News @ M-Media

Blog

  • NVC လက်ခံသင့် /လက်မခံသင့် ? မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တုံပြန်မှုများ (၂)

    NVC လက်ခံသင့် /လက်မခံသင့် ? မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တုံပြန်မှုများ (၂)

    ဒီဇင်ဘာ ၃၀ ၊၂၀၁၆
    M-Media
    စုစည်းတင်ဆက်သူ- သီဟ

    နိုင်ငံသားစိစစ်ခံရမည့်သူ၏ သက်သေခံကတ်ပြား Identity Card for National Verification (NV Card) ထုတ်ပေးခြင်းကိစ္စနှင့် ပတ်သက်ပြီး  အများဆုံးရိုက်ခတ်မှုတွေရှိနေတဲ့ မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင်တွေ အကြား အမြင်တွေကို သိရအောင် မြန်မာမွတ်စလင်မ် အဖွဲ့အစည်းများမှ တာဝန်ရှိခေါင်းဆောင်များ၊ ဥပဒေပညာရှင်များနှင့် တက်ကြွလှုပ်ရှားသူများကို အမြင်များကို စုစည်းဖော်ပြလိုက်ပါတယ်။

    ဦးဝဏ္ဏရွှေ ( တွဲဘက် အတွင်းရေးမှူးချုပ်၊ အစ္စလာမ်ကောင်စီဌာနချုပ်)
    wana-shwe

    နိုင်ငံသား စိစစ်ရေးကတ်ပြားလျှောက်ထားသူတွေကို NV Card ထုတ်ပေးတာဟာ နောက်ပိုင်း ဒီကတ်ပြားကိုင်ဆောင်ထားသူတွေ အားလုံးကို သိမ်းကျုံးပြီး တရား မဝင် ဝင်ရောက်လာသူတွေလို့ အထင်မှားပြီး  ပြည်သူတွေကြား မှာ စိတ်ဝမ်းကွဲစရာ ဖြစ်ပေါ်လာလိမ့်မယ်။

    အရင်တုန်းကလည်း နိုင်ငံသားစိစစ်ခြင်းကိစ္စကို အပြီးအပြတ် ဆောင်ရွက်ပေးခြင်း မပြုခဲ့ဘဲ ယာယီသက်သေခံကတ်ပြား(White Card)များကို ထုတ်ပေးခဲ့ တဲ့အတွက်ကြောင့် ပြည်သူများအကြား စိတ်ဝမ်းကွဲခဲ့ရပြီး အပြစ်မဲ့သူတွေရဲ့အသက် အိုးအိမ် စည်းစိမ်တွေ ဝမ်းနည်းဖွယ်ရာ ဆုံးရှုံးခဲ့ရတယ်။

    နိုင်ငံ၏ ပုံရိပ်ကို ထိခိုက်ခဲ့ရပြီး နိုင်ငံဖွံဖြိုးတိုးတက်မှုကို အဟန့်အတားဖြစ်စေခဲ့ရလို့  နိုင်ငံသား ပြည်သူအားလုံး နစ်နာဆုံးရှုံးမှုကြုံတွေ့ခဲ့ရပါတယ်။

    နိုင်ငံသားစိစစ်ရေး ကတ်ပြားလျှောက်ထားသူတွေကို NV Card ထုတ်မပေးဘဲ ကျောသားရင်သားမခွဲ တိတိကျကျ  မှန်မှန်ကန်ကန် စိစစ်ပြီး တည်ဆဲဥပဒေများနဲ့အညီ နိုင်ငံသားဖြစ်သူတွေကို ကြန့်ကြာမှုမရှိဘဲ အမြန်ဆုံး နိုင်ငံသား စိစစ်ရေးကတ်ပြား ထုတ်ပေးဖို့ အရေးတကြီးလိုအပ်နေပါတယ်။

    အရင်အစိုးရလက်ထက်က မိုးပွင့်စီမံချက်၊အခု အစိုးရ လက်ထက် သစ္စာစီမံချက်တွေနဲ့ နိုင်ငံသားစိစစ်ရေးကတ်ပြားနှဲ့ အိမ်ထောင်စု စာရင်းတွေကို ကွင်းဆင်း  ဆောင်ရွက်ပေးတဲ့နေရာမှာ  အစ္စလာမ်ဘာသာဝင်တွေကို ချန်လှပ်ထားခဲ့တဲ့ကိစ္စနဲ့ အစ္စလာမ်ဘာသာဝင်တွေ  နိုင်ငံသားစိစစ်ရေးကတ်ပြား လျှောက်ထားတဲ့အခါ၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းတဲ့အခါ ၊ မွေးတိုးစာရင်း ရေးသွင်းတဲ့အခါမှာလည်း  ကြန့်ကြာမှု ကြုံတွေ့နေရပါတယ်။

    နိုင်ငံသား စိစစ်မှု ကြန့်ကြာတဲ့ အတွက်ကြောင့်ပညာသင်ကြားရေးကိစ္စ အခက်အခဲရှိသူတွေကို  အလျင်အမြန် ဦးစားပေး စိစစ်ပေးဖို့လိုပါတယ်။

    နိုင်ငံသား စိစစ်တဲ့ကိစ္စ၊ အိမ်ထောင်စုစာရင်း ရွှေ့ပြောင်းတဲ့ ကိစ္စ၊ မွေးတိုး စာရင်းသွင်းတဲ့ကိစ္စများတွေကို တိကျမှန်ကန် မြန်ဆန်စေဖို့ အမြန်ဆုံး ပြုပြင်ပြောင်းလဲ စီမံချက်ချဆောင်ရွက်ပေးဖို့အရေးကြီးပါတယ်။

    ဒါကြောင့် မြန်မာနိုင်ငံလုံးဆိုင်ရာ အစ္စလာမ်ဘာသာရေးအဖွဲ့ကြီးက ပြည်သူတွေကြားမှာ စိတ်ဝမ်းကွဲစရာဖြစ်ပေါ်လာစေနိုင်တဲ့ NV Card ထုတ်ပေးနေ တဲ့ကိစ္စ။
    တည်ဆဲဥပဒေများနဲ့အညီ နိုင်ငံသားဖြစ်သူတွေ ကြန့်ကြာမှုမရှိစေဘဲ နိုင်ငံသားစိစစ်ရေးကတ်ပြား ရရှိစေရေးကိစ္စ တွေကို နိုင်ငံတော် အကြီးအကဲတွေနဲ့သက်ဆိုင်ရာဝန်ကြီးဌာနတွေကို ရှင်းလင်းတင်ပြတောင်းဆိုနေတာဖြစ်ပါတယ်။

    ဒီကိစ္စတွေကို အစ္စလာမ်ဘာသာဝင်တွေလည်း အရှိ အမှန်အတိုင်း  နားလည်သိရှိအာင် ရှင်းလင်းတင်ပြနေပါတယ်။

    ကိုမြအေး
    ko-mya-aye
    ဘာသာခြား (မွတ်စလင်မ်)တစ်ယောက်က မှတ်ပုံတင်သွားလုပ်ရင် ဘယ်တော့မှ အလွယ်တကူ မရဘူး။ မိဘတွေမှာ အထောက်အထားပြည့်စုံရင်တောင် စီစစ်မယ်ဆိုပြီး နှစ်နဲ့ချီခေါက်ထားကြတယ်။တချို့ဆို မှတ်ပုံတင်မရလို့ ဘွဲ့လက်မှတ်မရတာတွေလည်းရှိတယ်။ ဒါတွေက မလိုအပ်တဲ့အမုန်းပွားမှုတွေကို ထိုးဆွပေးနေသလိုဖြစ်နေတယ်။ ကျွန်တော်တို့က နိုင်ငံခြားသားတွေကို နိုင်ငံသားကဒ်ပေးပါလို့ တောင်းဆိုနေတာ မဟုတ်ဘူး။ နိုင်ငံသားဖြစ်ခွင့်ရှိသူတွေ နိုင်ငံသားတွေကိုတော့ ထပ်ပြီး NVC ဘာညာဆိုပြီး ဇာတ်လမ်းမရှုပ်ပါနဲ့။
    (DVB သတင်းဌာနသို့ ပြောကြားချက် ၂၈.၁၂.၂၀၁၆)

    ဦးအုန်းမောင် (တရားလွှတ်တော်ရှေ့နေ)

    u-ohme-maung

    မြန်မာနိုင်ငံ အတွင်းနှစ်ပေါင်းများစွာနေထိုင်လျက်ရှိပြီး နိုင်ငံသားစိစစ်ပေးခြင်း မရှိသဖြင့် လည်းကောင်း၊လျှောက်သော်လည်းနည်း အမျိုးမျိုးဖြင့်ငြင်းပယ် ၊လစ်လျူ ရှုခံခဲ့ရသဖြင့် လည်းကောင်း၊ မည်သည့် အထောက်အထားမျှ ကိုင်ဆောင် ခွင့်မရခဲ့ကြသော
    နိုင်ငံခြားသား မဟုတ်သည့်၊ ခိုးဝင်မဟုတ်သည့်သူများကိုလည်း ၁၉၈၂ ဥပဒေ ၁၉၈၃ နည်းဥပဒေတို့အရသာ စိစစ်ပေးသင့်ပါသည်။

    ၁၉၅၁ နည်းဥပဒေ အပိုဒ် ၁၃(၁)အရ ယာယီသက်သေခံလက်မှတ်လုပ်ငန်းစဉ်မရှိတော့သဖြင့် အပိုဒ် ၁၃(၄)အရ NVC လုပ်ငန်းစဉ်လည်း မလိုအပ်တော့ဟု ထင်မြင်ယူဆပါသဖြင့် NVC ထုတ်ပေးရန် မလိုအပ်တော့ဟုသဘောရိုးဖြင့် ယုံကြည်ပါသည်။

    (U Ohn Maung ၏ FB စာမျက်နှာတွင်ဖော်ပြချက်မှ ကောက်နှုတ်ဖော်ပြခြင်းဖြစ်ပါသည်။ )

    ဆက်စပ်သတင်းနှင့် ဆောင်းပါးများ ဖတ်ရှုဖို့
    ———————————————

    • NVC လက်ခံသင့် /လက်မခံသင့် ? မြန်မာမွတ်စလင်မ် လူအဖွဲ့အစည်းမှ တုံပြန်မှုများ (၁)
      http://www.m-mediagroup.com/news/63862
    • NVC ထုတ်ပေးခြင်း ကိစ္စ လ.ဝ.က နှင့် ဆွေးနွေးခဲ့မှု အစ္စလာမ်အဖွဲ့ကြီးမှ သတင်းထုတ်ပြန်
      http://www.m-mediagroup.com/news/63643
    • NVC ကိစ္စ မြန်မာမွတ်စလင်မ် အရပ်ဖက် အဖွဲ့အစည်းအချို့ သဘောထားထုတ်ပြန်
      http://www.m-mediagroup.com/news/63725
    • NO NVC ! (သူ့အမြင်)
      http://www.m-mediagroup.com/news/63359
    • NVC နဲ့ ပုဒ်မ-၆၅ ဆက်စပ်လာရင် နိုင်ငံသားဖြစ်ဖို့ အခွင့်အလမ်း နည်းသွားလိမ့်မယ်
      http://www.m-mediagroup.com/news/59912
  • ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ပစ်ခတ်ခံရမှု မြန်မာသံအမတ် ဆင့်ခေါ်ခံရ

    ဘင်္ဂလားဒေ့ရှ် ငါးဖမ်းသမားများ ပစ်ခတ်ခံရမှု မြန်မာသံအမတ် ဆင့်ခေါ်ခံရ

    ဒီဇင်ဘာ ၃၀ ၊ ၂၀၁၆

    Border Guard Bangladesh (BGB) personel stand watch in a common transit point for the illegal entry of Myanmar Rohingya refugees on the banks of the Naf River, near Teknaf in southern Cox's Bazar district, on November 24, 2016. Dhaka has called on Myanmar to take "urgent measures" to protect its Rohingya minority after thousands crossed into Bangladesh in just a few days, some saying the military was burning villages and raping young girls. / AFP PHOTO / MUNIR UZ ZAMAN
    AFP PHOTO / MUNIR UZ ZAMAN

    ဘင်္ဂလား ပင်လယ်အော်အတွင်းတွင် ငါးဖမ်းနေသော ဘင်္ဂလားဒေ့ရှ်နိုင်ငံသားခြောက်ဦးအား မြန်မာဘက်မှ အသိပေး အကြောင်းကြားခြင်းခြင်း မရှိဘဲ ပစ်ခတ်ခဲ့မှုအား ပြင်းထန်စွာ သတိပေး ဆန့်ကျင်ပြီးနောက် ဘင်္ဂလားဒေရှ်နိုင်ငံတွင်း ခိုလှုံနေကြသည့် မြန်မာမှ ဒုက္ခသည်များ ပြည်တော်ပြန်နိုင်ကြရေး ပြင်ဆင်ရန် ဘင်္ဂလားဒေ့ရှ်နိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းအား ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေးဝန်ကြီးဌာနက ဆင့်ခေါ်ပြောကြားလိုက်ပါသည်။

    ပြီးခဲ့သည့် ဒီဇင်ဘာလ ၂၇ရက်နေ့ အင်္ဂါနေ့ နေ့လည်ပိုင်းက  စိန့်မာတင်ကျွန်း အရှေ့တောင်ဘက်တွင် FV Janiva Khaleda-1 အမည်ရှိ ငါးဖမ်းလှေအား မြန်မာ့ရေတပ်မှ ပစ်ခတ်သည့် အတွက် ငါးဖမ်းသမားခြောက်ဦး ဒဏ်ရာရခဲ့ပြီး ယင်းအနက် ခြောက်ဦးမှာ ဒဏ်ရာ ပြင်းထန်သည်ဟု ဆိုသည်။

    လက်နက်ကိုင်များပါဝင်သော မြန်မာ့ငါးဖမ်းသင်္ဘောသည် ဘင်္ဂလားဒေရှ်ငါးဖမ်းလှေအား ပစ်ခတ်ပြီးနောက် ဒဏ်ရာရ ဘင်္ဂလားဒေ့ရှ်နိုင်ငံသားများပါဝင်သော ငါးဖမ်းလှေအား တာဝန်ကျမြန်မာ့ရေတပ်သင်္ဘောဆီသို့ ဖမ်းစီးခေါ်ဆောင် သွားကြောင်း နိုင်ငံခြားရေး ဝန်ကြီးဋ္ဌါန အတွင်းဝန် မစ္စတာ ကမရုလ် အဟ်ဆန်က ပြောကြားသည်။

    ဖမ်းဆီးထားပြီး လေးနာရီမျှ အကြာတွင် မြန်မာ့ရေတပ်မှ တာဝန်ရှိသူများက ငါးဖမ်းသမားတို့၏ ပစ္စည်းများကို ယူထားလိုက်ပြီး ၄င်းတို့အား ပြန်လွှတ်လိုက်သည်ဟု ဝန်ကြီးကဆိုသည်။

    ငါးဖမ်းသမားတို့အား ပစ်ခတ်သည့်ဖြစ်ရပ်အား စုံစမ်းစစ်ဆေးကာ သက်ဆိုင်သူအား တရားဥပဒေအတိုင်း ထိထိရောက်ရောက် အပြစ်ပေးရန် ဘင်္ဂလားဒေ့ရှ်အစိုးရမှ တောင်းဆိုထားပြီး နောက်နောင်တွင် မြန်မာ့ရေတပ်အနေဖြင့် အပြစ်မဲ့ ငါးဖမ်းသမားများအား တိုက်ခိုက်ခြင်းမပြုရန်လည်း သတိပေးပြောကြားသည်။

    ကြာသပတေးနေ့ နေ့လည် တစ်နာရီခန့်က ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန အတွင်းဝန် မစ္စတာအဟ်စန်က နိုင်ငံခြားရေး ဝန်ကြီးရုံးသို့ မြန်မာ သံအမတ်ကြီး ဦးမျိုးတင့်သန်းအား ခေါ်ယူတွေ့ဆုံခဲ့ပြီး  ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာန အဆိုအရ မြန်မာနိုင်ငံ ကနေ အရင်က ထွက်ပြေးခဲ့ပြီး ဘင်္ဂလာဒေ့ရှ်နိုင်ငံ အတွင်း နှစ်ပေါင်းများစွာနေထိုင်လျက်ရှိသူ မြန်မာနိုင်ငံသား ၃ သိန်းကိုလည်း ပြန်လည်လက်ခံဖို့တောင်းဆို ထားပါတယ်။

    လက်တလော မြန်မာ စစ်တပ်ရဲ့ စစ်ဆင်ရေးများကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက်ကို ထွက်ပြေးလာတဲ့ ရိုဟင်ဂျာ ၅ သောင်းရှိတယ်လို့ ဘင်္ဂလားဒေ့ရှ်နိုင်ငံခြားရေး ၀န်ကြီးဌာနက ပြောကြားခဲ့ပြီး  အခုလိုအုပ်စုလိုက်ဆက်တိုက် ထွက်ပြေး တိမ်းရှောင်လာနေတာတွေကြောင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံအနေနဲ့ အထူးပဲ စိုးရိမ်မကင်းဖြစ် ရတယ်လို့ ဘင်္ဂလားဒေ့ရှ် နိုင်ငံခြားရေး ၀န်ကြီးဌာနက မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်သန်းကို ခေါ်ယူပြောဆိုခဲ့ပါတယ်။

    (မူရင်းသတင်း United News Of Bangladesh – UNB)

  • ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ နိုဘယ်ဆုရှင်တွေ ကုလလုံခြုံရေးကောင်စီ ဥက္ကဌထံစာပို့ တောင်းဆို

    ရိုဟင်ဂျာတွေကို ကာကွယ်ပေးဖို့ နိုဘယ်ဆုရှင်တွေ ကုလလုံခြုံရေးကောင်စီ ဥက္ကဌထံစာပို့ တောင်းဆို

    united-nations-security-council
    နိုဘယ်ဆု ရှင် ၁၁ ယောက်အပါအဝင် ကမ္ဘာမှာ ထင်ရှားတဲ့ ပုဂ္ဂိုလ် ၂၃ ဦး .က ရခိုင်ပြည်နယ် မှာ ဖိနှိပ်မှုတွေ ခံနေရတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေကို အကာအကွယ် ပေးဖို့ ကုလသမဂ္ဂ လုံခြုံရေး ကောင်စီ ဥက္ကဋ္ဌ ဆီကို စာရေး သား တောင်းဆို လိုက်ပါတယ်။
    .
    ပြီးခဲ့တဲ့ အောက်တိုဘာလ မှာ ရခိုင် နယ်စပ် လုံခြုံရေး စခန်း ကို တိုက်ခိုက်မှု တွေ ဖြစ်ပွား ခဲ့ပြီးနောက် မြန်မာ အစိုးရ က လုံခြုံရေး အကြောင်းပြပြီး ရှင်းလင်း မှုတွေ လုပ်နေ ရာမှာ အရပ်သားရိုဟင်ဂျာတွေ အပေါ်မှာ လူ့အခွင့်အရေး ချိုးဖောက်မှုတွေ အများကြီးရှိတယ် ဆိုတဲ့ သတင်းတွေ ထွက်ခဲ့ပြီး သောင်း နဲ့ချီတဲ့ ရိုဟင်ဂျာ မွတ်ဆလင် တွေဟာ နေအိမ်ကို စွန့်ခွာထွက်ပြေးနေရပါတယ်။
    .
    ရခိုင် ပြည်နယ်အတွင်း သတင်းသမားတွေ လွတ်လပ်စွာ ဝင်ရောက်ခွင့်ကို တားမြစ် ထားတာ၊ လူသားချင်းစာနာမှု ဆိုင်ရာ အကူအညီပေးရေး တားမြစ်ခံရခဲ့တာတွေ အတွက် မြန်မာ အစိုးရ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရပ်တည်ချက် အပေါ်မှာ သူတို့ စိတ်ပျက်မိ တဲ့အကြောင်း နိုဘယ် ဆုရှင် တွေ က စာ ထဲမှာ ရေးသား ဖော်ပြ ထားပါတယ်။
    .
    စာရေးသား တောင်းဆို ခဲ့ကြတဲ့ နိုဘယ်ဆုရှင်တွေထဲမှာ ဘုန်းတော်ကြီး ဒတ်စ်မွန် တူးတူး၊ အော်စကာ အေရီးစ်၊ ဂျိုဒီ ဝီလျံ၊ မက်ရီ မက်ဂွိုင်ရာ၊ မိုဟာမက် ယူနွတ်စ်၊ ဂျိုဆးရာမို့စ် ဟော်တာ စတဲ့ သူတွေ လည်း ပါဝင်ပါတယ်။
    .
    မြန်မာ အစိုးရ တပ်မတော် ဟာ ရခိုင် ပြည်နယ်မှာ လူအမြောက်အများ အပေါ်မှာ ရာဇဝတ်မှုတွေ ကျူးလွန် နိုင်ကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာ ခွင့် Amnesty International အဖွဲ့ကြီးကလည်း ဒီဇင်ဘာလ အစောပိုင်းမှာ အစီရင်ခံစာ တစ်စောင် ထုတ်ပြန်ပြီး စွပ်စွဲ ပြောကြား ထားပါတယ်။
    .
    BBC မှ ကူးယူဖော်ပြပါသည်။

  • “အစ္စလာမ် ဘာသာဝင်ဖြစ်လို့ နိုင်ငံသား အခွင့်အရေး နည်းနည်းလေးမှ လျော့တာ လက်မခံဘူး” လို့ ကိုမြအေးပြော

    “အစ္စလာမ် ဘာသာဝင်ဖြစ်လို့ နိုင်ငံသား အခွင့်အရေး နည်းနည်းလေးမှ လျော့တာ လက်မခံဘူး” လို့ ကိုမြအေးပြော

    ဒီဇင်ဘာ ၂၉ ၊ ၂၀၁၆
    သူရိန်
    M-Media
    15726446_10202835419002752_5422893343036693730_n
    အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့အတွက် နိုင်ငံသား အခွင့်အရေး ပိုပေးဖို့ မတောင်းဆိုဘူးလို့ ၈၈မျိုးဆက်ကျောင်းသား ခေါင်းဆောင် ဦးမြအေးက ပြောကြားလိုက်ပါတယ်။

    ဒေါ်စောရွှေခန်းမ မှာ ယနေ့ပြုလုပ်ခဲ့တဲ့ မင်္ဂလာတောင်ညွန့်မြို့နယ် အစ္စလာမ်သာသနာရေးရာကောင်စီ မှ စီစဉ်ကျင်းပတဲ့ မဟာတမန်တော်နေ့ အထိမ်းအမှတ်နှင့် အစ္စလာမ်ကောင်စီနေ့ အခမ်းအနားမှာ အထက်ပါအတိုင်းပြောကြားခဲ့တာပါ။

    “မြန်မာနိုင်ငံသားတစ်ယောက်ဖြစ်တယ်၊ ကျွန်တော်ကိုးကွယ်တဲ့ ဘာသာဟာ အစ္စလာမ်ဘာသာဖြစ်တယ်၊ အစ္စလာမ်ဘာသာဝင်ဖြစ်တဲ့ အတွက်ကြောင့်မို့လို့ နိုင်ငံသားအခွင့်အရေး ပိုပြီးတော့ ပေးပါလို့ ကျွန်တော်မတောင်းဆိုဘူး။ ဒါပေမယ့် နိုင်ငံသားအခွင့်အရေးရဲ့နည်းနည်းလေးမှ လျော့တာကိုလည်း လက်မခံဘူး” ဟု ၎င်းက ပြောပါတယ်။

    မိမိတို့ မျိုးဆက်တွေမှာ တတိယ၊ စတုထ္ထ မျိုးဆက်တွေ ဖြစ်နေလျက် NVC ထုတ်ပေးမယ်ဆိုတာ ဘယ်လို အကြောင်းပြချက်နှင့်မှ လက်မခံကြောင်း ကိုမြအေးက ပြောပါတယ်။

    ဒါ့အပြင် ခိုးဝင်လာသူများနှင့် ပတ်သက်၍လည်း “ခိုးဝင်လာသူရှိရင်ဖမ်းပါ၊ ကျွန်တော်တို့လည်း ဝိုင်းဖမ်းပေးမယ်၊ ခိုးဝင်လာတဲ့သူထဲမှာ အစ္စလာမ်လည်း ဖြစ်ချင်ဖြစ်မယ်၊ ဗုဒ္ဓဘာသာလည်း ဖြစ်ချင်ဖြစ်မယ်၊ ခရစ်ယာန်လည်း ဖြစ်ချင်ဖြစ်မယ်။ ဘာသာလူမျိုး မခွဲခြားဘဲနဲ့ ဖမ်း၊ ဝိုင်းဖမ်းပေးမယ်”လို့ ဦးမြအေးက ဆိုပါတယ်။

    အဆိုပါ အခမ်းအနားတွင် စာရေးဆရာ ဝါးခယ်မမောင်မင်းနိုင်က မဟာတမန်တော်မြတ် အကြောင်း ဟောပြောတင်ပြီး ပြည်သူ့ လွှတ်တော် ကိုယ်စားလှယ် ဒေါ်ဖြူဖြူသင်း၊ တိုင်းဒေသကြီး လွှတ်တော် ကိုယ်စားလှယ် ဦးလှဌေး၊ ဒေါက်တာမြင့်သိန်း(ငြိမ်းချမ်းလုလင်) တို့က ဧည့်သည်တော် ဂုဏ်ပြုစကားများ အသီးသီး ပြောကြားခဲ့ကြောင်း သိရပါတယ်။

    15697387_10202835418002727_8090639846656156849_n

    15697545_10202835417722720_9195600089266998588_n