သတ်မှတ်ထားသည်။

    Ref : CNA

  • ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ငြိမ်းချမ်းရေးဆွေးနွေးပွဲအတွက် အသင့်ရှိသည်ဟု ဆီးရီးယားသမ္မတပြော

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    assand

    – ဆီးရီးယားသမ္မတ ဘာရှာ အလ်-အာဆတ်က ၎င်းတို့အစိုးရအနေဖြင့် လာမည့် ငြိမ်းချမ်းရေးဆွေးနွေးပွဲတွင် မည်သည့်အရာကို မဆို ညှိနှိုင်းဆွေးနွေးရန် အသင့်ရှိနေသည်ဟု ယနေ့တွင် ပြောကြားလိုက်သည်။

    ရုရှားနှင့် တူရကီတို့က ကမကထပြုသည့် အဆိုပါ ငြိမ်းချမ်းရေးဆွေးနွေးပွဲကို ဇန်န၀ါရီနှောင်းပိုင်းတွင် ကာဇက်စတန်နိုင်ငံ အစ္စတာနာမြို့တွင် ပြုလုပ်ရန် ရှိနေခြင်းဖြစ်သည်။

    ပြင်သစ်ဂျာနယ်လစ်များနှင့် အင်တာဗျူးတွင် အာဆတ်က အခြားတစ်ဖက်တွင် မည်သူများ ပါဝင်မည်ဆိုသည့် ကိစ္စအပါအ၀င် ဆွေးနွေးပွဲအတွက် မေးခွန်းများစွာ ရှိနေသေးသည်ဟု ပြောကြားခဲ့သည်။

    ဆီးရီးယားသို့ အလယ်အပတ်ရောက်ရှိနေသည့် ပြင်သစ်နိုင်ငံရေးသမားများထဲမှ တစ်ဦးဖြစ်သူ သီယာရီ မာရီယာနီကလည်း အာဆတ်အနေဖြင့် အကြမ်းဖက်အုပ်စုများမှလွဲ၍ အစိုးရအား ဆန့်ကျင်တိုက်ခိုက်နေသည့် သူပုန်အုပ်စု အားလုံးနှင့် ဆွေးနွေးရန် ဆန္ဒရှိနေကြောင်း၊ သူပုန်များ လက်နက်စွန့်လွှတ်ပါက ပြန်လည်ရင်ကြားစေရေး ဆောင်ရွက်ရန် အဆင်သင့်ရှိနေကြောင်း ပြောကြားခဲ့သည်။

    Ref : Aljazeera

  • ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

    ဘာသာရေးပွဲများအပေါ် နှောင့်ယှက်မှုများ ဥပဒေအရ ဖြေရှင်းသွားမည်ဟု ရန်ကုန်တိုင်းအစိုးရ ပြော

    15826486_10206586979793739_438064879927772766_n
    photo- copy from FB

    ဇန်နဝါရီ ၉  ၊ ၂၀၁၇

    ရန်ကုန်တိုင်းဒေသကြီးအတွင်း အစိုးရအဖွဲ့က ဥပဒေနှင့်အညီ ခွင့်ပြုခဲ့သည့် ဘာသာရေးဆိုင်ရာ ပွဲများအား နှောင့်ယှက် ဟန့်တားမှုများ အပေါ် ဥပဒေအရ အကောင်းဆုံး ကိုင်တွယ်ဖြေရှင်းသွားမည် ဖြစ်ကြောင်း ရန်ကုန်တိုင်း အစိုးရအဖွဲ့ လူမှုရေး ဝန်ကြီး ဦးနိုင်ငံလင်းက ပြောသည်။

    ရန်ကုန်မြို့ရှိ YMCA ခန်းမတွင် ဇန်နဝါရီ ၈ ရက်နေ့က အစ္စလာမ် ဘာသာဝင်များ၏ တမန်တော် မိုဟာမက် မွေးနေ့ တမန်တော်နေ့ အခမ်းအနား ကျင်းပရန် စီစဉ်ထားခြင်းကို အမျိုးသားရေး ညွန့်ပေါင်း အဖွဲ့ (ရန်ကုန်)က ကန့်ကွက်မှု ပြုလုပ်ခဲ့ရာ ပွဲကို မိနစ် ၃၀ ခန့်သာ အကျဉ်းရုံးကျင်းပမှု ဖြစ်ပွားခဲ့ကြောင်း သိရသည်။

    တမန်တော်ပွဲသည် ခရစ်သက္ကရာဇ် AD ၅၇၁ ခုနှစ် ဧပြီ ၂၂ ရက်နေ့တွင် ဆော်ဒီအာရေဗျ နိုင်ငံ မက္ကာမြို့တွင် ဖွားမြင် ခဲ့သည့် တမန်တော် မိုဟာမက် မွေးနေ့ကို အစွဲပြု၍ ကျင်းပသည့် အခမ်းအနားဖြစ်သည်ဟု ဆိုသည်။

    ဝန်ကြီး ဦးနိုင်ငံလင်းက “ဥပဒေနဲ့အညီ ခွင့်ပြုပေးခဲ့တာပါ၊ ဒါကို နှောင့်ယှက်တဲ့ကိစ္စတွေ ရှိလာတာတော့ ကျနော်တို့ အနေနဲ့ အကောင်းဆုံး ကိုင်တွယ်သွားမှာဖြစ်ပါတယ်။ တဖက်ကကြည့်ရင် သူတို့ရဲ့အခွင့်အရေးဖြစ်သလို ငြိမ်းချမ်းဖို့ ဘာသာပေါင်းစုံ လုပ်တဲ့ဟာတွေကို အနှောင့်အယှက် မပေးသင့်ပါဘူး”ဟု ဧရာဝတီသို့ ပြောသည်။

    မျိုးချစ်မြန်မာ ရဟန်းတော်များ သမဂ္ဂ နှင့် မျိုးချစ်လူငယ် စသည့် အမျိုးသားရေးအဖွဲ့ ၂၀ ခန့်ပါဝင်သော အမျိုးသားရေး ညွန်ပေါင်း အဖွဲ့ အနေဖြင့် ဇန်နဝါရီ ၆ ရက်နေ့ကလည်း သာကေတမြို့နယ်တွင် ပြုလုပ်မည့် တမန်တော်နေ့ပွဲကို ကန့်ကွက်ခဲ့သည့် အတွက် ပွဲစီစဉ်ထားမှုအား ဖျက်သိမ်းခဲ့ရကြောင်း သိရသည်။

    ဟာဂျီ ဦးအေးလွင်က “ပစ်မှတ်က ကျနော်တို့မဟုတ်ဘူးလို့ဘဲ ခံယူတယ်၊ အဲ့ဒီတော့ အေးအေးချမ်းချမ်း ပြီးသွား အောင်ပဲ ဆုံးဖြတ်လိုက်ကြတယ်၊ ဘာသာ၊ သာသနာကို အသုံးချတဲ့ ပုံစံမျိုးမဖြစ်အောင်၊ ကြားမညပ်အောင်ဘဲ လုပ်ခဲ့ပါတယ်”ဟု ပြောဆိုသည်။

    တမန်တော် အခမ်းအနားကို လွတ်လပ်ရေးရပြီးခေတ်တွင် ယခု ရန်ကုန်မြို့ အောင်ဆန်းကွင်းအနီးရှိ ဗလီကျောင်းများ မှ ထွက်၍ ရပ်ကွက်အတွင်း မေတ္တာပို့မှုများ ပြုလုပ်ခဲ့ပြီး သမ္မတ ပေးပို့သည့် သဝဏ်လွှာများ ဖတ်ကြားခြင်း၊ ဝန်ကြီးချုပ် ကိုယ်တိုင် တက်ရောက် ဟောပြောခြင်းများ ရှိခဲ့ကြောင်းလည်း ဟာဂျီဦးအေးလွင်က ပြောသည်။

    တမန်တော်ပွဲများ လှည့်လည် ကျင်းပလာခြင်းများကို ကန့်ကွက်ရာတွင် အမျိုးသားရေး ညွန့်ပေါင်းအဖွဲ့ အနေဖြင့် အရှေ့ပိုင်း ခရိုင် အထွေထွေ အုပ်ချုပ်ရေးမှူးရုံးသို့ ၂၀၁၆ ခုနှစ် ဒီဇင်ဘာ ၂၈ ရက်နေ့ ရက်စွဲဖြင့် ကန့်ကွက်ကြောင်း တရားဝင်စာ ပေးပို့ထားပြီး ယင်းသို့ကန့်ကွက်ရာတွင် ခြိမ်းခြောက်မှုများ ပြုလုပ်ခြင်းမရှိခဲ့ဘဲ ဥပဒေဘောင်ထဲကသာ ဆောင်ရွက်ခဲ့ကြောင်း အမျိုးသားရေးညွန့်ပေါင်းအဖွဲ့ က ပြောဆိုသည်။

    အမျိုးသားရေးညွန့်ပေါင်း အဖွဲ့မှ အရှင် သုစိတ္တက “တမန်တော်နေ့ဆိုပြီး နိုင်ငံရေး အမြတ်ထုတ်နေတာ၊ ဓမ္မသဘင် ဆိုပြီး ဟောပြောနေတာတွေကို ကန့်ကွက်တာပါ၊ အစဉ်အလာမရှိခဲ့တဲ့ ပွဲတွေကို ရှိခဲ့သယောင်ယောင် လုပ်လာတာက သွေးတိုး စမ်းလာတာလို့မြင်တယ်”ဟု ဧရာဝတီသို့ မိန့်ကြားသည်။

    ယခုကဲ့သို့ ကန့်ကွက်လှုပ်ရှားမှုများတွင် မျိုးချစ် ရဟန်းတော်များနှင့် လူပုဂ္ဂိုလ်များစွာ ပါဝင်သော်လည်း အမျိုး၊ ဘာသာ၊ သာသနာ စောင့်ရှောက်ရေး အဖွဲ့(မဘသ) နှင့် ပတ်သက်ခြင်း မရှိကြောင်းလည်း အရှင် သုစိတ္တက မိန့်ကြားသည်။

    ဧရာဝတီမှ ကူးယူဖော်ပြပါသည်။

  • ဒုံးကျည် အချိန်မရွေးပစ်နိုင်သည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဒုံးကျည် အချိန်မရွေးပစ်နိုင်သည်ဟု မြောက်ကိုရီးယား ခြိမ်းခြောက်

    ဇန်န၀ါရီ ၉၊ ၂၀၁၇
    M-Media

    north

    – ခေါင်းဆောင်ကင်ဂျုံအန်က ရွေးချယ်သော မည်သည့်နေရာမှမဆို တိုက်ချင်းပစ်ဒုံးကျည်ကို အချိန်မရွေး စမ်းသပ် ပစ်လွှတ်နိုင်သည်ဟု မြောက်ကိုရီးယားက ခြိမ်းခြောက် ပြောကြားလိုက်သည်။

    နိုင်ငံခြားရေ၀န်ကြီးဌာနမှ အမည်မဖော်လိုသည့် ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ယမန်နေ့တွင် နိုင်ငံပိုင် KCNA သတင်းဌာနသို့ ပြောကြားခဲ့ခြင်းဖြစ်ပြီ မိမိတို့၏ လက်နက်ပိုင်းဆိုင်ရာ ဖွံ့ဖြိုးမှုအတွက် အမေရိကန်၏ ရန်လိုမှုကိုသာ အပြစ်တင်ရမည်ဟု ဆိုသည်။

    ကင်ဂျုံအန်က မိမိတို့အနေဖြင့် ပြည်တွင်းဖြစ် တိုက်ချင်းပစ်ဒုံးကျည်ကို မကြာမီ စမ်းသပ်ပစ်လွှတ်နိုင်တော့မည်ဟု ဇန်န၀ါရီ ၁ ရက်နေ့တွင် ပြောကြားခဲ့ပြီး အမေရိကန်ကမူ ပြင်းပြင်းထန်ထန် ကန့်ကွက်ခဲ့သည်။

    အမေရိကန်ကာကွယ်ရေးဝန်ကြီး အက်ရှ်တန်ကာတာရ်က မြောက်ကိုရီယား၏ နျူလက်နက်နှင့် ဒုံးကျည်အစီအစဉ်များမှာ အမေရိကန်ကို တိုက်ရိုက်ခြိမ်းခြောက်မှုဖြစ်သည်ဟု ယမန်နေ့တွင် ပြောကြားခဲ့သည်။ ထို့ပြင် မြောက်ကိုရီးယားက ဒုံးကျည်ပစ်လွှတ်မှုမှာ မိမိတို့ပိုင်နက်၊ မိတ်ဆွေ၊ မဟာမိတ်များ၏ ပိုင်နက်များသို့ ဦးတည်လာပါက ပစ်ချရန် စီစဉ်ထားသည်ဟုလည်း ထည့်သွင်းပြောဆိုခဲ့သည်။

    ကြာသာပတေးနေ့ကလည် ပြီးခဲ့သည့်နှစ်အတွင်း မြောက်ကိုရီးယား၏ နျူလက်နက်နှင့် ဒုံးကျည်များ၏ စွမ်းဆောင်ရည်မှာ မကြုံစဖူး တိုးတက်လာမှုကို တွေ့ခဲ့ရသည်ဟု အမေရိကန်က ပြောကြားခဲ့သည်။

    Ref: Aljazeera